Customize Consent Preferences

We use cookies to help you navigate efficiently and perform certain functions. You will find detailed information about all cookies under each consent category below.

The cookies that are categorized as "Necessary" are stored on your browser as they are essential for enabling the basic functionalities of the site. ... 

Always Active

Necessary cookies are required to enable the basic features of this site, such as providing secure log-in or adjusting your consent preferences. These cookies do not store any personally identifiable data.

No cookies to display.

Functional cookies help perform certain functionalities like sharing the content of the website on social media platforms, collecting feedback, and other third-party features.

No cookies to display.

Analytical cookies are used to understand how visitors interact with the website. These cookies help provide information on metrics such as the number of visitors, bounce rate, traffic source, etc.

No cookies to display.

Performance cookies are used to understand and analyze the key performance indexes of the website which helps in delivering a better user experience for the visitors.

No cookies to display.

Advertisement cookies are used to provide visitors with customized advertisements based on the pages you visited previously and to analyze the effectiveness of the ad campaigns.

No cookies to display.

မဲမပေးပဲ ခေါင်းငုံ့ခံနေကြရမှာလား

လင်းဝေSeptember 20, 20101min2174

ဒီမိုကရေစီစနစ်မှာ လူထုဟာ ကိုယ့်ဘာသာကိုယ်လည်း တွေးခေါ်ဆင်ခြင်မှုကို ပြုဖို့တာဝန်ရှိပါတယ်။ တွေဝေစရာအခြေအနေမှာ၊ အငြင်းပွားဖွယ် အခြေအနေမှာ နိုင်ငံရေးသမားတွေ က ပြည်သူတွေအားလုံးကောင်းဖို့ကို လမ်းပြပေးနိုင်ဖို့ဆိုတာကို အမြဲတမ်းမျှော်လင့်ပြီး ပြောသမျှလိုက်လုပ်နေတာမျိုး မဖြစ်ဖို့လိုတယ်။ ပြည်သူတွေ ကိုယ်တိုင်က မစဉ်းစားဘူးဆိုရင် အမှန်အမှားနဲ့ ဖြစ်တန်ခြေ ကို မပိုင်းခြားနိုင်ရင် အများကောင်းကျိုးဆိုတာ တော်တော် ဝေးပါဦးမယ်။

နောက်တစ်ခုက နိုင်ငံရေးဆိုတာ လက်စားချေတာ၊ သူတစ်ပါးပျက်စီးမှ အားလုံးအတွက်ကောင်းမယ် လို့ ယူဆတာမျိုးမဟုတ်ပါဘူး။ ပြည်သူအများ ကောင်းစားဖို့ အပေါင်းဘက်ကို ဦးတည်ပြီး ရွေ့ဖို့အားလုံးမှာ တာဝန်ရှိပါတယ်။

အခုတော့ မဲမပေး ဖို့ သပိတ်မှောက်ဖို့ လုပ်နေကြတယ်။ ဟုတ်ပါတယ်။ ၂၀၀၈ အခြေခံဥပဒေက လုံးဝတရားမျှတမှုမရှိဘူး။ ့် ဒါကို ဆန့်ကျင်ပြီး ရွေးကောက်ပွဲမဖြစ်မြောက်အောင်လုပ်ရမယ်။ ဒ ါပေမယ့် သူတို့က ဖြစ်အောင်လုပ်နေကြပြီ။ အဲဒီတော့ နောက်တဆင့် ဆုတ်ပါ။ ဖြစ်လာတဲ့အပေါ်မှာ အကောင်းဆုံးတုံ့ပြန်ကြပါ။ လွှတ်တော် နှစ်ရပ်ပေါင်းမှာ ကိုယ်စားလှယ် စုစုပေါင်း ၆၂ဝ ရှိပါမယ်၊ စစ်တပ်က ၂၅% အပါအဝင်ပေါ့လေ။ အဲဒီထဲမှာ ကိုယ်စားလှယ် ၄၇၄ယောက်က ရွေးကောက်ခံပြီးတက်လာရမှာပါ။ ကိုယ်စားလှယ် ၄၀ဝလောက်အရွေးခံရတဲ့ အုပ်စုက လွှတ်တော်နဲ့ အစိုးရအဖွဲ့ကို ချုပ်ကိုင် ချယ်လှယ်နိုင်မှာပါ။ အကြမ်းဖျဉ်းတွက်ကြည့်ပြီး ကြိုးစားမယ်ဆိုရင် ဖြစ်လာနိုင်တာတွေက အကောင်းဆုံးတွေလည်း ဖြစ်လာနိုင်ပါတယ်။

