အားတက်စေမယ့် စာစုများ ၉

Mon LayOctober 29, 20201min31410

မွန်လေးအခုဆို မနက်အိပ်ယာထချိန်က နေ့လည် ၁၂ နဲ့ ၁ ကြားပဲ။ ညဘက်ဆို ၂ နာရီအထိ အလုပ်လုပ်တာလည်းပါတယ်။ ကိုယ်ပို်င်လုပ်ငန်းလုပ်တော့ အေးဆေးလေ။ ရုံးသွားစရာမလိုတော့ စောစောလည်းထမနေတော့ဘူး။ 

အရင်ကဆို MOFA (Ministry of Foreign Affairs) နိုင်ငံခြား ရေးရုံးမှာ လုပ်ချင် ခဲ့တာ။ အစိုးရ၀◌န်ထမ်းထဲမှာ သူက ရာထူးဂုဏ်အရှိန်အား အကောင်း ဆုံးလေ။ ဒါမဲ့သေချာပြန်စဉ်းစားကြည့်မိရင် သူလည်း၀◌န်ထမ်းပါပဲ။ ကိုယ့်အထက်မှာ  ဆရာသမားတွေရှိတယ်။ ပြိုင်ကြဆိုင်ကြတာတွေလည်း ရှိချင်ရှိမှာပေါ့နော်။ ဒါတော့ ကိုယ်သေချာမသိ။ မွန်လေးအဖွားရဲ့အဖေကလည်း ၀◌န်ကြီးဖြစ်ခဲ့ဖူးတယ်လေ။ ဖြစ်ခဲ့ဖူးတာမှ ၅-၆ခုလောက် ကို တာ၀◌န်ယူပြီး ၀◌န်ကြီးလုပ်ခဲ့ရတာ။ ဆဠသံဃာယနာတင်ခဲ့တဲ့ သာသနာရေး ၀◌န်ကြီး၊  ရခိုင်ပြည်နယ်၀◌န်ကြီး၊ ကျန်းမာရေး၀◌န်ကြီး၊ နိုင်ငံခြားရေး၀◌န်ကြီး၊ လူမှု၀◌န်ထမ်းနဲ့ပြန်လည်နေရာချထားရေး၀◌န်ကြီးစတာတွေလုပ်ခဲ့ရတော့..အဘိုးက အဖွားကိုပြောခဲ့တယ်တဲ့။ “၀◌န်ထမ်းဘ၀ဆိုတာမကောင်းဘူးတဲ့။ ကိုယ်မလုပ်ချင်လည်း အထက်လူကြီးကခိုင်းတော့လုပ်ရတာပဲတဲ့။ အဲ့တော့ ကိုယ်ပိုင်စီးပွားရေးသာလုပ်နိုင်အောင်ကြိုးစားပါ..ကိုယ်ပိုင်စီးပွားရေးသာလျှင် ကိုယ် ဆရာတဲ့။”  အရမ်းကိုကြိုက်တယ်နော်။

အဲ့တော့ ကိုယ်ပိုင်လုပ်ငန်းလုပ်တာကလေ စောစောတုန်းက post တွေမှာဖော်ပြခဲ့ဖူးသလို.. အရမ်းကောင်းတယ်။ ကိုယ့်အချိန် ကိုယ်ပိုင်တယ်။ ဘယ်သူကမှ လာပြီး စောဒက တက်စရာမလို။ ကုန်းချောခံစရာမလို။ မနာလိုစရာမလို။ 

တစ်ခုတော့ရှိတယ်။ ခေါင်းစားရတယ်။ အားသာချက်နဲ့ အားနည်းချက်ကတော့ နေရာတိုင်းမှာရှိတာပဲလေနော်။ အဲ့အချိန်မှာ အဆင်ပြေတာ လည်းရှိသလို အဆင်မပြေတဲ့အခါလည်းရှိတယ်။ အဲ့ချိန်ဆို ကိုယ် လည်းလူပဲလေ..စိတ်ညစ်မိတာ ပေါ့နော်။ ဒါမဲ့ အဲ့စိတ်ညစ်တာကိုအကြာကြီးမထားဘူး။ဘယ်လိုဖြေရှင်းရမလဲ..စဉ်းစားတယ်။ ပုံထဲကလို လဲကျတယ်။ ပြန်ထတယ်။ ပြန်ကြိုးစားတယ်။ အဲဒါကလည်းလေ  ထပ်တလဲလဲ ဖြစ်တယ် သိလား။ ကိုယ်ကဇွဲရှိပြီးသားလူဆိုတော့ ..ဘယ်လိုမှ မယိုင်လဲဘူး။ ထပ် ပြီးလည်းကြိုးစား နေမှာပါ..ဘာလို့ဆိုတော့ အောင်မြင်ချင်လို့လေ။ ဂျက်မားကပြောတယ် ..ဆင်းရဲနေတယ်ဆိုတာ..ချမ်းသာချင်စိတ်မပြင်းပြလို့တဲ့…ဟုတ်မှာ..ကိုယ်လည်းအောင်မြင်ချင်ရင် ဒီ ထက် အစွမ်းကုန်ကြိုးစားရမယ်။