Customize Consent Preferences

We use cookies to help you navigate efficiently and perform certain functions. You will find detailed information about all cookies under each consent category below.

The cookies that are categorized as "Necessary" are stored on your browser as they are essential for enabling the basic functionalities of the site. ... 

Always Active

Necessary cookies are required to enable the basic features of this site, such as providing secure log-in or adjusting your consent preferences. These cookies do not store any personally identifiable data.

No cookies to display.

Functional cookies help perform certain functionalities like sharing the content of the website on social media platforms, collecting feedback, and other third-party features.

No cookies to display.

Analytical cookies are used to understand how visitors interact with the website. These cookies help provide information on metrics such as the number of visitors, bounce rate, traffic source, etc.

No cookies to display.

Performance cookies are used to understand and analyze the key performance indexes of the website which helps in delivering a better user experience for the visitors.

No cookies to display.

Advertisement cookies are used to provide visitors with customized advertisements based on the pages you visited previously and to analyze the effectiveness of the ad campaigns.

No cookies to display.

MNL ပြိုင်ပွဲရဲ့ အဆင့်အတန်းကို မြှင့်တင်ပေးမယ့် ရတနာပုံFC သို့မဟုတ် နိူင်ငံဂုဏ်ဆောင်မယ့် ရတနာပုံFC

ဆုိးဆုိးSeptember 25, 20101min2472

၂၀၁ဝခုနှစ် စက်တင်ဘာ ၂၄ ရက် နေ့တွင် AFC President’s Cup ပြိုင်ပွဲ ဆီမီးဖိုင်နယ်ပွဲအဖြစ် မြန်မာစံတော်ချိန် ညနေ ၃ နာရီ ၃ဝ မီနစ်တွင် ရတနာပုံ FC နှင့် ဗာကက်ရှ်အသင်းတို့ မြန်မာနိူင်ငံတွင် ယှဉ်ပြိုင်ကစားခဲ့ကြသည်။

ပွဲအစပိုင်းတွင် တစ်သင်းကိုတစ်သင်းသွေးတိုးစမ်းရင်း ထိန်းကစားခဲ့ကြသည်။ နောက်ပိုင်းတွင် ရတနာပုံအသင်း တိုက်စစ်ကို ဗာကက်ရှ်အသင်း တော်တော်ထိန်းယူနေရသည်။ ရတနာပုံအသင်းသည် ဝမ်းတူးတွဲလုံးများဖြင့်ထိုးဖောက်ပြီး အဝေးကန်ချက်များဖြင့်ဂိုးရရန်ကြိုးစားခဲ့သည်။ဗာကက်ရှ်အသင်းကတော့ သူတို့ရဲ့ အရပ်အမောင်းကို အားကိုးပြီး တောင်ပံတွေမှ တဆင့် ဂိုးရှေ့ကို ကန်တင်ပြီး ဂိုးသွင်းယူဖို့ကြိုးစားခဲ့သည်။ မီနစ် လေးဆယ်ထိ ထိထိရောက်ရောက်သော ဂိုးသွင်းခွင့် တသင်းနှင့်တသင်းသိပ်မရခဲ့ပေ။၄၃မီနစ်မှာတော့ ကိုးနေး နဲ့ ရန်ပိုင် ဝမ်းတူးတွဲလုံးဖြင့် ရန်ပိုင်ကန်သွင်းခွင့်ရခဲ့ပေမယ့် လွဲချော်သွားခဲ့သဖြင့် ရတနာပုံအသင်းအတွက် အပိုင်ဂိုးတစ်ဂိုး နစ်နာခဲ့ရသည်။ ၄၄မီနစ်မှာ ရန်ပိုင်လွဲချော်ခဲ့သောဂိုးလွန်ဘောမှတဆင့် ကန်လိုက်သောဘောလုံးသည် ရတနာပုံကွင်းလယ်ကစားသမား ကိုနေးဆီတန်းတန်းမတ်မတ်ရောက်ရှိလာသည်။ကိုးနေးသည် ရောက်ရှိလာသောဘောလုံးကို ချက်ချင်း ရန်ပိုင် ပြေးလမ်းကျောင်းပေါ်သို့ လှမ်းပေးလိုက်သည်။ ရန်ပိုင်က ဂိုးသမားနှင့် တစ်ယောက်ခြင်းအတွေ့ မှာ ဂိုးသမားကိုပါ လိမ်ခေါက်ပြီး ရတနာပုံအသင်းအတွက် အဖွင့်ဂိုးကို လှလှပပသွင်းယူလိုက်သည်။ပထမပိုင်းပိုင်းတွင် ရတနာပုံအသင်းက ၁ဂိုးအသာဖြင့်ပွဲကိုဦးဆောင်နိုင်ခဲ့သည်။

