အာရုံဦးမှာ ဖူးသည့်ကြက်ဆူ သမိုင်းကြောင်း ဗျုတ်စဗျင်းတောင်း ဇာတ်ကားကြီး

Mr. MarGaOctober 18, 20101min722

ပန်းပန်း ။ ။ ပရိတ်သတ်များရှင် ..အာရုံဦးမှာ ဖူးသည့်ကြက်ဆူ သမိုင်းကြောင်း ဗျုတ်စဗျင်းတောင်း ဇာတ်ကားကြီး
ဟာမြန်မာပရိတ်သတ်များအထူးစိတ်ဝင်စားကြတဲ့ဇာတ်ကားတကားဖြစ်သွားပါတယ် ။ အဲဒီဇာတ်ကားကို
ပုံဖော်ရိုက်ကူးခဲ့ ဒါရိုက်တာအကယ်ဒမီ ဒီဘဝမှာမရနိုင်တော့တဲ့ ဒါရိုက်တာ တင်သန်းမူး
နဲ ့တွေ ့ဆုံမေးမြန်းခန်းလေးဘဲဖြစ်ပါတယ် ။ ဒါရိုက်တာတင်သန်းမူးဟာ ဒီဇာတ်ကားရိုက်ကူးအပြီးမှာဘဲ
မြန်မာပြည်သူများရဲ့မေတ္တာပို့သမှုကြောင့်နေပြည်တော်ဥမှင်လိုင်ခေါင်းထဲမှာပုန်းအောင်းနေထိုင်ခဲ့ပါတယ်
လှိုင်ခေါင်းထဲတွင်ပုံးအောင်းနေသော ဒါရိုက်တာတင်သန်းမူးနှင့် လျို.ဝှက်တွေ.ဆုံမေးမြန်းခန်းလေးကို
တင်ဆက်ပါရစေရှင်…..

ပန်းပန်း ။ ။ ဒါရိုက်တာတင်သန်းမူးရှင် ဒီဇာတ်ကားလေးကို ဘယ်လိုရိုက်ကူးခဲ့ရတယ်ဆိုတာ ရှင်းပြပေးပါအုံးရှင့်…
တင်သန်းမူး။ ။ ခက်တယ် အရမ်းကိုခက်ပါတယ် မြန်မာပြည်မှာကော ကမ္ဘာမှာကော သမိုင်းကြောင်းအမှန်ကို ရိုက်ပြတဲ့
ဒါရိုက်တာတွေ အများကြီးဘဲဗျကျနော်ဆိုရင်
သမိုင်းအမှန်ကိုအမှားဖြစ်အောင်ရိုက်ပြရတာဘယ်လောက်ခက်တယ်ထင်သလဲ ကျနော်တော်လို ့
ဒီကားပေါက်တာလေ

ပန်းပန်း ။ ။ ပေါက်ပါတယ်ရှင် ဆရာတော်လွန်းလို ့ ပရိတ်သတ်တွေအားလုံးက ဖိနပ်တွေနဲ ့ပေါက်ချင်နေကြပြီ…
တင်သန်းမူး ။ ။ ကျနော်တင်ပေါက်တာမဟုတ်ဘူး ဒီဇာတ်ကားမှာပါတဲ့ မင်းသမီးမင်းသားတွေဆိုရင် လန်ဒန်မှာသူတို ့
ကိုပရိတ်သတ်တွေသောင်းသောင်း ဖြဖြ အားပေးကြိုဆိုနေကြတယ်လေ…

ပန်းပန်း ။ ။ အားပေးတာမဟုတ်ဘူးလေ မကြိုက်လို ့ဆန္ဒပြနေကြတာ…
တင်သန်းမူး ။ ။ သဘောပေါက်ပါတယ် အခုဆိုရင်သူတို ့အနုပညာကိုသဘောကျလို ့ ဥရောပနိုင်ငံတွေက
ဖိတ်ခေါ်နေကြပြီလေ..

ပန်းပန်း ။ ။ ဖိတ်ခေါ်တာမဟုတ်ဘူး ဘီစာပိတ်ဘို ့လုပ်နေတာရှင့်…ဒါနဲ ့ဒီကားကို ရိုက်ဘို
့ သရုပ်ဆောင်တွေကို အတင်းကျပ်စေခိုင်းတယ်ဆိုတာ ဟုတ်ပါသလားရှင်..
တင်သန်းမူး ။ ။ သတင်းမှားတွေပါ သူတို ့မရိုက်ချင်လဲရပါတယ်ဘာမှမဖြစ်ပါဘူး ..ဒါပေမဲ့ကားရိုက်ပိတ်ယုံလေးပါဘဲ….

