သရဲဆိုတာ ဂျိုနဲ ့လား
သုံးဆယ့်တစ်ဘုံ ကျင်လည်ကြကုန်သော လူ နတ် ဗြဟ္မာ သတ္တဝါများ ကျမ်းမာကြပါစေ ချမ်းသာကြပါစေ ကိုယ်၏ဆင်းရဲခြင်း စိတ်၏ ဆင်းရဲခြင်းမှ ကင်းဝေးကြပါစေ ဟု တစ်စုံတစ်ယောက်မှ ပြောဆို ့မည်တမ်းလိုက်ပါလျှင် ဘာကိုဆိုလိုသည်ဟု သိရှိနိုင်ကြမည်လျှင်သာတည်း။
သိသလိုလို နှင့် မသိသော အကြောင်းအရာမှာ သုံးဆယ့်တစ်ဘုံ လူ နတ် ဗြဟ္မာ သတ္တဝါ ဟူသော အခေါ်အဝေါ်သာဖြစ်ပါတော့၏။ သူများ ပြော၍သာ လိုက်ပြောရသည် စာရွက်တစ်ရွက်ပေး၍ ရေးချပြပါဆိုလျှင် အိုင်ဘဲရီး စောရီးရပါလိမ့်မည်။ သိသလိုလို ရှိသောအကြောင်းမှာ ကျွန်ုပ်တို ့(သာမန် )မျက်လုံးများဖြင့်ကြည့်၍ မမြင်နိုင်သော သရဲ တစ္ဆေ ပြိတ္တာ အမျိုးမျိုးအဖုံဖုံ စုံလင်စွာသော အမည်နာမတို ့ ရှိကြပါကုန်သော နာနာဘာဝ ပရလောကသား အုပ်စုဝင် အချို ့တို ့၏ အကြောင်းကို ပြောဆိုလိုခြင်းသာ ဖြစ်ပါတော့၏။
သရဲဆိုတာ ဂျိုနှင့်လားဟု မေးပါမူ သဆိမ်းအိုင်ဒုန်းနိုး ပင် ဖြစ်ပါ၏။ အဘယ့်ကြောင့်ဆိုသော် ကျွန်ုပ်ကြုံဘူးပါသော သရဲ တစ္ဆေ ပြိတ္တာ နာနာဘာဝတို ့ သည် ဦးချိုမရှိကြကုန်လျှင်သာတည့်။ အထူးဆိုလိုခြင်သည်မှာ ပုံသဏ္ဍာန်ကို အတိကျ မဖော်ပြနိူင်၍သာဖြစ်၏။ ပန်းချီကား ရုပ်ထု တို ့မှသည် ဗွီဒီယို ရုပ်ရှင်တို ့ထိ အစုံလင်တင်ဆက်ကြကုန်သော သရဲ ဇာတ်ကောင်တို ့၏ ပုံသဏ္ဍာန်တို ့သည် အကြံဖန် (ခရီးယေ့တဗ်) ဖန်တီးထားသော ပုံစံများသာ ဖြစ်ပါသည်ဟု ပြောပါလျှင် အစစ်ကို မပြနိုင်သော ကျွန်ုပ်တွက် ပြဿနာတက်ခြေ ရှိပြန်၏။
ထုံးစံအတိုင်းပင် ကျွန်ုပ် ခပ်ရွယ်ရွယ်ကပင် ဟု ဆို၍ ဇာတ်လမ်းကို စ ပါမည်။ ကျွန်ုပ်၏ ဘကြီး(အဖေ၏အကြီးဆုံးအစ်ကို) သည် စုန်း၊ဖုတ်၊တစ္ဆေ၊အောက်လမ်း စသည်တို ့၏ ပြုစားခြင်းရောဂါ ခံစားနေရသူများကို ဝေဒနာ ပျောက်ကင်းရန်အလို ့ငှာ ကုသ၍ပေးပါသော သူတစ်ယောက်ဖြစ်၏။ (သူ ့အား ဗိန္ဓောဆရာ အထက်လမ်း အောက်လမ်း ဆရာ မည်သည့်ဆရာဖြစ်ဖြစ် ခေါ်လျှင်မကြိုက်ပါ) သူသည် ထိုရောဂါများကို ငယ်စဉ်ပညာသင်ခဲ့ချိန်တွင် ကတိ ပြုခဲ့ဖူး၍သာ ကုသနေဟန်တူပါ၏။ ကျွန်ုပ်ဘကြီး၏ ကျွန်ုပ်နှင့် လားလားမျှမတူ ကွဲပြားခြားနားလှသည်မှာ ဘကြီးသည် အရက်သေစာ သောက်စားခြင်းနှင့် အပျော်အပါးများကို လိုက်စားခြင်းမှ ကင်းရှင်းသော လူပျိုကြီးတစ်ယောက် ဖြစ်ရကာ ဘကြီးကိုတည်၍ ဘကြီး၏ အပြုအမူများနှင့် ဆန် ့ ကျင်လျှင် အဖြေမှာ ကျွန်ုပ်၏ အပြုမူကိုရမည်ဖြစ်ပါ၏။ သူပိုင်လယ် ယာ များဖြင့်ပင် ငြိမ်းချမ်းစွာ အသက်မွေးဝမ်းကျောင်းသူဖြစ်၏။ ရောဂါကုသည် ဟုသာ ဆိုသော်လည်း ထိုအကြောင်းသည် သူ၏ စားဝတ်နေရေး အကြောင်းမဟုတ်ရကာ ရံခါ ခရီးစရိတ်များပင် စိုက်၍ သွားကု တတ်၏။ ကျွန်ုပ်ဘကြီး ကျွမ်းကျင်စွာ တတ်မြောက် သောပညာသည် ပြုစားခြင်း ခံရသူများကို ပြိုင်ဖက်ကင်း ပျောက်ကင်းအောင်(ကံကံ၏အကျိုးမပါ ) ကုသနိုင်သော( ဖြည်ခြင်း ) အတတ်ပညာဖြစ်၏။
သတ္တဝါတိုင်းမှာ ကံအကျိုးပေးဆိုတာရှိတယ် ကံ ကံရဲ ့အကျိုးကို သိခြင်ရင် ဗုဒ္ဓဘုရားရှင်ရဲ ့ တရားတော်တွေ ကို နားလည်အောင်လေ့လာကြ သေနေ ့မစေ့သေးလို ့ ကတော့ မာန်နတ်ပြုစားထားလည်း ငါကုလို ့ ရစေရမယ် ကိုယ့်အလှည့်ကြလာလို ့ကတော့ ငါကိုယ်တိုင်လည်း အပြုစားခံရပြီးသေရမှာဘဲ ကိုယ်ကုနေတဲ့အချိန်မှာ ပြုစားသူကို ရန်သူလို သဘောမထားကြနဲ ့ ဤသည်က ဘကြီးထံတွင် တပည့်လာ၍ခံကြပါသော ဆရာများကို ပြောနေကြ စကားဖြစ်၏။ ဒို ့ပညာက မျိုးရိုးလိုက်ပေးဘို ့ကတိခံထားရတယ် မင်းတို ့ကိုပေးလို ့ မဖြစ်ဘူး။ ထိုသို ့ဆိုပါလျှင် ထိုဆရာများသည်လည်းနာလည်ကြပါကုန်၍ ဘကြီးအား တပည့်ခံပါ၏ အမှားယွင်းရှိမူ ဆိုဆုံးမခံပါမည်ဟု ရှိခိုးကန်တော့၍သာ သွားကြကုန်မြဲဖြစ်လေ၏။
ကျွန်ုပ်တို ့၏ ဘိုးဘေး များသည် ဂမ္ဘီယ အတတ်ဟုဆိုမည်လော ထိုထို အတတ်ပညာများကို မျိုးရိုးအလိုက် လက်ဆင့်ကမ်းလာကြသည်မှာ ကျွန်ုပ်ဘကြီးသည် နောက်ဆုံးမျိုးဆက်သစ်ဖြစ်တန်ရာ၏။ ကျွန်ုပ်၏ ဘကြီးသည် ကျွန်ုပ်အား အလွန်ချစ်လေ၏ တစ်ခါသော် ထိုပညာများကို ကျွန်ုပ်အား သင်ကြားပေးပါရန် တောင်းပန်လေရာ ပရိတ်ကြီး ၁၁ သုတ်ကို ကျက်မှတ်စေခြင်းဖြင့် ကျွန်ုပ်အား စာမေးပွဲစစ်လေ၏ မင်္ဂလသုတ် နှင့် မေတ္တာ သုတ်ကိုသာ အောင်မြင်၍ အခြားတို ့ကိုမူ မအောင်မြင်ခဲ့ချေ။ မေတ္တာတရားဟူသည် အကြင်သူပေါ်၌ စေတနာ သက်ဝင်၍ တဏှာ အဖြစ် ပြောင်းသွားပါမူ ဥပါဒါန် ဖြစ်တတ်ပါ၍ ဥပေက္ခာပြုတတ်ရန်လည်း လိုပါသည်ဟု စကားပြေရေးပြခဲ့ရာ မေတ္တာနှင့် စေတနာ ဥပေက္ခာ တို ့၏ အကျိုးအကြောင်းများကို များစွာကုန်သော ကျမ်းဂန် တို ့ဖြင့် ဥပမာပေး ရှင်းပြပြီိးလျှင် ပညာသင်ပေးပါမည်ကြောင်း ဒုတိယ တစ်ဖြစ်လည်း နောက်ဆုံးစာမေးပွဲကို ဖြေဆိုရမည်ဟု ပြောကြားလှာတော့၏။
` တစ်နေ ့သော နေမွန်းတိမ်းချိန်တွင် ဖြစ်၏ ဘကြီးသည် ကျွန်ုပ်အား ဓားအိမ်နှင့်တစ်ကွသော တောခုတ်ဓားတစ်လက်ကိုပေးကာ ဆေးပင်ရှာရန်ဟု အဖော်ပြုလှာသော် တောခုတ်ဓား တစ်ယောက်တစ်လက်စီလွယ်၍ ရွာအနောက်ဘက်ယွန်းယွန်း တောင်ပေါ်ခရီးကို တိတ်ဆိတ်စွာ နှင်ကြလေတော့၏။ (အနောက်ကနေလိုက်ခဲ့ ဘာမှမပြောဘဲ ဘာမှမလုပ်နဲ ့) ဤမျှသာပြော၏။ ရွာ၏ တောခြံ(တောင်ပေါ်ခြံဟုလည်းခေါ်ဆိုကုန်၏) များကိုလွန်၍ တောင်ခြေသို ့ ရောက်သည်နှင့် တောင်ရေကျ သျှိုကျဉ်းကျဉ်း လေးများတွင်ပေါက်နေသော အမည်မသိသော အပင်များကို တူစွ၍ ပလိုင်းထဲထည့်ကာ ထည့်ကာပင် နေလေတော့၏ ကျွန်ုပ်မှာ သတိပေးထားသည့်အတိုင်း ဘာမျှမပြောဘဲ အပင်များကိုသာ မှတ်သားခြင်းအမှုပြုခြင်းဖြင့် သာနောက်မှလိုက်လေတော့၏။
သျှိုများအတိုင်း လျှောက်တက်သွားစဉ် တစ်ခုသောနေရာအရောက်တွင် လူသေထည့်သည့် ခေါင်းတလားကြီးတစ်ခုသည် သျှိုကိုကန် ့
လန် ့ဖြတ်၍ ပိတ်ထားသည်ကိုတွေ ့ရလေတော့၏ ကျွန်ုပ်၏ဘကြီးသည် ခေါင်းတလားကြီးကို ရှောင်ကွင်းရန် အလို ့ငှာ ဘေးဘက်သို ့ ဦးတည်လိုက်လျှင် ခေါင်းတလားကြီးသည် ကျွန်ုပ်ဘကြီး ဦးတည်ရာဘက်သို ့ အလိုလို လိုက်၍ ရွေ ့လျှားလာကာ လမ်းပိတ်ထားပြန်၏။ အကယ်စင်စစ် ခေါင်းတလားကြီးကို ဤနေရာတွင် မြင်လိုက်ကတည်းက ကျွန်ုပ်သည် အနည်းငယ် ထိတ်လန် ့ နေနှင့်ပြီ ဆိုသည်ကို ပြောပြရန်မလိုတော့ပေ ယ္ခုမူကား ခေါင်းတလားကြီးသည် မြွေတစ်ကောင်အလား ရွေ ့လျှားသွားသည်ကို မြင်တွေ ့ရပါသော ကျွန်ုပ်၏စိတ်အစဉ်သည် မည်သို ့မည်ပုံ ဖြစ်သွားသည်ကို စာဖွဲ ့ပြမတတ်ပါ၍ ကျွန်ုပ် လွန်စွာ ကြောက်လန် ့သွားမိပါတော့သည် ဟူ၍သာ ရိုးသားစွာ ဝန်ခံရပါတော့၏။
