မြန်မာ(၁၂)လရာသီပွဲတော်(၇)၊သီတင်းကျွတ်လ။

VisesaOctober 7, 20101min4752

မြန်မာ(၁၂)လရာသီပွဲတော်(၇)

သီတင်းကျွတ်လ၊

မီးထွန်းပွဲတော်၊ အဘိဓမ္မာ အခါတော်နေ ့နှင့်  ပဝါရဏာပွဲ။

မြန်မာ(၁၂)လရာသီတွင် သီတင်းကျွတ်လသည် (၇)လမြောက်ဖြစ်ပါ်သည်။ခရစ်နှစ်အားဖြင့်မူ စက်တင်ဘာ၊

အောက်တိုဘာလများအတွင်း ကျရောက်လေ့ရှိပါသည်။သီတင်းကျွတ်လကို ရှေးအခါက “သန်တူလ” ဟူ၍လည်း

ခေါ်လေ့ရှိကြပါသည်။“သန် – ကောက်စပါး ၊ တူ – ထူသည်၊ ထောင်သည်၊မတ်သည်။” -ဖြစ်၍ ၊ “ကောက်စပါးများ

ထောင်မတ်သော လ” -ဟု ဆိုကြပါသည်။မြန်မာနိုင်ငံအရပ်ရပ် လယ်မြေတစ်ခွင်၌ ၊ မိုးရေဓါတ် ပြည့်ဝခဲ့သော

ကြောင့် ရှင်သန်ကြီးထွားလာသော ကောက်နှံစပါးပင်တို ့သည် မြစိမ်းကမ္ဗလာ လွှမ်းသည့်နှယ် မြသားရောင်ခြယ်

လျက် တင့်တယ်လှပနေချိန် ဖြစ်ပါသည်။

“သီတင်းကျွတ်”-ဟူသောအမည်မှာ “ ရဟန်းတော်များ တစ်နေရာတည်းတွင် ဝါဆိုသီတင်းသုံးနေရာမှ ကျွတ်

လွတ် လွန်မြောက်သောလ”-ဟုဆိုလိုပါသည်။ မိုးတွင်းကာလကို အထူးပြု၍ အရပ်တစ်ပါးသို ့ သွားလာခြင်းမပြုပဲ

တစ်နေရာတည်းတွင် စာချ-စာသင် ၊ တရား ဘာဝနာပွားများမှု တို ့ကို ပြုနေကြရာမှ လွန်မြောက်သောလ ဖြစ်ပါ

သည်။

သုံးလောကထွဋ်တင် မြတ်စွာဘုရားရှင်သည် ဝါတော်(၇)ဝါအရောက်၊ မဟာသက္ကရာဇ်-၁၀၉-ခုနှစ်(ဘီစီ-၅၈၂)

ခုနှစ်တွင်၊ တာဝတိ ံသာနတ်ပြည် ၊ ပင်လယ်ကသစ်ပင်ရင်း ကျောက်ဖျာထက်၌ ၊(မယ်တော် မာယာ တစ်ဖြစ်လဲ)

သန္တုဿိတ နတ်သားကို ကျေးဇူးဆပ်သောအားဖြင့် ၊ မယ်တော်မိနတ်သားနှင့်တကွ နတ်ဗြဟ္မာအပေါင်းတို ့အား

ဝါတွင်းသုံးလပတ်လုံး “အဘိဓမ္မာတရားတော်”ကို၊ ဟောကြားခြီးမြှင့် တော်မူခဲ့ပါသည်။“ဓမ္မသိင်္ဂဏီ ၊ ဝိဘင်း ၊ ဓါတု

ကထာ ၊ ပုဂ္ဂလ ပညတ် ၊ ကထာဝတ္ထု ၊ ယမိုက် ၊ ပဋ္ဌာန်း ” -ဟူသော အဘိဓမ္မာ(၇)ကျမ်း တရားတော်အစဉ်ကို ရက်

ပေါင်း(၉၀)မျှ ကြာအောင်ဟောကြားတော်မူရသည် ဖြစ်၍၊ လူပုဂ္ဂိုလ်များ တစ်ထိုင်တည်းဖြင့် နာကြားခံယူနိုင်ရန်