ပန်းပန်း ။ ။ ဒါနဲ ့ကိုတင်သန်းမူးရှင့် ရှေ ့ဆက်ဘာကားတွေရိုက်ကူးဘို ့အစီစဉ်ရှိပါသလဲရှင့်
တင်သန်းမူး ။ ။ အင်း အာရုံဦးမှာဖူးသည့်ကြက်ဆူ ဆိုတဲ့သမိုင်းကြောင်း ဗျုတ်စဗျုင်းတောင်း ဇာတ်ကားကြီးဟာ
အရန်းအောင်မြင်သွားတဲ့အတွက် ဒီကားရဲ့အဆက်နောက်ထပ်တကားရိုက်ဘို ့စီစဉ်နေပါတယ် ။

ပန်းပန်း ။ ။ ဒုတိယဇာတ်ကားနံမည်က ပေးပြီးသွားပြီလားရှင့်
တင်သန်းမူး ။ ။ ပေးပြီးသွားပါပြီ ၂၀၁ဝ မှာ ရှုပ်မဲ့်သပွတ်အူ ဆိုတဲ့ သမိုင်းကြောင်း ဖြစ်ရပ်လိမ် ရုပ်ရှင်ဇာတ်ကားပါ

ပန်းပန်း ။ ။ ပရိတ်သတ်က သရုပ်ဆောင်တွေကိုဝေဖန်နေကြတော့ သူတို ့ဒုတိယကားမှာ ရိုက်ရဲပမလားရှင့်
တင်သန်းမူး ။ ။ သရုပ်ဆောင်တွေအတွက် အကောင်းဆုံးစီစဉ်နေပါတယ် ။ မြန်မာပြည်မှာ
ရှိတဲ့သရုပ်ဆောင်အားလုံးအိမ်တွေကို စစ်တပ်နဲ ့ဝိုင်းပြီးဖမ်းမယ် ပြီးရင်အင်းစိန်ထောင်ထဲမှာ စတူဒီယို
အကြီးကြီးဆောက်ပြီးတနှစ်လောက်ကမ်.သွင်းပြီးရိုက်မယ်လေ…..

ပန်းပန်း။ ။ နောက်ရိုက်ကူးမဲ့ ၂၀၁ဝ မှာရှုပ်မဲ့သပွတ်အူ သမိုင်းကြောင်းဖြစ်ရပ်လိမ် ဇာတ်ကားရဲ့
ဇာတ်လမ်းအကျဉ်း လေးပြောပြပေးပါလားရှင့်
တင်သန်းမူး ။ ။ ဇာတ်လမ်းအစကတော့( ၈၈ )အရေးခင်းကာလမှာ.. မြန်မာအသံကနေဦနေဝင်းကမိန် ့ခွန်းပြောခန်း
စစ်တပ်ဆိုတာပစ်ရင် မိုးပေါ်ထောင်ပစ်တယ် ပြည်သူကိုဘယ်တော့မှမပစ်ဘူး ဒါကြောင့်ပြည်သူတွေ
အေးအေးချမ်းချမ်း ဆန္ဒပြကြပါ ကျနော်တို ့စစ်တပ်က ပြည်သူတွေကို လုံခြုံရေးယူပေးပါမယ်…
အဲဒီစကားပြောခန်းက စမှာပါ….

ပန်းပန်း ။ ။ မှားနေတယ်လေ ဦးနေဝင်းကစစ်တပ်ဆိုတာ မိုးပေါ်ထောင်မပစ်ဘူး တည့်ပစ်တယ်ပြောပြီး
စပစ်တာ ပြည်သူတွေသေတယ်လေ….လွဲနေတယ် ဇာတ်လမ်းက
တင်သန်းမူး ။ ။ မလွဲဘူး ဇာတ်ညွန်းရေးဆရာကဒီအတိုင်းရေးထားတာ…နောက်ပြီး.. ပြည်သူကစစ်တပ်ကိုအာဏာ
သိမ်းပါလို ့အကြိမ်ကြိမ်တောင်းဆိုလို ့ စစ်တပ်အာဏာသိမ်းလိုက်ရတယ်…

