Customize Consent Preferences

We use cookies to help you navigate efficiently and perform certain functions. You will find detailed information about all cookies under each consent category below.

The cookies that are categorized as "Necessary" are stored on your browser as they are essential for enabling the basic functionalities of the site. ... 

Always Active

Necessary cookies are required to enable the basic features of this site, such as providing secure log-in or adjusting your consent preferences. These cookies do not store any personally identifiable data.

No cookies to display.

Functional cookies help perform certain functionalities like sharing the content of the website on social media platforms, collecting feedback, and other third-party features.

No cookies to display.

Analytical cookies are used to understand how visitors interact with the website. These cookies help provide information on metrics such as the number of visitors, bounce rate, traffic source, etc.

No cookies to display.

Performance cookies are used to understand and analyze the key performance indexes of the website which helps in delivering a better user experience for the visitors.

No cookies to display.

Advertisement cookies are used to provide visitors with customized advertisements based on the pages you visited previously and to analyze the effectiveness of the ad campaigns.

No cookies to display.

မကွေးတိုင်း တောင်တွင်းကြီးမြို့နယ်မှ အသက်(၁၃)နှစ်အရွယ် မိန်းကလေးငယ်အား ခလ၇(၈၃)စစ်သားမှ မုဒိန်းကျင့်

cobraSeptember 23, 20101min3605

မကွေးတိုင်း တောင်တွင်းကြီးမြို့နယ်မှ အသက်(၁၃)နှစ်အရွယ် မိန်းကလေးငယ်အား ခလ၇(၈၃)စစ်သားမှ မုဒိန်းကျင့်

မကွေးတိုင်း တောင်တွင်းကြီးမြို့နယ် စစ်ကိုးပင်ရွာ ု(ဘ)ဦးဇော်ကြီး-(မိ)ဒေါ်ချို တို့၏ သမီးဖြစ်သူ မပြည့်ဇော်ချို အသက်(၁၃)နှစ်သည် (၃-၉-၂၀၁၀)နေ့က ကျေးရွာတောင်စပ်အတွင်း ဆိတ်ကျောင်းနေစဉ် မိချောင်းရဲမြို့ အခြေစိုက်တပ်ရဲတပ်- ခလ၇(၈၃)တပ်သား ..အမည်မရသေးက အလိုမတူအတင်းအဓမ္မ မုဒိန်းကျင့်ခဲ့ပါသည်။ ယခုအချိန်တွင် မပြည့်ဇော်ချိုမှာ မကွေးဆေးရုံတွင် ဆေးရုံတက်ကုသနေရပါသည်။ ၎င်းသတင်းကို ခလ၇(၈၃)တပ်မှ အရာရှိစစ်ဗိုလ်များက မပြည့်ဇော်ချို၏ ဖခင်အား မကွေးသို့ခေါ်သွားပြီး သတင်းမပြန့် နှံ့ရန် လုပ်ဆောင်နေကြောင်း သတင်းရရှိပါသည်။

မှတ်ချတ်။ ။ ရုပ်သံဖိုင် နောက်(၂)ရက်အတွင်း အစဉ်ပြေလျှင်တင်မည်ဖြစ်ပါသည်။

သတင်း။ ။ ဦးအေးမြင့် (လမ်းပြကြယ်)ဒီမိုဝေယံမှ ကူးယူဖော် ပြပါသည် ။

ကိုဒေါင်းမာန်ဟုန်အား ကျေးဇူးတင်ပါသည် ။

နောက်ဆက်တွဲ သတင်း အနေဖြင့်  တရားခံ အမည်က တပ်သားကျော်စိုးလို့ သိရှိရပါတယ် ။

ဗိုလ်ကြီးတစ်ဦးမှ  တရားလို မိန်းကလေး၏ မိခင်အား ဆေးကုသစရိတ် ငွေကျပ် တစ်သိန်း ထုတ်ပေးတယ်လို့ ပြောပါတယ် ။

အခုချိန်ထိ သားအမိ နှစ်ယောက်လုံး ဘယ်သူကို အားကိုးရမှန်း မသိဖြစ်နေပါတယ် ။ ယခု  ထို သားအမိ နှစ်ယောက် ကို သူစိမ်းတရံများဖြင့် တွေ့ခွင့်မပေးကြောင်း ၊မျက်စိသူငယ် နားသူငယ်ဖြင့် လွန်စွာ စိတ်ဆင်းရဲ့ဒုက္ခရောက်လျှက် ရှိပါသည် ။ နောက်ဆက်တွဲ သတင်းများကို မကြာခင် အသေးစိတ်တင်ပြသွားရန်ရှိပါသည် ။

စစ်အာဏာရှင် စနစ်ဆိုးရဲ့ အမွေကို အခုချိန်မှာ အပြစ်မဲ့ ပြည်သူပေါင်း မြောက်မြားစွာ ရင်နင့်စဖွယ် ခါးသီးစွာ ခံစားနေကြရပါတယ် ။

ငြိမ်းချမ်းသာယာ၍ ခေတ်မှီ ဖွံ့ဖြိုး တိုးတက်သော နိူင်ငံတော် သို့ ဟု ကြွေးကြော်နေကြသူများ ၏ လူမဆန်သော ယုတ်မာပက်စက်မှုတို့ကား

မဖော်ပြနိူင်အောင် များပြားလာပါသည် ။  ကိုယ်နှင့် မဆိုင်ဟု လက်ပိုက်ကြည့်မနေသင့်သော အခါသယမ သို့ရောက်ရှိလာပါသည် ။