မစွမ်းသာသောကြောင့် ၊ နတ်ပြည်၌ ဟောကြားရခြင်း ဖြစ်ပါသည်။လူတို ့၏ သက်တမ်းအချိန်အားဖြင့် ရက်(၉၀)

ကြာမြင့်မည်ဖြစ်သော်လည်း နတ်သက်တမ်း အချိန်အားဖြင့်မူ တစ်ရက်မျှပင် မရှိပါချေ။လူ ့ပြည် နှင့် နတ်ပြည် အချိန်ကာလ ကွာခြားမှုကို လိုက်မီနိုင်အောင် နိမ္မိတ ဗုဒ္ဓ(ရုပ်ပွား ဘုရားရှင်)တစ်ဆူကို ဖန်ဆင်း အကူအညီယူ

လျက် နေ ့ညမနား အသံမစဲ ဟောကြားတော်မူခဲ့ရပါသည်။ဘုရားရှင်တော်အစစ်သည် လူသားသဘာဝအရ ဆွမ်း

ခံခြင်း ၊ ဆွမ်းဘုဉ်းပေးခြင်း ၊ နားနေခြင်း အစရှိသည့် ပြုလုပ်ဖွယ် တို ့ပြုတော်မူချိန်တွင်၊ ရုပ်ပွားတော် ဘုရားရှင် က

ကိုယ်တော်စား ဟောကြားမြဲ ဟောကြားနေတော်မူပါသည်။ယခုခေတ်အခါ မြန်မာပြည်တစ်ဝှမ်း၌ ၊ အဘိဓမ္မာကျမ်း

တော်လာ “မဟာပဋ္ဌာန်းကျမ်းတော်ကြီး”ကို အသံမစဲ ရွတ်ဖတ်ပူဇေါ်ပွဲများ ကျင်းပပြုလုပ် ကြရာတွင် ၊ ရဟန်းတော်

များ အလှည့်ကျ လဲလှယ်၍ ရွတ်ဖတ် ပူဇေါ်ကြရပါသည်။

တရားတော်များ ဟောကြားမှု ပြီးဆုံးတော်မူ၍ သီတင်းကျွတ်လပြည့်နေ ့တွင်  လူ ့ပြည်သို ့ပြန်လည်ဆင်းကြွ

တော်မူရာ ၊ နတ်တို ့၏သခင် သိကြားမင်းက ရွှေစေါင်းတန်း ၊ ငွေစေါင်းတန်း ၊ ပတ္တမြားစေါင်းတန်း သုံးသွယ် ကို

ဖန်ဆင်းခဲ့သည်။ စေါင်းတန်းဦးသည် နတ်ပြည်ရှိ မြင့်မိုရ်တောင် ကို ဆိုက်စေလျက် ၊ စေါင်းတန်းအခြေသည် ဟိမ

ဝန္တာတောင် အနီးမှ သင်္ကဿနဂိုရ်ပြည် ကို ဆိုက်ရောက်စေခဲ့သည်။ရွှေစေါင်းတန်းတွင် နတ်ဒေဝါများ ၊ ငွေစေါင်း

တန်းတွင် ဗြဟ္မာများ ခြံရံလျက် ၊ အလယ် ပတ္တမြားစေါင်းတန်း မှ ရောင်ခြည်တော်စက်ဝန်း ဖြင့် တင့်တယ်စွာ ကြွ

တော်မူလာသော မြတ်စွာဘုရားရှင်အား ၊ လူသားအပေါင်းတို ့က အံ့ဩဝမ်းမြောက်စွာ ဖူးမျှော်ကြည်ညို ကြရသည်။

အတုမဲ့ ကျက်သရေတော် ဖြင့် ပြည့်စုံတော်မူသော ဘုရားရှင်ကို ဖူးမြင်ကြရသဖြင့် ၊ အတုယူအားကျကြ၍ “ဘုရား

ဆု” ကို လူတိုင်း ပန်ဆင်ကြသည်-ဟု ဆိုပါသည်။လူတို ့သည် ဆီမီး တန်ဆောင်းများ ပြုလုပ်ပူဇေါ်ကြ၍ ၊ ကောင်း

