ရွေးကောက်ပွဲ (သို့မဟုတ်) အကြွင်းမဲ့အာဏာရှင်စနစ်ဆီသို့ (အပိုင်း-၁၁)
စီးပွားရေးလုပ်ငန်ရှင်များ(အမည်ခံ) ဥပုဒ်စောင့်သောကျားများ နိုင်ငံရေးလောကတွင်းသို့ချင်းနင်းဝင်ရောက်လာခြင်း
အမေရိကန်အပါအဝင်နိုင်ငံအသီးသီးတို့တွင်နေထိုင်ကြကုန်သောမြန်မာပြည်သူအပေါင်းးတို့ထံလာရောက်လည်ပတ်ကြသောမြန်မာနိုင်ငံမှစီးပွားရေးလုပ်ငန်းရှင်များကိုကြည့်ပါ။ သုံးလိုက်စားလိုက်ဝယ်လိုက်ကြသည်မှာ ဩချရလောက်သည်။ သူတို့အတွက်ဒေါ်လာဆိုတာမိုးပေါ်ကအလိုအလျောက်ကျလာသည်နှယ်ပင်။ သူတို့ ဆီသွားတော့ရော။ ထိုနည်းပင်။ မြန်မာပြည်သူတွေထမင်းနပ်မှန်အောင်စားရသည်ဆိုသော စကားကောလာဟဠ ဟုထင်ရောင်ထင်မှားဘွယ်ပင်။ ညစာစားပြီးသီချင်းဆိုဧည့်ခံသောမိန်းကလေးများကို ဆုချသည်ကအ စဒေါ်လာပင်။ ကျန်တာဆိုလျင်ပြောဘွယ်မရှိပါ။ သန်း(၆၀)သောလူထုထမင်းငတ်ပြတ် နေရသော ဘဝအမှန်ကိုပင်၊ သွားလည်ကြသူပြည်ပရောက်ဗမာများကမမြင်နိုင်ကြတော့ဘဲ၊ ဗိုလ်ချုပ်များ၏လက်ဝေခံ အခွင့်ထူးခံယင်းစီးပွားရေးလုပ်ငန်းရှင်များ၏ဒေါ်လာကိုရေကဲ့သို့သုံးနိုင်သောဘဝတို့ကို သွားရေတမြားမြား ကျကာအားကျကြကုန်၏။ တချို့ကလည်းမနာလိုဖြစ်ကြကုန်၏။ ခေတ်ပညာကိုပင်သင်စရာမလိုယုံမက၊ အင်္ဂံလိပ်စကားကိုဒွတ်ဒက်ရွှတ်ရှက်ပင်မပြောနိုင်သောထိုထိုစီးပွားရေးလုပ်ငန်းရှင်များ၏ကုသိုလ်ကောင်းကြီးပွားမှုများကားနားလည်ရန်ခက်ပေစွ။ သို့သော်၎င်းတို့၏ပေါက်ရောက်မှုကားသံသယဖြစ်ဘွယ်မရှိ။ ယင်းတို့နှင့် နီးစပ်သောဗိုလ်ချုပ်များ၏နေအိမ်ကိုတံခါးမရှိဒါးမရှိဝင်ထွက်ခွင့်ရနေကြသည်မှာမမြင်ချင်အဆုံးပင်။
ယခုအခါနီးကပ်လာပြီဖြစ်သောရွေးကောက်ပွဲတွင်ယင်းစီးပွားရေးလုပ်ငန်းရှင်များ၏ခြေလှမ်းကျဲများကိုပိုမြင်လာရပေသည်။ “နိုင်ငံတော်ကတာဝန်ပေးလို့” ဟူသောစကားကိုရေလဲနဲ့သုံးကာရွေးကောက်ပွဲဝင်ရန်စိုင်း နေပြင်းကြသည်။ မိမိတို့အရွေးခံမည့်မြို့နယ်မဲဆန္ဒနယ်များတွင်ငွေကိုရေကဲ့သို့သန်းပေါင်းများစွာသုံကြသည်။ ယင်းငွေတွေဘယ်ကလာလဲ။ မေးရန်မလိုပါ။ မိမိတို့အတွက်စစ်အစိုးရဗိုလ်ချုပ်များဆီကရထေားသော (တနည်း) လူထုအတွက်ဘ ယ်နေရာဘယ်ထောင့်တွင်မျှအသုံးမပြုဘူးသောကန်ထရိုက်ပါမစ်အကြိုးအမြတ် မတရားရငွေများကားသူတို့၏ငွေဝင်ပေါက်များပင်။ အဆင့်ဆင့်လက်လွှဲ၇ရှိကြသောယင်းလုပ်ငန်း၊ပရိုဂျက်ကြီး များ၏ပါမစ်များကြောင့်လည်းနိုင်ငံအဝှမ်းကုန်ဈေးနှုန်းကြီးမားနေရသည်မှာယုံမှားဘွယ်မရှိ။ သက်ဆိုင်ရာဗိုလ်ချုပ်များကလည်းတနေ့တနေ့မိမိတို့ကက်ဘိနက်နှင့်အထက်ဗိုလ်ချုပ်ကြီးများ၏ထိုထိုသောပါမစ်များကိုမိမိမိသားစုပြီးလျင်မိမိအကျိုးကိုသယ်ပိုးကြသောထိုလုပ်ငန်ရှင်များကိုခွဲတမ်းချပေးရသည်မှာသူတို့အ တွက်နေ့တဓူဝ “နိုင်ငံရေးဦးတည်ချက်”များပင်ဖြစ်နေပေပြီ။ ယင်းငွေတို့ကိုလမ်းခင်းခြင်း၊ကျောင်းဆောက်ခြင်း၊ ဆေးရုံဆေးခန်နှင့်အခြားထင်သာမြင်သာ၍ “ထင်ပေါ်ကျော်ကြားမှုကိုအဓိကထားသော” (သတင်းစာတွင် ထည့်သွင်းဖေါ်ပြခံရသော)လူထုအခန်းအနားများတွင်သုံးစွဲကြလေသည်။ ယင်းအကျိုးအမြတ်များကိုလူထုကရ မရတော့မသေခြာသော်လည်း၊ “ဗိုလ်ချုပ်သည်းချေကြိုက်”များကားဖြစ်သွားသည်မှာအမှန်။ ဗိုလ်ချုပ်များဘက်ကကြည့်လျင်လည်းမိမိတို့အခွင့်အာဏာရှိနေစဉ်ကာလသည်တကယ်တော့အလွန်တိုတောင်းလှဘိသည်။ ဗိုလ်ချုပ်မှူးကြီးမှလွဲလျင်ကျန်အောက်အဆင့်ဆင့်တို့သည်အချိန်မရွေး ဘုံပြောက်နိုင်သည် မဟုတ်ပါလား။ မိမိနှင့်တကွမိမိကိုမှိခိုနေသောမိသားစုအသိုင်းအဝန်းနှင့်လက် အောက်ခံများ၏စားဝတ်နေရေး (တနည်း)ငွေကိုရေကဲ့သို့အပြိုင်အဆိုင်သုံးနိုင်ရေးတို့သည်၎င်းတို့အာဏာရှိစဉ်ကာလအတွင်းများများနှင့်မြန်မြန်”ငွေရှာနိုင်ရေး” ပင်မဟုတ်ပါလား။ ဗိုလ်ချုပ်ရာထူးအပြောင်းအလဲများကားမျက်စိရှေ့တွင်နေ့မြင်ညပြောက်ဖြစ်နေကြသည်ကိုကြည့်ပါ။ သို့အတွက်သူတို့၏ငွေဝင်လမ်းကိုဆထက်တန်ဘိုးတိုး၍စွမ်းစွမ်းတမံထမ်းဆောင်နိုင်မည့်ယင်းလုပ်ငန်းရှင်များအပေါ်မှီခိုကြရသည်။ စီးပွားရေးလုပ်ငန်းရှင်များနှင့်ဆက်ဆံရသည်ကားဗိုလ်ချုပ်များအတွက်အလွန်အကျိုးရှိဘိသည်။
(၁) ပါးစပ်လုံသည်၊ (တနည်း)အာမချောင်ပါ။
(၂) ရော့ပတ္တမြားရော့နဂါးပင်၊
(၃) နယ်စပ်ကတိုင်းရင်းသားအမည်ခံစီးပွားရေလုပ်ငန်းရှင်များဆိုလျင်ပို၍ပင်အဆင်ပြေသေးသည်။ ဗမာစကားမတတ်သောကြောင့်ပို၍ပင်စိတ်ချရသည်။
(၄) စီးပွားရေးဟူ၍ဘာတခုမျှနားမလည်သောစစ်ဗိုလ်ချုပ်များအတွက်အင်အား/ငွေကြေးလုံဝမစိုက်ထုတ်ရ ဘဲအကျိုးစီးပွားနေ့ချင်းညချင်းတိုးပွားနိုင်သည်။