ကျွန်ုပ်၏ဘကြီးသည် ဘယ်ညာရွေ ့၍ ရှောင်သော်လည်း ဘယ်ညာ ရွေ ့၍ပင် လိုက်၍ပိတ်နေလေတော့သည် ဖြစ်ရကာ ထိုအချင်းအရာကို သွေးအေးအေးဖြင့်ကြည့်ပါမူ ထုပ်ဆီးထိုးတမ်း ကစားနေကြသည် ဟုပင် သဏ္ဍာန်တူခြေ၏ ဟု ထင်ရမည်ဖြစ်သော်လည်း ကျွန်ုပ်မှာ ကြောက်လန် ့စိတ်ကြောင့်လုံးဝမထင်နိုင်ပါ။ ဘကြီးမှာကား ဘယ်လိုနေသည်မသိ သူ ၏့နောက် တည့်တည့်မှသာ ကပ်လျှက်နေ နေရလေတော့၏။ ဤတွင်ပင် ကျွန်ုပ်၏ဘကြီးသည် ဘယ်ဘက်လက်ဖြင့် ခါးထောက်လိုက်ပြီးလျှင် ညာဘက်လက်ဖြင့် ခေါင်းတလားကြီးကို လက်ညှိုးထိုး၍ ငါ့လမ်း ငါသွားမယ် လမ်းဖယ်ပေး သုံးခါပြောမယ် ဟုဆိုကာ ခေတ္တမျှငြိမ်နေလိုက်ပြီးလျှင် တစ်ကြိမ် ငါ့လမ်းငါသွားမယ် မနှောင့်ယှက်နဲ ့လမ်းဖယ်ပေး တစ်ချက်ငြိမ်လိုက်၏ နှစ်ကြိမ် ငါ့လမ်းငါသွားမယ် မနှောင့်ယှက်နဲ ့လမ်းဖယ်ပေး သည်တစ်ခါ အတန်ကြာအောင် ငြိမ်နေလိုက်ပြန်၏ သုံးကြိမ် ငါ့လမ်းငါသွားမယ် မနှောင့်ယှက်နဲ ့လမ်းဖယ်ပေး ခေါင်းတလားကြီးမှာ တုတ်တုတ်မျှမလှုပ်ချေ ဘကြီးသည် ခေါင်းတလားကြီးကို စိုက်၍ကြည့်နေလိမ့်မည်ထင့် ကျွန်ုပ်မှာ ဘကြီး၏ ခါးထောက်ထားသော လက်ကွေးကို ကျော်၍သာ အသက်ရှုမေ့မတတ် ချောင်းကြည့်နေလေ၏။
ရုတ်တရက် ကျွန်ုပ်၏ဘကြီးသည် လွယ်ထားသောဓားကိုဖြုတ်လိုက်ပြီး (လျှပ်တစ်ပြက်ဖြစ်၏) ခေါင်းတလားကြီးကို အပေါ်ဘက်မှ ဘေးစောင်း ရှပ်၍ နက်နက် ခုတ်ချလိုက် လေတော့၏ အကယ်စင်စစ် ခေါင်းတလားကြီးသည် သစ်သားဖြင့် ပြုလုပ်ထားခြင်းဖြစ်လေရာ သစ်သားကို ဓားဖြင့်ခုတ်ပါက ဒုတ်ဟူ၍ အသံမည်ရမည့်အစား ရွှပ် ဟူသော မြည်သံနှင့်အတူ တောလဲသံကဲ့သို ့သော ့မဆူညံလွန်းသော မည်သံဖြင့် ခေါင်းတလားကြီးသည် ကျွန်ုပ်၏ ဘယ်ဖက်ဘေးမှ ကပ်၍ သျှိုအောင်သို ့ လျှောဆင်းလေလျှင် ကျွန်ုပ်သည်လည်း ဓားကို ကဗျာကယာ ထုတ်၍ လက်လှမ်းမှီသ၍သော ခေါင်းတလားကြီး၏ နောင်မြီးကို တည့်တည့် ခုတ်ချလိုက်လေတော့၏။
