Customize Consent Preferences

We use cookies to help you navigate efficiently and perform certain functions. You will find detailed information about all cookies under each consent category below.

The cookies that are categorized as "Necessary" are stored on your browser as they are essential for enabling the basic functionalities of the site. ... 

Always Active

Necessary cookies are required to enable the basic features of this site, such as providing secure log-in or adjusting your consent preferences. These cookies do not store any personally identifiable data.

No cookies to display.

Functional cookies help perform certain functionalities like sharing the content of the website on social media platforms, collecting feedback, and other third-party features.

No cookies to display.

Analytical cookies are used to understand how visitors interact with the website. These cookies help provide information on metrics such as the number of visitors, bounce rate, traffic source, etc.

No cookies to display.

Performance cookies are used to understand and analyze the key performance indexes of the website which helps in delivering a better user experience for the visitors.

No cookies to display.

Advertisement cookies are used to provide visitors with customized advertisements based on the pages you visited previously and to analyze the effectiveness of the ad campaigns.

No cookies to display.

နေပြည်တော်တွင် မိုးလုံလေလုံ အားကစားရုံ ငါးရုံ ဆောက်မည် ၂ရ ကြိမ်မြောက် အရှ့တောင် အာရှ အားကစား ပြိုင်ပွဲအတွက် အားကစား ရွာကိုလည်း သီးသန့် တည်ဆောက်မည်

parparaziApril 1, 20101min2895

မြန်မာနိုင်ငံက ၂၀၁၃ ခုနှစ်တွင် အိမ်ရှင်နိုင်ငံအဖြစ် ကျင်းပမည့် ၂ရ ကြိမ်မြောက်အရှေ့ တောင်အာရှ အားကစားပြိုင်ပွဲအတွက် နေပြည်တော်တွင် မိုးလုံလေလုံအားကစားရုံ ငါးရုံနှင့် အားကစားရွာကိုလည်း သီးသန့်တည်ဆောက်ရန် စီစဉ်ထားကြောင်း သိရသည်။ သို့ဖြစ်၍ယ ခုအခါ နိုင်ငံတကာအဆင့်မီ ပရိသတ် ၃၀၀၀ဝ ဆံ့ ဇေယျာသီရိအားကစားကွင်းနှင့် ဇမ္ဗူသီရိ အားကစားကွင်းတို့ကို Max Myanmar ကုမ္ပဏီက တစ်နှစ်ခွဲအတွင်း အပြီး တည်ဆောက် လျက်ရှိသည်။ “၂ရ ကြိမ်မြောက် ဆီးဂိမ်းကို နေပြည်တော်မှာ ၂၀၁၃ ဒီဇင်ဘာလုပ်ဖို့လျာ ထားတယ်။ ပြိုင်ပွဲလုပ်တဲ့အခါ ပြိုင်ပွဲဝင် အားကစားသမားတွေ သီးသန့်နေဖို့ အားကစားရွာ တည်ဆောက်ဖို့ စီစဉ်ထားတယ်။