စာရေးသည်နှင့်နီးစပ်ခဲ့ဘူးသောကာကွယ်ရေးဝန်ကြီးဌာနစခန်းရုံးကိုကြီးမှူးရသူဗိုလ်ချုပ်လောင်းတဦးဆိုလျင်နယ်မှလာသောစစ်တိုင်းမှူးများကိုကြည်၍သွားရေတမြားမြားကျကာ၊ ‘တိုင်းမှူးဖြစ်လို့တော့ကွာ…” ဟူသောကြွေးကြော်ချက်ကိုနားနှင့်ဆတ်ဆတ်ကြားခဲ့ရဘူးသည်။ ထိုမှတဖန်စစ်ဦးစီးတက္ကသိုလ်ဆင်းပြီး စစ်တိုင်းမှူး၊တပ်မမှူးရာထူးကိုမျှော်လင့်ခဲ့သောဗိုလ်မှူးကြီးတဦးမှာအရပ်ဘက်သို့ညွှန် ကြားရေးမှူးအဖြစ်ပြောင်းမိန့်ကျသော အခါတမိသားစုလုံးချုံးပွဲချငိုကြသည်ကိုတွေ့ဘူးသည်။ တကယ်တော့ယင်းစစ်ဗိုလ်ချုပ်များနှင့်လုပ်ငန်းရှင် များကား “ကိုင်းကျွန်းမှီကျွန်ကိုင်းမှီ”ဆိုကမှားမည်မထင်။ ယင်းတို့အထဲတွင် နယ်စပ်ဒေ
သရှိတိုင်းရင်းသားများကားပိုပြီးထိရောက်လှသည်။ ဘိန်းကအစငွေမာ (ဒေါ်လာ)ဖြစ်နိုင်သောနည်းမှန်သမျှကို ဘယ်သူ့မျက်နှာမျှမထောက်ဘဲလုပ်နိုင်စွမ်းရှိသူတို့ကားဘိန်းဘုရင်များပင်။ သက်သေအဖြစ်(၁၉၈၈)ပြီးခါစ မြန့်မာ့နိုင်ငံခြားကုန်သွယ်မှုဘဏ်ရှိလက်ကျန်အမေရိကန်ဒေါ်လာအနဲငယ် (သန်း ၅ဝ မျှသာကျန်တော့ သည်ဟုပြောကြ)သာရှိတော့၍နိုင်ငံခြားငွေလည်ပတ်မှုရပ်သွာချိန်တွင်၊ နယ်စပ်ဒေသရှိယင်းဘိန်းခေါင်းဆောင် များ၏ငွေမဲ (BLACK MONEY) များကိုတရားဝင်ငွေအဖြစ်လက်လျှိုပြောင်းပြီးအချို့ကိုလည်းအိပ်ကပ်ထဲနိုင် သမျှထဲ့ကြသည်ကိုပြန်ကြည့်ပါ။ မူလကတရုတ်နိုင်ငံသားများဖြစ်သော်လည်းလဘ်ပေးလဘ်ဟူမှုတွင် ကမ္ဘာတွင်ဗိုလ်စွဲနေသောနိုင်ငံသို့ခြံခုန်ကူးလာသူများပင်။ ယင်းဖြစ်ရပ်၏သက်သေအထောက်အထားကို ဝေးဝေးပြေးကြည်ရန်မလိုပါ။ မန္တလေးမြို့ကားမြန်မာပြည်သူတို့၏နန်းငွေ့နန်းသက်နှင့်မြန်မာ့ဓလေ့ ထုံးတမ်းစဉ်လာကြီးမားခဲ့သောဒေသဖြစ်ခဲ့သည်ကိုကြည့်ပါ။ယခုုအခါတွင်ကားတမြို့လုံးကိုတရုတ်နိုင်ငံသားများကနေရာအကျယူထားပြီးဖြစ်သည်။ ဗမာစာဗမာစကားကိုလေးဘက်ထောက်ပြီးကထေါင်းကြိုက်ကျိုးစားပြောကြရသောထိုထို””တိုင်းရင်းသား”အမည်ခံများသည်နေ့ချင်းညချင်းတိုက်ပုံ၊ပုဆိုးတို့ကိုမနိုင်တနိုင်ဝတ်ကာ၊ဗမာစကားမပီကလာပီကလာပြော၍ဗိုလ်ချုပ်များကြားဝင်ထွကင်သွားရောက်ကြကာ “မိုးကျရွှေကိုယ်များသဖွယ်”အခွင့်ထူးခံတိုင်းရင်းသားခေါင်းဆောင်များ အဖြစ်တမဟုတ်ချင်းပြောင်းလဲသွားကြကုန်သည်မှာမဖုံနိုင်မဖိနိုင်အောင်ပင်။ မြန်မာ့သမိုင်း၏တိုင်းရင်းသာလူမျိုးများ၏ကနဦးအစကိုပင်ပြန်လည်သုံးသပ်ရေးဆွဲကြရဦးမည်လော။ ဗိုလ်ချုပ်မှူးကြီး၏အရိပ်အဖြစ်စီးပွားရေးကိစ္စ၊မိသားစုရေးကိစ္စအဝဝတို့ကိုတာဝန်ယူထားသောဒေါ်ထူး(ခေါ်)ဒေါ်တင်အိုင်၏သမက်ဖြစ်သူပုဂ္ဂိုလ်မှအပကျန်သူများကားနိုင်ငံရေးဆိုတာဝေးစွ၊ လူထုအတွက်ဆိုတာဝေးစွ၊မိမိ လက်အောက်တွင်လုပ်နေကြသောဆောက်လုပ်ရေး၊ကန်ထရိုက်လုပ်ငန်းအသီးသီးရှိဝန်ထမ်းကြီးငယ်တို့အပေါ်နိုင်ချင်တိုင်းနိုင်လျက်နည်းမျိုးစုံသုံးပြီးဖိနှိပ်အုပ်ချုပ်ခဲ့သည်ကားနေရာအနှံ့ပင်။ ယင်းဗိုလ်ချုပ်မှူးကြီး၏စီးပွားရေးတာဝန်ခံကားစစ်တက္ကသိုလ်ကျောင်းမဆင်းခဲ့ရသော်လည်း၊ဖခင်ကအစစစ်တပ်လောကကိုကောင်းစွာနားလည်သည့်အပြင်၊ လက်ရှိလည်းROYAL မိသားစုဝင်ကဲ့သို့ဘုန်းအရှိန်အဝါရှိနေသူမို့ ရွေးကောက်ပွဲဆိုသည့်ကိစ္စကိုလှည့်ကြည့်ရန်ပင်မလိုပါ။ ကျန်ထိုဆောက်လုပ်ရေး၊ စီးပွားရေး၊ ပရိုဂျက်ကြီးများကိုလက်ဝယ်ကန်ထရိုက်ရထားကြသူတွေကား၊ သူတို့ဘဝအကာအကွယ်ရရေး၊တက်လာသမျှစစ်ဗိုလ်ချုပ်များနှင့်နီးစပ်ရေးတို့အတွက် “ကြံ့/ဖွံ့” ထီးအောက်သို့ဝင်ရောက်ခိုလှုံရေးကားအလွန်အရေးကြီးလှပေသည်မဟုတ်ပါလား။ ပါတီခံယူချက်ဆိုသည်ကိုဝေးစွ၊ လူထုကောင်းကျိုးကိုနေ့တဓူဝ (၂၄)နာရီအတွင်း (၁)စက္ကန့်ပင်အချိန်မပေးဘူးသော/ပေးရန်ရှေ့အလားအလာလုံးဝမရှိသောထိုစီးပွားရေးလုပ်ငန်းရှင်များ၏ပါးစပ်မှထွက်လာသော “လူထုအကျိုး”ဟူသောစကားကိုနားရှိ၍သာကြားရသည်။ ယုံဘွယ်ရာစိုးစဉ်းမျှမရှိပါ။ လစာပေးရမည့်အချိန်လစာမပေးခြင်း၊လျှော့ပေးချင်း၊နစ်နာမှု၊လူမှုရေးတို့ကိုဂရုမစိုက်ခြင်း၊ နှိပ်စက်ညှင်းပမ်းခြင်း၊ လက်အောက်မိန်းကလေးများအပေါ်လူမှုရေးဖေါက်ပြားမှုစသည်တို့ကိုမိးကုန်ယမ်းကုန်တရားမဲ့လုပ်ကြခြင်း၊ စသည်တို့ကိုပြုလုပ်သော်လည်း လွတ်လပ်ရေးနေ့ဟူသောအထွတ်အမြတ်နေ့ထူးတို့တွင်စလွယ်သိုင်းခွင့်ရ “စည်သူ””ဝဏ္ဏကျော်ထင်”စသောဘွဲ့တံဆိပ်များရကြကုန်၏။ လွတ်လပ်ရေးမရမှီနှင့်ရပြီးစယင်းဘွဲ့ထူးများ ရကြသူတွေပင်သူတို့ရထားသောဘွဲ့များပြန်အပ်ကြရမလိုပင်။
ပြီးခဲ့သောလူထုအုံကြွမှုတိုင်းတွင်”ဒို့အရေး” ကြွေးကြော်ခဲ့သောလူထုအပေါင်းကနောင်တခေတ်ပြောင်းချိန်တွင် ထိုထိုသောအခွင့်ထူးခံ၍မိမိလက်အောက်ငယ်သားအပါအဝင်လူထုအပေါ်ဘယ်သောအခါကမျှမကြည့်ခဲ့သော စီးပွားရေးလုပ်ငန်းရှင်များ၏နေအိမ်စည်းစိမ်များကိုယခုအခါကတည်းကမျက်စောင်းထိုးနေကြပြီဆိုသည်ကိုသတိချပ်ကြပါဟူ၍။