မြန်မာလူမျိုးတယောက်ရဲ့ စာအုပ်စင်မှာ မြန်မာပြည်အကြောင်း ရေးထားတဲ့ အင်္ဂလိပ်စာအုပ်များ ရှိသင့်တယ်ဆိုတာကို ဘယ်သူကမှ ငြင်းကြမယ် မထင်ပါ။ မြန်မာပြည်အကြောင်း အင်္ဂလိပ်လို ရေးသားထားတဲ့ စာအုပ်တွေ အတော်အသင့်ရှိပါတယ်။ စာအုပ်တိုင်း ကောင်းတာ မဟုတ်ပါ။ ဒီတော့ ဖတ်ရှုသင့်တဲ့၊ ဝယ်ယူသိမ်းဆည်းထားသင့်တဲ့ စာအုပ်လေးများကို ဖော်ပြလိုပါတယ်။ ဉီးစွာပထမ မြန်မာပြည်ကြီးရဲ့ မိခင်လို့ ကမ္ဘာက သိနေကြတဲ့၊ သတ်မှတ်ထားတဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ စာအုပ်လေး တအုပ်ကို ညွှန်းပါရစေ။ မြန်မာလူမျိုးမှ မဟုတ်ပါဘူး၊ လွတ်လပ်မှုကို မြတ်နိုးတဲ့ လူသားတိုင်း ဖတ်ရှုသင့်တဲ့၊ ဝယ်ယူသိမ်းဆည်းထားသင့်တဲ့ စာအုပ်လေးပါ။
၁၉၉၁ ခုနှစ်က ထွက်လာတဲ့ Freedom from Fear ဆိုတဲ့ စာအုပ်လေးဟာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ အကောင်းဆုံးစာအုပ် ဆိုရင် မမှားပါဘူး။ မြန်မာလူမျိုးတိုင်းရဲ့ စာအုပ်စင်မှာ ဂုဏ်ယူစွာ၊ ဝင့်ကြွားစွာ ထားသင့်တဲ့ စာအုပ်လေးပါ။ တကယ်တော့ စာရေးသူတို့ မြန်မာလူမျိုးတွေဟာ မညံ့ကြပါဘူး။ ဒါပေမဲ့ အခြေအနေ မပေးတော့၊ အခွင့်အရေး မရတော့ ညံ့သလို ဖြစ်နေကြရတယ်။ တကယ် မညံ့ဘူး ဆိုတာကို ဒီစာအုပ်လေးက သက်သေထူနေပါတယ်။
From the Land of Green Ghosts :
A burmese Odyssey, Pascal Khoo Thwe ဒီစာအုပ်ရဲ့ စာရေးသူဖြစ်သူဟာ တောသားလေးတယောက်ပါ။ ကံကောင်းလို့ Oxford လို တက္ကသိုလ်ကြီး ရောက်သွားတော့ မြန်မာပြည်က တောသားလေးဟာ ကျော်ကြားတဲ့ စာရေးဆရာကြီးတယောက် ဖြစ်လာခဲ့ပါတယ်။ ဒီစာအုပ်ကို ဖတ်ကြည့်လိုက်ရင် မြန်မာတွေကို အထင်သေးလို့ မရတာကို သဘောပေါက်သွားပါလိမ့်မယ်။ Pascal လို အခွင့်အရေးရတဲ့ မြန်မာတိုင်းဟာ တကယ်ကို ထွန်းထွန်းပေါက်ပေါက် ဖြစ်လာမယ်ဆိုတာကို သေချာပေါက် တွက်ထားနိုင်ပါတယ်။ ဒီစာအုပ်လေးကို ယခုလို ဖော်ပြထားပါတယ်။ စာအုပ်ရဲ့ အကျဉ်းခြုံးလေးပေါ့လေ။ မှတ်သားစရာ ကောင်းပါတယ်။
The autobiographical story of a young man's upbringing in a remote tribal village in Burma and his subsequent journey from his strife-torn country to the tranquil quads of Cambridge. Pascal Khoo-thwe describes his childhood and early days as a member of the Padaung hill trible. where ancestor worship and communion with spirits blended with the tribe's recent conversion to Christianity. In the 1930s, Pascal's grandfather (and headof the clan) captured an Italian Jesuit, mistaking himfor a giant or a wild beast; the Jesuit in turn converted the trible.
နောက်ထပ် ညွှန်းလိုတဲ့စာအုပ်လေးကတော့ Karen Connelly ရဲ့ The Lizard Cage ဆိုတဲ့ စာအုပ်လေးပါ။ နံမည်ကျော် စာရေးဆရာမကြီး Maxine Hong Kingston က ဒီစာအုပ်လေးကို ယခုလို ညွှန်းထားပါတယ်။
In a feat of epic vision, Karen Connelly uses her every art to tell the urgent story of what the NEW York Times calls, "Myanmar, arguably the most repressive regime in the world." The suspense never relents. Hope is small, but it lives strengthened by this powerfull book.
