ကလေးငယ် ရဲ့ စွမ်းရည်
လမ်းလျှောက်သင်စ ကလေးတစ်ယောက်ကို ကြည့်မယ်ဆိုလျှင် ကလေးတစ်ယောက်က လမ်းကောင်းကောာင်းမလျှောက်တက်မီ ပျမ်းမျှ အကြိမ်ပေါင်း ၂၄ဝ လောက် လဲကျသည် ဟုဆိုပါတယ်။
သဘာဝ အသိတရားအရ ကလေးငယ်များဟာ သူတို့ အကြိမ်လဲကျသော်လဲ လက်မလျှော့ ကြပါ။
ထို သဘာဝ အသိတရားသည် သူတို့ ကလေးငယ်များတွင် မွေးကတည်းက ပါလာပြီးသားဖြစ်ပါတယ်။
ထို့ အတူ မိဘများ နှင့် ဘေးပါတ်ဝန်းကျင်မှ လဲ အဖန်ဖန် လဲ ကျနေသော်လဲ ကလေးငယ်များကို အားပေးကူညီကြသည်။
ကလေးများသည် လဲကျသွားသော်လဲ ပြန်၍ကျုံးထကြသည်။ ဘာကြောင့်လဲကျသလဲ ဆိုသည်ကို သူတို့ လေ့လာကြသည်။ ထို့နောက် ဦးနှောက်တွင်မှန်သားထားလိုက်ကြသည်။ သို့ ဖြင့် လမ်း လျှောက်တက်လာကြသည်။
လေ့လာသင်ယူခြင်း၊ ဆည်းပူးခြင်း၊ ပြီးမြောင်အောင်လုပ်ဆောင်နိုင်ခြင်း တို့နှင့်သက်ဆိုင်သော စွမ်းရည်များမှာ မွေးကတည်းက ပါလာသော မိမိတို့၏ မွေးရာပါစွမ်းရည်များဖြစ်ပါသည်။
ကလေးငယ်များမှာ ဘယ်လောက်ဘဲ လဲ ကျသည်ဖြစ်စေ အားလျှော့မသွားပါ။ လျှောက်နိုင်ရမည်ဟု တထစ်ချ ယုံကြည်ကြသည်။ ယာယီအခတ်အခဲ များကြုံသည့် အတွတ် မအောင်မြင်သေးသော်လဲ သူ့ကိုယ်သူ ရှုံး နိမ့်သူဟု မမှတ်ယူပါ။ သူ့ အမှားများမှ သင်ခန်းစာယူရန် မသိစိတ်ထဲတွင် အလိုလို သိနေပြီးသားဖြစ်သည်။
မိမိတို့ အသက်အရွယ် ကြီးရင့် လာသောအခါ မိမိတို့ ၏ စွမ်းရည်များအပေါ်ထားရှိသည့် ယုံကြည်စိတ်ချမှုများမှာ အားနည်းသွား၏။
သို့ သော် အောင်မြင်သော ပုဂ္ဂိုလ် များမှာ အားကောင်းသော မိမိကိုယ့်ကို ယုံကြည်စိတ်များရှိကြသည်။
သူတို့ ယုံကြည်သောရည်မှန်းချက်များကို ပြီးမြှောက်အောင်မြင်ရမည်ဟု ခိုင်ခိုင်မာမာယုံကြည်ကြသည်။
ထိုပုဂ္ဂိုလ်များမှာ လဲကျခြင်း အမှားပြုလုပ်မိခြင်း ရှုံးနိမ့်ခြင်းများ ကို သူတို့ ၏ ဘဝတိုးတက်ရေးအတွတ် ကောင်းသော အထောက်အကူ ပြုသည့် အစိတ်အပိုင်းများဖြစ်သည်ဟု ခံယူထားကြသည်။
သူတို့ သည် ရှုံးနိမ့်ခြင်း၊ အမှားပြုလုပ်မိခြင်းများသည် ဘယ်သူဘယ်ဝါ ဖြစ်နေခြင်းကြောင့် ထိုသို့ အမှားများဖြစ်ရသည်ဟု မယူဆကြ။
ရှုံးနိမ့်မှုသည် မိမိ မို့ လို့ ဖြစ်ရသည်ဟု မယူဆကြ။
ရှုံးနိမ့်မှုသည် ဆောင်ရွတ်မှု လုပ်ငန်းစဉ်၏ အစိတ်အပိုင်းတစ်ခုသာဖြစ်သည်ဟု လက်ခံထားကြသည်။
ထိုသို့ လက်ခံ နိုင်စွမ်းသည် အောင်မြင်တိုးတက်ရေး၏ အရေးပါအရာရောက်စေသော အရည်အချင်းပင်။
