Customize Consent Preferences

We use cookies to help you navigate efficiently and perform certain functions. You will find detailed information about all cookies under each consent category below.

The cookies that are categorized as "Necessary" are stored on your browser as they are essential for enabling the basic functionalities of the site. ... 

Always Active

Necessary cookies are required to enable the basic features of this site, such as providing secure log-in or adjusting your consent preferences. These cookies do not store any personally identifiable data.

No cookies to display.

Functional cookies help perform certain functionalities like sharing the content of the website on social media platforms, collecting feedback, and other third-party features.

No cookies to display.

Analytical cookies are used to understand how visitors interact with the website. These cookies help provide information on metrics such as the number of visitors, bounce rate, traffic source, etc.

No cookies to display.

Performance cookies are used to understand and analyze the key performance indexes of the website which helps in delivering a better user experience for the visitors.

No cookies to display.

Advertisement cookies are used to provide visitors with customized advertisements based on the pages you visited previously and to analyze the effectiveness of the ad campaigns.

No cookies to display.

ယခု အပတ် ပြည်တွင်း အထူး သတင်းများ

BayoteApril 1, 20102min1720

သိပ္ပံနှင့် နည်းပညာ ဝန်ကြီးဌာန၊ ရန်ကုန် ကွန်ပျူတာ တက္ကသိုလ် သတင်းများ

သိပ္ပံနှင့် နည်းပညာဝန်ကြီးဌာန၊ ရန်ကုန်ကွန်ပျူတာတက္ကသိုလ်နှင့် ဂျပန်နိုင်ငံ(JICA)တို့ ပူးပေါင်းဖွင့်လှစ်သည့် ICTTIသင်တန်းဌာနတွင် ဖော်ပြပါသင်တန်းများကို ဖွင့်လှစ်မည်ဖြစ်ပါ သည်။ Software Development Course ကို ၃-၅-၂၀၁၀(အပတ်စဉ် ၇)ရက်နေ့မှစ၍ သင် တန်းကာလ၂၂ပတ်၊ Network Development Course ကို ၃-၅-၂၀၁၀(အပတ်စဉ် ၇) ရက် မှစ၍ သင်တန်း ကာလ ၂၂ ပတ်၊ Advanced Web Design Course (JavaScript, Ajax, Web Service, Web Design, User Interface Design) ကို ၂၄-၅-၂၀၁၀(အပတ်စဉ် ၁)၊ ၁၉-၇-၂၀၁ဝ (အပတ်စဉ် ၂)၊ ၆-၉-၂၀၁ဝ (အပတ်စဉ် ၃) ရက်မှစ၍သင်တန်းကာလ ၃ပတ် Advanced Java Framework-based Development Course (Spring, Struts, Hiber- nate)ကို ၃-၅-၂၀၁၀(အပတ်စဉ် ၁)၊ ၁၄-၆-၂၀၁၀(မပတ်စဉ် ၂) ၁၃-၉-၂၀၁ဝ (အပတ်စဉ် ၃)ရက်မှစ၍ သင်တန်းကာလ ၂ ပတ်၊ Advanced Database Administration and Pro- gramming Course (Oracle 11 g DBA, PL/SQL) ကို ၃-၅-၂၀၁၀(အပတ်စဉ် ၁)၊ ၂၄-၅- ၂၀၁၀(အပတ်စဉ် ၂)၊ ၁၆-၈-၂၀၁၀(အပတ်စဉ် ၃) ရက်မှစ၍ သင်တန်းကာလ ၂ပတ်၊ Ad- vanced Server Course (Virtualization and LDAP)ကို ၃-၅-၂၀၁၀(အပတ်စဉ် ၁)၊ ၂၆- ၁-၂၀၁၀(အပတ်စဉ် ၂) ရက်မှစ၍ သင်တန်းကာလ ၆ပတ်၊ Advanced Network Course (Cisco Switching & Routing) ကို ၃-၅-၂၀၁ဝ (အပတ်စဉ် ၁)၊ ၂၄-၅-၂၀၁ဝ (အပတ်စဉ် ၂) ၅-၇-၂၀၁၀(အပတ်စဉ် ၃)၊ ၂၆-၇-၂၀၁ဝ (အပတ်စဉ် ၄)၊ ၁၆-၈-၂၀၁ဝ (အပတ်စဉ် ၅) ရက်မှစ၍ သင်တန်းကာလ ၂ ပတ်ကြာ ဖွင့်လှစ်မည် ဖြစ်သည်။