ကျွန်ုပ်၏ဘကြီးသည် ကျွန်ုပ်ဘက်သို ့ဦးခေါင်းအနည်းငယ်စောင်း၍ ကြည့်ပြီး ပြုံးပြလေလျှင် ကျွန်ုပ်လည်း အောင်နိုင်သူ စစ်သူကြီးတစ်ယောက်အလား ပြန်၍သာ ပြုံးပြလိုက်ကာ ခေါင်းတလားကြီး ဆင်းသွားရာဖက်သို ့ကိုယ်ကို လှည့်၍ ကြည့်ပါလျှင် ခေါင်းတလားကြီးမှာ မရှိတော့ပြီဖြစ်၏။ ကျွန်ုပ်တို ့ကို ကြောက်၍ ပြေးချေပြီတကား။
` ထိုအချိန်တွင် နေလုံးကို မမြင်ရတော့ပါသော်လည်း အလင်ရောင်ကိုမူကား ကောင်းစွာပင် ရနေပါသေး၏။ ကျွန်ုပ်၏ဘကြီးသည် သူ၏ဓားကို ဓားအိမ်တွင်ပြန်ထည့်လိုက်ပြီး ရွာဘက်ကို မေးဆတ်ပြ၍ ပြန်ရန် အချက်ပြကာ ကျွန်ုပ်အား အဆင်းလမ်းကို လက်ညှိုးညွှန်ပြီးလျှင် ကျွန်ုပ်ကိုပင် အရှေ ့ ကသွားစေလေ၏ ကျွန်ုပ်မှာမူ ဓားကို ဓားအိမ်အတွင်းသို ့ပြန်မထည့်တော့ဘဲ ညာဘက်လက်ဖြင့်သာ ကိုင်ရင်း ဘကြီးညွှန်ပြသည့်အတိုင်း အရှေ ့မှ နှင်လေ၏။
ကျွန်ုပ်တို ့ ၏အပြန်လမ်းသည် လာရာလမ်းတိုင်းမဟုတ်တော့ဘဲ တောင်ခြေကို ခပ်စောင်းစောင်း၍ ဆင်းကြ၏ ဤသည်က ဘကြီး၏အလိုပင်တည်း။ ကျွန်ုပ်လည်း အရှေ ့ တွင်ပိတ်နေသော ခြုံနွယ်များကို လက်လှမ်းမှီသရွေ ့ ခုတ်ထွင်ရှင်းလင်းပြီး ရွာဘက်သို ့ တစ်ရွေ ့ရွေ ဆင်းလေတော့၏ ကျွန်ုပ်၏ ဘကြီးမှာမူ ကျွန်ုပ်နောက်မှ ထပ်ချပ်မကွာလိုက်ပါလာပြီး ရွာစပ် တောခြံများသို ့ရောက်လေလျှင် ရွာလမ်းမကြီးကို ကူး၍ လမ်းအတိုင်းလျှောက်ကာ အိမ်သို ့ပြန်လည်ရောက်ရှိလေတော့၏။ မနက်ဖြန်ကြမှ တဲအိမ်ကိုလာခဲ့ချေ ဤမျှသာပြောပြီး သူနေထိုင်ရာ ဘေးခြံဝန်းကြီးထည်းရှိ တဲအိမ်ကြီးစီ
သို ့ ကူးသွားလေတော့၏။
ထိုနေ ့ထမင်းဝိုင်းမမှီ၍ တစ်ယောက်တည်း ထမင်းစားခဲ့ရ၏။ ထမင်းစားရင်း ဘေး၌ ထိုင်၍ ကြည့်နေကြသော အဖေ အမေ နှင့် မိသားစုများကို ထိုကြောင်းအား ပြောပြပါသောအခါ ကျွန်ုပ်၏ဖခင်သည် ထူးထူးခြားခြား ပြုံး၍ ခေါင်းတစ်ညိမ့်ညိမ့် ရှိနေလေတော့၏။ ထိုညက ကျွန်ုပ် တော်ဖြင့် အိပ်မပျော်နိုင်ခဲ့ပါ။
