Customize Consent Preferences

We use cookies to help you navigate efficiently and perform certain functions. You will find detailed information about all cookies under each consent category below.

The cookies that are categorized as "Necessary" are stored on your browser as they are essential for enabling the basic functionalities of the site. ... 

Always Active

Necessary cookies are required to enable the basic features of this site, such as providing secure log-in or adjusting your consent preferences. These cookies do not store any personally identifiable data.

No cookies to display.

Functional cookies help perform certain functionalities like sharing the content of the website on social media platforms, collecting feedback, and other third-party features.

No cookies to display.

Analytical cookies are used to understand how visitors interact with the website. These cookies help provide information on metrics such as the number of visitors, bounce rate, traffic source, etc.

No cookies to display.

Performance cookies are used to understand and analyze the key performance indexes of the website which helps in delivering a better user experience for the visitors.

No cookies to display.

Advertisement cookies are used to provide visitors with customized advertisements based on the pages you visited previously and to analyze the effectiveness of the ad campaigns.

No cookies to display.

Made in Myanmar

etoneSeptember 25, 20101min38710

ဘယ်သူကများကြံကြံဖန်ဖန်တွေးပြီးရေးလိုက်တယ်မသိပါဘူး … မြန်မာတွေကြံတတ်ဖန်တတ်ပုံများကတော့ဖြင့်….

မြန်မာပြည်တွင်လုပ်သည်… (Made in Myanmar)

မြန်မာ့နည်းမြန်မာ့ဟန်

မြန်မာ့နည်းမြန်မာ့ဟန်လို့ပြောရင် အဲဒါ အကောင်းပြောတာမဟုတ်ဘူး …ရွဲ့တာပဲ။ မြန်မာစံတော်ချိန်ဆိုတာမျိုးပေါ့။
ငယ်ကတည်းက ဓန Magazine မှာ ပဲ နဲ့ ခဲ ( ဂဲဟုအသံထွက်သည်။ ) (စင်ကာပူရောက်မြန်မာကလေးများဖတ်တတ်စေရန်ရည်ရွယ်သောအားဖြင့် အသံထွက်ပါထည့်ထားပေးသည်။) ဆောင်းပါးမှာ ပဲထဲမှာ ရောဖို့ ခဲကို သေချာထုခွဲထားတယ်ဆိုလို့ မစားရပါပဲ သွားကျိန်းသွားတယ်။ အားရပါးရများ
ဝါးလိုက်မိတဲ့သွားကတော့ ပဲ့ရွဲ့ထွက်ကုန်လောက်တယ်။ အခုအထိလည်းရောတုန်း..ရောဆဲ ရောလတ္တံ့လို့သိရတယ်။ အဲဒါလည်း မြန်မာပြည်တွင်လုပ်သည်။

ကြက်သားရေထိုး

နောက်တစ်ခုကကြက်သားကိုရေထိုးတာ။ ဆရာဝန်မဖြစ်လိုက်တဲ့ ကြက်သားသည်တစ်ယောက်ငယ်အိမ်မက်ကိုလွမ်းပြီး ကြက်သားထဲရေထိုးကြည့်ရာကနေမကြုံစဖူး အတုခိုးခံလိုက်ရတဲ့နည်းလမ်းလို့သိရတယ်။ မြန်မာအိမ်ရှင်မတွေအိမ်မှာကြက်သားကို ရေထည့်ပြုတ်စရာမလိုအောင်စေတနာနဲ့ရေထိုးပေးလိုက်တာလို့လည်းပြောကြတယ်။ မြန်မာပြည်တွင်လုပ်သည်။

ပုစွန်ထုပ်ခေါင်းထဲ ခဲထည့်

နောက်တစ်ခုက ပုစွန်ထုပ်ခေါင်းထဲ ခဲထည့်တာ။ အဲဒီ ခဲကိုကြတော့ ဂဲလို့ အသံမထွက်ဘူး။ ခဲပဲ။
ခဲလေသမျှ သဲရေကျက ခဲလို ခဲလို့ အသံထွက်တယ်။ ပုစွန်ထုပ်တွေက အမေကျော်ဒွေးတော်လွမ်းပြီး … အိတ်စပို့စ်နောက်ကိုကောက်ကောက်ပါအောင်လိုက်သွားလေတော့ … မြန်မာပြည်သူပြည်သားတွေအတွက်အင်မတန်ကြီးတဲ့ပုစွန်ထုပ်ခေါင်းတွေကျန်ခဲ့တယ်။
အဲဒီခေါင်းကိုတောင်လေးလေးပင်ပင်ရှိအောင်ခဲလေးဘာလေးထည့်ပေးတယ်။ ….
အင်မတန်မှစေတနာကောင်းတဲ့ တို့လူမျိုးပါတကား။