Advanced Web Design Course နှင့် Database Administration and Programming Course သင်တန်းများအ တွက် ICTTI သင်တန်းဌာနမှ Software Development သင်တန်းနှင့် IMCEITS သင် တန်းဌာနမှ သင်တန်းတက်ရောက်အောင်မြင်ပြီးသူများ လျှောက်ထားနိုင်ပါသည်။ Adva- nced Java Framework-based Development Course သင်တန်းအတွက် Java Fun- damental အခြေခံရှိသူများ လျှောက်ထားနိုင်သည်။ Advanced Server Course (Virtu- alization and LDAP)သင်တန်းအတွက် ICTTI Network Development သင်တန်း တက်ရောက်ပြီးသူများ လျှောက်ထားနိုင်ပါသည်။ Advanced Network Course (Ciso Switching & Routing) သင်တန်းအတွက် ICTTI Network Development သင်တန်း တက်ရောက်ပြီးသူများ လျှောက်ထားနိုင်ပါသည်။ သင်တန်းများပြီးဆုံးပါက သိပ္ပံနှင့်နည်း ပညာဝန်ကြီးဌာန၊ ရန်ကုန် ကွန်ပျူတာတက္ကသိုလ်နှင့် ဂျပန်နိုင်ငံ (JICA)တို့မှ ပူးပေါင်း၍ ပေးအပ်မည့် လက်တွေ့လုပ်ငန်းခွင်တွင် အသုံးချနိုင်သည့် နိုင်ငံတကာ အဆင့်မီအဆင့် မြင့် အောင်လက်မှတ်များ ပေးအပ်မည်ဖြစ်ပါသည်။ သင်တန်းများအား လျှောက်ထားလို သူများသည် B.C.Sc/B.C. Tech./B.Tech/B.E.(IT)/M.A.ScM.I.Sc./M.C.Tech./ M.E.(IT) ဘွဲ့တစ်ခုခုရှိပြီးသူဖြစ်ရမည်။ မိမိနှင့်တကွမိဘနှစ်ပါးလုံး ပြည်ထောင်စုမြန်မာ နိုင်ငံသား ဖြစ်ရမည်။ သတ်မှတ်ထားသော ဝင်ခွင့် အရည်အချင်းစစ် စာမေးပွဲများအား အောင်မြင်စွာ ဖြေဆိုနိုင်သူ ဖြစ်ရမည်။ သိပ္ပံနှင့်နည်း ပညာဝန်ကြီးဌာန၌ တာဝန်ထမ်း ဆောင်နေသူဖြစ်ပါက ဝန်ကြီးဌာနမှ သတ်မှတ်ပေးထားသော ကတိခံ ဝန်ချက်များအား လက်မှတ် ရေးထိုးနိုင်သူဖြစ်ရမည်။ အခြားဝန်ကြီးဌာနများမှ ဝန်ထမ်းဖြစ်ပါက လျှောက် ထားလိုသူများသည် မိမိတို့သက်ဆိုင်ရာဌာန အကြီးအကဲ၏ သင်တန်းတက်ရောက်ခွင့် ပြုကြောင်း ခွင့်ပြုအမိန့်စာ ပါရှိရမည်။ သက်ဆိုင်ရာ ရပ်ကွက်/ရဲစခန်းမှ (၃)လထက် မ ကျော်လွန်သည့် အကျင့်စာရိတ္တ ကောင်းမွန်ကြောင်း ထောက်ခံစာများအား သင်တန်း လျှောက်လွှာနှင့် အတူပူးတွဲလျှောက်ထားရမည်။ သင်တန်း လျှောက်ထားသူများသည် ၅-၄-၂၀၁ဝရက်နေ့ နံနက် ၉နာရီမှစ၍ ICTTI သင်တန်းဌာန ရန်ကုန်ကွန်ပျူတာတက္က သိုလ်(လှိုင်)တွင် Online ဝင်ခွင့်စာမေးပွဲကို ဖြေဆိုကြရမည်ဖြစ်သည်။လျှောက်လွှာများ ကို သတ်မှတ်ပုံစံဖြင့် ရန်ကုန် ကွန်ပျူတာ တက္ကသိုလ်(လှိုင်) ICTTI သင်တန်းဌာနနှင့် ရန်ကုန် ကွန်ပျူတာ တက္ကသိုလ်(လှော်ကား) ကျောင်းသားရေးရာ ဌာနတို့တွင် ၃၁-၃- ၂၀၁ဝ ရက်နေ့ နောက်ဆုံးထား၍ လျှောက်ထားနိုင်သည်။ အခြားသိရှိလိုပါက ရန်ကုန် ကွန်ပျူတာက္ကသိုလ်(လှိုင်)၊ ICTTI သင်တန်းဌာန ဖုန်း – ဝ၁-၅၂၂၄၂၉သို့ ဆက်သွယ် မေးမြန်းစုံစမ်းနိုင်ကြောင်း ၂၀၁ဝခုနှစ် မတ်လ ၂၂ရက်နေ့ထုတ် ကြေးမုံသတင်းစာတွင် ဖော်ပြထားပါသည်။