နောက်မဲမပေးပဲနေတော့ ဘာဖြစ်လာနိုင်သလဲ။ မဲပေးသူလူဦးရေ တစ်နိုင်ငံလုံးမှာ စုစုပေါင်း ဘယ်လောက်ရှိပါတယ် ဆိုပြီး ပြောချင်ရာပြောတော့ ဘယ်က အထောက်အထားနဲ့ငြင်းမှာတုန်း။ မဲရုံတစ်ရုံချင်းစီနဲ့ မဲဆန္ဒနယ် တစ်ခုချင်းစီအတွက် အနိုင် အရှုံးကို လိမ်ရတာ ခက်ပေမယ့် တစ်နိုင်ငံလုံး မဲပေးသူ အရေအတွက် ဘယ်လောက်ရှိပါတယ် ဆိုတာက ပြောရတာ မခက်ပါဘူး။ ဟုတ်လား မဟုတ်ဘူးလား စစ်ဆေးရတာသာ ခက်ပါတယ်။ မဲပေးသူ ဘယ်လောက် နည်းသည်ဖြစ်စေ များသည်ဖြစ်စေ ရွေးကောက်ပွဲက အထမြောက်တယ် လုပ်မှာပါပဲ။ ဒီမိုကရေစီ လိုလားသူတွေဘက်က မဲမပေးရင် ကြံ့ဖွံ့ က လွယ်လွယ်လေး ကောက်စားသွားမှာပါပဲ။ တကယ်လို့ ဒီမိုကရေစီ အင်အားစုတွေဘက်က အများစုနိုင်ပြီး ညွန့်ပေါင်းဖွဲ့နိုင်ခဲ့ရင်တော့ အပြောင်းအလဲက ဖြစ်လာနိုင်ပါတယ်။အရည်အချင်းရှိသောခေါင်းဆောင်ဆိုပြီး အများကြီးတွေ မျှော်လင့်မနေကြပါနဲ့။ စနစ်တစ်ခု အရင်ပြောင်းပြီး ပိုဆိုးတဲ့အခြေအနေက လွတ်အောင်လုပ်ကြဖို့သာ မျှော်လင့်ကြပါတော့။

မှန်ကန်စွာ စဉ်းစားနိုင်ကြပါစေ။

အပြင်ဘက်က သူများကတော့ သူတို့အတွက် ပါဝင်မဆင်နွှဲရတဲ့ပွဲကိုတော့ ဖြစ်မြောက်အောင်လုပ်ချင်စိတ်နည်းတာ လူ့သဘာဝမို့ ဘာမှမပြောလိုတော့ပါဘူး။

အမှန်တကယ်မဲပေးရမယ့် ပြည်တွင်းကသူများသာ ကိုယ့်အတွက်ကိုယ် အကောင်းဆုံးတွေကို စဉ်းစားကြည့်ကြပါ။

မီးပျက်လည်းခံနေရ၊ လမ်းမကောင်းလည်း ခံနေရ၊ ရေမရှိလည်း တကယ်ဒုက္ခရောက်နေကြသူတွေအတွက် နည်းနည်းပဲပြောင်းစေဦး မျှော်လင့်ရမှာပါပဲ။ ဘာမှ မရှိတာထက်စာရင် တစ်ဝက်လောက်ရတာက ပိုမကောင်းဘူးလား။ အထိမ်းအကွပ်ရှိနေတာ က ပိုပြီး မျှခြေ ကို ဦးတည်မပေးနိုင်ဘူးလား။

