ဦးထွန်းလွင်ဝက်ဆိုက်က မုန်တိုင်းသတိပေးချက်ထုတ်ပြန် (22-10-10) 8:15 am

etoneOctober 22, 20101min2476

04B GIRI အမည်တပ် အားကောင်းတဲ့ ဆိုင်ကလုန်းမုန်တိုင်းကြီး ရခိုင်ပြည်နယ်အလယ်ပိုင်းကို စတင်ဖြတ်ကျော်နေပြီဖြစ်။ ဒီကနေ့မနက်ကဖြစ်နေခဲ့တဲ့ ဘင်္ဂလားပင်လယ်အော်မုန်တိုင်းငယ်ဟာ ပိုမိုအားကောင်းလာပြီး ဒီနေ့ည(၉)နာရီခွဲအချိန်မှာ မုန်တိုင်းမျက်စိပေါ်တဲ့အဆင့်ရှိတဲ့ အားကောင်းသော ဆိုင်ကလုန်းမုန်တိုင်းကြီး ဖြစ်နေပါတယ်။ လေတိုက်နှုန်းတစ်နာရီ (၇၅)မိုင် အထိရှိနိုင်ပါတယ်။ အန္တရာယ်ကြီးတဲ့ အဆင့်ရောက်နေပါပြီ။ လေသာမက အထူးသဖြင့် ရေတက်ပါတော့မယ်။ အခုမုန်တိုင်းကို မနက်ဖန် (၂၂-၁၀-၂၀၁၀)ရက်နေ့ နေ့ခင်းပိုင်းကစပြီး သတိထားရပါ့မယ်။ ညနေ(၃)နာရီလောက်စပြီး ဆိုးလာနိုင်ပါတယ်။ ဖြတ်မယ်လို့ခန့်မှန်းးတဲ့နေရာက ကောျက်ဖြူမြို့အနီးက ဖြစ်ပါ့မယ်။(အမြဲ Update လုပ်ပါ့မယ်။) ရေက မုန်တိုင်းဖြတ်မယ့်နေရာ(ဆိုပါစို့ လောလောဆယ် ကျောက်ဖြူပေါ့ဗျာ)ရဲ့ အောက်ဖက် (မုန်တို်င်းလမ်းကြောင်းကို မျက်နှာမူရင် ညာဖက်ခြမ်း)မှာ ရေတွေတက်ပါ့မယ်။ မုန်တို်င်းဖြတ်တဲံ နေရာရဲ့အောက် မိုင်(၂၀-၃၀)အတွင်း အဆိုးဆုံးဖြစ်ပါ့မယ်။ လက်ရှိလေတိုက်နှုန်း တစ်နာရီ(၇၅)မိုင် နဲဆိုရင် (၅)ပေမှ (၆)ပေ လောက်အများဆုံးပါဘဲ။ ရေက လေတိုက်နှုန်း မိုင်(၁၀၀)ကျော်မှ အလွန်ဆိုးတာ ဖြစ်ပါတယ်။ နောက်ပြီး ရခိုင်ကကမ်းရိုးတန်း ရေနက်တော့ မြစ်ဝကျွန်းပေါ် လောက်ရေအတက် မကြမ်းပါဘူး။ သတိရှိပါ။ ကြိုတင်ပြင်ဆင်ပါ။ ကမ်းပေါ်တွင်နေထိုင်ပါ။ ခိုင်ခံသောအဆောက်အဦတွင်ခိုလှုံပါ။ ၂၂-၁၀-၂၀၁ဝ နံနပ်ပိုင်းကစပြီး မုန်တိုင်စက်ကွက်းထဲရောက်ပါလိမ့်မယ်။ လေစတိုက်မယ်။ အပြင်းဆုံးလေက ဗစိုချက်နားရှိတာမို့ ဒီလေကိုတော့ နေ့ခင်းပိုင်းလောက်မှ ကြုံနိုင်ပါလိမ့်မယ်။ လှိုင်းကြီးနို်င်တာကြောင့် ရေထဲကိုတော့ ရှောင်စေချင်ပါတယ်။ မုန်တို်င်းဒီရေတက်တာ နည်းနိုင်ပါတယ်။ တစ်နာရီ(၇၅)မိုင်နှုန်းတိုက်တဲ့လေဟာ ရေပြင်၊မြေပြင်တွေအပေါ်မှာ ဘယ်လောက်အထိ ပျက်စီးစေနိုင်တယ် ဆိုတာကို မှန်းဆနို်င်ဖို့ Web Page တစ်ခုတင်ထားပေါးပါတယ်။ တစ်နာရီလေတိုက်နှုန်း(၇၅)မိုင်ဆိုတာ လှိုင်းကြီးနိုင်တယ်၊ အဆောက်အဦတွေပျက်စီးနိုင်တယ်၊ သစ်ပင်တွေဓါတ်တိုင်တွေ ပြိုလဲနိုင်ပါတယ်။ အကောင်းဆုံး အကြံဉာဏ်အနေနဲ့ (၁) ပင်လယ်ထဲကိုရှောင်ပါ။ (၂) မုန်တိုုင်းဒီရေဆိုးဆိုးဝါးဝါးမရှိနိုင်လို့ ကမ်းပေါ်မှာနေရင် လုံခြုံနိုင်ပါတယ်။ (၃) ခိုင်ခံ့တဲ့ အဆောက်အဦ တွေမှာ ခိုလှုံနေထိုင်ပါ။ ၂၂-၁၀-၂၀၁ဝ မနက်ကတည်းက မုန်တို်င်းရဲ့ စက်ကွင်းဖြတ်နေပြီမို့ လေတွေမိုးတွေစပါလိမ့်မယ်။ ဒါပေမယ့် ဗဟိုချက်က ပင်လယ်ထဲမှာဘဲရှိပါလိမ့်မယ်။ တစ်နာရီ (၇၅-၈၀)မိုင်လေတိုက်နှုန်းကလည်း အဲဒီဗဟိုချက်ဖြတ်မှာတိုက်မှာပါ။ နေ့လည်လောက်ဆိုရင် စမယ်လို့မှန်းပါတယ်။ ညနေ(၆)နာရီခွဲလောက် ဆိုရင် ကုန်းထဲရောက်သွားပါပြီ။ အဲ.. ကုန်းထဲရောက်ပြီးနောက်ထပ်တစ်ရက်လောက် (၂၃-၁၀-၂၀၁၀)ညနေအထိ ရှိနေဦးမှာမို့ ကုန်းတွင်းပိုင်းဒေသတွေ (မကွေးတိုင်း၊ စစ်ကို်င်းတိုင်း၊ မန္တလေးတိုင်း)မှာ မိုးတော့ရွာဦးမယ်လို့ ခန့်မှန်းကြောင်းပါဗျာ။ MCCW Updated on 22-10-2010 at 06:00 MST)