ခရီးသွားများ ကိုယ်တိုင် ငွေသေတ္တာအတွင်း ယာဉ်စီးခ ထည့်သွင်းရသည့် စနစ် အောင်မြင်မှု ရရှိမှသာ e-Ticket စနစ်ကို အကောင်အထည်ဖော် ဆောင်ရွက် သွားမည်

ယာဉ်လိုင်းအချို့တွင် ခရီးသွားများ ကိုယ်တိုင် ယာဉ်စီးခ ထည့်သွင်းရမည့် စနစ်ကို ၂၀၁ဝ ပြည့်နှစ် ဖေဖော်ဝါရီလမှ စတင်အကောင်အထည်ဖော်ဆောင်ရွက်နေပြီးယင်းအစီအစဉ်အောင်မြင်ရန်အတွက်လည်းအဆိုပါယာဉ်လိုင်းများတွင်ယာဉ်ကြီးကြပ်များထားရှိသွားမည်ဖြစ်ကြောင်း အဆိုပါ ယာဉ်လိုင်းမှတာဝန်ရှိသူ တစ်ဦးကဆိုပါသည်။ ငွေသေတ္တာထဲသို့ ခရီးသည်များ ကိုယ် တိုင်ထည့်ပြီးကားစီး ရမည့်စနစ်အောင်မြင်မှသာ နိုင်ငံတကာတွင် အသုံးပြုနေသည့် e-Ticket စနစ်ကို လျင်မြန်စွာ စီစဉ်ကျင့်သုံးသွားမည်ဖြစ်ကြောင်း သိရှိသည်။