ကင်ယံ တစ်ခုလုံးတွင်လည်း နတ်၊ သိကြား ၊ ဗြဟ္မာ တို ့၏ ကိုယ်ရောင်ကိုယ်ဝါ တို ့ ထွန်းလင်းတောက်ပနေ သဖြင့်

လူ ့ပြည် နှင့် နတ်ပြည် ကိုတိုက်ရိုက်ဖူးမြင်ကြရသည် ဟု ဆိုပါသည်။ နောင်အခါ၌ သီတင်းကျွတ်လပြည့်နေ ့

ရောက်တိုင်း ၊ ဗုဒ္ဓဘာသာဝင်အပေါင်းတို ့သည် ကောင်းကင်ယံ နှင့်တကွ တစ်လောကလုံးထိန်လင်းစေအောင် ၊မီး

ရှူး မီးပန်းများ ပစ်လွှတ်ကြ၍ ၊ဆီမီးအလင်းရောင်များကို တန်ဆောင်းသဖွယ် စီတန်းညီညာစွာ ထွန်းညှိပူဇေါ်ကြ

လျက် ၊“မီးထွန်းပွဲတော်”များ ကျင်းပကြသည်။တာဝတိ ံသာနတ်ပြည် ကိုရည်မျှော်၍ ပြုလုပ်ကြခြင်းကြောင့်“တာဝ

တိ ံသာပွဲတော်” ဟူ၍လည်း ဆိုကြသည်။မြင့်မိုရ် တောင်ဦးမှ ဘုရားရှင်ကြွဆင်းတော်မူလာခြင်းကို ရည်ညွှန်း၍

“မြင့်မိုရ်ပွဲတော်” ဟုလည်းခေါ် ကြပါသည်။

မြို ့၊ရွာ ၊ ရပ်ကွက် များရှိ အိမ် ၊ လမ်း ၊ ကျောင်း ၊ ဓမ္မာရုံ ၊ စေတီ ၊ ဘုရား ပုထိုး တို ့တွင် ၊ သီတင်းကျွတ်လပြည့်

နေ ့သာမက ၊ အကြိုတစ်ရက်(အဖိတ်နေ ့) နှင့် လပြည့်ကျော်(၁)ရက်နေ ့ ပါ (၃)ရက်တိုင်တိုင် ဆီမီး၊ ဖယောင်း

တိုင်မီး ၊ လျှပ်စစ်မီးများ ရောင်စုံသွယ်တန်းလျက် ထွန်းညှိပူဇေါ်ကြပါသည်။မီးလည် မီးစင်္ကြာ အသွင်ဖန်တီး၍သော်

လည်းကောင်း ၊ မှိတ်လိုက် လင်းလိုက် လျှပ်စစ်မီးပြေးများ ပြုလုပ်၍ သော်လည်းကောင်း ၊ အမျိုးမျိုးသော ကား ၊

လေယာဉ် ၊ သင်္ဘော ပုံသဏ္ဍာန်များ ဖြင့် မီးပုံး ၊မီးအိမ် ၊ မီးတိုင်များ စီမံ၍ သော်လည်းကောင်း ၊ စိတ်ကူးရှိသမျှ ဆန်းကြယ်စွာ ဆင်ယင်ထွန်းညှိ ပူဇေါ်လေ့ ရှိကြပါသည်။ဘုရားရင်ပြင်တော်တို ့၌ ဆီမီးငါးထောင် ၊ ကိုးထောင် အစ

ရှိသဖြင့် ထွန်းညှိပူဇေါ်ကြ၍ ၊ မြို ့သူမြို ့သား ၊ ရပ်ကွက်သူရပ်ကွက်သား၊ ရွာသူရွာသားများ သည် မိသားစုအလိုက်

ဝတ်ကောင်းစားလှများ ဆင်ယင်ကြလျက် ၊ မီးထွန်းပွဲ ကို သွားလာလှည့်လည် ကြည့်ရှု ကြပါသည်။လူငယ်ကာလ

သားများက မူ အပျော်သဘောဖြင့် အသံမြည်သော ဗျောက်အိုး များကို ပစ်လွှတ်ဖေါက်ခွဲ လေ့ရှိကြပါသည်။