ချက်နို့ဆီလို ခဲအောင်လုပ်ထားတဲ့နို့ဆီ

တကမာ္ဘလုံး ကြိုက်တဲ့နေရာသွားရှာကြည့် ချက်နို့ဆီလို ခဲအောင်လုပ်ထားတဲ့နို့ဆီမတွေ့ရဘူး။ မတွေ့ရတာကို အကောင်းမမှတ်ပါနဲ့။ လုပ်ဖို့မသင့်လို့မလုပ်တာပါပဲ။ အဲဒါကိုလည်း အင်မတန်မှ ရွှေဉာဏ်တော် ထက်မြက်တော်မူတဲ့ငနဲတွေက နို့ဆီကို ရှိတဲ့ chemical တွေသုံးပြီးခဲအောင်လုပ်ကြပါတယ်။ အင်မတန်မှ ကျန်မာရေးကို ဆိုးရွားစွာထိခိုက်စေနိုင်တဲ့ ချက်နို့ဆီကို ထုတ်ယူရရှိပါတယ်။ မြန်မာပြည်တွင်လုပ်သည်။

ပါရာစီတမောသွေးဆေး

တွေးကြည့်ရင်းနဲ့ တရုတ်မှာ နို့မှုန့်ထဲ မယ်(လ်)မင်းရောတာလောက်တော့ တို့နိုင်ငံသားတွေက ပျင်းတောင်ပျင်းသေးတယ်လို့ပြောလိမ့်မယ်။ မြန်မာအပူကျဆေးတစ်မျိုးဆိုရင် ပါရာစီတမောကို အမှုန့်ကြိတ်ပြီး မြန်မာမှုပြုလိုက်လို့ အပိတ်ခံလိုက်ရတာလည်းရှိပါတယ်။ မြန်မာတိုင်းရင်းဆေးအစ ပါရာစီတမောကလို့တောင်အသိအမှတ်အပြုခံရမလိုဖြစ်သွားပါတယ်။ အဲဒါလည်းမြန်မာပြည်တွင်လုပ်သည်။

ဂီယာတုတ်ထောက် ၊ ကတ်တောက်ကြိုးချည် ၊ ဆပ်ပြာမှုန့် အင်ဂျင်ဝိုင်

မော်တော်ကားမောင်းတတ်တယ်ဆိုတာ မဆန်းပါဘူး။ အတော်လေးလွယ်တာပါပဲ။ ဒါပေမယ့် တကမာ္ဘလုံးက ဒရိုင်ဘာတွေ ဘယ်လောက်တော်တယ်ပြောပြော တုတ်နဲ့ဂီယာတိုင်ကိုထောက်ထားဖို့ ဘယ်သူမှ မတွေးမိခဲ့ကြဘူး။ မြန်မာတွေက တွေးမိတယ်။ မြန်မာပြည်တွင်လုပ်သည်။

ဆိုးဆေးလှလှ

အစားအစာဆိုးဆေးကို အရောင်သိပ်မလှလို့ အဝတ်ဆိုးဆေးတွေဘာတွေသုံးပေးတဲ့ သဒ္ဓါတရားမျိုး မြန်မာတွေမှာပဲရှိတယ်။ စေတနာသုံးတန် (သုံးတန်ဆိုရင် အလတ်စားယာဉ်ဖြစ်ပြီ) ပြဌာန်းပြီး သုံးပေးတာ။ အရောင်လှတဲ့ မျှဉ်ငါးပိတို့ဘာတို့စားရင် အူတွေပါ ဆေးဆိုးပြီးသားဖြစ်တဲ့အတွက် တစ်ချက်ခုတ် နှစ်ချက်သုံးချက်ပြတ်တာပေါ့လေ။
ဖရဲသီးရောင်းရင် ဓားမှာ ဆေးသကြားသုတ်ထားတဲ့လူမျိုးလည်း သိပ်များများမရှိလောက်ဘူး။ အဲဒါလည်းမြန်မာပြည်တွင်လုပ်သည်။