“တရုတ်နိုင်ငံနဲ့ နိုင်ငံတချို့ မှာ လိုင်းကားစီးတဲ့အခါ အသုံးပြုနေတဲ့ e-Ticket စနစ်ကို ပြည်တွင်းမှာအသုံးပြုဖို့အတွက် ဖေ ဖော်ဝါရီလ ၁၅ရက်နေ့ကစပြီး ဒဂုံတက္ကသိုလ်ကနေ ပါရမီကို ပြေးဆွဲနေတဲ့ ယာဉ်လိုင်းအမှတ် ၂၃၂ ယာဉ်နှစ်စီးကစတင်ကာ ခရီးသည်များ ကိုယ်တိုင် ယာဉ်စီးခကို ငွေသေတ္တာထဲ ထည့်ပြီး ကားစီးတဲ့စနစ်ကို စတင်ဆောင်ရွက်နေပါပြီ။ ဒီစနစ်ကို ယာဉ်စီးတဲ့ ခရီးသည်တွေနားလည်ပြီး အကျင့်ဖြစ်အောင် အဲဒီယာဉ်တွေမှာ ယာဉ်ကြီးကြပ်တစ်ယောက်ထားရှိသွားပါမယ်။ခရီးသည် တွေအနေနဲ့က ယာဉ်နောက်လိုက်နဲ့လည်း စကားမပြောရတော့ဘူး။ငွေအကြွေနဲ့ပတ်သက်ပြီး တော့လည်း စကားပြောစရာမလိုတော့ဘူးပေါ့။ အခုတစ်လအတောအတွင်းမှာခရီးသည်တွေ အနေနဲ့လည်း အဆင်ပြေတာတွေ့ရှိတဲ့အတွက် ဒီစနစ်ကို ဆောင်ရွက်ဖို့ အထက်ကတာဝန်ရှိ သူကို တင်ပြထားပါတယ်။ ဒီစနစ်ဆောင်ရွက်ရာမှာ မြန်မာ့ဆက်သွယ်ရေး၊ ဘဏ္ဍာ အခွန်ဝန် ကြီးဌာနတို့နဲ့လည်း ပူးပေါင်းဆောင်ရွက်သွားပါမယ်” ဟု တာဝန်ရှိသူကရှင်းပြခဲ့သည်။ ဆက် လက်ပြီး “ယာဉ်စီးသူတွေဘက်ကလည်း သစ္စာရှိရမယ်၊တာဝန်သိရမယ်။ မြို့ကြီးသားပီသရ မယ်” ဟု ဆက်လက်ပြောကြားခဲ့သည်။ ဗန္ဓုလသယ်ယူပို့ဆောင်ရေးကုမ္ပဏီလီမိတက်၏ ပါ ရမီမြို့တွင်း ခရီးသည်သယ်ယူပို့ဆောင်ရေးလုပ်ငန်း တွင် စီးတီးဘတ်စ်ယာဉ်စုစုပေါင်း ၅၉၆ စီးရှိကြောင်း ၂၀၁ဝ ခုနှစ်မတ်လ ၂၄ရက်နေ့ထုတ် Weekly Eleven ဂျာနယ်တွင်ဖော်ပြထား ပါ သည်။

ကွန်ပျူတာနှင့် ဆက်စပ်ပစ္စည်းများ၊ ဆက်သွယ်ရေး သတင်းနှင့် နည်းပညာဆိုင်ရာ ကုန်ပစ္စည်းလိုင်း ၃၆ မျိုးအား တည်ဆဲနှုန်းထားများမှ အကောက်ခွန် သုည ရာခိုင်နှုန်းသို့ လျှော့ချ

ကွန်ပျူတာနှင့် ဆက်စပ်ပစ္စည်း၊ ဒစ်ဂျစ်တယ်ကင်မရာ၊ မိတ္တူကူးစက် အမျိုးမျိုးပါဝင် သော အိုင်စီတီ(ဆက်သွယ်ရေး၊ သတင်းနှင့်နည်းပညာ)ဆိုင်ရာကုန်ပစ္စည်းလိုင်း ၃၆ မျိုး အား တတိယအသုတ်အဖြစ် ၂၀၁ဝ ပြည့်နှစ်၊ ဇန်နဝါရီ ၁ရက်နေ့မှစ၍ တည်ဆဲနှုန်းထား များမှ သုည ရာခိုင်နှုန်းသို့ လျှော့ချ သတ်မှတ်လိုက်ကြောင်း တရားဝင်ထုတ်ပြန်ချက်များ အရ သိရှိရသည်။ အာဆီယံ အဖွဲ့ဝင်နိုင်ငံ တစ်နိုင်ငံဖြစ်သော မြန်မာနိုင်ငံအနေဖြင့် အာ ဆီယံ သဘောတူညီချက်တစ်ခု ဖြစ်သော Agreement On the Common Effective Preferential Tariff Scheme For ASEAN Free Trade Area ကို အကောင်အထည် ဖော်ဆောင်ရွက်ရန်အတွက် အခြေခံလိုအပ်ချက်တစ်ရပ်ဖြစ်သည့် Common Effective Preferential Tariff Product List And Tariff Reduction Plan ကို ဘဏ္ဍာရေးနှင့် အ ခွန်ဝန်ကြီးဌာနမှ ၁၉၉ရ ခုနှစ် ဒီဇင်ဘာလ ၁ဝ ရက် နေ့စွဲပါ အမိန့် ကြော်ငြာစာ အမှတ် ၂၄၇/၉ရကို ထုတ်ပြန်ကြေညာခဲ့ပြီးဖြစ်ကြောင်းလည်း သိရှိရသည်။