ဝါတွင်းသုံးလတိုင်တိုင် ဟောကြားတော်မူရသော “အဘိဓမ္မာဒေသနာတော်”သည် သီတင်းကျွတ်လပြည့်နေ ့

အခါတွင် ပြီးဆုံးခဲ့ခြင်းကို ရည်ညွှန်း၍ “အဘိဓမ္မာအခါတော်နေ ့” -ဟု မြန်မာရှေးရိုးစဉ်လာ သတ်မှတ်ကျင်းပ ခဲ့ကြ

ပါသည်။ထိုနေ ့တွင် “အဘိဓမ္မာဒေသနာတော်”လာ ကျမ်းစာများကို ရွတ်ဖတ်ပူဇေါ်ခြင်း ၊ အဘိဓမ္မာအကြောင်းကို

ဟောပြောနာယူကြခြင်း၊ အဘိဓမ္မာဆိုင်ရာ စာမေးပွဲများ ကျင်းပပြုလုပ်ခြင်း စသည်တို ့ကို ပြုလေ့ရှိကြပါသည်။

“အဘိဓမ္မာ” ဟူသည်မှာ “အဘိဓမ္မ” ဟူသော ပါဠိစကားတော် ဖြစ်သည်။“အဘိ – သာလွန်ထူးကဲသော ၊ ဓမ္မ -တရားတော် ” ဖြစ်၍ ၊ “ အဘိဓမ္မ” ဟူသည် “ သာလွန်ထူးကဲသော တရားတော်” ဟု ဆိုလိုပါသည်။ ခန္ဓာ ၊အာယ

တန ၊ ဓါတ် ၊ သစ္စာ တည်းဟူသော တရားတို ့ကိုို “သုတ္တန်(သုတ္တန္တ)ဒေသနာတော်”ထက် သာလွန်ထူးကဲစွာ

အကြွင်းအကျန်မရှိ ကုန်စင်အောင် အကျယ်ဖွင့်ပြ ရှင်းလင်း ဟောကြားတော်မူထားသောကြောင့်“အဘိဓမ္မ” ဟူ၍

ဆိုပါသည်။ အဘိဓမ္မာတရားတော် တို ့ကို ဗုဒ္ဓဘာသာဝင်ပုဂ္ဂိုလ်တို ့သာမက ဘာသာမတူ အယူကွဲပြား လူမျိုးခြား

တို ့ကပင် အထူးအလေးထား၍ နှစ်သက်မြတ်နိုး လေ့လာလိုက်စား ကြပါသည်။

ရဟန်းတော်များသည် ပဝါရဏာ(ဖိတ်ကြားမှု)ပြုခြင်းကို တစ်နှစ်လျှင်တစ်ကြိမ် သီတင်းကျွတ်လပြည့်နေ ့တိုင်း

သိမ်အတွင်း၌ စုဝေးဆောင်ရွက်ကြရသည်။အတူနေ သီတင်းသုံးဖေါ်အချင်းချင်း တစ်ပါးနှင် ့တစ်ပါး အပြစ်များကို

မြင်လျှင် ၊ ကြားလျှင် ၊ ယုံမှား သံသယရှိလျှင် ၊ လွတ်ကင်းချမ်းသာအောင် ကုစားနိုင်ရန် ၊ သနားစေါင့်ရှောက်သော

အားဖြင့် ၊ ထုတ်ဖေါ်ပြောကြားပါမည့် အကြောင်း ဖိတ်ကြားခြင်း ကို “ပဝါရဏာ” ဟု ခေါ်ခြင်းဖြစ်ပါသည်။ရဟန်း

တော်များအချင်းချင်း စိတ်ဝမ်းကွဲပြားမှုကို ဖြေဖျောက်ရန်၊ အကျင့်သီလများ သန် ့ရှင်းစင်ကြယ်စေရန် နှင့်စည်းလုံး

ညီညွတ်မှု ရှိကြစေရန် ၊ ဘုရားရှင် က ပညတ်(သတ်မှတ်ချက်)ထားတော်မူခဲ့ခြင်း ဖြစ်ပါသည်။ကျောင်းတစ်ကျောင်း

တွင် သိက္ခာတော်(ဝါတော်) အစဉ်အလိုက် ကျောင်းထိုင်ပုဂ္ဂိုလ်မှ အစ အတူနေ ရဟန်းတော်များအားလုံး စုံညီစွာ