ရွှေညောင်ပင်ကို ကားပြရတယ်

ဂျပန်ကလာတဲ့ကားတွေ ညောင်ပင်ရှေ့မှာတက်လိုက်ဆင်းလိုက်မလုပ်ရင် အင်ဂျင်ပြဿနာရှိနိုင်တယ်၊ အတိုက်အခိုက်များမယ်လို့ယုံတာမျိုးလည်း မြန်မာပြည်တွင်လုပ်သည်ပဲ။ ရွှေညောင်ပင်လို့ခေါ်တယ်။ အခုရေးပြီးသလောက်ကို ကလေးတွေကိုပဲဖတ်ခိုင်းကြည့် ကိုယ့်တို့တွေ အတော်လေးပေါတာ၊ချာတာ၊ညံ့တာ၊ သုံးမရတာ အတော်လေးသဘောပေါက်လောက်ပြီ။

စားအုန်းဆီမွှေးမွှေး

တကမာ္ဘလုံးမှာ စားဖို့မသင့်တော်ဘူးလို့ တညီတညွတ်တည်း သတ်မှတ်ထားတဲ့စားအုန်းဆီကို ပေါပေါလောလောရောင်းပေးတာမျိုးကိုကြတော့ကွက်လပ်ကွက်လပ်ရဲ့ စေတနာလို့ပဲထားလိုက်ကြရအောင်။ မြန်မာပြည်တွင်လုပ်သည်။ (ပန်းနှမ်းနဲ့ဆီအုန်းမှမစိုက်ရင် ဘိန်းပြန်စိုက်ရမလားလို့ လက်ညှိုးပြန်ထိုးမှာလည်း စိုးရပါတယ်။) ဘိန်းကစိုက်ကိုမစိုက်တော့ဘူး။ မိတဲ့အခါကြတော့ ကွန်တိန်နာနဲ့ကိုမိတယ် ။

ExpiryDate ဖြစ်ရင် label လဲပေးတယ်

အစားအသောက်တွေမှာ ExpiryDate ဆိုတာပါတယ်။မုန့်လုပ်ငန်းတွေက အဲဒါမထည့်ရင်ရောင်းလို့မရဘူး။ တစ်ပါတ်တစ်ခါ ဆိုင်တွေဆီသွားပြီး၊ ကျန်တဲ့မုန့်ထုပ်တွေ၊ Expiredဖြစ်သွားတာတွေကို သွားသိမ်းတယ်လို့တော့ မတွေးပါနဲ့။ Expiry Date အသစ်လာကပ်ပေးတယ်။ အံ့ဖွယ် ဉာဏ်ကြီးရှင်တွေများတဲ့နိုင်ငံပါတကား။

ပလတ်စတစ်အကြော်

အကြော်ကြော်ရင် ထပ်ခါတလဲလဲကြော်တယ်။ ပြည့်ဝဆီတွေဟာ ဘာဖြစ်စေတတ်လဲလာမပြောနဲ့မသိဘူး။
စားချင်ရင်ဝယ်။ အဲဒီလို ကျန်းမာရေး အသိပြည့်ဝကြတယ်။ ဒီလိုမျိုး သမာရိုးကျအကြော်သမားထက် တစ်ပန်းသာတဲ့သူက အခု ပလတ်စတစ်ရေဘူး ထည့်ကြော်နေပြီဆိုတော့ နောက်ဆိုရင် recycle လုပ်မရတဲ့ ဘာမဆို ထည့်ကြော်ဖို့စိတ်ကူးထားသလားတောင်တွေးမိပါတယ်။ ငယ်ကတည်းက ပတ်ဝန်းကျင်ထိန်းသိမ်းရေးကို တစ်စိုက်မတ်မတ်ထောက်ခံခဲ့ပေမယ့် ဒီ reuse၊ replace၊ recycle အကြော်ကြီးကိုတော့ ဘယ်လောက်ပဲ Green အကြော်ပြောပြော မစားနိုင်ဘူး။ မြန်မာပြည်တွင် ပလတ်စတစ်ကြော်နေပြီ။

ယမ်းစိမ်းကင်

သေဒဏ်ပေးခံလိုက်ရတဲ့နို့မှုန့်ထဲ မယ်(လ်)မင်းရောတဲ့ တရုတ်က သက်ကြီးရွယ်အိုလင်မယားခမျာ မြန်မာပြည်မှာ လူဖြစ်တာ အရတော်လေစွလို့ တဖွဖွပြောသွားခဲ့ရှာမှာ။ အသားတွေ ငါးတွေကင်ဖို့ အသားကင်အတွက် ယမ်းစိမ်းဆိုတာမျိုးကလည်း ကင်ဆာဖြစ်မယ့်အမျိုးအစားပဲရှာဖွေပြီးသုံးပေးတယ်။ အကင်တွေက ဖရီးရာဒီကယ်လ်များပြီးသားကို ယမ်းကလည်း ဖြစ်ကတက်ဆန်းဆိုတော့ ကျန်းမာရေးနဲ့ လွှတ်ကိုညီညွတ်တော့တာပါပဲ။ မြန်မာပြည်တွင်လုပ်သည်။

