မြန်မာနိုင်ငံက အနာဂတ်ရင်သွေးငယ်တွေ အတွက် ရင်လေးမိတယ်ဗျာ….
ကျွန်တော် ကမြေနီကုန်းမှာ နေတယ်ဗျ… ဒီနေ ့မနက် တက္ကသိုလ်များရေကူးကန်မှာ ရေကူးဖို ့အသွား ဂမုန်းပွင့်ရှေ ့နားမှာအလွန်ဆုံးရှိမှ ၆တန်း ရတန်းလောက်ပဲ
ရှိဦးမယ် ့ကျောင်းဝတ်စုံဝတ်ထားတဲ ့ ကျောင်းသား တယောက်နဲ ့ကျောင်းသူ တယောက် တဘက်လမ်းကနေ လမ်းကူးလာတယ်…. ဒီဘက်မှာက သူတို ့နဲ ့
အတန်းဖော် ဖြစ်မယ့် ကောင်လေးနဲ ့တွေ ့တော ့ ကောင်မလေးက ” ဟဲ ့… ဘယ်သွားမလို ့လဲ ” ဆိုတော ့ဒီဘက်က ကောင်လေးက နင်တို ့ရောဆိုတော့
” ငါတို ့ ရင်ပြင်သွားမလို ့” တဲ ့ဗျာ… ကဲ ဘယ်လို ဆက်တွေး ရမလဲ …နောက် လူကြီးဖြစ်လာမယ့် ကလေးတွေ က စာသင်ချိန်မှာတောင် လစ်ပြီးတော ့ရင်ပြင်လို နေရာမျိုး
ကိုသွားကြတယ်… အဲ ့ဒီ ရင်ပြင် ကလဲ ကျောင်းဝတ်စုံဝတ် ကလေးတွေ ကို အုပ်ထိန်းသူ မပါပဲနဲ ့ အဝင် မခံသင့်ဝူးလို ့ထင်တယ်ဗျာ…. အဲဒါပေ့ါ လူကြီးမှ မကောင်းတာ
နောင် လာနောင်သားလေးတွေလဲ ပျက်စီးတာ ဘာဆန်းလဲ နော်… 🙁
11 comments
bigcat
October 10, 2010 at 3:32 am
အဲဒါ တကယ်မကန်ခင် သွေးပူလေ့ကျင့်ခန်း ဆင်းနေတယ်လို့ ခေါ်တယ်ဗျ။ လုပ်ကြပါစေလေ၊ နိုင်ငံတော်မှာ လေ့ကျင့်ရေးကွင်းတွေ အများကြီးရှိပါတယ်။
ဆူး
October 10, 2010 at 3:56 am
ဆရာကလည်း မြှောက်ပေးနေပြန်ပြီ..
မစ္စတာသန့်
October 10, 2010 at 3:47 am
ကျောင်းဝတ်စုံလေးဝတ်ပြီးသွားတာဘဲ..တော်သေးတယ်….
laaminnthar
October 10, 2010 at 3:59 am
ခင်ဗျားတို့ကို ပိုပြီးအံ့ဩစရာ ပြောပြမယ်
သူငယ်တန်းကလေး နှစ်ယောက် သစ်လုံးတွေကြားမှာ
ချိန်းတွေ့ကြတယ် အဲဒါကို လူကြီးတစ်ယောက်ကတွေ့တော့
ဟေ့ခလေးတွေ ဘာလုပ်နေကြတာလဲလို့မေးတယ်
အဲဒီအချိန်မှာ ကောင်မလေးကဘာပြောလိုက်တယ်မှတ်လဲ
မောင် ပြောပြလိုက်လေတဲ့
အဒီလူကြီးသူ့နှဖူးသူလက်နဲ့ထုပါလေရော အဒါကို ကျွန်တော်ကတော့ သူတို့ရုပ်ရှင်တွေကြည့်ပြီး လိုက်လုပ်တယ်ထင်တာပဲ
ခင်ဗျားတို့ကော ဘယ်လိုထင်လဲ
michaelaungpu
October 10, 2010 at 4:56 am
ဘယ်လိုမှ မထင်ဘူး
တော်တော်နောက်တဲ ့လူ
kltatdo
October 10, 2010 at 5:13 am
ခေတ်ကကိုက မကောင်းတာပါ……..။အတုမြင်အတတ်သင် ဆိုသလိုပေါ့ဗျာ….။
kopauk mandalay
October 10, 2010 at 11:47 am
ဒါန့်ကျွဲပင် ပုခက်လွဲတဲ့ခေတ်ရောက်ပြီလေ။