ဟိုတယ်တွေလည်းထပ်ပြီး ဆောက်ဖို့ရှိတယ်” ဟု မြန်မာ နိုင်ငံ အိုလံပစ်ကော်မတီတွဲဖက်အထွေထွေအတွင်းရေးမှူးဦးခင်မောင်လွင်က ၁၇-၃-၂၀၁ဝ ရက်တွင် ပြောကြားသည်။ ပြိုင်ပွဲတွင် အားကစားနည်း ၂၈ မျိုးကို လက်ခံကျင်းပသွားမည် ဖြစ်ပြီး ပြိုင်ပွဲပေါင်း ၃၇ဝ ခန့် ရှိမည်ဖြစ်ကြောင်း၊ ပြိုင်ပွဲအတွက် လာရောက်မည့်အားကစား သမား ၃၅၀ဝ ခန့်ရှိမည်ဖြစ်ပြီး ပြိုင်ပွဲကြီးကြပ်မည့် သူများသတင်းမီဒီယာများနှင့်နိုင်ငံတော် အဆင့်လူကြီးများပါဝင်ပါက လူဦးရေ ၁၀၀၀ဝ ခန့်လာရောက်ကြမည် ဖြစ်သည်။ပြိုင်ပွဲများ ကျင်းပရန်အတွက် ပရိသတ် ၃၀၀ဝ စီဆံ့ မိုးလုံလေလုံ အားကစားရုံ ငါးရုံကို ထပ်မံ တည် ဆောက်သွားရန် ရှိပြီး လှေလှော်ပြိုင်ပွဲနှင့် ရွက်လှေပြိုင်ပွဲကို ငလိုက်ဆည်၌ ကျင်းပရန် စီ စဉ်ထား၍ နေပြည်တော် ဒက္ခိဏသီရိမြို့နယ် ရာဇသင်္ဂဟလမ်းမကြီး အရှေ့ဘက်ခြမ်းရှိ ဟိုတယ်ဇုန်တွင် ရွှေနန်းတော်၊ သင်္ဂဟ၊ မြတ်တော်ဝင်၊ ရွှေဧည့်သည်၊ရတနာသင်္ခ၊ ရွှေမြန် မာ၊ ရွိုင်ရယ်ကုမုဒြာ၊ အမရာဟိုတယ်များတည်ဆောက်ဖွင့်လှစ်ထားရှိပြီးတော်ဝင်နေပြည် တော်နှင့် နန်းဝတီဟိုတယ်တို့ကို မကြာမီ ထပ်မံ ဖွင့်လှစ်သွားရန် ရှိသည်။ ထို့ပြင် ရာဇသ င်္ဂဟလမ်း အနောက်ဘက်ခြမ်းတွင် Capital Hyper Market (Nay Pyi Taw) အပါပဝင် ငါးထပ်၊ ခြောက်ထပ်အဆင့်မြင့် ဟိုတယ်ခြောက်လုံးထပ်မံတည်ဆောက်လျက်ရှိကြောင်း၊ နေပြည်တော ်မြောက်ဘက်ခြမ်း ဥတ္တရသီရိမြို့နယ်တွင် ဒုတိယ ဟိုတယ်ဇုန်ကို ၁ဝ ဧက အကျယ်ရှိမြေကွက် ၁၉ ကွက် ချထားပေးပြီး ၂၀၁၃ ခုနှစ်မတိုင်မီ အပြီးတည်ဆောက်ရ မည်ဖြစ်ကြောင်း သိရသည်။ ၂ရ ကြိမ်မြောက် အရှေ့တောင်အာရှ အားကစား ပြိုင်ပွဲကို မြန်မာနိုင်ငံတွင် လက်ခံကျင်းပမည် ဖြစ်ကြောင်းကို အင်ဒိုနီးရှားနိုင်ငံတွင် ဧပြီလကျင်းပ မည့် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲ ကောင်စီအစည်းအဝေးတွင်တင်ပြအတည်ပြု ချက် ရယူမည်ဖြစ်ကြောင်း ၂၀၁ဝ ခုနှစ် မတ်လ ၂၅ ရက်နေ့ထုတ် ပြည်မြန်မာဂျာနယ် တွင် ဖော်ပြထားပါသည်

5 comments

  • kai

    April 1, 2010 at 10:57 pm

    Beijing National Stadium (simplified Chinese: 北京国家体育场; traditional Chinese: 北京國家體育場; pinyin: Běijīng Guójiā Tǐyùchǎng), also known as the National Stadium (国家体育场),[4] or colloquially as the Bird’s Nest (鸟巢), is a stadium in Beijing, China. The stadium was designed for use throughout the 2008 Summer Olympics and Paralympics.

    Located in the Olympic Green, the $423 million stadium is the world’s largest steel structure.[5] The design was awarded to a submission from the Swiss architecture firm Herzog & de Meuron in April 2003, after a bidding process that included 13 final submissions.

    ဘာရယ်မဟုတ်ပါဘူး။ တော်ကြာနေပြည်တော်မှာ တရုတ်က ငှက်သိုက်လိုဆောက်နေတယ်ထင်မှာစိုးလို့ပါ။ ပုံက တရုတ်က The Nest ဖြစ်ပါတယ်လို့။

  • Ayuu

    April 2, 2010 at 2:01 am

    တရုတ် အိုလံပစ် အဆောက်အဦး အတိုင်း တည်ဆောက်မယ်လို့ ကြားရပါတယ်။

  • susunosuki

    April 17, 2010 at 9:28 am

    ကွင်းကတော့ဟုတ်ပါပြီ
    လူရောလာကြမှာလား
    ကျွန်တော်တော့ မသွားဘူးနော်
    လူထူထပ်သေနေရာများကိုရှောင်တယ်
    ခေတ်မှီကွင်းကြီးတွေ ရှိလာတာဟာ ကျွန်တော်တို့နိုင်ငံအတွက်ဂုဏ်ယူစရာပါ

  • smsm

    June 11, 2010 at 7:22 am

    မြန်မာ့အားကစားကတော့ ဘယ်တော့မှ မတိုးတက်ပါဘူး…..

  • khunmyat

    September 22, 2010 at 3:11 pm

    အားပေးလိုက်ကြတာ လွန်ရော …… အများကြီးတော့ တိုးတက်လာစေချင်ပါတယ်

Leave a Reply