ပိုးလောက်လန်းရေသန့်ဗူး

ရေသန့်ဗူးထဲမှာ ပိုးလောက်လန်းလေးတွေ မွေးထားတာမျိုးကိုလည်း မြန်မာပြည်မှာလုပ်သည်။ ဗူးတွေက ရေညှိတတ်နေတဲ့ရေသန့်ဗူးတွေကိုလည်း ဦးဆွေးဆံမြည့်သုံးတယ်။ ရေသန့်ရောင်းတဲ့သူကလည်း သူ့ဗူးတွေကို
ရာသက်ပန်ရိုးမြေကျသုံးစွဲတယ်။ အဲဒါကမထူးဆန်းသေးဘူး။ အဲဒီရေသန့်ကုမ္ပဏီ အိုင်ဆက်အို လက်မှတ် ရသွားလေသတည်းကမှထူးဆန်းတာ။ မယုံမရှိနဲ့ … မြန်မာတွေက ပါရမီရှုင်တွေချည်းပဲ။ ပါရမီသေတစ်ယောက်မှမပါဘူး။

သတင်းစာ ရေစိမ်

အိမ်မှာသတင်းစာရောင်းတိုင်းစိတ်ညစ်ရတယ်။ ကိုယ့်ဘာသာကိုယ် မရောင်းခင်ချိန်ကြည့်ရင် လေးပိဿာလောက် ရှိရာကနေ သူတို့ချိန်ရင် နှစ်ပိဿာကကိုမတက်ဘူး။ အဲဒါနဲ့ ကိုယ့်ကိုယ်ကို အင်ဂျင်နီယာကောင်း မပီသဘူးတော့အထင်မခံနိုင်ဘူး။ သူ့အလေးတစ်ပိဿာကိုတောင်းပြီး ကိုယ့်အလေးနှစ်ပိဿာနဲ့ချိန်ပြလိုက်တယ်။ တွေ့လား .. မင်တစ်ပိဿာက ငါ့နှစ်ပိဿာရှိတယ် ပိုက်ဆံတိုးပေးမလား အားလုံးပြန်ထုတ်မလားဆိုမှ တိုးပေးတယ်။ နောက်တစ်ခါကြတော့ သူလည်း ညာလို့ကောင်း၊ ကိုယ်လည်း အချင်းမများရအောင် သတင်းစာတွေကို ရေစိမ်ထားရတယ်။ မြန်မာပြည်တွင်လုပ်သည်။

ဆီကို ရေထိုး ၊ ဘိလပ်မြေ ကျစ်စာခဲရော

အော်မေ့တော့မလို့ … ဆီကို ရေထိုးတဲ့ကိစ္စရှိသေးတယ်။ ညဘက် ဓာတ်ဆီလမ်းမှာထည့်ရင် တစ်ဂါလံထည့်ရင် ဂါလံဝက်လောက်ပဲပါတယ်။ ဂါလံခွက်ကိုက လုပ်ထားတာ။ ဒီထက်နားလည်တဲ့ငနဲတွေကြတော့ ဓာတ်ဆီကို ရေနွေးနဲ့ရောပြီးရောင်းတာရှိသေးတယ်။ ကြုံဖူးသူများ သိကြမှာပါလေ။ မြန်မာတွေရဲ့ ထိုးထွင်းဉာဏ်နဲ့ ပြည့်စုံမှုမှာတော့ စံထားလောက်တယ်မဟုတ်ပါလားခင်မျာ။ ဘိလပ်မြေကို ကျစ်စာခဲရော ပါကင်ပြန်ပိတ် …. ဒါလည်းမြန်မာပြည်တွင်လုပ်သည်။

