သဘောကျစရာ ဖရဲသီး ပန်းပု ပညာ
သူများ က share လို့ တင်ပေးလိုက်တာပါ ။ ဒါမျိုးတွေလည်း လုပ်လို့ရပါလားဆိုတာအခုမှသိတယ် ။

ကမာ္ဘ အရပ်ရပ်တွင် အစားအသောက်များကို လှလှပပ ဖြစ်စေရန် ဒီဇိုင်းပြင်ဆင် ဖန်တီးကြရာ
အချို့သော အစားအစာများသည် လက်ရာမြောက်လှသော အနုပညာပစ္စည်းအဖြစ်သို့ ပြောင်းလဲသွားသည်ကို
အံ့ဩဖွယ် မြင်တွေ့ကြရသည်။ ၎င်းတို့အနက် ဖရဲသီးဖြင့် ဖန်တီးထားသော အရုပ်များမှာ အထူးသဘောကျဖွယ်
ကောင်းလှသည်။
အနုပညာရှင်တို့သည် ဖရဲသီးကို အသုံးပြု၍ သစ်သားနှင့် ကျောက်ဆစ် ပန်းပု လက်ရာ ကဲ့သို့သော
အနုပညာမြောက်လှသည့် ဖရဲသီး ပန်းပု များဖန်တီးနိုင်ကြသည်။ သို့သော် နှမြောဖွယ်ကောင်းသည်မှာ
အချိန်အတိုင်းအတာ တစ်ခုအထိသာ တာရှည်ခံနိုင်ခြင်းဖြစ်သည်။
ကမာ္ဘတစ်လွှားရှိ သဘောကျဖွယ် ဖရဲသီး ပန်းပု ပညာများအား ခံစားနိုင်ရန် ဖော်ပြလိုက်ပါသည်။
4 comments
william hoe
September 23, 2010 at 6:26 am
တော်တော် လက်ရာမြောက်တဲ့ပုံလေးတွေ ပဲ နော်…အဲလို ပုံတွေ ကို မြန်မာနိုင်ငံဘယ်နားမှာများလုပ်ထားလဲ သိရင် ဖြေပေးပါဦးဗျာ…
ဆူး
September 28, 2010 at 12:44 pm
မြန်မာပြည်က လုံးဝ မဖြစ်နိုင်ပါဘူး။ အောက်ကနေ ရေရင် ၃ပုံမြောက်မှာ ကားတစီးပါနေတယ် အဲဒီကားက မြန်မာ နံပါတ်မဟုတ်ပါဘူး။ တခြားနိုင်ငံ တခုခုမှာ လုပ်တာကို မေးထဲကနေ တဆင့် သိပြီး တင်တာ ဖြစ်ပါလိမ့်မယ်။
ဖရဲသီးလေးတွေ လှတာတော့ တော်တော့ကိုလှတယ်
nwl
September 23, 2010 at 6:47 am
အရမ်းလှတာပဲ .. လက်ရာလဲ တော်တော်မြောက်တယ်နော် .. အနုစိတ်ကိုလုပ်ထားတာပဲ …
doekalay
September 29, 2010 at 2:42 am
တော်တော်လက်ရာမြှောက်ပါတယ်။အဲ ့ဒီလိုလည်းလုပ်တတ်ချင်ပါတယ်။