ဒီလို အချိန်မျိုးမှာမှ မတွန်းလှန်ကြလျှင် နောင်ဝယ် ထိုသို့သော အမှု ကိစ္စမျိုးကို  ပြောင်ပြောင် တင်းတင် လူမြင်ကွင်းများတွင်ပါ  ကျူးလွန်လာမည်မှာ

တွေးကြည့်ရုံမျှဖြင့် သိသာလှပါသည် ။

နည်းပညာ ထွန်းကားလာသော ခေတ်တွင် သတင်းဆိုသည်မှာ အမှာင်ချ၍ မရပါ  ။  ယနေ့ တပ်မတော်သားတို့မှာ လွန်စွာမှပင် အကြည်းတန်သည့်

ပြစ်မှုများကို ကျူးလွန်နေကြသည်မှာ အာဏာရှင်စနစ်ဆိုးကြောင့် ကျွနူ်ပ်ယုံကြည်ထားပါသည် ။   ထိုစနစ်ဆိုးအောက်တွင် နေသမျှတော့ ကောင်းသူရော မကောင်းသူပါ  ပြည်သူ့လူထု ၏ နားကျည်းသော အမုန်းများကို နောက်ဆက်တွဲ အနေဖြင့် ခံစားရပေမည် ။

ထို့သို့သော  ကိစ္စများ နောက်ထပ် မဖြစ်ပွားရလေအောင် အမှန်တရားကို ချစ်သည့် တပ်မတော်သားများ အနေဖြင့်  ပြည်သူလူနှင့် ပူးပေါင်းကာ နိူင်ရာ တာဝန်ထမ်းဆောင်ပေးကြပါရန် လေးစားစွာ ဖိတ်ခေါ်တိုက်တွန်း အပ်ပါသည် ။

5 comments

  • timothy

    September 23, 2010 at 1:33 pm

    This is another crime against Humanity committed systematically by the fascist army of Myanmar. People living under cruelty of own army is continuously ignored by the World Body given the reason of non interference in sovereign country. Now, the crimes become too much for United Nations to ignore further. Thank you for spreading this abuse case on message board. The leading democracy countries are calling for Commission of International Enquiry to try the culprits in Court of law. The Election-related crimes committed by Junta is also monitored by international Rights Groups and it will go further to bring the Junta to Court. All citizens must report the crimes to messages board and peoples` voices like VOA, DVB and BBC. WE all must BOYCOTT the ELECTION to destroy the unjust system of the Fascists.

  • Cedric Diggory

    September 26, 2010 at 3:07 am

    မဖြစ်သင့်ဘူးပေါ့ဗျာ။ကောင်မလေးခမျာသနားပါတယ်။ မိဘတွေတော့ရင်ကျိုးမှာပဲ။ ဒီလိုသတင်းတွေများများပြန့်နှံ့မှနောက်မလုပ်ရဲကြမှာ။ ထိထိရောက်ရောက်အရေးယူပေးဖို့လည်းလိုတယ်။ မိဘတွေခမျာမှာလည်း စစ်သားဆိုတော့ ရင်မဆိုင်ရဲဘူးနဲ့တူတယ်။ ဟုတ်တာပေါ့။ သူတို့နဲ့သွားထိပ်တိုက်တွေ့လိုက်လို့ဆွဲစိလိုက်မှဖြင့် ဂျေးအောင်းနေရမယ်။

  • intro

    September 26, 2010 at 4:30 am

    အသက်မပြည့်သေးတဲ့ကလေးကို ကျူးလွန်တာ တော်တော်ကို မတရားတာပဲ၊ စစ်သားလဲ မဟုတ်တာလုပ်ရင် အပြစ်ပေးရမှာပဲ၊ စစ်သားမို့ အပြစ်မပေးဘူး ဆိုတာတော့ မဖြစ်သင့်ပါဘူး၊ ထိုက်သင့်တဲ့ ပြစ်ဒဏ် ခံရသင့်ပါတယ်။ သတင်း Media တွေကလဲ ကလေး နာမည်၊ နေရပ်လိပ်စာ အတိအကျ ဖော်ပြတာဟာ ကာယကံရှင်ဘက်က အရမ်းလဲ နစ်နာပါတယ်။ အထူးသဖြင့် ဒီလို ကိစ္စမျိုးမှာ မွေးရပ်၊ နာမည်အတိအကျ ဖော်ပြတာဟာ မကောင်းပါဘူး၊ အရင်ဆုံး ကာယကံရှင်နဲ့ မိဘတွေကို ခွင့်တောင်းသင့်ပါတယ်။

  • osprey

    September 27, 2010 at 2:37 pm

    intro says ပြောတာကိုလက်ခံပါတယ်။

  • nwl

    September 28, 2010 at 2:56 am

    အခုတစ်လော အသက်မပြည့်သေးတဲ့ ကလေးတွေကို ကျူးလွန်တာတွေ တော်တော်များလာပါလား ။ ဘာဖြစ်လို့များ အသက်မပြည့်သေးတဲ့ လောကကြီးအကြောင်းတောင် ဘာမှန်းသိပ်မသိသေးတဲ့ ကလေးတွေကို ဒီလိုပြစ်မူမျိုး ကျူးလွန်ချင်ကြရတာလဲ ။
    လူမဆန်လိုက်တာ ….

Leave a Reply