စုဝေးလျက် ဖိတ်မံပန်ကြားမှု ပြုကြရသည်။အချို ့မြို ့နယ် ဒေသများတွင်မူ ၊ မြို့ နယ် အလိုက် ကျောင်းတိုက်အများ

မှ ရဟန်းတော်များအားလုံး စုစည်း၍ “စုပေါင်း ပဝါရဏာပွဲ” များ ကျင်းပပြုလုပ်ကြသည်။ပဝါရဏာပြုပြီးတော်မူကြ

သော ရဟန်းတော်များအား ၊လူ ပုဂ္ဂိုလ် များက သင်္ကန်း  ၊ သပိတ် ၊ ထီး ၊ ဘိနပ် စသော လှူဖွယ် ပစ္စည်း တို ့ကို

ဆက်ကပ် လှူဒါန်းကြကာ ကုသိုလ်ယူကြပါသည်။

ရဟန်းတော်များ၏ “ပဝါရဏာပွဲ ”ကို အတုယူ၍ ၊ ဗုဒ္ဓဘာသာဝင် မြန်မာလူမျိုးတို ့သည် မိမိတို ့၏ ကိုယ် ၊နှုတ်၊

စိတ် အပြစ်ကြီး အပြစ်ငယ်များ ပပျောက်ကင်းငြိမ်းအောင် ခွင့်လွှတ်သည်းခံ ကြပါရန် ရည်ရွယ်တောင်းပန်ကာ ၊မိဘ

၊ဆရာသမား ၊ သက်ကြီးရွယ်အို ပုဂ္ဂိုလ်များအား ဝါကျွတ်အခါတွင် ကန်တော့ပူဇေါ်လေ့ရှိကြပါသည်။စားသောက်

ဖွယ်၊ ဆေးပစ္စည်း ၊ ဝတ်စုံ ၊ဖယောင်းတိုင် အစရှိသော ပစ္စည်းများကို ထောက်ပံ ့လှူဒါန်းလေ့ရှိကြသည်မှာ ရိုးရာ

အစဉ်အလာ ပင်ဖြစ်ပါသည်။ မြန်မာနိုင်ငံ၌ အခြေခံပညာမှ အထက်တန်း အဆင့်မြင့်ပညာ ၊ကောလိပ်၊တက္ကသိုလ်

ကျောင်းများအားလုံးတို ့တွင် သီတင်းကျွတ်အခါကာလသို ့ရောက်လျှင် ၊ “အာစရိယပူဇေါ်ပွဲ(ခေါ်)ဆရာကန်တော့

ပွဲ” များ ပြုလုပ်၍ ၊ စာပေပညာသင်ကြားပေးဘူးသော ဆရာသမားတို ့ကို ပစ္စည်း၊ ဝတ္ထု များ လှူဒါန်းလျက် ခမ်းနား

ကြီးကျယ်စွာ ကန်တော့ပူဇေါ်ကြခြင်း သည် ကမ္ဘာတွင် မရှိသော မြန်မာတို ့၏ ရိုးရာပညာရေး ၊ယဉ်ကျေးမှုဓလေ့

ကောင်း တစ်ခုဖြစ်ပါသည်။ဤကဲ့သို ့ ဝတ္ထုပစ္စည်းများ ထောက်ပံ လှူဒါန်း၍ ပူဇေါ်ခြင်း ကို “အာမိသပူဇာ” -ဟုခေါ်

ပါသည်။ဘုရားရှင် ဟောပြတော်မူခဲ့သော တရားတော်၊ဒေသနာတော်များကို ရွတ်ဖတ်ပူဇေါ်ခြင်း ၊ နာယူကျင့်သုံး

ခြင်း ၊ ကျင့်ကြံအားထုတ်ခြင်း နှင့်ရဟန်းသံဃာတော်များ၊ဆရာသမား၊မိဘ၊သက်ကြီးရွယ်အိုပုဂ္ဂိုလ်တို ့၏ ဆုံးမဩ

ဝါဒ စကားများကို လေးစားလိုက်နာ ၊နားထောင်ကျင့်သုံးခြင်းတို ့မှာ “ဓမ္မပူဇာ” ဟု ခေါ်ပါသည်။“အာမိသပူဇာ”နှင့်