အဆိုပါ CEPT Pr- oduct List ၏ထည့်သွင်းစာရင်း (Inclusion List)တွင်ရှိနေသောကုန်ပစ္စည်းများအနက် ဆက်သွယ်ရေး၊ သတင်းနှင့် နည်းပညာဆိုင်ရာကုန်ပစ္စည်းလိုင်း ၃၆မျိုးအား e-ASEAN Framework Agreement အပိုဒ် ၆(၂)အရ တည်ဆဲနှုန်းထားများမှ သုညရာခိုင်နှုန်းသို့ လျှော့ချသတ်မှတ်လိုက်ခြင်းဖြစ်ကြောင်းလည်း သိရှိရသည်။ “ အိုင်စီတီ ပစ္စည်းဆိုတာ သတင်းအချက်အလက် ဆက်သွယ်ရေး နည်းပညာဆိုင်ရာ ပစ္စည်းအားလုံးကို ဆိုလိုပါ တယ်။ ကွန်ပျူတာနဲ့ဆက်စပ်ပစ္စည်း၊ Printer တွေနဲ့ အဆင့်မြင့် မိုက်ခရိုဖုန်းအားလုံး စ သဖြင့် ပါဝင်ပါတယ်။ မြန်မာနိုင်ငံအနေနဲ့ ၂၀၀၈ခုနှစ်မှာ ကုန်စည် ၉၂လိုင်းနဲ့ ၂၀၀၉ ခု နှစ်မှာ ကုန်စည် ၅၅ လိုင်းတု့ိကို သုညရာခိုင်နှုန်းသို့ လျှော့ချပြီးဖြစ်ပါတယ်။ အခု တတိ ယသုတ်မှာ မြန်မာနိုင်ငံ အမှတ်သတ်မှတ်ထားတဲ့ အိုင်စီတီကုန်ပစ္စည်း လက်ကျန်အား လုံးကို သုညရာခိုင်နှုန်းသို့ အပြီးလျှော့ချလိုက်ခြင်းဖြစ်ပါတယ်” ဟုအကောက်ခွန်မူဝါဒ ဆိုင်ရာနှင့် လုပ်ထုံးလုပ်နည်းစည်းမျဉ်းစည်းကမ်းပိုင်းဆိုင်ရာ လေ့လာတင်ပြရေးအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ရှင်းပြခဲ့သည်။အိုင်စီတီ(သတင်း၊ဆက်သွယ်ရေး၊နည်းပညာဆိုင် ရာ)ပစ္စည်းများကို သုညရာခိုင်နှုန်းသို့ အကောက်ခွန်လျှော့ချခြင်းသည် e-ASEAN Fr- amework Agreement အရ အသုတ် သုံးသုတ်ခွဲ၍ လျှော့ချခြင်းဖြစ်ပြီး အာဆီယံ မူ လခြောက်နိုင်ငံတွင်မူ ၂၀၀၃ ခုနှစ်မ ှစတင်လျှော့ချခဲ့ပြီး ကျန် လေးနိုင်ငံဖြစ်သည့် က မော္ဘဒီးယား၊ လာအို၊ မြန်မာနှင့် ဗီယက်နမ်နိုင်ငံတို့အတွက်မူ ၂၀၁ဝ တွင် အပြီးလျှော့ ချသွားမည်ဖြစ်ကြောင်း သိရသည်။ အိုင်စီတီပစ္စည်းများ အပေါ် အကောက်ခွန်လျှော့ ချရာတွင် မူလအာဆီယံခြောက်နိုင်ငံအတွက် ၂၀၀၃ခုနှစ် ဇန်နဝါရီလ ၁ရက်နေ့တွင် စတင်လျှော့ခဲ့ပြီး ၂၀၀၃၊ ၂၀၀၄၊ ၂၀၀၅ ဟူ၍ အသုတ်သုံးသုတ်ခွဲလျှော့ချခဲ့ကာ မြန် မာနိုင်ငံအတွက်မူ ၂၀၀၈၊ ၂၀၀၉၊ ၂၀၁ဝ ဟူ၍ အသုတ် သုံးသုတ်ခွဲ၍ လျှော့ချခဲ့ခြင်း ဖြစ်ကြောင်း ၂၀၁ဝ ခုနှစ် မတ်လ ၂၄ ရက်နေ့ထုတ် Weekly Eleven ဂျာနယ်တွင် ဖော်ပြထားပါသည်။

