Living Together Case in Myanmar
အင်္ဂလန်ကို လွန်ခဲ့တဲ့ ၁ဝ နှစ်လောက်ကတည်းက ထွက်သွားခဲ့တဲ့ သူငယ်ချင်း တစ်ယောက်က ပြန်ရောက်ရောက်ချင်းတွေ့ချင်တယ်ဆိုတာနဲ့ သူတည်းတဲ့ လသာ က Hotel ကိုရောက်ခဲ့ပါတယ်။ ရောက်ရောက်ချင်းမှာ သူငယ်ချင်းက အပြင်ခဏ သွားနေတာနဲ့ ၁၅ မိနစ်လောက်စောင့်နေတုန်းမှာပဲ Hotel အပေါ်ထပ်ကနေ ဆင်းလာကြတဲ့ အရွယ်စုံ၊ဒီဇိုင်းစုံ နဲ့ အတွဲတွေကိုတွေ့လိုက်ရပါတယ်။ living together case ကိုသူများတွေပြောတာကြားဖူးထားပေမဲ့ ဒီလောက်များနေမယ်လို့တော့ မထင်ထားပါဘူး။ ညီမဝမ်းကွဲလေးကို ပြောပြတော့ သူက သူတို့ကျောင်းမှာဆိုရင် သမီးရည်းစား တွေ ၇၀% လောက်က အဲလိုပဲလို့ပြောပါတယ်။
စဉ်းစားကြည့်လိုက်တော့ မြန်မာ့ယဉ်ကျေးမှုနဲ့ ဘယ်လိုမှ မအပ်စပ်ပေမဲ့လည်း ခေတ်ကိုက ဖြစ်လာတာဆိုတော့လည်း ဘယ်လိုပညာပေးရမလဲဆိုတာတောင် မစဉ်းစား တတ်အောင်ပါပဲ။ ညီမ သူငယ်ချင်း တစ်ယောက်ဆို သူ့ကောင်လေးနဲ့ ၃ နှစ် လောက်အတူတူနေတာ ကလေး တောင် ၂ ခါဖျက်ချရတယ်ပြောတယ်။ ဒါပေမဲ့ လည်း အခုတော့ အဲဒီ ကောင်လေးနဲ့ ပြတ်ပြီး အိမ်ထောင်တောင်ကျနေပြီတဲ့။ အဲဒါမျိုး တွေ အများကြီးပဲ လို့ဆိုပါတယ်။
ရင်လေးစရာဖြစ်နေပါပြီ။ ဘယ်လိုပဲပြောပြော မိန်းကလေး တွေ အတွက်တော့ နစ်နာစရာတွေများပါတယ်။ မြန်မာမိန်းကလေးတွေ ကိုယ့်ကိုယ် ကို တန်ဖိုးထားဆင်ခြင် နိုင်ကြပါစေ….။
10 comments
michaelaungpu
October 1, 2010 at 11:32 am
ပြောရဦးမယ်
တစ်ခါဘော်ဘော်တစ်ယောက် ကောင်မလေးတစ်ယောက်နဲ ့အဲ့သည်လိုဘဲတူတူနေကြတယ်
လေးနှစ်လောက်တောင်ရှိနေပြီ မင်္ဂလာလည်းမဆောင်ဘူး
မြင်တာတွေ ့တာကြာလာတော့ သူတို ့ကိုလင်မယားလို ့ဘဲမြင်တာပေါ့နော်
တစ်နေ ့လူတစ်ယောက်သူ ့အကောင်မကိုပစ္စည်းလူကြုံပေးလာလို ့ သူ ့စီသွားပို ့ရင်းပြောလိုက်တယ်
ဟရောင် မင်းမိန်းကို(ကို/မ)ဒါပေးလာတယ်လို ့ပြောလိုက်တော့ ကိုယ့်ကိုကျေးဇူးတင်စကားပြောလိုက်ပုံကတော့ အောက်ပါအတိုင်းဖြစ်ပါတယ်
လမ်းပေါ်ကလက်သီးကို မျက်နှာပေါ်ဆွဲတင်နေတယ်
မင်းကိုဘယ်ကောင်ကဘီယာတိုက်အရက်တိုက်ပြီးဒါငါ့မိန်းမပါလို ့ကြေငြာထားလို ့လဲ တဲ့
ဆူး
October 1, 2010 at 11:36 am
မိုက်ကယ်ဂျော်နီအောင်ပု ပြောမှဘဲ ယောကျားများ အပိုင်ယူပြီး နံမည် တပ်တောင် မခံချင်ဘူး ဖြစ်တတ်တဲ့ စိတ်ရှိတာ အသိပိုဝင်လာမိတယ်။ ဒီကိစ္စတွေကလည်း အတွဲတိုင်း နီးပါး ဖြစ်နေတော့.. ဘယ်လို ထိန်းရမလဲ.. ကျောင်းတွေမှာ ပညာပေး လုပ်ရလား မသိဘူးနော်..
