၂၀၁ဝ ခုနှစ်သည် ကမ္ဘာ့သမိုင်းတစ်လျှောက် အပူးဆုံးနှစ်ဖြစ်
၂၀၁ဝ ခုနှစ်သည် ကမ္ဘာ့သမိုင်းတစ်လျှောက် အပူးဆုံးနှစ်ဖြစ်
မှတ်တမ်းမှတ်ရာများအရ ၂၀၁ဝ ခုနှစ်သည် ကမ္ဘာ့သမိုင်းတစ်လျှောက်တွင် အပူချိန်အမြင့်မား ဆုံးနှစ်ဖြစ်ကြောင်းသိရပါသည်။ အပူချိန်မြင့်မားလာမှုကြောင့် အာတိတ်ပင်လယ်ပြင်ရှိ ရေခဲထု များသည် အရည်ပျော်နှုန်းမြင့်မားလာပြီး ကမ္ဘာ့သမိုင်းတစ်လျှောက် တတိယမြောက်ရေခဲထု အနည်းဆုံး နှစ်ဖြစ်လာကြောင်းသိရှိရပါသည်။ ဘေးထွက်ဆိုးကျိုးများအနေဖြင့် ပင်လယ်ရေ မျက်နှာပြင်မြင့်တက်ခြင်း၊ အာတိတ်ပင်လယ်ပြင်ရှိ ပင်လယ်ဖျံများအနေဖြင့် နေထိုင်ရာ ရေခဲပြင် နည်းပါးလာမှုကြောင့် မျိုးသုဉ်းမည့် အရိပ်လက္ခဏာများ ကြုံတွေ့ဖွယ်ရှိကြောင်း သိရှိရပါသည်။ ၂၀၁ဝ ခုနှစ် အစောပိုင်းရှစ်လတာကာလအတွင်း ကမ္ဘာ့အပူချိန်မှာ ၅၈.၅ ဒီဂရီ ဖာရင်ဟိုက်ထိတိုင် ရှိခဲ့ရာ ထိုအပူချိန်မှာ ၁၉၉၈ ခုနှစ်ကဖြစ်ပေါ်ခဲ့သည့် ကမ္ဘာ့စံချိန်တင် အပူ ချိန်ဖြစ်ပါသည်။
2 comments
Gong Zhu
October 15, 2010 at 7:18 pm
ဟုတ်ပ ပူလိုက်တာမှ သောက်သောက်လဲ … စိတ်ဆင်းတွေလည်း ရဲပါတယ် ..
kai
October 15, 2010 at 11:36 pm
Los Angeles တော့ အအေးဆုံးနွေရာသီပဲ..။ အဲကွန်းတောင် သိပ်မဖွင့်လိုက်ရဘူး