မြေမှုန့် သနပ်ခါး

သနပ်ခါးထဲ မြေမှုန့်ရောတာလည်းရှိသေးတယ်။ မြေကြီးဝယ်ထားတာတင်မနည်းဘူး။ ရောဖို့ဆိုပဲ။ အင်မတန်ကြီးကျယ်တဲ့အမြော်အမြင်ပေတကား။ မြန်မာပြည်တွင်လုပ်သည်။
သနပ်ခါးအတုလည်းရှိသေးတယ်။ ကြက်ဥအတုထုတ်တဲ့ တရုတ်တွေကို သနားတာပေါ့။ သွေးကြည့်ရင် သနပ်ခါးအနံ့တောင်ထွက်သေးတယ်။ အပေါ်ယံလေးမှာ မည်သို့မည်ပုံလုပ်လိုက်သည်မသိ၊ သနပ်ခါးအနံ့ထွက်လေသတည်းတွေပဲ။ မြန်မာပြည်တွင်လုပ်သည်။ မြန်မာတွေလုပ်တတ်တာအများကြီးရှိသေးတယ်။

ဘယ်သူရှာဖွေစုဆောင်းထားတာလဲ မသိဘူး။ မှတ်သားလောက်ပါတယ်…….မိတ်ဆွေတို့လည်း Made in Myanmar ထဲက ဘာတွေ ကျန်သေးလဲဆိုတာ ဝိုင်းဖြည့်ပေးလိုက်ပါအုံး……

ကားခုံတွေပြင်တယ်

ဂျပန်တို့ ကိုရီးယားတို့ ဆီက ကားတွေရောက်လာတုန်းက ထိုင်ခုံတွေက 45 ခုံပါ။ ခုံတွေနဲနဲပြန်ကျဉ်း၊ နဲနဲညာညှိလိုက်တယ်။ မြန်မာ့နည်း မြန်မာ့ဟန်နဲ့ ကျတော့ 85 ခုံတွေဘာတွေ ဖြစ်ကုန်ပါတယ်။ တို့များနိုင်ငံမှာ အရေးပေါ်ကိစ္စ လည်း မရှိလေတော့ အရေးပေါ်ထွက်ပေါက် များကိုလည်း ခုံနဲ့ ပိတ်ပစ်ကြပါတယ်။ ဒါနဲ့ပဲ ခရီးသည်များခမျာ ကားစီးရင် ဒူးထောင်စီးရတာတို့ ဖင်တစ်ခြမ်း ထိုင်ရတာတို့တွေ ဘာတွေ ဖြစ်လာပါတယ်။ လိုင်းကားဆိုတာမျိုးကလည်း ဂတ်စ်အိုးထားရဖို့ အဓိကဆိုတော့ လူက ဘယ်လိုထိုင်ထိုင်..ရတယ်မဟုတ်လားဗျာ။ မြန်မာပြည်တွင်လုပ်ပါသည်။

ဝါးပိုးဝါး နဲ့ ဆလပ်လောင်း

လွန်ခဲ့သောနှစ်များဆီက .. ဆောက်လက်စ အဆောက်အဦးတစ်ခုကို ဝင်စစ်တော့ တိုက်အလည်တိုင်တွေမှာ သံချောင်းတွေ ရှိရမယ့် အစား ဝါးပိုးဝါးတွေခံပြီး ဘိလပ်မြေလောင်းတာတို့ အောက်ခံ ဆလပ်လောင်းတော့လည်း သံချည်သံကွေးမလုပ်ပဲ ဝါးပိုးဝါးနဲ့ ဆလပ်လောင်းတဲ့ နည်းပညာသစ်ကို အသုံးပြုနေတာကို တွေ့ရပါသတဲ့။ ဒါနဲ့ ကမ္ဘာကို ဒီနည်းပညာသစ်ချပြဖို့ မဝံမရဲ ဖြစ်နေသေးတာကြောင့် ကန်ထရိုက်ကို အစိုးရ အစောင့်အရှောက်နဲ့ ထားပြီး ဆက်လက်လေ့လာနေကြပါသတဲ့။ မြန်မာပြည်တွင် လုပ်ပါသည်။

ဘီစကစ်အမှုန့် ကွေကာအုတ်

ကွေကာအုတ် ဆိုတာကို တရင်းတနှီး ဖြစ်နေကြပြီးတဲ့ ကိုယ်တို့အတွက်ကတော့.. ဘီစကွတ်ကွေကာအုတ် ဆိုတာကလည်း ဒီကနည်းပညာပါပဲ.. oat ဆိုတဲ့ ဂျုံနဲ့ လုပ်ရမယ့် ကွေကာအုတ်ကို ရွှေမြန်မာအချို့က ဘီစကွတ်စက်ရုံက အကျိုးအပဲ့ မုန့်အစတွေ ဝယ်ပြီး နိုင်ငံတကာအဆင့်မီ ကွေကာအုတ် ထုတ်ပါသတဲ့။ ကောင်းလေစွ ။