manawphyulay
October 10, 2010 at 1:56 pm
ဒါကတော့ မိဘနဲ့ ဆရာ တွေရဲ့ ဂရုစိုက်မှုနဲ့ သူတို့ဖြတ်သန်းနေ့တဲ့ ဝန်းကျင်တွေကို ပြောင်းလဲပေးသင့်တယ် ထင်တာပဲ။ အရင် မနောတို့ ငယ်ငယ်တုန်းကတော့ အဘွားက ကျောင်း ၅ နာရီလွှတ်ရင် ကျောင်းနဲ့အိမ် ဘယ်နှမိနစ်လမ်းလျှောက် သတ်မှတ်ပေးထားပါတယ်။ သူ သတ်မှတ်ပေးထားတဲ့အချိန်အတွင်း မရောက်လို့ကတော့ မောင်နှမတွေအကုန် ဆော်ပလော်တီးဖို့ ခြံပေါက်ဝကနေ ကြိမ်လုံးနဲ့ထိုင်စောင့်ပြီး တီးပါတော့တယ်။ နောက် ညစာ ထမင်းမကျွေးပါဘူး။ ဒဏ်ခတ်တဲ့သဘောပေါ့။ နောက် အခန်းက အတန်းပိုင်ဆရာမကလည်း စာကို အခန်းထဲမှာ တစ်ခါထဲ ရအောင် ကျက်ခိုင်းတဲ့အလေ့ကို တစ်ခါထဲ ကျင့်ပေးတဲ့အတွက် ထိရောက်တဲ့ပညာရေးကို ရရှိပါတယ်။ ခုခေတ်ကရော ဘယ်လိုလဲ………. အိမ်ကိုမပေး ကျူရှင်ပေးခေတ်ရောက်နေသလား……… ခေတ်မကောင်းတာက လူက လုပ်နေတာလား ခေတ်က လုပ်နေတာလား လားဆိုတဲ့ မေးခွန်းပေါင်းများစွာနဲ့ ဘယ်လိုရှေ့ဆက်သွားကြမလဲဟင်……….
Gong Zhu
October 10, 2010 at 6:33 pm
ဟီးဟီး သူငယ်တန်းဆိုတော့ ၅ နှစ်ပေါ့နော် … သမီးတို့ ငါးနှစ်တုန်းကဆို ဘာဆိုဘာမှမသိသေးဘူး …မောင်ပြောပြလိုက်လေတဲ့ … ဟီးဟီး ရယ်ချင်လို့ ရှက်စရာကြီး … ကျောင်းဝတ်စုံနဲ့မဝင်ရဘူးဆိုရင် အိမ်က အကျီင်္ ခိုးထည့်ပြီး လဲရင်လဲမှာ …
kopauk mandalay
October 11, 2010 at 2:22 am
အဓိက ကတော့ စားဝတ်နေရေးက ခက်ခဲတော့ အိမ်ရှိလူကုန် ထမင်းစားဘို့အကုန်ထွက်ရှာရတော့ ကလေးတွေကိုဂရုစို်က်ချိန်နည်းသွားတာက တစ်ခု။
နောက်အနေအထိုင်ကျဉ်းကျပ်တဲ့အခါမှ လူကြီးတွေက ကလေးတွေရှေ့မှာ အနေအထိုင်မဆင်ခြင်ကြတာက တစ်ခု
နောက်ပြီး အနောက်နိုင်ငံက ရုပ်ရှင်တွေကို အိမ်က တီဗွီမှာ ကလေးတွေနဲ့ရောကြည့်ကြတာကတစ်ခု
ပြီးပြန်တော့ မိဘတွေ အဒေါ်တွေက ဘိုးဘိုးဘွားဘွားတွေက ကလေးတွေကိ ုအိပ်ယာဝင်ပုံပြင်တွေပြောလို့ ဆုံးမရမဲ့အချိန်မှာ ကိုရီးယားဇာတ်လမ်းတွဲတွေကို
မပြီးနိုင်မစီးနိုင်ကြည့်နေတာက တစ်ခု
ဒီတစ်ခုစီကိုပေါင်းလိုက်တော့ ကလေးတွေကိုသွန်သင်ဆုံးမတဲ့ လူကြီးတွေတာဝန်မကျေလို့ဆိုတာက ရှင်းနေတာပါဘဲ။
spirit lioness
October 11, 2010 at 3:52 am
အတုမြင်ရင် အတတ်သင်တတ်ကြတဲ့ ကလေးတွေရဲ့ နုနယ်တဲ့ စိတ်ထားတွေပါ
အတုမမြင်အောင် ဘယ်သူတွေတာဝန်ရှိပါသလဲ?