လွမ်းမိသေးတယ်…Hippocrates (အပိုင်း-၂)

maungmoenyoOctober 13, 20101min1814


မြန်မာပြည်ကကျန်းမာရေးလောကဘက်တစေ့တစောင်း

မောင်မိုးညိုမြန်မာနိုင်ငံတွင်တွေ့ကြုံခဲ့ရသောကျန်းမာရေးစောင့်ရှောက်မှုကိုဒီနေရာတွင်ဖေါက်သယ်ချလိုပါသညိ။ (၁၉၉၀)နောက်ပိုင်းဝန်းကျင်လောက်ကထင်ပါသည်၊ မြန်မာနိုင်ငံတွင်ပြောင်းလဲလာသော”တံခါးဖွင့်စီးပွားရေး မူဝါဒ”အရဆေးရုံစောင့်ရှောက်မှုလုပ်ငန်းတွင်စီမံချက်ကြီးတခုစတင်အကောင်အထည်ဖေါ်လာပါသည်။ “စရိတ်မျှပေးကျန်းမာရေး” (cost-sharing healthcare system) ဟုဆိုပါသည်။ ယင်းကားမြန်မာနိုင်ငံ၏ ထိုစဉ်ကရှိခဲ့သော”အခမဲ့”ကျန်းမာရေးစောင့်ရှောက်မှုစနစ်မှ”အခဖြင့်”ကျန်းမာရေးစောင့်ရှောက်မှုသို့ပြောင်းလဲ ရေး၏ပထမခြေလှမ်းဖြစ်ခဲ့ပါသည်။ နေ့စဉ်ဆရာဝန်လူနာများကိုစစ်ဆေးစမ်းသပ်ပြီးညွှန်ကြားလာသောဆေးမှတ် တမ်းစာရင်းပေါ်မူတည်၍သူနာပြုများကဆေးရုံတွင်း (အစိုးရဆေးသိုလှောင်ရေးဌာနမှပို့ပေးသော)ဆေးဝါးများ၏ အဘိုးအခအချို့တဝက်ကိုလူနာကကျခံရသည်။ ဥပမာ-penicillin ထိုးဆေးတလုံးကို (၇- ကျပ်)(ထိုစဉ်က) ကျသည်ဆိုပါစို့။ လူနာကဆေးတန်ဘိုး၏ (၁ဝ ရာနှုန်) ဖြစ်သော (ပြား-၇၀)ကိုပေးရသည်။ ဆေးရုံတွင်ကုန်ကျ မည့်ဆိုတာကိုကြိုတင်သိပြီးလူနာရှင်တွေကလဲရှိရှိမရှိရှိ၊ပေါင်နှံကုန်ကျခံကာပေးကြသည်။ ယင်းလောက် သောငွေပမာဏမှာလဲမထောင်းတာလှသည်မို့ဘာမှပြဿနာမကြားမိပါ။ ပြဿနာကားမူလကအလကား ရဘူးသောယင်းဆေးကိုတတ်နိုင်သူ(ဆေးရုံဆေးခန်နှင့်နီးစပ်သောအသိုင်းအဝိုင်းလူနာရှင်တွေ)ကသိပ်မကြိုက် ပါ။ ဘာမဟုတ်သောငွေပေးရသည်ကိုဂုဏ်ငယ်သည်ဟုထင်ကြသည်။ ဆိုရလျင်- ငွေမရှိသူလူဆင်းရဲလူများစုက စရိတ်မျှပေးဆေးကိုဝယ်သုံးကြရသော်လည်းမျက်နှာရှိလူချမ်းသာလူတန်းစားများကအခမဲ့ရနေကြသည်။ ထို့အပြင်ယင်းဆေးများကိုပြင်ပသို့တဖန်ပြန်ရောင်းလိုသောလူတန်းစားတရပ်ပေါ်လာမှန်းမသိပေါ်လာသည်။ ယခင်ကအစိုးရဆေးနှင့်ဆေးပစ္စည်းကော်ပိုရေးရှင်းဆိုင်မှဝယ်ယူပြီးမှောင်ခိုပြန်သွင်းခြင်းထက်၊ဆေးရုံဆိုင်တွင်မှရသောထိုစရိတ်မျှပေးဆေးများကပိုတွက်ချေကိုက်သည်ဟုထင်ကြသည်။ ဆေးအရောင်းအဝယ်လုပ်ငန်း ကားသာမာန်လူတန်းစားတွင်သာမက၊ဆရာဝန်များအတွင်းပင်နေရာကောင်းကောင်းယူခဲ့ပြီး၊တချို့ဆရာဝန်များဆိုလျင်ဆေးမကုတော့ဘဲဆေးကိုယ်စားလှယ်၊ဆေးရောင်းဆိုင်များအကျဖွင့်ကာစီပွားဖြစ်နေကြသည်။ ရန်ကုန်မြို့ဆူလေဘုရားအနီးကုန်သွယ်ရေဒကော်ပိုရေးရှင်း (၁၀)ဆေးဆိုင် (နောင် ဆေးနှင့်ဆေးပစ္စည်း