Customize Consent Preferences

We use cookies to help you navigate efficiently and perform certain functions. You will find detailed information about all cookies under each consent category below.

The cookies that are categorized as "Necessary" are stored on your browser as they are essential for enabling the basic functionalities of the site. ... 

Always Active

Necessary cookies are required to enable the basic features of this site, such as providing secure log-in or adjusting your consent preferences. These cookies do not store any personally identifiable data.

No cookies to display.

Functional cookies help perform certain functionalities like sharing the content of the website on social media platforms, collecting feedback, and other third-party features.

No cookies to display.

Analytical cookies are used to understand how visitors interact with the website. These cookies help provide information on metrics such as the number of visitors, bounce rate, traffic source, etc.

No cookies to display.

Performance cookies are used to understand and analyze the key performance indexes of the website which helps in delivering a better user experience for the visitors.

No cookies to display.

Advertisement cookies are used to provide visitors with customized advertisements based on the pages you visited previously and to analyze the effectiveness of the ad campaigns.

No cookies to display.

Using Technology to Lean English – Prof Myo Kyaw Myint

kaiAugust 24, 20233min10120


တက်နိုလိုဂျီသုံး၍ အင်္ဂလိပ်စာ သင်ယူကြပါစို့။
ယခုခေတ်က Technology ခေတ်လို့ ဆိုရင် မှားမည်မထင်ပါ။ စာရေးသူတို့ မျက်စေ့ရှေ့မှောက်၌ပင် ယခင်က လုံးဝမဖြစ်နိုင်ဟု ထင်ခဲ့သည့်ကိစ္စများ အမှန်တကယ် ဖြစ်လာသည်ကို တွေ့ရှိနေကြရပါသည်။ Driverless cars ဆိုတာမျိုးကို တချိန်က ယုံတမ်းစကားလို ပြောခဲ့ကြတာပေါ့။ ယခုတော့ လက်တွေ့မြင်နေကြရတော့ တကယ်ပါလို့ လက်ခံရပြီပေါ့။ ဒီလို ထူးထူးဆန်းဆန်းတွေ ဖြစ်နေချိန်မှာ အင်္ဂလိပ်စာ သင်ယူကြသည့်အခါ၌လည်း Technology ကို လေးလေးနက်နက် လေ့လာပြီး မိမိတို့အကျိုးအတွက် အသုံးချတတ်ဖို့ လိုလာပြီပေါ့နော်။ ဦးစွာပထမ Zoom သင်တန်းလေးများအကြောင်း ဖေါ်ပြလိုပါသည်။

Covid ကာလမှစ၍ in-person သို့မဟုတ် face-to-face အင်္ဂလိပ်စာ သင်တန်းလေးများအစား Zoom သင်တန်းများ ပေါပေါက်ခဲ့ပါသည်။ ယခု Covid ကာလ ကျော်လွန်ခဲ့ပြီဖြစ်သော်လည်း Zoom သင်တန်းလေးများကတော့ ခေတ်စားလျှက်ပါ။
မြန်မာကျောင်းသား ကျောင်းသူတိုင်း Zoom account ဖွင့်ထားသင့်ပါသည်။ Zoom account ဆိုတာ အခကြေးငွေ ပေးစရာမလိုဘဲ မည်သူမဆို ဖွင့်နိုင်ပါသည်။ ထိုသို့ Zoom account ရှိပြီဆိုလျှင် Zoom သင်တန်းလေးများကို အလွယ်တကူ တက်ရောက်နိုင်ပါသည်။

အမေရိကား၌ နေထိုင်သူ မြန်မာများအတွက် Zoom များ တက်ရောက်ရန် လွယ်ကူလှပါသည်။ College များ၊ University များနှင့် Community College များသည် Credit zoom သင်တန်းများ၊ Non-credit သင်တန်းများ ဖွင့်လှစ်ထားပါသည်။ စာရေးသူကိုယ်တိုင် ယခုလာမည့် Fall semester တွင် Intermediate R&W class သင်တန်းတခုကို Zoom နှင့် ပို့ချမည် ဖြစ်ပါသည်။ ထိုသင်တန်းကို အခကြေးငွေ ပေး၍ Credit Class အနေဖြင့်လည်းကောင်း အခကြေးငွေ ပေးစရာ မလိုသည့် Non-credit Class ဟုလည်းကောင်း ရွေးချယ်တက်ရောက်နိုင်ပါသည်။

အခကြေးငွေ ပေး၍ Credit Class အဖြစ် တက်ရောက်သူများသည် AA Degree အတွက် အသုံးချနိုင်သည့် unit တခုခု ရရှိမည်ဖြစ်ပါသည်။ အခကြေးငွေ မပေးရသည့် Non- cerdit class အဖြစ် တက်ရောက်သူများသည် ထို Degree unit များ မရပါ။ သို့သော် အင်္ဂလိပ်စာတော့ တိုးတက်မည် ဖြစ်ပါသည်။ စာရေးသူတို့ကျောင်း Mission College သာ မဟုတ်ပါ။ အခြား University များ၊ College များသည် ထိုကဲ့သို့ Zoom သင်တန်းများကို Credit Class အဖြစ်၎င်း၊ Non- credit class အဖြစ်၎င်း၊ ဖွင့်လှစ်သင်ကြားပေးနေကြပါသည်။ အင်္ဂလိပ်စာ တိုးတက်လိုသူတိုင်း မိမိနှင့် နီးစပ်ရာ College များ၊ University များ၌ ဖွင့်လှစ်ထားသည့် zoom သင်တန်းလေးများကို တက်ရောက်ကြဖို့ တိုက်တွန်းလိုပါသည်။