“ဓမ္မပူဇာ” နှစ်ဖြာကျင့်သုံး ရွှင်ပြုံးမွေ ့လျော်ကြခြင်း သည် မြန်မာဗုဒ္ဓဘာသာဝင် တို ့၏ ယဉ်ကျေးမှုအနှစ်သာရ ပင်

ဖြစ်ပါသည်။

ထူးခြားသော မြန်မာ့ရိုးရာ အစဉ်အလာတစ်ခုမှာ ပျိုရွယ်သော လူငယ် လုလင်ပျို၊လုံမပျို တို ့သည်၊ အိမ်ထောင်

ပြုခြင်း၊ လက်ထပ်မင်္ဂလာ အခမ်းအနားများ ကို ဝါကျွတ်အခါရောက်မှ စီစဉ်ဆောင်ရွက်ကြခြင်း ဖြစ်ပါသည်။ဝါတွင်း

သုံးလအခါတွင် ရဟန်းတော်များသည် အကျင့်မြတ် သိက္ခာတော်တို ့ကို ၊ အထူးစေါင့်စည်း ကျင့်သုံးအားထုတ်တော်

မူကြသကဲ့သို ့ ၊ ဗုဒ္ဓဘာသာဝင်မြန်မာလူငယ်တို ့သည် လည်း ၊ အဗြဟ္မစရိယ(ဖို -မ စင်ကြယ်စွာ နေထိုင်ခြင်း)ကို ထိန်းသိမ်းစေါင့်ရှောက်ကြခြင်းမှာ နှစ်ပေါင်းကြာမြင့်စွာ တည်တံ့လာခဲ့သော ရိုးရာယဉ်ကျေးမှု အမွေအနှစ် တစ်ခု

ပင် ဖြစ်ပါတော့သည်။  ။

缅甸12月节日(七)

"德丁聚"月点灯节

"德丁聚"月是缅历第七个月,相当于公历九/十月.古代将"德丁聚"月称为"旦谷"月,意味:秧苗直立之月.因为此时全缅各处田地灌满雨水,正值绿色秧苗茁壮成长之时刻.

"德丁聚"即:"出家僧人斋戒期满解脱月"之意.意味:禁止出家僧人在雨季出外活动,只允许在寺庙内念经学习修炼的斋戒期,已经期满结束.

据传,释迦牟尼佛祖曾于大历(109)年,在天国一大树下的石床上向(曾为佛祖慈母的)丹斗德达神仙以及众神仙讲述(共七套的)哲理真经.由于讲此经从头至尾一共需时(90)天,人间凡人不可能一次性听经,故特在天堂仙国讲经,人间(90)日,在天国却一日都不到.为了弥补人间天国之间时光的差距,特设一替身佛,使之日夜不停讲经.正当佛祖本身依然按照人间惯例:化缘、用斋饭、休憩...替身佛却继续无休止地讲经.这便是今日"无休止讲经会"的由来.在此"无休止讲经会"上,由多位高僧轮流无休止地讲经.

讲经完毕,于德丁聚月盈日,佛祖将返回人间.众神之君,天王玉帝,特制金走廊、银走廊、钻石走廊三层通道,让佛祖回返人间.走廊顶端接天堂之"敏梦"山巅,走廊底端到达喜马拉雅山底之"顶嘎大那够"国度.金、银、钻石走廊 两旁由众神仙护送,一时间佛光普照,上天地下,通明通亮,人间天堂,尽入眼帘,民众欢呼,全民跪拜,纷纷祷告,祝愿成果,立地成佛.此后,每到德丁聚月盈日,虔诚的佛教徒,便要让上天地下,通明通亮,就要点亮所有灯光,这便是德丁聚月盈日"点灯节"的由来.由于又是佛祖由"敏梦"山巅归来之日,又称之为"敏梦节".

届时,所有城市村镇、大街小巷、寺庙佛宇、学校住宅、家家户户,不仅仅在月盈日,并在月盈日前后各一天,总共三天,举行点灯节活动.人们或点亮油灯、或点亮烛光、或点闪光灯、或放孔明灯、或制造车船飞机模型玩具灯;还有人在佛庙广场,集体组织举行点燃千盏油灯、万盏油灯活动;更有许多人,盛装艳服,到处游走,观看灯火;年轻人们更是欢乐,他们放鞭炮、放烟花,增加节日气氛,十分热闹.