အဖြစ်ဆူလေဘုရားလမ်း “ဂုဏ်”ရုပ်ရှင်ရုံအနီးဆေးဆိုင်တို့ကားဆရာဝန်အပေါင်းတို့၏ဝင်ငွေလမ်းခင်း ရာစားကျက်များဖြစ်ခဲ့သည်။ ဆရာဝန်များကိုဆေးထုတ်ပေးသောနေ့များဆိုလျင်ကား၊ဆေးဆိုင်မန်နေဂျာကအစ ဆိုင်ဒ၇ဝမ်အထိဟောက်သမျှကိုထိုထိုဆရာဝန်အပေါင်းတို့ကမျက်နှာငယ်ငယ်ဖြင့်အောက်အိသည်းခံခဲ့ကြရ သည်။ မြန်မာပြည်တွင်ဘာဆေးမေးမလဲ၊ အကုန်ရှိပါသည်။ ဈေးဘဲစကားပြောသည်။ ဆေးတက္ကသိုလ်မတက် ဘူးသော်လည်းဆေးအကြောင်းကောင်းစွာ (ဆရာဝန်များထက်)နားလည်ကြသောပုဂ္ဂလိကဆေးဆိုင်ပေါင်း ထောင်သောင်းတို့၏လမ်းညွှန်ချက်ကိုဆရာဝန်တို့လိုက်နာအသုံပြုကြရသည်။ ယခုအခါတွင်ကားပုဂ္ဂလိက ကိုယ်ပိုင်အထူးကုနှင့်ဆေးရုံကြီးများရန်ကုန်နှင့်မြို့ကြီးများတွင်မှိုလိုပေါက်လာသည့်အပြင်၊ တတ်နိုင်သူတို့က ပြည်ပသို့ပင်ခြေလှမ်းနေကြပေပြီ။ ဘန်ကောက်၊စင်္ကာပူသာမကအမေရိကအထိခြေလှမ်းနေကြပါပြီ။ တတ်နိုင်သူတွေပေါ်ပေါက်လာသလိုသာမန်ဆရာဝန်နှင့်တကြိမ်မျှတွေ့ဆုံဆေးကုသခံနိုင်ခွင့်အတွက်ဆွေးမျိုး များထံလှည့်လည်ငွေချေးရသောလူတန်းစားဦးေ၇(အထူးသဖြင့်နယ်ဘက်နှင့်ဝေးလံခေါင်ဖျားဒေသတိုင်းရင်း သားများ) ကများသထက်များလာပါသည်။ မြန်မာနိုင်ငံကဲ့သို့ ကျန်းမာရေးအာမခံ (health insurance) မရှိသောနိုင်ငံအတွက်ကား၊ဆေးဝါးကုန်ကျစရိတ်ကားထိတ်လန့်ဘွယ်ဖြစ်နေပါသည်။ တလောက၊ အသက်(၇၀)ဝန်းကျင် မိဘနှစ်ပါးကျန်းမာရေးဓါတ်ခွဲစစ်ဆေးမှုပြုလုပ်ရာ ငွေ(၂)သိန်းကျော်ကုန်ကျ ကြောင်းမိတ်ဆွေတဦးမှပြောလာပါသည်။ မြန်မာနိုင်ငံကဲ့သို့အခမဲ့ကျန်းမာရေးကိုယဉ်ပါးခဲ့သောလူထုအတွက် ခေတ်နှင့်အညီတဟုန်ထိုးတက်လာသောဆေးကုသစရိတ်ကားလူထုအတွက်လိုက်လေဝေးလေဖြစ်လာပါပြီ။ မူလကဆရာဝန်/အထူးကုတို့ကိုအစိုးရဆေးရုံဆေးခန်းတွင်အဆင်သင့်တွေ့နိုင်ကုသခံနိုင်ကြသောမြန်မာလူထုက၊ယခုအခါယင်းဆရာဝန်များကိုသူတို့ကိုယ်ပိုင်ဆေးခန်းကြီး၊ပုဂ္ဂလိကဆေးရုံကြီးများတွင်သွာတွေ့ရသည်။ ကျန်းမာရေးဌာနအကြီးအကဲတဦးကဆိုလျင်သူ့မိခင်မကျန်းမမာဖြစ်သည်နှင့်ပုဂ္ဂလိကဆေးရုံသို့တန်းတင်ပေး လိုက်သည်အထိ၊ အစိုးရဆေးရုံများအပေါ်လူထုကယုံကြည်မှုမဲ့လာသည်။ အစစအရာရာငွေကသာစကားပြောပြီးငွေကသာအဆုံအဖြတ်ပေးနေကြောင်းရန်ကုန်ဆေးလောကနှင့်နီးစပ်သူတို့ကပြောနေပေပြီ။ ပြည်သူ့ဆေးရုံများကားငွေကိုရေလဲသို့သုံးနိုင်ပါမှလူနာလည်းသက်သာရာ၇၊ လူနာရှင်လည်းစိတ်ချမ်းသာရာရကြသည်။ မလိုအပ်ဘဲစမ်းသပ်စစ်ဆေးမှုများအတင်းအကျပ်လုပ်ခိုင်းမှုများ များလာကြောင်းတွေ့ရသည်။

