Customize Consent Preferences

We use cookies to help you navigate efficiently and perform certain functions. You will find detailed information about all cookies under each consent category below.

The cookies that are categorized as "Necessary" are stored on your browser as they are essential for enabling the basic functionalities of the site. ... 

Always Active

Necessary cookies are required to enable the basic features of this site, such as providing secure log-in or adjusting your consent preferences. These cookies do not store any personally identifiable data.

No cookies to display.

Functional cookies help perform certain functionalities like sharing the content of the website on social media platforms, collecting feedback, and other third-party features.

No cookies to display.

Analytical cookies are used to understand how visitors interact with the website. These cookies help provide information on metrics such as the number of visitors, bounce rate, traffic source, etc.

No cookies to display.

Performance cookies are used to understand and analyze the key performance indexes of the website which helps in delivering a better user experience for the visitors.

No cookies to display.

Advertisement cookies are used to provide visitors with customized advertisements based on the pages you visited previously and to analyze the effectiveness of the ad campaigns.

No cookies to display.

Online=pharline ဖြစ်တော့မည်လား ???

CharTooLanSeptember 28, 20101min3354

ရန်ကုန်မြို့တွင် ပြည့်တန်ဆာ လုပ်ငန်း လုပ်ကိုင်နေသော အမျိုးသမီးငယ်များက
အင်တာနက်ကို အသုံးပြုပြီး ဖေါက်သည် ရှာဖွေမှုများ တိုးမြှင့် လုပ်ကိုင်လာ……
မြန်မာပြည်တွင် အင်တာနက် အသုံးပြုမှု တွင်ကျယ် လာသည်နှင့် အမျှ အဆင်ပြေချောမွေ့သော ကောင်းကျိုးပေးသည့် အကျိုးသက်ရောက်မှု များစွာရှိနေသလိုအကောင်းနှင့် အဆိုး ဒွန်တွဲနေသည် ဟူသည့် စကားအတိုင်းပင် ဆိုးကျိုးများလဲ မဖိတ်ခေါ်ဘဲ ရောက်ရှိလာနေပြီ ဖြစ်သည်။ Online Crime ခေါ် အွန်လိုင်း ရာဇဝတ်မှု သတင်းများကို ပြည်ပ နိုင်ငံများမှသာ မကြာခဏ ကြားနေရသော်လည်း ယခုအခါ
ပြည်တွင်း၌ပင် သတင်းတစ်ပုဒ်ပြီး တစ်ပုဒ် ကြားသိ နေခဲ့ရသည်။ ကြားသိရသော သတင်းတစ်ပုဒ်ကို အခြေခံပြီး MMDailynews.com မှ စုံစမ်းမိသောအခါ
ရန်ကုန်မြို့တွင် အွန်လိုင်းကို အသုံးပြု ဈေးကွက်ရှာပြီး လိင်ဖျော်ဖြေရေး
လုပ်ငန်း လုပ်ကိုင်နေသည့် အမျိုးသမီးငယ်များ တစ်နေ့တခြား များပြား လာကြောင်း
စုံစမ်း သိရှိရသည်။
ယခင်က တယ်လီဖုန်းများဖြင့် ဆက်သွယ်ပြီး ဖေါက်သည် ရှာဖွေခဲ့ကြသည်။၊
မြို့တွင်းရှိ ကားမှတ်တိုင်များတွင် ရပ်ပြီး ကားစီးမည့် ခရီးသည် အချင်းချင်း