ပန်းပန်း ။ ။ လွဲနေပြန်ပြီ.. သူတို ့ဘာသာလျှာရှည်ပြီး သိမ်းတာ မှားနေတယ်လေ…
တင်သန်းမူး ။ ။ မမှားဘူး ဇာတ်ညွန်းကဒီအတိုင်းရေးထားတာ ပြီးတော့ ( ၉ဝ )မှာရွေးကောက်ပွဲလုပ်ပေးတယ်
NLDနိုင်တယ် ဒါပေမဲ့စစ်တပ်ကလွှဲပေးတာကို တိုင်းပြည်မအုပ်ချုပ်ချင်ပါဘူးဆိုပြီး စစ်တပ်ကို
အကူအညီတောင်းလို ့ ပြန်ပြီးစစ်တပ်က အာဏာပြန်သိမ်းရတယ်လေ…

ပန်းပန်း ။ ။ မှားပြီးရင်းမှားပါလားရှင် …
တင်သန်းမူး ။ ။ ကျနော်ဇာတ်ညွန်းက ဒီအတိုင်းဘဲ လုံးဝမမှားဘူး …ပြီးတော့ဥိးစောမောင်ကတိအတိုင်း စစ်တန်းလျား
ကိုပြန်သွားခဲ့တာပါတယ်…

ပန်းပန်း ။ ။ မပြန်ပါဘူးရှင်..မှာပြန်ပြီ
တင်သန်းမူး။ ။ ပြန်တာပေါ့ သူတယောက်ထဲပြန်သွားတာလေ ကျန်တဲ့စစ်သားတွေအကုန်ထားခဲ့တယ်..

ပန်းပန်း ။ ။ ဒီတချက်တော့မှန်သွားပြန်ပြီ….
တင်သန်းမူး ။ ။ နောက်တခန်းက ရွေဝါရောင်မှာစစ်သားတွေက ဘုန်းကြီးတွေဆန္ဒပြတာမြင်တော့ ကြည်ညိုပြီး
ထိုင်ကန်တော့ကြ ပြီးတော့စေတနာတရားတွေထက်သန်ပြီး ဘုန်းကြီးတွေကို သူတို ့သေနပ်တွေ
လူဒါန်းတဲ့အချိန်မှာ ဘုန်းကြီးတွေက စစ်သားတွေကို သေနပ်နဲ ့ပြန်ပြီးပစ်တာ စစ်သားတွေအများကြီး
ပျံလွန်တော်မူးသွားခဲ့ရတယ်..

ပန်းပန်း ။ ။ တော်တော်လွဲနေသလိုဘဲနော်…
တင်သန်းမူး။ ။ မလွဲပါဘူးဗျာ ..နောက်ရင်နင့်စရာ က အဲဒီရွေဝါရောင်မှာဘဲ
ဂျပန်သတင်းသမားအယောင်ဆောင်ထားတဲ့အမေရိကန်စစ်သားတယောက်ရဲ့ လက်ချက်နဲ
့ မိဘကိုလုပ်ကျွေးနေတဲ့ စစ်သားလိမ္မာလေး အပစ်ခံလိုက်ရ တဲ့အခန်းဆိုရင်..တော်တော်ငိုရမဲ
့အခမ်းပေါ့ဗျာ…

ပန်းပန်း ။ ။ ကျမကတော့တော်တော်ရီချင်လာပြီ
တင်သန်းမူး။ ။ နောက်ဆုံးဇာတ်သိမ်းက ဒေါ်အောင်ဆန်းစုကြည်နှင့်နိုင်ငံရေးသမားတွေကို အကုန်လွတ်ပေးပြီး
ကြွံ ့ဖွံ ့ပါတီကိုလဲ ပြည်သူဆန္ဒအရ ဖျက်သိမ်း ၂၀၁ဝ ရွေးကောက်ပွဲကြီးကို တရားမျှတစွာကျင်းပပေးမဲ့
အခမ်းလေဗျာ…မကောင်းဘူးလား..

ပန်းပန်း။ ။ မှားပါတယ် ကိုတင်သန်းမူးရယ်…..လွဲချက်ကတော့ ကန်းကုန်အောင်ပါဘဲရှင်….
တင်သန်းမူး။ ။ နာမည်ကိုက ၂၀၁ဝ မှာ ရှုပ်မဲ့ သပွတ်အူ သမိုင်းကြောင်းဖြစ်ရပ်လိမ်ဇာတ်ကားလေ

လွဲလွဲလေးဘဲကောင်းပါတယ်ဗျာ….
Re:Forward Mail

2 comments

  • timothy

    October 18, 2010 at 11:52 am

    Thank you shwemanthar for forwarding this mail. It is very mush comedy and good for people in Burma to laugh out of very stressful life. Congratulation to you for putting so many smiles on so many faces. Well done.

  • PaukPhaw

    October 18, 2010 at 2:08 pm

    ထိတယ်ဟေ့

Leave a Reply