မန္တလေး-မြစ်ကြီးနား- မန္တလေး ခရီးစဉ် အမှတ် (၃၇) အဆန်၊ အမှတ်(၃၈) အစုန်အမြန် လူစီးရထားများ ၁၆ နာရီဖြင့် နေ့ချင်းပေါက် ပြေးဆွဲမည်

မြန်မာ့စီးရထားက ခရီးသည်များ သွားလာမှု အဆင်ပြေချောမွေ့စေရန်အတွက်မန္တလေး -မြစ်ကြီးနား- မန္တလေးခရီးစဉ် အမှတ် (၃၇) အဆန်၊ အမှတ်( ၃၈) အစုန် အမြန်လူစီးရထား များကိုမတ် ၂၄ရက်မှစ၍ ၁၆နာရီဖြင့် နေ့ချင်းပေါက် ပြေးဆွဲမည်ဖြစ်သည်။ အမှတ်(၃၇) အ ဆန် မန္တလေး-မြစ်ကြီးနားခရီးစဉ်၌ မန္တလေးမှ နံနက် ၄ နာရီခွဲတွင် ထွက်ခွာပြီးရွှေဘို၊ ကော လင်း၊ မိုးညှင်းဘူတာများ၌ ရပ်တန့်ပေး၍ မြစ်ကြီးနားသို့ ည ၈ နာရီခွဲတွင် နေ့ချင်း ပေါက် ရောက်ရှိမည်ဖြစ်သည်။ အမှတ်(၃၈) အစုန်မြစ်ကြီးနား- မန္တလေး ခရီးစဉ်၌ မြစ်ကြီးနားမှ နံ နက်၄နာရီခွဲတွင် ထွက်ခွာပြီးမိုးညှင်း၊ ကောလင်း၊ ရွှေဘိုဘူတာများ၌ ရပ်တန့်ပေး၍မန္တလေး သို့ ည၈နာရီခွဲတွင် နေ့ချင်းပေါက်ရောက်ရှိမည်ဖြစ်သည်။