ESL zoom သင်တန်းများသာ မက English zoom သင်တန်းများပင်နှင့် တက်ရောက်သင်ကြားနိုင်ပါသည်။ စိတ်ဝင်စားသူတိုင်းကို သွက်သွက်လက်လက်နှင့် Register လုပ်ပြီး သင်တန်းတက်ကြပါ။ ဖော်ပြပါ သင်တန်းများသည် လူကြိုက်များကြပါသည်။ သတ်မှတ်ထားသည့် လူဦးရေ ပြည့်ဖို့ သိပ်မြန်ပါသည်။ ဉပမာ – စာရေးသူ၏ zoom သင်တန်းသည် လူပြည့်နေရုံမက Waiting list ၌ပင် ကျောင်းသား ၁၅ ယောက်ခန့် ရှိနေပါသည်။

Zoom သင်တန်းများ တက်ရောက်ဖို့ အချိန်မပေးနိုင်သူများသည် Technology ကို အသုံးချ၍ အင်္ဂလိပ်စာ သင်ယူနိုင်ပါသေးသည်။ ဆိုကြပါစို့။ ယခင်က အင်္ဂလိပ်စကားလုံးတခုကို အသံမထွက်တတ်ရင် တနည်းအားဖြင့် Pronounce မလုပ်တတ်ရင် ဆရာကောင်း ရှာရပြီပေါ့။ ဆရာ မတွေ့မချင်း အသံထွက်တတ်ဖို့ မဖြစ်နိုင်ပါ။ ယခုအချိန်မှာတော့ Technology ရဲ့ ကျေးဇူးကြောင့် ဆရာ မလိုတော့ပါ။ ကွန်ပြူတာ တလုံးရှိရင်၊ Microsoft Words ရှိရင် ကိစ္စ ပြတ်နေပါပြီ။ Words ကို ဖွင့်လိုက်ပါ။ ထို့နောက် Review ကို သွားပါ။ ထို့နောက် အလွယ်တကူ တွေ့ရှိနိုင်သည့် Read Aloud လေးကို Click လုပ်လိုက်လျှင် မည်သည့် စကားလုံးကိုမဆို အသံထွက်တတ်သွားပါပြီ။ မိမိ အသံထွက်တတ်လိုသည့်၊ တနည်းအားဖြင့် Pronounce လုပ်တတ်လိုသည့် စကားလုံးလေးများကို Highlight လုပ်ဖို့ မမေ့သင့်ပါ။

အင်္ဂလိပ်လို စာရေးတတ်လိုသူတိုင်း၊ စကားပြောတတ်လိုသူတိုင်း ဝေါဟာရ ကြွယ်ဝဖို့ လိုပါသည်။ ဝေါဟာရကြွယ်ဝလာဖို့၊ တနည်းအားဖြင့် မိမိ၏ Vocabulary ကို Increase လုပ်နိုင်ဖို့ On-line ၌ ကစား၍ ရသည့် Games များ မြောက်များစွာ ရှိပါသည်။ ဉပမာ Hangman Word Association, Scattergories, Scrabble, Pictionary, Wordle, Wordscapes ဆိုသည့် Vocabulary Games များအနက် စာရေးသူ၏ သင်တန်းများ၌ အသုံးပြုခဲ့ဖူးသည့် Wordle ဆိုသည့် Vocabulary Game လေးကို အထူးရည်ညွှန်းလိုပါသည်။

Wordle is a web-based word game created and developed by Weish software engineer Josh Wardle. Players have six attempts to guess a five-letter word, with feedback given for each guess in the form of colored tiles indicating when letters match or occupy the correct position.

ဒီ Wordle လေးက အခကြေးငွေ မပေးရဘဲ ကစားနိုင်သည့်အတွက် အားလုံးနှင့် သင့်တော်ပါသည်။ မှန်မှန်လေး ကစားပေးသူတိုင်း အင်္ဂလိပ်ဝေါဟာရလေးများ ကြွယ်ဝလာမှာ သေချာပါသည်။ Scrabble ကတော့ မြန်မာများနှင့် ရင်းနှီးပြီးသား Vocabulary game လေး တခုပါ။ ယခု ထူးခြားလာတာကတော့ on-line မှာ ကစားလို့ ရခြင်းပါ။ ယခင်က boardgame လေးအဖြစ်သာ လူသိများခဲ့ပါသည်။ ယခုတော့ on-line မှာ ကစားလို့ရသည့်အတွက် ဝေါဟာရကြွယ်ဝလာမည့်အပြင်၊ မိတ်ဆွေသစ်များပါ ရရှိနိုင်ပါသည်။

Pictionary ဆိုသည့် Vocabulary Game လေးကိုလည်း လူသိများပါသည်။ Boardgame အဖြစ်လူသိများသော်လည်း On-line ၌ပါကစား၍ရပါသည်။ Virtual Pictionary ဟုခေါ်သည်။

In our online Pictionary game, your drawing and communication skills will be put to the test. With a virtual canvas at your fingertips, players will take turns illustrating a wide range of words or phraces while their teammates race against the clock to guess the correct answer.

ယခင်လများက ဖေါ်ပြပေးခဲ့သည့် စာအုပ်ကလေးများစုဆောင်းထားကြပြီး ကိုယ်ပိုင်စာကြည့်တိုက်များကိုယ်စီရှိနေကြပြီဟု ထင်ပါသည်။ ယခုလမှစပြီး Technology ကိုသုံးကာ အင်္ဂလိပ်စာတိုးတက်လာစေဖို့ Apps လေးများ Games လေးများကိုညွှန်းသွားမည်ဖြစ်ပါသည်။ စာဖတ်သူများအားလုံး အင်္ဂလိပ်စာတိုးတက်လာစေဖို့ ဆုတောင်းပေးလိုက်ပါသည်။