4 comments

  • michaelaungpu

    October 13, 2010 at 4:48 am

    (ဘာမဟုတ်သောငွေပေးရသည်ကိုဂုဏ်ငယ်သည်ဟုထင်ကြသည်။ ဆိုရလျင်- ငွေမရှိသူလူဆင်းရဲလူများစုက စရိတ်မျှပေးဆေးကိုဝယ်သုံးကြရသော်လည်းမျက်နှာရှိလူချမ်းသာလူတန်းစားများကအခမဲ့ရနေကြသည်။ ထို့အပြင်ယင်းဆေးများကိုပြင်ပသို့တဖန်ပြန်ရောင်းလိုသောလူတန်းစားတရပ် ပေါ်လာမှန်းမသိပေါ်လာသည်။ ယခင်ကအစိုးရဆေးနှင့်ဆေးပစ္စည်းကော်ပိုရေးရှင်းဆိုင်မှဝယ်ယူပြီးမှောင်ခိုပြန်သွင်းခြင်းထက်၊ဆေးရုံဆိုင်တွင်မှရသော
    ထိုစရိတ် မျှပေးဆေးများကပိုတွက်ချေကိုက်သည်ဟုထင်ကြသည်)
    (ဆေးတက္ကသိုလ်မတက် ဘူးသော်လည်းဆေးအကြောင်းကောင်းစွာ (ဆရာဝန်များထက်)နားလည်ကြသောပုဂ္ဂလိကဆေးဆိုင်ပေါင်း ထောင်သောင်းတို့၏ လမ်းညွှန်ချက်ကိုဆရာဝန်တို့လိုက်နာအသုံပြုကြရသည်)
    ဒီစာပိုက်ကလေးနှစ်ပိုက်ကို အထူးဆွေးနွေးနိုင်ကြမယ်ဆိုရင်

  • moethidasoe

    October 13, 2010 at 5:05 am

    မလိုအပ်ပဲ စမ်းသပ်တယ်လို့ ပြောနေတာကို နည်းနည်း ဖြေရှင်းချင်လို့ပါ .. တကယ်က လိုအပ်သလောက် စမ်းပြီး လုပ်ခဲ့တဲ့ အချိန်က လုပ်ခဲ့ပါတယ် .. ဒါပေမယ့် မလိုအပ်ပဲ ဖွခဲ့တဲ့ ပြဿနာကြောင့် .. ကိုယ့်ဖက်က လုံအောင် လို့ ဆိုတဲ့ အချက်ကို ကိုးကားပြီး .. အရင်က မခွဲခင် စစ်တာ လေးငါးသောင်းလောက်သာ ကျပေမယ့် အခုတော့ အားလုံး စစ်မယ် .. စစ်ပြီးမှ လုပ်တော့မယ် ဆိုတဲ့ အကြောင်းပြချက်တွေကြောင့် ၂ သိန်း အထက်ကို မခွဲခင် ကုန်ရတာဖြစ်ပါတယ် ..
    မှန်ပါတယ် .. ပြည်သူ့ဆေးရုံထက် ပုဂ္ဂလိကဆေးခန်းတွေကို အားကိုးရခြင်းက ငွေသာ ကုန်တာဖြစ်တယ် .. လူ သိပ် မပင်ပန်းဘူး .. လုပ်သင့်တာ လုပ်ပေးမယ် ပေးနိုင်ဖို့ အရေးကြီးတယ် ဆိုတဲ့ ဆေးခန်းကြီးတွေမှာ ငွေသာ အဓိကပါ .. ပြည်သူ့ဆေးရုံမှာတော့ ငွေလဲ ရှိမှ ဖြစ်မယ် .. ဂိတ်စောင့်ကအစ သေသွားလို့ တွန်းလှည်း တွန်းတဲ့လူအထိ လိုက်ပေးရတဲ့ အပြင် .. ဒါလိုတယ် .. သွားဝယ် .. အောက်က ဆေးဆိုင်မှာနော် (ဒါက ဆေးရုံမှာ လေလံဆွဲပြီး ယူထားတာ) .. ဆရာမက .. ဆေးရုံအပြင်က ဘယ်ဆေးဆိုင်မှာဝယ် .. (ဒါက ကော်မရှင်ရမယ့် ဆေးခန်းကိုညွှန်းတာ) .. ဆရာဝန်ကတော့ ဘယ်ဆေးဆိုင်က ဝယ်လာဝယ်လာ ကော်မရှင်ရတယ် .. ဒါတွေကို လိုက်လုပ်ဖို့ လူပိုတစ်ယောက် လိုတယ် .. လည်လည်ဝယ်ဝယ် ရှိဖို့ လိုတယ် .. ဒါကြောင့် ပြည်သူ့ဆေးရုံကို သွားဖို့ ဝန်လေးနေကြတာ ..