ဒုတိယ ပိုင်းပြန်အစတွင် ဗာကက်ရှ်အသင်းသည် ရတနာပုံအသင်း စိတ်ဆွပြီးကစားသည်။ ရတနာပုံကစားသမားတို့သည် ဘယ်လောက်စိတ်ဆွကစားကစားပွဲအပေါ်ကိုပဲအာရုံစိုက်ကစားသွားခဲ့သည်။ဗာကက်ရှ်အသင်းကလည်း ရှုံးထားသော ဂိုးကို ချေပရန်အတွက် တိုက်စစ်ဖွင့်ကစားသောကြောင့် အပြန်အလှန်ဂိုးသွင်းခွင့်ကိုယ်စီနဲ့ ကြည့်ကောင်းခဲ့ပြီး စိတ်လှုပ်ရှားစရာလဲကောင်းလှသည်။ ဗာကက်ရှ်အသင်းကစားသမားများ ဂိုးသွင်းမသေချာမှုကြောင့်လဲ ရတနာပုံအသင်း ကံကောင်းခဲ့သည်။ သို့သော် ရတနာပုံအသင်းအတွက် နောက်ဆုံးဖိုင်နယ်တက်ရန်သေချာစေသော ဂိုးတစ်ဂိုးကို ရတနာပုံကွင်းလယ်ကစားသမား အောင်ကျော်မိုးက

၂၂ ကိုက် အကွာအဝေးမှ အပြင်းကန်သွင်းကာ ဒုတိယဂိုးသွင်းယူပေးခဲ့သည်။နောက်ပိုင်းတွင်း ရတနာပုံအသင်း ပွဲကိုထိန်းကစားပြီး AFC President’s Cup ပြိုင်ပွဲ Final ကိုတက်ရောက်သွားခဲ့သည်။

နောက်ဆုံးဖိုင်နယ်ကို ၂၀၁ဝ ခုနှစ် စက်တင်ဘာ ၂၆ ရက်နေ့ ညနေ ၃နာရီ ၃ဝ မီနစ် အချိန် မြန်မာနိူင်ငံတွင် ရတနာပုံFCအသင်း နှင့် တဖက်မှ နိုင်သောအသင်းနှင့် ယှဉ်ပြိုင်ကစားကြမည်ဖြစ်ပါသည်။

ကိုယ့်နိုင့်ငံ ၊ ကိုယ့်ပရိတ်သတ် ၊ ကိုယ့်ကွင်းတွင်ကစားရမည်ဖြစ်သောကြောင့် ရတနာပုံအသင်း ဗိုလ်စွဲရန် အလေးသာနေပါသည်။

မြန်မာနေရှင်နယ်လိဂ် MNL ပြိုင်ပွဲရဲ့ အဆင့်အတန်းကို မြှင့်တင်ရန်အတွက် ရတနာပုံအသင်း ဗိုလ်စွဲရန် အစွမ်းကုန်ကြိုးစားမည်မှာ မြေကြီးလက်ခတ်မလွဲပါ။

မြန်မာဘောလုံးကလပ်သမိုင်းမှာ ပထမဆုံးအကြိမ် AFC President’s Cup ပြိုင်ပွဲ Final ကိုတက်ရောက်သောအသင်းအဖြစ်မှတ်တမ်းရေးထိုးလိုက်သလို AFC President’s Cup ပြိုင်ပွဲ မှာ ဗိုလ်စွဲပြီး နိုင်ငံဂုဏ်ကိုဆောင့်နိူင်ဖို့ နောက်ဆုံးခြေတစ်လှမ်းသာလိုတော့ပါကြောင်း………………………………………………………။

2 comments

  • bigcat

    September 25, 2010 at 5:55 am

    ဘယ်မှာကန်ခဲ့လည်း မသိဘူးနော်။ ကြည့်ရတာ နိုင်မှတော့ အိမ်ကွင်းဆိုတာတော့ သေချာပါတယ်။ ဘယ်ကွင်းဆိုတာသာ မတွေ့ရလို့မေးတာပါ။ ကိုယ်နိုင်ရင်တော့ ဘယ်မှာကန်ကန် တော်လို့ပေါ့ဗျာ။ ရှုံးတော့လည်း မိုးနတ်မင်းမကောင်းလို့တို့၊ ဒိုင်လူကြီး ခေါက်ဆွဲကြော်စားလို့တို့ပေါ့။ ဘာပဲပြောပြော မြန်မာ့အသံနဲ့ ရှုပ်မြင်သံကြားက ဝန်ထမ်းတွေကတော့ ဗမာနိုင်ပြည်ဟေ့ဆိုတဲ့ ဓါတ်ပြားဟောင်းကြီးကို ခါတော်မှီဖွင့်ဖို့ ဖုံသုတ်နေကြလောက်ပြီ။

  • မန်း ရိပ်

    September 25, 2010 at 12:46 pm

    သုဝဏ်ဏ

Leave a Reply