အုန်းဆံခွံ ခြင်ဆေးခွေ

တစ်ခါကဈေးထဲမှာ အုန်းဆံဖတ်တွေ ကားလိုက်လာလာဝယ်လို့ ဘာလုပ်ဖို့တုန်း တိုးတိုးတိတ်တိတ် စုံစမ်းကြည့်တော့ ခြင်ဆေးခွေ ထုတ်ဖို့အတွက် အဓိက က အုန်းဆံဖတ်ဖြစ်ပါသတဲ့။ အုန်းဆံဖတ်မီးရှို့မှတော့ ခြင်ပြေးတာ မဆန်းပါဘူးလို့ပဲပြောချင်တယ်။

နွားနို့တစ်ရူးဖတ်

နွားနို့ ထဲကို ရေရောတာကို မပြောတော့ဘူး။ နွားနို့သောက်ဖူးကြတယ်မဟုတ်လား ။ အဲဒီနွားနို့ ထဲမှာ မလိုင်ဖတ်ကလေးတွေ ပါတယ်လေ။ မလိုင်ဖတ်မပါရင် မသောက်ချင်တဲ့ သူတွေ ၊ နွားနို့ အစစ်လို့ မထင်သူတွေအတွက် မလိုင်ဖတ်အတုပေါ့ဗျာ။ နွားနို့သောက်ချင်စိတ်လည်း ပျောက်ရင်ပျောက်သွားလိမ့်မယ်။ တစ်ရူးလိပ်အဖြူတွေကို ကျစ်ပြီး ဖဲ့ပြီး နွားနို့ထဲထည့်ပါသတဲ့။ မြန်မာပြည်တွင် လုပ်ပါသည်ဗျာ။ သာကီဝင် ရွှေမြန်မာတွေပါ။

ဖွဲနုငရုတ်သီးမှုန့်

ဟယ် .. ဒီငရုတ်သီးအနုမှုန့် ကဘာမှလည်း အရသာမရှိပါ့လား…. အရောင်ထွက်တာပဲရှိတယ်…
မှုန့်နေတာပဲ ဆိုရင်တော့ ငရုတ်သီးမှုန့် အရသာခံမနေပါနဲ့ ..ဖွဲအရသာကိုုသာ မြည်းကြည့်ပါတော့လို့ပြောချင်ပါတယ်။

ပုံနှိပ်စာအုပ်အတု

ဟုတ်ကဲ့ ….. ဒါကတော့ .. ပြဌာန်းစာအုပ်တွေ အပြင်ရောက်နေတဲ့ ဈေးကွက်တစ်ခုပါ.. လူကြုံမှာတာနဲ့ တစ်ခါဝယ်ပေးဖူးတယ်..ကျောင်းက စာအုပ်က ခွဲတမ်းနဲ့ ရတာမလို့တဲ့.. ကလေးက ဖတ်စာအုပ်မရဘူးတဲ့ (ပညာရေးဖြင့်ခေတ်မီ ဖွံ့ဖြိုးတိုးတက်သောနိုင်ငံကြီး တည်ဆောက်မလို့ဟာကိုကွာ …. တောက်… ဖတ်စာအုပ်မရှိတာနဲ့ မဆောက်လိုက်ရဘူး ) ဤကား စကားချပ်……….
ဝယ်ခဲ့ပေးဆိုတာနဲ့ ဝယ်ဖူးတယ်.. ဈေးကလဲကောင်း စာရွက် အသား ကလဲကောင်း .. အပြင်က စာအုပ်က ပိုကောင်းနေတယ်..ဟ ဆိုတော့ ရောင်းတဲ့လူက အတုမို့ လို့ ကောင်းတာပါတဲ့ဗျာ……………..