၁% ပဲ မျှော်လင့်ချက် ရှိတောင်မှ ကြိုးစားသင့်ပါတယ်။

မဲပေးဖို့ စဉ်းစားကြပါ။

4 comments

  • ဆူး

    September 20, 2010 at 11:11 am

    နိုင်ငံရေးကလည်း သိပ်ရှုပ်တာဘဲ.. ဘာလုပ်လို့ လုပ်ရမှန်းကို မသိဘူး.. ကြံဖွတ်ကလွဲရင် တခြားပါတီ ဘာဖြစ်ဇြစ် ပေးမယ်လို့ စဉ်းစားထားတာဘဲ နဲနဲ သိတဲ့ လူတွေ ပြောကြပါအုန်း

  • kopauk mandalay

    September 20, 2010 at 11:51 am

    ကျနော်ကတော့ အခုအချိန်ထိဘယ်သူကိုပေးမယ်ဆိုတာမပြောနိုင်သေးဘူး။
    မဲမပေးဘဲတော့ လုံးဝမနေဘူး။
    ပေးမှာ။
    ကိုယ်ယုံကြည်တဲ့သူကိုဘဲပေးမှာ။
    မပေးလိုက်မိလို့တော့ နောက်မှ နောင်တမရချင်ဘူး။
    ကိုယ်ရွေးချယ်တာမှားခဲ့တဲ့ အကျုိုးဆက်ကို သတ္တိရှိရှိခံမယ်ဗျာ။

  • ပူတူးတူးလေး

    September 20, 2010 at 11:58 am

    ဖွဲ့စည်းပုံအခြေခံဥပဒေ ဆန္ဒခံယူပွဲတုန်း ပြည်သူ အမှား ပေးခဲ့ လဲ auto အမှန်ဖြစ်သွားခဲ့တယ်။အဲဒါကြောင့်လဲ ၉၄.၅ % ရခဲ့တယ်။ အခုလဲဘယ်ပါတီကိုပေးပေး auto သူတို့ပါတီဖြစ်တဲ့ ကြံ့ဖွတ် or တစည ဘဲရမယ်ဆိုတာဗေဒင်မေးစရာမလိုဘုူး။ အရူးလုပ်တာကိုအားလုံးခံရအုံးမယ်။

  • michaelaungpu

    September 25, 2010 at 4:27 pm

    သူတို ့ရဲ ့ပါတီ နှစ်ခုကို အထက်အောက်ဖြစ်အောင် လုပ်ထားတယ် (ဟန်ပြပြီးအငြင်းခုန်လုပ်ထားတယ်) ရွေးကောက်ပွဲက မစရသေးဘူး သူတို ့ကသေချာပေါက်နိုင်နေပြီ ဆိုတာ ကို သိဘို ့လိုလိမ့်မယ်
    (ကိုယ်က ဘယ်လိုပဲပြိုင်ပြိုင် သူက နိုင်နှင့်နေပြီ )သူတို ့တကယ်လိုချင်နေတာကလည်း သူ ့ ကိုလာပြိုင်မယ့် ပြိုင်ဘက်ပဲဖြစ်တယ် ဆိုလိုတာက ပြိုင်ဖက်ဆိုတဲ့ အဖွဲ ့တွေရှိမှ သူက အနိုင်ယူလို ့ရမှာဖြစ်တဲ့အတွက် ယှဉ်ပြိုင်ပါတီတွေဆိုတာ သူ ့အတွက် တော်တော် အရေးကြီးတဲ့ သူ ့ကိုအပေါ်ရောက်အောင် တွန်းတင်ပေးမယ့် သူ ့ကိုတရားဝင် အနိုင်ရသွားစေမယ့် အဖွဲ ့ အစည်းတွေဖြစ်နေကြတယ်
    ကိုယ်ထည့်လိုက်တဲ့ပါတီတွေ(တစညနဲ ့ဖွတ် ကလွဲရင်) နိင်စရာမရှိဘူး
    ဖွတ်က အထက် တစညက အောက် မယုံမရှိနဲ ့ ဒီတော့ကိုယ်လုပ်လို ့ရတာက မထည့်နဲ ့
    ကိုယ်ကအခြားပါတီကို မဲထည့်လိုက်လို ့သူတို ့တရားဝင်နိုင်သွားမှာ အမှန်မှာ ဘယ်သူမှဝင်မပြိုင်သင့်ဘူး
    ခေါင်းငုံ ့ခံတာမဟုတ်ဘူး ခေါင်းပုတ်မခံတာ

Leave a Reply