由于佛祖讲"哲理经"整整花了"瓦期"(斋戒期)三个月,直至德丁聚月盈日方告结束,因此,德丁聚月盈日又被称之为"哲理经日".在那一天,高僧便要念"哲理经",讲解"哲理经",还要以"哲理经"进行考试测验.

"哲理经"巴利文称之为"阿必德玛",意味:至高无上之真谛.对于"哲理经"不但佛教徒,即使是许多异教徒也非常喜爱追求学习.

出家僧人每到德丁聚月盈日就要举行一年一度的"互邀"会.同住一座庙宇的出家僧人,集聚一堂,互相批评,互相指出他人的缺点,提出善意的批评,以便纠正改善,此举,巴利文称之为"巴瓦亚纳".举行此类"互邀"批评,可以增进团结,避免分歧,排除分裂,是佛祖特意规定安排的一种法规,因此,每年到德丁聚月盈日,从主持师父高僧至所有和尚僧人,都一定要齐聚一堂,举行"巴瓦亚纳""互邀"批评活动."巴瓦亚纳"互邀会结束后,人们便要对众僧人敬献袈裟、伞、钵、鞋等物品,布施行善.

后来,模仿僧人的"巴瓦亚纳会",虔诚的佛教徒缅甸人民,每到德丁聚月盈日,就要举行"敬老会",向父母师长,承认错误,跪拜认错,同时,向长辈敬献药物、服装、蜡烛等物品,表达崇高的敬意.这已经形成一种优良传统,每到德丁聚月盈日,全缅所有中小学至大专院校,都要隆重举行"敬师会",向师长们致敬,并献上一些用品,表达对恩师的谢意.

这一习俗,是缅甸独有的优良传统.这种对父母、师长、僧人表示敬意,表示顺从,表示孝敬的传统,是缅甸佛教徒的文化的精髓.

还有一特殊的习俗,就是点灯节过后,缅甸男女青年才举行结婚仪式.在瓦期三个月内,缅甸男女青年都与出家人一道遵守戒律,直到瓦期结束的点灯节以后,才能举行结婚典礼,这一习俗已经流传多年,成为缅甸的一种特殊传统风俗.(中文译者;李祖清老师)

(တရုတ်နိုင်ငံ၊ ယူနန်ပြည်နယ် ၊ကူမင်းမြို့မှတရုတ်-မြန်မာနှစ်ဘာသာဖြင့် ထုတ်ဝေသော“မင်္ဂလာစာစေါင်-吉祥杂志တွင် ၂၀၀၅-၂၀၀၆-ခုနှစ်အတွင်း၌ ဖေါ်ပြပြီးသည်ကို ပြန်လည်ကူးယူဖေါ်ပြပါသည်။)

2 comments

  • ဆူး

    October 7, 2010 at 2:48 am

    သီတင်းကျွှတ်ပြီ ဆိုတော့ ကထိန်အလှူပွဲတွေ လာတော့မယ်.. ကထိန်အကြောင်းလေး ရေးပါအုန်း..
    ဆူး တွေ့ထားတဲ့ ကထိန် အကြောင်း လင့်လေး http://panhtoothar.webs.com/knowledge.htm
    ဦးဝိသေသ လည်း တင်ပေးပါအုန်းနော်..

  • Visesa

    October 7, 2010 at 3:47 am

    ကိုဆူးရေ-
    ပေးထားတဲ့ linkမှာဖေါ်ပြထားတာလေးတွေလည်းပြည့်စုံပါတယ်နော်။(၁၂)လရာသီပွဲတော်အတွက်အဆင်သင့်
    ရေးပြီးရှိနေလို ့လာမဲ့“တန်ဆောင်မုန်းလ”ထဲမှာ “ကထိန်ပွဲ”အကြောင်း ပါလာမှာပါ။
    ကျန်းမာ ချမ်းသာ လန်းဖြာ ဝမ်းသာကြပါစေ။

Leave a Reply