ရှိသေးရင် ဖြည့်ပေးကြပါဦးခင်ဗျာ

fwd msg မှကူးယူဖော်ပြခြင်းဖြစ်သည် ။ ကိုယ့်လူမျိုးကို နှိမ့်ချလိုစိတ်မရှိပါကြောင်း …. ။ ။

10 comments

  • eros

    September 25, 2010 at 5:42 am

    etone ရေ အမှားလေးတခု ပြောချင်ပါတယ်။ ဆပ်ပြာမှုန့် အင်ဂျင်ဝိုင် လုပ်၍မရပါ ခင်ဗျား။ ဆပ်ပြာမှုန့် ဘရိတ်ဆီ၊ ကလပ်ဆီ တော့လုပ်၍ ရပါသည်ခင်ဗျား။ ရှေးရှေးကာလ ဘရိတ်ဆီ၊ ကလပ်ဆီ ရှားပါးသောခေတ်ကာလတွင် ချက်အရက် နှင့်ရေကို သုံးစွဲဖူးကြောင်း ဝါရင့် Made in Myanmar စက်ဆရာကြီးတဦးထံမှကြားဖူးကြောင်းပါခင်ဗျား။

  • bigcat

    September 25, 2010 at 6:09 am

    ၁၉၈၈ အရေးအခင်းပြီးကာစ တရုတ်ပြည်ဘက်က ဆလွန်းကားတွေ တအားဆွဲတော့ ဝပ်ရှော့တခုက တရုတ်ယဉ်စည်းကမ်း ဥပဒေနဲ့အညီမောင်းလို့ရအောင် ကားအဟောင်းရဲ့ စတီရာရင်အုံကို ဘယ်ညာပြောင်းပြီး ဆော်ထည့်လိုက်တာ ကြားဖူးတယ်။ အဲဒီတုန်းက တရုတ်ပြည်နယ်စပ်က သူဌေးတွေကလည်း ဘီးလေးဘီးနဲ့ စတီရာရင်သာ ပါပလေ့စေ၊ ဝမ်းသာအားရဝယ်လိုက်ကြတာ။ ဟိုတလောကတော့ တရုတ်ဖက်က သွင်းလာတဲ့ကားတချိ့တွေမှာ အဲဒီလိုပဲ စတီရာရင်ကို လဲထားတယ်ဆိုလား ကြားမိလိုက်တယ်။ နင်ပြီးငါ့အလှည့်ပေါ့။

  • william hoe

    September 25, 2010 at 6:22 am

    ဒီလို ရှားရှားပါးပါး နည်းပညာတွေ ရှိတာကို ဘာကြောင့် ဂရင်းနစ် စံချိန် မတင်ရတာနဲ မသိဝူနော် 😛 😛 😛

  • ဆူး

    September 25, 2010 at 7:12 am

    နောက်လူမသိသေးတာ ရှိသေးတယ်။
    Made in Myanmar
    အသီးတွေကို အရင်က မှည့်အောင် ဆေးတို့တယ် အခု ဆေးတို့စရာ မလိုပါ ဆေးရေနဲ့ ဆေးလိုက်ရင် လှပ ပြီး ဈေးကွက်မှာ မျက်နှာပန်းလှ စားမကောင်းတဲ့ အသီးများ ဖြစ်စေတော့ သတည်း။

    ငါးတွေ လိုက်ဖမ်းကြတဲ့ တံငါသည်တွေ ငါးတွေ မနက်စောစော ဈေးကွက်တင် ဖမ်းမိချိန်နဲ့ ဈေးကိုရောက်ချိန် အချိန်အားဖြင့် အနည်းငယ်ကွာခြားသည်။ တံငါသည်များ ငါးမိလေတော့ ငါးတထပ် ရေခဲ တထပ် အထပ်ထပ်နဲ့ လှေဝမ်းထဲမှာ ထည့်သယ်နေတာ ရှေးဟောင်းနည်း ယခုများတော့ ငါးတထပ် ရေခဲ တထပ် ပုလဲ ဓါတ်မြေဩဇာက တထပ်.. ဈေးကို အရောက် ငါးများအခုမှ ကန်ထဲက တက်ပြီး ဈေးဗန်းထဲ ပက်လဲ လှဲနေသလား ထင်ရအောင် လှပပြီး စိမ်းကော့ နေတာတဲ့။

    ဟင်းရွက်သည်များ ဟင်းရွက် ယနေ့ ရောင်းမကုန်လို့ စိတ်မကောင်း မဖြစ်ဘူး မြေဩဇာအရည် ကိုသာ ရေဖျော်ပြီး ဖြန်းထားလိုက် မနက်မှာလည်း လက်လက်စပ်စပ်..