လေးနှစ် အရွယ်ကလေးများ၏ ၉၆ ရာခိုင်နှုန်းမှာ ကိုယ့်ကိုယ်ကို တန်ဖိုးထားကြသည် လေးစားကြသည်။
သူတို့ ကြီးလာလျှင် သူတိုု့ဖြစ်ချင်သည့် ဆန္ဒ အတိုင်းဖြစ်လာလိမ့်မည်ဟု ယုံကြည်ကြသည်။
သူတို့ ဖြစ်ချင်သည်များကို သူတို့ စိတ်ကူး ကွန့်မြူးပြီး စိတ်ကူးထဲ တွင် ပုံဖေါ်ကြည့် နိုင်ကြသည်။
တုန်လှုပ်ချောက်ချားဖွယ်မှာ ကလေးငယ်များ အသက် ၁၈ နှစ် အရွယ်ရောက်သောအခါ ထိုသို့ ကောင်းမွန်သော သူတို့၏ စိတ်ကူးများဆန္ဒများမှာ ပျောက်ဆုံးသွားကြသည်။ ကလေးအနည်းငယ်တွင်သာ သူတို့၏စိတ်ကူးများ ကျန်ရှိတော့ သည်။
ထိုသို့ဖြစ်ရခြင်းမှာ ကြီးပြင်းလာစဉ် ဘေးပါတ်ဝန်းကျင်မှ အပြောခံ အပြစ်တင်ခံ အနိမ်ခံ နှိပ်ကွပ်ခံ သော စကားများကြောင့် ၊ ပြင်ပဩဇာသက်ရောက်မှုကြောင့် ဖြစ်သည်။
အသက်အရွယ်ကလေးတွေ တဖြည်းဖြည်း ကြီးလာတာနဲ့ အမျှ ကျနော်တို့ ယုံကြည်မှုစိတ်ကူးတွေ ဆန္ဒတွေ က ပြင်ပ ဩဇာသက်ရောက်မှုများနဲ့ ရောနှောပေါင်းစပ်သွားသည်။ ပြင်ပဩဇာသက်ရောက်မှုအရှိဆုံးများမှာ စေတနာဖြင့် ပြောသော ဆရာ ဆရာမ များ၏ ဆုံးမစကား၊ မိဘ၏ အပြစ်တင်စကား၊ တော်စေချင်တတ်စေချင်သောကြောင့် ပြောသော စကားများဖြစ်ချင်ဖြစ် နေပေလိမ့်မည်။
ထိုသို့ ဝေဖန် အကြံပြုချက်များကို ကျနော်တို့ မသိစိတ်က အသုံပြုပြီး ကျနော်တို့ ယုံကြည်မှ၊ု ဖြစ်ချင်သော ဆန္ဒ များ အားနည်းအောင်ပြုလုပ်တော့သည်။
ထို့ကြောင့် ကျနော်တို့သည် ဝေဖန်အကြံပြုချက်များအပေါ် လက်ခံမှု ပုံစံမှာ လွန်စွာအရေးကြီး ပါသည်။
ကျနော်တို့ ကျရှုံးတိုင်း သူများအပြစ်တင်တိုင်း ကျနော်တို့ ထိုင်ပြီး စိတ်ညစ်နေစရာ မလိုပါ။ ကျနော်တို့ ဝေဖန်အကြံပြုချက်များအပေါ် လက်ခံမှုပုံစံကို သတိထား ရမည်သာဖြစ်သည်။ ငယ်စဉ်ကလေးဘဝလမ်းလျှောက်သင်ခါစ က လဲကျလျှင်ဘေးတွင် ထူပေးမည့်သူ အဆင်သင့် ။ ယခု လဲကျလျှင် မိမိဘာသာ ကုန်းရုန်း ထရမည်သာဖြစ်သည်။ လဲကျလျှင်.. ထိုင်ပြီး ငိုနေလို့ မသင့်တော် စိတ်ညစ်နေလို့ မဖြစ်။ မဖြစ်။
ကျနော် ဒါလေးရေး တာကတော့ ဆရာမြတ်ငြိမ်းရဲ့ ကိုယ့်ကိုယ်ကိုယ် ကိုးကွယ် ဆိုတဲ့ စာအုပ်လေး ဖတ်ရင်း သဘောကျတဲ့ အကြောင်းအရာလေးကို ထုတ်ပြီး ရေးလိုက်တာပါ။
One comment
မန်း ရိပ်
October 1, 2010 at 5:09 am
ကဲ ကျွန်တော်တို့လည်း ဘယ်လောက်လဲကျလဲကျ စိတ်ဓာတ်မကျနဲ့နော်
ဦးနှောက်မှ မှတ်သားပြီး ရှေ့ဆက်ရအောင်