  • kai

    October 13, 2010 at 5:36 am

    ကျုပ်အထင်ပြောရရင်တော့ ယူအက်စ်မှာလည်း ဆေးဆရာတွေ(pharmacist)က ဆရာဝန်ထက်ဆေးအကြောင်းပိုသိပါတယ်။ သူက ဒါနဲ့ ပရောဖက်ရှင်နယ်မဟုတ်လား..။
    မြန်မာပြည်ကတော့ ကွမ်းယာသည်(ဗမာဆေး)ထည့်ယာတတ်တဲ့သူ(ဆေးဆရာ)က ဆရာဝန်ထက်ပိုသိတယ်ထင်သွားတာက ပြသနာလို့ ထင်မိတာပါပဲ..။ အဲဒီကနေ လူနာဆီပါ ဓါတ်ကူးသွားပြီး .. “ဆရာ.. နှာစီးလို့ ဘာမီတွန်အွန်ပေးပါ” ဆိုတာမျိုး ဆရာဝန်တွေကိုပြောဖြစ်လာတာကလည်း ပြသနာလို့ ထင်မိပါတယ်..။

    စာရေးသူရေးတဲ့…
    (ဆေးတက္ကသိုလ်မတက် ဘူးသော်လည်းဆေးအကြောင်းကောင်းစွာ (ဆရာဝန်များထက်)နားလည်ကြသောပုဂ္ဂလိကဆေးဆိုင်ပေါင်း ထောင်သောင်းတို့၏ လမ်းညွှန်ချက်ကိုဆရာဝန်တို့လိုက်နာအသုံပြုကြရသည်)
    ဆိုတာရဲ့ ဆိုလိုချင်တဲ့အဓိပါယ်က တခြားလို့တော့ ထင်တာပါပဲ..

  • maungmoenyo

    October 13, 2010 at 9:40 pm

    GP လို့ခေါ်တဲ့ ကိုယ်ပိုင်ဆေးခန်းဖွင့်ဖူးသူတွေအနေနဲ့ ကိုယ့်ဆေးခန်းအတွက်လိုအပ်တဲ့ဆေးတွေပြင်ပဆေးဆိုင်တွေမှာ သွားဝယ်ချိန်မှာဆေးရောင်းသူကညွှန်းတဲ့ဆေးကိုဝယ်သုံးကြရတဲ့အတွေ့အကြုံ နဲ့ ဆေးခန်းမှာဆရာဝန်နဲ့မပြဘဲ၊ဆေးလာ ဝယ်တဲ့ဆင်းရဲသားလက်လုပ်လက်စားအများစုပရိသတ်ကိုဆေးခန်းဝန်ထမ်းများကဆေးရောင်းကြတဲ့အဖြစ်အပျက်တွေကိုကြည့်ရင်သိနိုင်ပါလိမ့်မယ်။ ရမ်းကုနဲ့ပြိုင်ပြီးဆေးကုရတဲ့ခေတ်မြန်မာပြည်မှာမကုန်သေးသလိုဆေးဈေးနှုန်းနဲ့ဆေးအာနိသင်ထိရောက်မှုကိုချင့်ချိန်ပြီးကုနေကြရတဲ့ဆရာဝန်တို့ရဲ့ခေတ်တန်မကုန်သေးကြောင်းပါခင်ဗျား။

Leave a Reply