    ခွက်ပုန်း အရက်များ သောက်နေရလို့ ရေထိုးလို့ စိတ်မကောင်း မဖြစ်နဲ့ မြေဩဇာ အရည်လေးသာ နှီးတဖြား တို့ပြီး ပုလင်းထဲသာ ရော အရက်က အော်တို မစ်တစ် ပျင်းသွားစေရမယ်။

    နွားခြံတွေက နွားနို့တွေ နွားမဆီက နို့စစ်စစ် လမ်းမှာကတော့ ကြုံရာရော အိမ်ကိုရောက်တော့ ငါးတောင် အဆစ်ပါသေးတယ်။

    နောက်မှ သိတာလေးတွေ ထပ်ရှိသေးရင် လာရေးပေးအုန်းမယ်

  • mandalarmoe

    September 25, 2010 at 9:10 am

    made in Myanmar တွေကတော်တော်များတာပဲနော် 🙂

  • leohero

    September 25, 2010 at 9:44 am

    ရှေးဟောင်းအမွေအနစ်
    ရှေးဟောင်းဘုရားတွေကို အသစ်မွန်းမံတယ်ဆိုပြီး ရှေးမူတွေ(ရှေးဟောင်းပစ္စည်း)ပျောက်ပျက်အောင်လုပ်တာလည်း မြန်မာပြည်တွင်လုပ်သည်။

    မြန့်မာ့ပိုက်ဆံ
    ဘယ်နိုင်ငံမဆို သူတို့နိုင်ငံပိုက်ဆံမှာ အမှတ်တရအနေနဲ့ နိုင်ငံ့သူရဲကောင်းပုံရိုက်နှိပ်တယ် … နိုင်ငံကိုအုပ်ချုပ်ခဲ့တဲ့ သမိုင်းဝင်လူရဲ့ပုံကိုထည့်တယ် … မြန်မာပြည်တွင်လုပ်သည့် ပိုက်ပိုက်ကတော့ …….. ပြောတော့ပါဘူးလေ

    အခွန်နှုန်းထား
    ကား တစ်စီးတန်ဖို့ထက် ကားအတွက်တင်သွင်းခွန်က ပိုများနေတဲ့ မြန်မာပြည်၏အခွန်နှုန်းထားကလည်း စံထားလောက်ပါ့ဗျာ ….

    ကဒ်ဖုန်းအမျိုးမျိုး
    ဘယ်နိုင်ငံမှ မြန်မာပြည်လို တစ်ခါသုံးကဒ်ဖုန်းမထုတ်ဘူးဆိုပြီး ….. ဖုန်းကဒ်ပေါင်းစုံ လုပ်ပြီးပြည်သူတွေကို လှည့်စားပြီးစီးပွားရှာနေတဲ့ မြန်မာပြည်အစိုးရစီးပွာရှာပုံ …

  • Gong Zhu

    September 25, 2010 at 5:57 pm

    ဘာဝယ်ပြီး ဘာစားရမယ်မှန်းတောင်မသိတော့ပါဘူး . . . ကြက်သားရေထိုးတဲ့ အပ် က အသစ်လား အဟောင်းလားလည်းမသိ ဘာသုံးထားမှန်းလည်း မမြင်ရ . . .လိင် မဆက်ဆံပဲ AIDS ဖြစ်တယ်ဆိုတာ အဲ့ဒီ ကနေဖြစ်နိုင်လား . . .

  • kai

    September 25, 2010 at 7:29 pm

    ထပ်ဖြည့်ပေးဦးမယ်..။
    – အက်စစ်ဆိုတော့ မချဉ်လား။ သံပုရာရည်အေးအေးလေးဆိုတော့မသောက်လား။ – သံပုရာသီးဖျော်ရည်
    – မြေကြွက်ဆိုတော့မကြီးလား။ ပေါက်စီဆိုတော့ မစားလား – ဝက်သားပေါက်စီ
    – ဆတ်သားခြောက်ဆိုတော့ မကောင်းလား။ ကျွဲသားဆိုတော့ မနီလား – ဆတ်သားခြောက်

  • michaelaungpu

    September 26, 2010 at 2:45 pm

    အဲ့သည်လို ပညာတွေကို အကုန်ထုတ်မသုံးကြနဲ ့လေ
    အနောက်နိုင်ငံသားတွေ ဒို ့ပညာတွေခိုးသွားရင် ဘယ့်နှယ် လုပ်ကြမတုံး ငအီးတုံး ရဲ ့

  • unclegyi1974

    September 26, 2010 at 4:08 pm

    ပြောမဆုံးပေါင်တောသုံးတောင် လျှောက်ပြောနေရင် ဆာဗာကြီးဘမ်းသွားမှာဆိုလို့ ဘာမှမရေးတော့ဘူး

Leave a Reply