ဝဋ်လည်တာလား ?
လွန်ခဲ့တဲ့ လေး နှစ်လောက်တုန်းက မကွေးတိုင်း ပွင့်ဖြူမြို့ တောင်အင်းရွာ မှာပါ မီးလောင်မှုတစ်ခု ဖြစ်ခဲ့ပါတယ် ။ မီးလောင်တာ တစ်ရွာလုံး ကုန်လောက်အောင်ပါပဲ ။ မင်းဘူးမြို့ က မီးသတ်တွေရော လာငြှိမ်းကြတယ် ။ လူတွေကတော့ ထွက်ပြေးပေါ့ ။ ပစ္စည်းကိုတော့ အဲ့မှာရှိတဲ့ ရေတွင်းဟောင်းကြီးထဲကို ပစ်ထည့်ခဲ့ကြတယ်တဲ့ ။ မီးငြိမ်းပြီး နောက်ရက်လည်းကြတော့ အဲ့ပစ္စည်းတွေကို တွင်းဟောင်း ထဲကနေ ပြန်ယုူပေးရင် နှစ်သောင်းပေးမယ် ဆိုပြီးတော့ ပြောတယ် . အဲ့ဒါနဲ့ ပွင့်ဖြူမြို့ အနောက်ပိုင်း မှာရှိတဲ့ လူနှစ်ယောက် ( 1 နဲ့ 2 ထားပါတော့ ) က သားသမီး ကျောင်းစရိတ်အတွက် သွားတာပေါ့ . ဟိုရောက်တော့ 1 ကဆင်းသွားတယ် . မီးလောင်တုန်းက အပူရှိန်ရယ် နဲ့ တွင်းထဲဆိုတော့ လေကမရှိ အသက်ရှုကြပ်ပြီး သေသွားရော ။ သူဆင်းသွားတာ ကြာလှပြီ ခေါ်တော့လည်း မထူးတာနဲ့ 2 က ဆင်းပြီးလိုက်ကြည့်တာ သူလည်း အသက်ရှုမရပဲ သေသွားတယ် ။ နောက်တစ်ယောက်ကြတော့ လမ်းတစ်ဝက်မှာတင် အသက်ရှုလို့ မရလို့ ဆိုပြီးပြန်တတ်လာတယ် ။ သေသွားတဲ့ လူနှစ်ယောက်က ခွေး တွေ ဝက်တွေ ကို ဖမ်း အရှင်လတ်လတ် ပီနံအိတ်ထဲ ထည့် တုတ်နဲ့ ရိုက်ပြီးသတ် အဲ့လိုမျိုးလုပ်တယ်တဲ့ . ဝဋ်လည်တာလို့ပဲပြောရမလား မသိတော့ပါဘူး . . .