copy :http://www.tunlwin.com/latestdetail.php?myanmar=43

6 comments

  • juezinko

    October 22, 2010 at 9:15 am

    နောက်ဆုံးသတင်းထပ်သိချင်ပါတယ်…ဘယ်websiteကupdateသတင်းတွေကိုဖတ်လို့ရပါသလဲ…သိတဲ့လူပြောကြပါ

    • etone

      October 22, 2010 at 9:51 am

      နောက်ဆုံးသတင်းက 1နာရီ 45မှာတင်ထားတာအထိတွေ့ပါတယ် ။ ဝင်ကြည့်တဲ့အခါမှာ ခေါင်းစဉ်ပဲပြောင်းပြီ ကျန်စာသားများက မနက်ကတည်းက အတိုင်းမို့တင်မပေးသေးတာပါ ။ ထူးခြားရင် ဒူးယား (စီးကရက်) ပေးပါမယ် ..အဲ… သတင်းတင်ပေးပါမယ် ။

  • khinmintatthu

    October 22, 2010 at 9:56 am

    မပြင်းထန်ဖို့ပဲ ဆုတောင်းရတော့မှာပေါ့… ဒေသခံပြည်သူတွေအတွက်တော့ စိတ်မကောင်းပါဘူး…

  • PaukPhaw

    October 22, 2010 at 10:06 am

    မုန်တိုင်းနောက်ဆက်တွဲအနေနဲ ့.
    ကိုညီလင်းဆက် ဘလော့ဂ် မှာတွေ ့မိတဲ့ သတင်းလေး ဖတ်ကြည့်ပါ။

    ဆိုက်ကလုံး ဖြတ်သန်းနေတာကြောင့် ဓာတ်အားလိုင်းတွေ ကျိုးပျက်ပြီး လျှပ်စစ်အန္တရာယ် မဖြစ်ရအောင် မနက်ဖြန်မနက် သုံးနာရီလောက်မှာ တစ်နိုင်ငံလုံး မဟာဓာတ်အားလိုင်းကြီးကို ဖြတ်တောက်ထားမယ်လို့ သိရပါတယ်။ မီးတွေပြတ်မသွားခင် ရေတင်စရာရှိတာ ကြိုတင်၊ လုပ်စရာရှိတာ ကြိုလုပ် နိုင်အောင်လို့ပါ။ အင်တာနက်လိုင်းတွေလည်း ပြတ်သွားမယ်လို့ ထင်ပါတယ်။

  • april

    October 22, 2010 at 2:43 pm

    မုန်တိုင်းနဲ့ပတ်သက်ပြီး ထူးခြားဖြစ်စဉ်တွေ တင်ပေးပါ…အားလုံးအတွက် စိတ်ပူလို့ပါ…

Leave a Reply