kopauk mandalay
October 1, 2010 at 3:31 pm
ဒီလိုဖြစ်ရတာက တကယ်ပြောရင် အနောက်ကနေကူးစက်လာတဲ့ ဗိုင်းရပ်စ်ပါဘဲ။
သူတို့ဆီမှာက လက်ထပ်ပြီးမှကွဲရင် အလျော်အစားကတယ်များဆိုဘဲ။
နောက်တစ်ချက်က မြန်မာပြည်က စာရေးဆရာများကလဲ ပြင်သစ်က လက်မထပ်ဘဲအတူနေကြတဲ့ စာရေးဆရာမောင်နှံကို အတော်လေးကို မွှမ်းခဲ့ကြသဗျား။
နောက်လူတွေများများလာတော့ တစ်ယောက်နဲ့တစ်ယောက် မသိသူတွေများများလာတာရယ်၊ခဏတာ ကွန်းခိုလို့ရတဲ့နေရာတွေပေါလာတာရယ်၊
တူနှစ်ကိုယ်အတူနေဘို့ကလည်း တွေးကြည့်တာနဲ့ရင်မောစရာတွေများလို့ အဆင်မပြေတာရယ်။
နောက်ယောက်ျားမိန်းမ အပျိုလူပျိုဆိုတာကို တန်ဘိုးထားစရာရယ်လို့ မသတ်မှတ်တော့တာရယ်။
အငယ်ကောင်လေး မိုက်တိုင်း အလိုလိုက်မိတာရယ်ကြောင့်ပါဗျာ။
kai
October 1, 2010 at 6:14 pm
အဟင်း..
ဒီလိုဖြစ်တာ..(ဖြစ်ချင်းဖြစ်)မြန်မာပြည်ကနေ အနောက်တိုင်းကူးသွားတာဗျ..။ မြန်မ့ာရိုးရာအရ ကျား-မစုံတွဲဟာ အတူတူနေပြီး ပုဆိုးတန်းတင်လိုက်ရင် အကြင်လင်မယားဖြစ်ရောပဲ..။
ဘေးက အိမ်တွေ..အရှေ ့ရအိမ်၊အနောက်ရအိမ် သိရင်လည်း အိုကေပဲ..။
တိုင်းရင်းသား ဓလေ့တွေကြည့်ရင်လည်း ဒါထက်ပိုပြောင်မြောက်တာတွေတောင် ပါသေး..။
ကျုပ်တို့ အဖေအမေ၊ အဖိုးအဖွားတွေလည်း ဘာစာချုပ်နဲ့မှ လက်ထပ်ကြတာမဟုတ်ဖူး..။ တချို ့ဆို စင်္ကာပူမှာအလုပ်လုပ်မယ်ဆိုမှ ..မိဘလက်ထပ်စာချုပ်လိုလို့.. ဘက်ခ်ဒိတ်နဲ့ အတုလုပ်ကြရတာတောင် ခဏခဏတွေ့ဖူးတယ်.။
မြန်မာ့ယဉ်ကျေးမှုအရ တလင်တမယားစံနစ်တောင်ရှိရဲ့လားမသိ..။ ဥပဒေအရကို ယောက်ျားက တရားဝင်ကို မိန်းမ၁ယောက်ထက်ပိုယူလို့ရတာတော့ မှတ်မိတယ်..။ အဲဒါကြောင့် ဥပဒေအရ မယားငယ်မရှိပဲ.. မယားပြိုင်ပဲရှိရတာတဲ့.။
တကယ်တော့ လက်ထပ်ကြ၊ အတူနေကြတာမှာ စာချုပ်မလိုပါဘူး..။ သစ္စာပဲလိုတာပါ။
သစ္စာရှိကြပါစေသတည်း..။
bigcat
October 2, 2010 at 4:51 am
ခေတ်ဗျခေတ်။ သူတို့လေးတွေရဲ့ ပျော်ရွှင်မှုတွေကို မတားပါနဲ့ဗျာ။ ဟီဟီ.. ငါ့မှာစိတ်ပူစရာ ညီမမရှိဘူး။
ပူတူးတူးလေး
October 2, 2010 at 6:38 am
ကိုခိုင်က မသိရင် ဥပဒေနဲ့ပြီးလားအောက်မေ့ရတယ်။ ဟုတ်တယ် ဥပဒေ မေဂျာ ဒုတိယနဲ့ တတိယနှစ်တွေမှာ မြန်မာ့ဓလေ့ထုံးတမ်း ဥပဒေ မှာအဲဒီ့လိုပြဋ္ဌာန်း ထားတယ်။
intro
October 2, 2010 at 2:47 pm
