စစ်မှန်သောတန်ဖိုး

thura.ng2September 23, 20101min970

တစ်ခါက နာမည်ကြီး မိန့်ခွန်းပြောသူတယောက်က သူ့ရဲ ့ ဟောပြောပွဲကို ဒေါ်လာ ၂ဝတန်ကိုင်ပြီး “ဘယ်သူ ဒီဒေါ်လာ ၂ဝတန်လိုချင်လဲ” လို့ မေးကာစတင်ခဲ့တယ်… ထိုအခါ … လူတိုင်းရဲ ့လက်တွေမိုးပေါ်ထောင်ပြီး လိုချင်ကြကြောင်းပြတယ်…

သူကထပ်ပြီး “ဒီဒေါ်လာ ၂ဝတန်ကို ခင်ဗျားတို့ထဲက တယောက်ယောက်ကို ပေးမှာပါ… ဒါပေမယ့် ကျွန်တော်ကို ဒီလိုလုပ်ခွင့်တော့ ပြုဦး” ဆိုပြီး ဒေါ်လာ ၂ဝတန်ကို လက်ထဲမှာ လုံးချေလိုက်တယ်… နောက်တော့ သူထပ်မေးတယ်… “ဒါကို ဘယ်သူလိုချင်သေးလဲ” တဲ့… လူတိုင်းရဲ ့ လက်တွေမိုးပေါ်ထပ်မြှောက်ကြပြန်တယ်…

“ကောင်းပြီ”လို့ သူပြောလိုက်ပြီး “အကယ်၍ ကျွန်တော် ဒီလိုလုပ်လိုက်ရင်ကော” ဆိုကာ ဒေါ်လာ၂ဝတန်ကို မြေကြီးပေါ်ပစ်ချပြီး ဖိနပ်နဲ့ နင်းချေလိုက်တယ်… ပြီးတော့ တွန့်ကြေညစ်ပတ်နေတဲ့ ဒေါ်လာ၂ဝတန်ကို ကောက်ကိုင်လိုက်ပြီး “အခုရော ဘယ်သူလိုချင်သေးလဲ”လို့ ထပ်မေးပြန်တယ်… ပရိသတ်ရဲ ့ လက်တွေကလည်း အရင်လို မိုးပေါ်ထပ်မြှောက်ကြပြန်ပါတယ်…

“ဒီတော့ မိတ်ဆွေတို့ အခု ခင်ဗျားတို့ အလွန်တန်ဖိုးရှိတဲ့ သင်ခန်းစာတစ်ခုရသွားကြပြီ… ကျွန်တော် ဒီပိုက်ဆံကို ဘယ်လိုပဲလုပ်လုပ် ခင်ဗျားတို့ လိုချင်ကြတယ်… ဘာလို့လဲ ဆိုတော့ ဒီပိုက်ဆံရဲ ့ တန်ဖိုးက လျော့ကျမသွားလို့ပဲ… ဒေါ်လာ ၂ဝတန်က ဒေါ်လာ၂ဝတန်ဖိုးရှိတုန်းပဲ… ဒီလိုပဲ ကျွန်တော်တို့ ရဲ ့ ဘဝမှာလည်း ကျွန်တော်တို့ရဲ ့ မှားယွင်းသွားတဲ့ ဆုံးဖြတ်ချက်တွေနဲ့ အခြေအနေအမျိုးမျိုးကြောင့် ကျွန်တော်တို့ ရှုံးနိမ့်ကြတယ်… အနင်းချေခံကြရတယ်… အရှုတ်ချခံကြရတယ်… ဒီအခါ ကျွန်တော်တို့က ကိုယ့်ကိုယ်ကို တန်ဖိုးမရှိတော့ဘူးလို့ စိတ်ဓာတ်ကျမိကြလိမ့်မယ်… ဒါပေမယ့် ကျွန်တော်တို့ ဘဝကြီး ဘာပဲ ဖြစ်သွားဖြစ်သွား ကျွန်တော်တို့ရဲ ့ ကိုယ်ပိုင်တန်ဖိုးတွေက လျော့ကျသွားမှာ မဟုတ်ဘူး… အမြဲတမ်း လူတိုင်းက ကိုယ့်တန်ဖိုးနဲ့ကိုယ်ရှိကြပါတယ်… ဒါကို ဘယ်တော့မှ မမေ့ပါနဲ့…”

(ယမမင်းလေး ဘာသာပြန်သည်)