လိုက်လံ ကပ်မေး အချက်ပြပြီး တည်းခိုခန်း၊ ဟိုတယ်လ်သို့ ခေါ်ဆောင်ကာ
လိင်ဖျော်ဖြေရေး လုပ်ငန်းများ လုပ်ဆောင်နေကြသလို ကန်တော်ကြီး၊ ပြည်လမ်းမ
များပေါ်ရှိ ကားမှတ်တိုင်အချို့တွင် ထိုင်လျက် ကိုယ်ပိုင် ကားများကို အချက်ပြကာ လိင်ဖျော်ဖြေရေး လုပ်ငန်း လုပ်ကိုင် နေသူများလည်း ရှိသည်။
အဆိုပါ နည်းများဖြင့် လိင်ဖျော်ဖြေရေး လုပ်ကိုင် နေသူများကို မြန်မာနိုင်ငံ
ရဲတပ်ဖွဲ့မှ စစ်ဆေး အရေးယူမှုများကြောင့် ပေါ်ပေါ်တင်တင် မလုပ်ရဲကြဘဲ မသိမသာ
ပုံစံဖြင့်သာ ကိုယ်ယောင်ဖျောက် လုပ်ကိုင် နေကြသော်လည်း ယခုအခါ အိုင်တီ
နည်းပညာကို အသုံးပြုပြီး ခေတ်မှီနည်းများဖြင့် ဈေးကွက် ချဲ့ထွင်လာသည်ကို
တွေ့မြင် ကြားသိ နေရသည်။ ထိုကဲ့သို့ အမှန်တကယ် ပြည့်တန်ဆာ လုပ်ငန်းကို
လုပ်ကိုင်နေသူ အမျိုးသမီးများ အနေဖြင့် ပေါက်သည့်နဖူး မထူး ဟူသော စကား အတိုင်း
မထူးဆန်း လှသော်လည်း အတုမြင် အတတ်သင်လာမည့် ဆယ်ကျော်သက်များ နှင့် အင်တာနက်ကို
အမှန်တကယ် အသုံးပြုနေသည့် ငယ်ရွယ် နုပျိုသည့် မိန်းကလေးများ၏ အရှက်နှင့်
သိက္ခာအတွက်မူ စိုးရိမ်ဖွယ် အခြေအနေ တစ်ရပ် ဖြစ်လာနေသည်။
လက်ရှိ ဖြစ်ပေါ်နေသော အင်တာနက်ကို အသုံးပြုပြီး လိင်ဖျော်ဖြေရေးလုပ်ငန်း
လုပ်ကိုင်နေသူများမှာ အသက် ၁၈ နှစ် မှ အသက် ၃ဝ ပတ်ဝန်းကျင် အထိ အမျိုးသမီးများ
ပါဝင်နေပြီး အချို့မှာ ဂိုဏ်းဖွဲ့ပြီး ပြည့်တန်ဆာခေါင်းဆောင် များက Online
အသုံးပြုကာ ဈေးကွက်ရှာဖွေပေးပြီး လိင်ဖျော်ဖြေမည့် အမျိုးသမီးငယ်များကို
စုဆောင်း ထားသည်ဟုပင် ကြားသိ နေရသည်။ အဆိုပါ အခြေအနေနှင့် ပတ်သက်ပြီး
ရန်ကုန်မြို့၌ အင်တာနက် ကဖေး တစ်ခုကို ဦးစီးလုပ်ကိုင်နေသည့် ညီငယ်တစ်ယောက်၏
အတွေ့အကြုံများကို MMDailynews.com မှ မေးမြန်းခဲ့ရာ သူက..
“ဟုတ်… အွန်လိုင်းကနေ ပြည့်တန်ဆာ လုပ်ငန်းလုပ်ကိုင်နေတာတွေ ရှိတယ်
အစ်ကို၊ ဆိုင်မှာလာသုံးနေတဲ့
User တစ်ယောက်ပေါ့။ သူက ကောင်မလေး တစ်ယောက်ရဲ့ အကောင့်ကို ရလို့ Gtalk ကနေ Add
လိုက်တယ်။ အစကတော့ သူဘာဆိုတာ မပြောဘူး ပြီးတော့ အပြင်မှာချိန်းတယ်။ အဲ့ဒီမှာ
သူတို့ လုပ်စရာ ရှိတာတွေ ဆက်လုပ်ကြတယ် အဲ့တာက တစ်မျိုး အခကြေးငွေ အတွက်
တည်းခိုခန်းမှာချိန်း ဘယ်လောက်ရရင် လိုက်မယ်ပေါ့။ နောက်တစ်ခုက အကြီးစား
ပြည့်တန်ဆာ တွေပေါ့။ အွန်လိုင်းကနေ တွေ့တယ်။ ပြီးရင် ချိန်းတယ် ကြိုက်ရင်
လိုက်သွားတယ်(ကက) သီးသန့်ပေါ့။ အခု နောက်ပိုင်း အွန်လိုင်းကို ပြည့်တန်ဆာတွေ
တော်တော် သုံးလာကြတယ်။ Online ကနေ ရတဲ့ ဖေါက်သည် တွေကလဲ ငွေကြေးများများ
ပေးနိုင်တာကိုး။ ဒီလုပ်ငန်း ဖြစ်လာတာ ခန့်မှန်း ရသလောက် အထူးသဖြင့်
ရန်ကုန်မှာပေါ့။ 2008 ခုနှစ် နောက်ပိုင်း အခု 2010 ခုနှစ် မှာ အမြင့်ဆုံးကို
ရောက်နေတယ်လို့ ထင်ပါတယ်။ ဒီလို ပြည့်တန်ဆာတွေ လှူပ်ရှားလာတော့ ကျန်တဲ့
ဆယ်ကျော်သက် အမျိုးသမီးတွေ မူဒိန်းမှူတွေနဲ့ ကိုယ်ကျင့်တရား အထိန်းသိမ်း
လျော့ရဲတာတွေ ပါ ဖြစ်လာနိုင်ပါတယ်။ အွန်လိုင်း ပြည့်တန်ဆာတွေရဲ့ ပစ်မှတ်က
အွန်လိုင်း(ချက်တင်)ကို အသုံးပြုတတ်ခါစ လူတွေ၊ အပြင်မှာ တစ်ခါမှ လက်တွေ့
