ရန်ကုန်မှာ တွေ့နေရတဲ့ စုံတွဲတော်တော်များများ အနောက်တိုင်းဓလေ့တွေနဲ့ ရင်းနှီးယုံမက၊လက်တွေ့ကျင့်သုံးမှုတွေကတော့ နေရာတိုင်းလိုလိုမှာ တွေ့နေရပြီ။ အင်းလျားကန်စောင်းမှာဆို အစတုန်းကမှ ထီးကွယ်ပြီး ကဲကြသေးတယ်။ အခုဆို အချို့စုံတွဲတွေ က ပေါ်တင်ကို kissing ပေးနေကြတာရှိပါတယ်။ bus ကားစီးတော့လည်း ကားသေးလေးပေါ်မှာ လူတွေကျပ်ညပ်ပြီး၊ဘယ်မှလှည့်မရတဲ့ အခြေအနေမျိုးမှာတောင် ဘယ်သူ့မှ ဂရုမစိုက်ပဲ အနမ်းပေးနေကြတဲ့သူတွေ လည်းရှိပါတယ်။ ပြီးခဲ့တဲ့ ၂ ရက်လောက်ကလည်း bus ကားကြီးပေါ် လူကြပ်ချိန် ၊ စုံတွဲတစ်တွဲမှာ နေရာတစ်ခုံရတာကို မိန်းကလေးကမထိုင်ပဲ၊ယောကျင်္ားလေးကထိုင်ပါတယ်။ပြီးတော့ မတ်တတ်ရပ်နေတဲ့ ကောင်မလေးကို ဖက်ထားပါတယ်။ကောင်မလေးကတော့ တန်းတွေ၊ကွင်းတွေ မကိုင်ပဲ ကောင်လေးဖက်ထားတဲ့ကြားထဲမှာ ဟိုယိုင်၊ဒီယိုင်နဲ့ ကြည်နူးနေပါတယ်။ အချို့ဆို လူမြင်ကွင်းတွေ ဘာတွေ ဂရုမစိုက်ပဲကို ကဲကြတာပါ။ ကားပေါ်မှာ ရဟန်း၊လူကြီး၊လူငယ် အားလုံးက သူတို့ ကွက်ကြည့်၊ကွက်ကြည့် လုပ်နေလည်းအေးအေးဆေးဆေးပါပဲ။မြင်ရတဲ့သူတွေသာ […]