မြန်မာစစ်အစိုးရရဲ့ နှိပ်စက်မှုကြောင့် မြန်မာပြည်က ထွက်ပြေးလာခဲ့ကြတဲ့ ယိုးဒယားရောက် မြန်မာလူငယ်လေးတွေရဲ့၊ Refugee လေးတွေရဲ့ ရင်နင့်စရာ အတွေ့အကြုံလေးများကို အခြေခံပြီး ဇာတ်လမ်းဖွဲ့ထားတဲ့ စာအုပ်လေးပါ။ နောက်ထပ် ဖော်ပြလိုတဲ့ စာအုပ်လေး နှစ်အုပ်ကတော့ စာဖတ်ပရိသတ်နှင့် ရင်းနှီးပြီးသားဖြစ်တဲ့ စာရေးဆရာမကြီး ဒေါ်ခင်မျိုးချစ်ရဲ့ Anawrahta of Burma နဲ့ Colorful Burma ဆိုတဲ့ စာအုပ်လေးတွေပါ။ ဆရာမကြီးကို Wikipedia မှာ ယခုလို ဖော်ပြထားပါတယ်။
a Burmese author and journalist, whose career spanned over four decades. She began her career writing short stories in Burmese for Dagon Magazine in 1934. She worked on the editorial staff of The Burma Journal during anti-colonial movements. After the war, Khin Myo Chit wrote for The Oway, a Burmese newspaper.
Colorful Burma ဆိုတဲ့ စာအုပ်လေးကတော့ စာရေးသူတို့ ကျောင်းသားဘဝကကို ရိုသေလေးစားစွာနဲ့ ဖတ်ရှုခဲ့ရတဲ့ စာအုပ်လေးပါ။ မြန်မာပြည်ရဲ့ မြန်မာလူမျိုး(တိုင်းရင်းသားများ အပါ)တွေရဲ့ ချစ်စရာကောင်းတဲ့ ဓလေ့လေးတွေကို ဖော်ပြထားတဲ့ စာအုပ်လေးပါ။ Anawrahta of Burma ဆိုတဲ့ စာအုပ်လေးကတော့ မြန်မာ့သမိုင်းမှာ ကျော်ကျော်ကြားကြား ထွန်းထွန်းပေါက်ပေါက် ဖြစ်ခဲ့တဲ့ အနော်ရထာ မင်းတရားကြီး အကြောင်း သိကောင်းစရာလေးတွေ ပါဝင်တဲ့ စာအုပ်လေးတအုပ်ပေါ့။
ဒီစာအုပ်လေးတွေ ဖတ်ပြီးတဲ့အခါ ကမ္ဘာကျော် စာရေးဆရာကြီးတဦးဖြစ်တဲ့ Orwell ရဲ့ Burmese Days ဆိုတဲ့ စာအုပ်လေးကို ဖတ်ဖြစ်အောင် ဖတ်ပါ။ မြန်မာလူမျိုးတွေကို နိုင်ငံခြားသားတွေ၊ အထူးသဖြင့် အင်္ဂလိပ်လူမျိုးတွေရဲ့ အမြင်ကို ကွက်ကွက်ကွင်းကွင်း မြင်ရပါလိမ့်မယ်။ တချို့မြန်မာတွေက နှစ်တရာနီးပါး ကိုယ့်လူမျိုးကို သခင်ဘဝက ကျွန်ဘဝသို့ ပို့ခဲ့တဲ့ အင်္ဂလိပ်တွေကို အထင်ကြီးနေဆဲပါ။ တကယ်တော့ မုန်းစရာ မလိုပါ။ သို့သော် ချစ်ခင်စရာ၊ အထင်ကြီးစရာ မလိုပါ။ ဒီ Orwell ရဲ့ စာအုပ်မှာ မြန်မာတွေကို သူတို့တွေက ဘယ်လောက် အထင်သေးလဲ၊ ဘယ်လောက် နားမလည်ဘူးလည်းဆိုတာ မြင်ရပါလိမ့်မယ်။ ငါ့လူမျိုး၊ ငါ့ဘာသာ လို့ ပါးစပ်က အော်နေမဲ့အစား ကမ္ဘာက အထင်ကြီးလာအောင်၊ လေးစားလာအောင် လုပ်ဆောင်ကြဖို့ အချိန် ရောက်လာပါပြီ။
စာရေးသူရဲ့ မြို့အနားက မုဒိတာရွှေကျောင်းဆရာတော် ပြောခဲ့သလိုပါဘဲ။ "ဒို့လူမျိုးက မုဒိတာ နည်းတော့ သတိရအောင်၊ မုဒိတာ ရွှေကျောင်းလို့ မှည့်ထားတာ"တဲ့။ ဒေါ်အောင်ဆန်းစုကြည်တို့လို ကမ္ဘာ့စံချိန်မှီတဲ့ ခေါင်းဆောင်မျိုးကို ထောင်ချထားမဲ့အစား နိုင်ငံ့ခေါင်းဆောင် အဖြစ် ပြန်လည်သတ်မှတ် ပေးကြဖို့ အားလုံးကို တိုက်တွန်းရင်း နားပါအုံးမည်။
Post Views: 6,168