မစမ်းရဲကြတဲ့ ဆယ်ကျော်သက်တွေ ငွေကြေး တတ်နိုင်တဲ့ သူတွေလို့ ထင်ပါတယ်။ သူတို့က
Gtalk နဲ့ VZO ကို အများဆုံး အသုံးပြုပါတယ်။ အခုနောက်ပိုင်းပေါ့။
မြန်မာဘလော့ဂါအချို့ရဲ့ sex ဝက်ဆိုဒ်တွေမှာ Member ဝင်ပြီးလဲ ဆက်သွယ် နေကြပါတယ်။ ကျွန်တော်ကိုယ်တိုင် တစ်ခါတော့ကြုံဘူးတယ်။ အကောင့်က ကျွန်တော့်
Gtalk ကို အမှတ်မထင် ရောက်လာတယ်။ ကျွန်တော်က လက်ခံလိုက်တယ်။ သူဂျီတော့မှာ
မက်ဆေ့ချ် တစ်ခု တင်ထားတယ်။ သူနဲ့ ပျော်ချင်ပါသလား တစ်ည ( Edit ) ဆိုပြီး။
ကျွန်တော့် သူငယ်ချင်းတွေနဲ့ ဒီလောက် ရဲတင်းလှတာ ကောင်မလေး တကယ်ဟုတ်မဟုတ်
မေးမယ် ဆိုပြီး သူငယ်ချင်းတွေ သူ့အကောင့်ကို ဝိုင်း Add ကြတယ်။ အပြင်မှာ
ချိန်းတယ် တကယ့် ကောင်မလေးပါဘဲ။ သူက ဘယ် တည်းခိုခန်းမှာ ဘယ်လိုဆို ဘယ်လောက်
စိတ်ကြိုက် ကြိုက်တာခိုင်း ဆိုဘယ်လောက်။ လူ ဘယ်နှစ်ယောက်ဆို ဘယ်လောက် ဆိုပြီး
ဈေးတွေတောင် Online ကနေ ညှိ ခဲ့ဘူးတယ်။ တကယ် သူချိန်းတဲ့ လက်ဖက်ရည်ဆိုင်မှာ
တစ်ယောက်က သွားပြီး စောင့်ကြည့်တယ်။ တကယ် ဟုတ်မဟုတ်။ တကယ်ပါဘဲ ကောင်မလေး
တော်တော်ချောချော လေးပါဘဲ။ မထင်ရက်စရာပေါ့။ အသက် ၁၉ နှစ် ၂ဝနှစ် ဝန်းကျင်လေးပါ။
တကယ်တော့ ကျွန်တော်တို့ မပျော်ခဲ့ပါဘူး။ နောက်ပိုင်းတော့ သူ့အကောင့်ကို Block
လိုက်ပါတယ်။ အသိ User တစ်ယောက်တော့ အွန်လိုင်းကနေတွေ့ပြီး တစ်ခါ
အလုပ်ဖြစ်ခဲ့ဖူးတယ် ပြောပါတယ်။….. ဟု ပုဇွန်တောင်မြို့နယ်ရှိ Hero Cyber Cafe
မှ ကိုအေးမင်းထွန်း ကသူ့အတွေ့အကြုံများကို ပြောသည်။
အခြား အင်တာနက်ဆိုင်မှ ဝန်ထမ်း တစ်ဦးကလည်း “ဟုတ်ကဲ့ ခင်ဗျ ၊ ဂျီတော့မှာကိုအ ဖော်ချွတ်ပုံတင်ပြီး တကယ်လိုက်တဲ့ အကောင့် ပိုင်ရှင်တွေ ရှိပါတယ် ။
ဆိုင်တွေမှာလည်း အဲ့သလို အကြောင်းကိစ္စတွေအတွက် အသုံးပြုနေတာတွေ အနည်းနဲ ့အများတော့ မြင်နေရပါတယ် ။ အွန်လိုင်းမှာပဲချိန်းပြီး ကားနဲ့ လာကြို သွားတဲ့အထိ
တွေ ့ခဲ့ဖူးပါတယ်” ဟု သူမြင်တွေ့ ခဲ့ရသမျှ ပြောသည်။
အွန်လိုင်းမှ ပြည့်တန်ဆာ လုပ်ငန်း လုပ်ကိုင်သူများ အနေဖြင့် ဖေါက်သည်ရှာရန်
အတွက် သီးခြား ပြင်ဆင်စရာ မလိုသည့် အပြင် ပြောဆို ညှိ့နှိုင်းရာတွင်လည်း
နှစ်ဦးနှစ်ဖက် မျက်နှာပူစရာ မလိုခြင်း၊ ဈေးညှိနှိုင်းနေစဉ် အဖမ်းအဆီး ခံရမည့်
အရေး အတွက်လည်း ကျီးလန့်စာစား ဖြစ်စရာမလိုခြင်း၊ ပတ်ဝန်းကျင်မှ အသိမိတ်ဆွေများက
ရိပ်မိ သွားမည်ကိုပါ စိုးရိမ်စရာမလိုသည့် အခြေအနေများကြောင့် အွန်လိုင်းမှ
ဖေါက်သည် ရှာခြင်း လုပ်ငန်းကို တိုးမြှင့် ဆောင်ရွက် လာကြခြင်း ဖြစ်သည်။
မြန်မာလူမျိုး မိဘများအနေဖြင့် သားသမီးများကို ခေတ်မှီ နည်းပညာများနှင့် ထိတွေ့
ရင်းနှီုးလာစေလိုသော သဘောဖြင့် အင်တာနက် အသုံးပြုမှုကို လွတ်လပ်စွာ ခွင့်ပြုထားကြ
သော်လည်း ကျန်းမာရေး ရှုထောင့်အရ ကြည့်မည် ဆိုပါက လည်းကောင်း အကျင့်
သိက္ခာပိုင်းအရ လည်းကောင်း ထိခိုက်နစ်နာမှုများ မဖြစ်လာစေရေး အတွက် သားသမီးတို့၏
အင်တာနက် အသုံးပြုမှုကို အတိုင်းအတာ တစ်ခုအထိ စောင့်ကြည့် ထိန်းသိမ်း
စောင့်ရှောက် သွားရန်ပါ လိုအပ်လာပြီ ဖြစ်သည်။

