မဲဆောက် အထည်ချုပ်စက်ရုံ မီးလောင် မှုကြောင့် မြန်မာအလုပ်သမားတို ့အခက်တွေ ့

// <
မီးစတင်လောင်ကျွမ်းမှု အကြောင်းရင်းကို အတိအကျမသိရသေးဟု မဲဆောက် ရဲမှုးကြီး ကပြောသည်။
၄ နာရီ ၁၅ မိနစ်ခန့်တွင် စက်ရုံမီးလောင်နေသောအဆောက်အဦအတွင်းတွင် ပိတ်ဖြတ်ခုံအမှတ် ၁ဝနှင့်
၁၁ ကြားရှိ ပိတ်အုပ်များကို မီးလောင်ရာမှ စတင်သိရှိခဲ့ကြခြင်းဖြစ်ပြီး စက်ရုံကြီးတစ်ရုံလုံးနီးပါး မီးလောင်
ကျွမ်းခဲ့သည်။

နံနက် ၈နာရီခွဲတွင် မီးသတ်ကားများ စက်ရုံအလုပ်သမားများ ဝိုင်းဝန်းမီးငြိမ်းသတ်မှုကြောင့်
မီးငြိမ်းသွားခဲ့သည်။ မီးလောင်ကျွမ်းတွင် အလုပ်သမားအချို ့ ထိခိုက်ဒဏ်ရာ ရရှိခဲ့သော်လည်း သေဆုံးသူမ
ရှိဟု သိရသည်။ မီးလောင်မှုကြောင့် ဘတ်သန်း ၅ဝကျော်ဖိုးခန့် ဆုံးရှုံးခဲ့သည်ဟု စက်ရုံတာဝန်ခံများမှ
Freedom News Group ကို ပြောပြသဖြင့် သိရှိရသည်။
နောက်ဆုံး ရရှိ သော သတင်းများ အရ အလုပ်သမား များ ကို ရ ရက် လစာငွေ ပေးပြီး အလုပ် မှ ရပ်နားထား
သည် ဟု Freedom News မှသတင်း ရရှိသည်။
3 comments
ဆူး
September 13, 2010 at 9:34 am
တော်သေးတယ် လူတွေ ဘာမှ မဖြစ်တာ လိုက်ဖမ်းလို့ ဒုက္ခရောက်နေရတဲ့ အထဲမှာမှ တပူပေါ် နှစ်ပူဆင့်ဆိုတာ ဒါမျိုးဘဲနေမှာ သနားပါတယ်
michaelaungpu
September 13, 2010 at 10:27 am
ဘာဘဲဖြစ်ဖြစ် မီးလောင်တယ်ဆိုတော့ ဘယ်ကောင်းမလဲနော်
အပြင်မီးလောင်တာတွေကိုရေနဲ ့ငြိမ်းကြသလို မိမိတို ့စိတ်ထည်းမှာလောင်နေတဲ့အတွင်းမီးတွေကိုသတိတရားတွေနဲ ့ ငြိမ်းကြပါကုန်
Gong Zhu
September 14, 2010 at 10:20 pm
မီးတွေကလည်းတော်တော်လောင်ကြတယ်နော် . . . ရန်ကုန်က မင်္ဂလာဈေးလောင်တုန်းကလည်းကြောက်စရာကြီးနော် . . .