Living Together ကိစ္စက ဒီနေ့ ကျွန်တော်တို့လို လူငယ်တွေကြားထဲမှာ သိတ်ပြီးတော့ မထူးဆန်းတော့တဲ့ ကိစ္စ ဖြစ်နေပါပြီဗျာ… ဒါပေမယ့် ပြောချင်တာ တစ်ခုက ဒီကိစ္စထဲမှာ တစ်ချို့ အရွယ် မရောက်သူလေးတွေတောင် ပါနေတယ် ဆိုတာ တွေ့နေရတယ်… (တကယ့်မျက်မြင်နော်) တစ်ခါတစ်လေ ၁၅နှစ်၊ ၁၆နှစ် အရွယ် (ခေတ်အခေါ် မနူးမနပ်ကလေးတွေပေါ့) တွေတောင် ပါနေတာ တွေ့ပါတယ်… ကျွန်တော် တက်နေတဲ့ သင်တန်း တစ်ခုရဲ့ အပေါ်ထပ်က အအေးခန်းတည်းခိုခန်း ဖွင့်ထားတာပါ… ဒီတော့လဲ အတက်အဆင်းလှေကားမှာ မကြာခဏ တွေ့တွေ့နေရတယ်… တစ်ခါတစ်လေ အသက်ကြီးကြီး အမျိုးသားတွေနဲ့ ချာတိတ်မလေးတွေတောင် တွေ့ရသေးတယ်… အဲ့သည့် တည်းခိုခန်းက အပေါ်ဆုံးထပ်မှာ ဘယ်ရောညာရော ဖွင့်ထားတာ၊ အပေါ်တက်သွားပြီဆိုကတည်းက ခဏတာ တည်းဖို့ကလွဲရင် တစ်ခြားကိစ္စ မဖြစ်နိုင်ဘူးလေ… တည်းခိုခန်းတွေကလဲ မသိချင်ယောင်ဆောင်ပြီးပဲ လက်ခံတာလား မသိဘူးဗျာ…
ဆူး
October 3, 2010 at 2:06 am
ဟီးဟီး.. စီးပွားရေး လုပ်ငန်း အသစ် တည်းခိုခန်း လုပ်ငန်းလုပ်ရင်တောင် ကောင်းမလား မသိဘူး။ မြန်မြန် အရင်းကျေပြီး အမြတ် များများ ရအောင်။
bigcat
October 3, 2010 at 3:04 am
တည်းခိုခန်းဖွင့်ဖြစ်ရင်ပြောလေဗျာ၊ ကျွန်နော်က ဗွီဒီယိုရိုက်ကူးရေးနဲ့ အခွေငှားဆိုင်လုပ်ချင်လို့။ နယ်ဖြန့်ချီရေးလုပ်လိုသူများ အမြန်နေရာဦးထားကြပါရန်။
koyegyi
October 8, 2010 at 12:13 pm
ဒီကိစ္စတွေက ဒီခေတ်မှာ မဆန်းတော့ပါဘူး။ အဲဒါကိုသိချင်ရင်တည်းခိုခန်းတွေများလာတာကိုကြည့်ပေါ့။ ပိုက်ဆံရှိသားသမီးတွေက hotel တွေသွားကြတယ်။ သိတ်မရှိတဲ့လူတွေက တည်းခိုခန်းတွေသွားကြတယ်။ တစ်ချို့ကျတော့လည်းကိုယ့်ချစ်သူကို ဒီလိုနေရာမျိုးတွေမခေါ်သွားချင်ဘူးဆိုပြီး ပန်းခြံတွေ၊ ရုပ်ရှင်ရုံတွေထဲမှာ သွားထိုင်ကြတယ်။ တစ်ချို့ကျတော့ တစ်ကယ်ချစ်ကြတဲ့စုံတွဲတွေပါ။ တွဲလာကြတာကလည်း ဆယ်နှစ်လောက်ရှိပြီ။ တင့်တောင့်တင့်တယ်လက်ထပ်ယူဘို့ကြတော့လည်းမတတ်နိုင်သေး၊ ရီးဇားသက်ကြာတော့ အထိအတွေ့တွေကလည်း အဆင့်တွေတက်လာတော့ လတ်တလောပြသနာကိုဖြေရှင်းကြတာပါ။ အားလုံးကိုတော့ အဆိုးမြင်လို့မရတဲ့အနေအထားပါ။ စိတ်ပူမယ်ဆိုရင်ပူရမယ့်အနေအထားပေမယ့် …တားဆီးလို့မရနိုင်တာအချစ် ဆိုတဲ့သီချင်းလေးလိုပဲ နားလည်နိုင်သလောက်နားလည်ပေးလိုက်ကြပါခင်ဗျာ။