ှSource:http://www.mmdailynews.com

4 comments

  • intro

    September 28, 2010 at 10:27 am

    အော် သူတို့တွေလဲ ခေတ်မှီကုန်ပြီကိုး…

  • thethtet87

    September 28, 2010 at 10:32 am

    ဖြစ်ကြမှာဘဲ။တိုးတက်မှုရဲ့နောက်ကွယ်ကဆုတ်ယုတ်မှု
    တွေရှိနေတာဘဲလေ။ဒါကမြန်မာနိုင်ငံမှမဟုတ်ဘူးလေ
    နိုင်ငံတကာမှာလည်းဖြစ်နေတာဘဲ။Yahooမှာဆိုရင်
    တွေပါလိမ့်မယ်။မကောင်းမှုဆိုတာကတော့လူတွေရှိနေ
    သမျှှဖြစ်နေမဲ့အကြောင်းအရာတွေဘဲလေ။

  • unclegyi1974

    September 28, 2010 at 2:48 pm

    အခုမဖြစ်လဲ နောင်ဖြစ်လာမဲ့အရာတွှေပါ
    ဘူဖေးစားသလိုပါဘဲ ကိုယ်ကြိုက်တာကိုယ်ယူ
    စားဘဲလေ သားသမီးတွေရဲ့အကောင့်ကိုစစ်နိုင်
    ရင်တော့အကောင်းဆုံးပါဘဲ

  • naywoonni

    October 8, 2010 at 11:37 am

    ပြောတဲ့သူတွေကလည်းပြောနေကြတာပဲ
    ရေးတဲ့သူတွေကလည်းရေးနေကြတာပဲ
    လုပ်တဲ့သူတွေကလည်းလုပ်နေကြတာပါပဲ
    တစ်ကယ်တမ်း..Gtalk/VZO ခရေဇီလေးတွေ
    ကဒီလိုစာမျိုးဖတ်မိကြပါ့မလား?
    တွေးတွေးမိရင်ဆွေးဆွေးရမယ်ဆိုတာလိုပဲ
    ရင်လေးစရာ………………………

    naywoonni111@gmail.com

Leave a Reply