အဆိုပါ အမှတ်(၃၇) အဆန်၊ အ မှတ်(၃၈) အစုန်နေ့ချင်းပေါက် အမြန်လူစီး ရထားများ အချိန်စာရင်းကို ပြင်ဆင်လိုက်ခြင်း ကြောင့် မန္တလေး-မြစ်ကြီးနား- မန္တလေး ခရီးစဉ်တွင် ပြေးဆွဲနေသော အမှတ် (၄၁)အဆန်၊ အမှတ်(၄၂)အစုန်၊ အမှတ်(၅၅)အဆန်၊ အမှတ် (၅၆)အစုန်၊ အမှတ်(၅၇) အဆန်၊ အမှတ် ( ၅၈) အစုန်ရထားများ၏ အချိန်စာရင်းများကိုလည်း ပြင်ဆင် ပြောင်းလဲ ပြေးဆွဲမည် ဖြစ် သည်။ အမှတ်(၄၁) အဆန်ရထားသည် မန္တလေးမှ ညနေ၆နာရီခွဲတွင်ထွက်၍နောက်တစ် နေ့ညနေ ၆နာရီခွဲတွင် မြစ်ကြီးနားသို့ရောက်ရှိမည်ဖြစ်ပြီး အမှတ်(၄၂) အစုန်ရထားသည် မြစ်ကြီးနားမှ နံနက် ၅နာရီတွင်ထွက်၍ နောက်တစ်နေ့နံနက်၄နာရီမိနစ် ၂ဝတွင် မန္တလေး သို့ရောက်ရှိမည်ဖြစ်သည်။ အမှတ်(၅၅) အဆန်ရထားသည် မန္တလေးမှမွန်းတည့် ၁၂နာရီ တွင် ထွက်၍ မြစ်ကြီးနားသို့နောက်တစ်နေ့နံနက်၈နာရီတွင် ရောက်ရှိမည် ဖြစ်ပြီး အမှတ် ( ၅၆) အစုန်ရထားသည် မြစ်ကြီးနားမှ နံနက် ၉ နာရီ ၄၅ မိနစ်တွင် ထွက်၍ မန္တလေးသို့ နောက်တစ်နေ့နံနက် ၅နာရီ ၄၅မိနစ်တွင် ရောက်ရှိမည် ဖြစ်သည်။ အမှတ်(၅၇) အဆန် ရထားသည် မန္တလေးမှ ညနေ ၄ နာရီ ၁၅ မိနစ်တွင်ထွက်၍ မြစ်ကြီးနားသို့ နောက်တစ် နေ့မွန်းတည့် ၁၂ နာရီတွင်ရောက်ရှိမည် ဖြစ်ပြီး အမှတ်(၅၈) အစုန်ရထားသည် မြစ်ကြီး နားမှ မွန်းလွဲ ၁နာရီ ၄၅မိနစ်တွင်ထွက်၍ မန္တလေးသို့ နောက်တစ်နေ့နံနက် ၉ နာရီခွဲတွင် ရောက်ရှိမည် ဖြစ်သည်။ မန္တလေး-မြစ်ကြီးနား- မန္တလေးခရီးစဉ်တွင ်ပြေးဆွဲလျက်ရှိသည့် အမှတ်(၄၁) အဆန်၊ အမှတ်(၄၂) အစုန်၊ အမှတ်(၅၅) အဆန်၊ အမှတ်(၅၆) အစုန်၊အ မှတ်(၅၇)အဆန်၊ အမှတ်(၅၈) အစန်ရထားများသည် မူလရပ်တန့်ပေးသည့် ဘူတာစဉ် အတိုင်း ရပ်တန့်ပေးမည်ဖြစ်သည်။ အမှတ်(၃၇) အဆန်အမြန်လူစီးရထားအတွက်လက် မှတ်များကို မန္တလေး ဘူတာတွင် ၃ ရက် ကြိုတင်၍ လည်းကောင်း၊ လမ်းခရီးဘူတာများ တွင် ၁ ရက်ကြိုတင်၍ လည်းကောင်း၊ အမှတ် (၃၈) အစုန် အမြန်လူစီး ရထားအတွက် လက်မှတ်များကို မြစ်ကြီးနားဘူတာ၌ ၃ ရက်ကြိုတင်၍လည်းကောင်း၊ လမ်းခရီးဘူတာ များတွင် ၁ရက်ကြိုတင်၍ လည်းကောင်း ရောင်းချပေးမည်ဖြစ်ကြောင်း ၂၀၁ဝခုနှစ်မတ် လ ၁၉ရက်နေ့ထုတ် ကြေးမုံသတင်းစာတွင်ဖော်ပြထားပါသည်။