နောက်တစ်နေ ့ မနက် နွားများရေချိုးပေးပြီးချိန် ကျွန်ုပ်ဖခင်မှ ဘကြီးထံ သွားကြပါမည်ကြောင်း ထူးထူးဆန်းဆန်း ခေါ်ပါ၍ ဘကြီးရှိရာ တဲအိမ်ကြီးစီသို ့ ရောက်ကြပါလျှင် ဘကြီးသည် ရေနွေးကြမ်းသောက်ခြင်းဖြင့် ထိုင်စောင့်နေဟန်ရှိ၏။
ကျွန်ုပ်ကိုမြင်လျှင် ခေါင်းတငြိမ့်ငြိမ့်ရှိပြီးလျှင် မနေ ့ က ခူးလာသော ဆေးပင်ကလေးများကိုလည်း တောင်းထဲတွင်ထည့်၍ လေသလပ်ခံ၍ထားလေသည်။ (မနေ ့က မင်းကို ဘာမှမပြောရင် ဘာမှ မလုပ်ပါနဲ ့လို ့ ပြောထားလျှက်သားနဲ ့ ဘာ့ကြောင့် ဓားနှင့်ခုတ်ရသတုံး) ခေါင်းကို မိုးကြိုး ပစ်ခံလိုက်ရသည့်အလား ထင်မှတ်လိုက်ရတော့၏။ စင်စစ် ကျွန်ုပ်မှာ ခေါင်းတလားကြီးကို ဓားဖြင့် ခုတ်နိုင်ခဲ့ခြင်းအတွက် ဂုဏ်ယူ၍ မဆုံးရှိနေသေးတော့၏ ရောင်းရင်းများနှင့် ကြုံပါက ဖောက်သည်ချလတံ့ဟုပင် ကြံစည်ထားပြီးဖြစ်၏။ ( ငါက ခေါင်းဆောင်လကွာ ငါမင့်ရှေ ့မှာ ရပ်နေတာဘဲ ငါ့ခွင့်ပြုချက်မရှိဘဲနဲ ့ဘယ့်နှယ်ကြောင့် မင်းက သူ ့ကို ဓားနှင့်ခုတ်ရသတုံး သူလမ်းပိတ်တာက ငါ့ကိုပါကွ ငါ့ကိစ္စငါရှင်းနိုင်ရဲ ့သားနဲ ့ မင်းဘာ့ကြောင့် ဝင်ရှုပ်ရတာတုန်း ငါကသူ ့ကို ရှုံးနေတယ်ဆိုရင်တောင် အဟုတ်သား )
ကျွန်ုပ်ဘာမှ ပြန်မပြောနိုင်တော့ပါ ( ရှိစေဦး မင်းကို အရှေ ့က နှင်းခိုင်တာက ကုန်းဆင်းလမ်းပါကွ ခြုံပင် နွယ်ပင် သစ်ပင် သေးသေးလေးတွေက မင့်ကို ဘာများလုပ်နိုင်ကြလို ့တုန်း ကုန်းအတိုင်း ထိန်းပြီး ဆင်းသွားရင် ရပါလျှက်နဲ ့ ဘာ့ကြောင့်ဓားနှင့် တတွက်တွက်(အရှေ ့ တွင်ပိတ်နေသော ခြုံနွယ်များကို လက်လှမ်းမှီသရွေ ့ ခုတ်ထွင်ရှင်းလင်းပြီး) လုပ်သွားရတာတုန်း) ကျွန်ုပ်ယူကြုံးမရခြင်း နောင်တကြီးစွာရခြင်းလည်း ဖြစ်ပြန်ရတော့၏။ (ဒီပညာတွေဟာ အဲ့သည်ဓားထက် ပိုပြီးထက်တယ်ကွ ကိုယ့်မှာ ဓားရှိတယ်ဆိုပြီး အရှေ ့က ဆရာရဲ ့ကိစ္စကို ခွင့်ပြုချက်မရှိဘဲ ဆရာကိုခွင့်မတောင်းဘဲ ဆရာကတာဝန်မပေးဘဲ ဝင်ရှုပ်တယ် ကိုယ်ကိုယ်တိုင် ခေါင်းဆောင်သွားတော့လည်း ဘာမှ အန္တရယ်မရှိတဲ့ ခြုံနွယ်လေးတွေကို ဓားနဲ ့ အကြောင်းမဲ့ခုတ်သွားတယ် နောင်မင်းတို ့ရဲ ့ ရုပ်ဝတ္ထုတွေ တိုးတက်တဲ့ခေတ်မှာ ကြုံရမယ့်လူတွေဟာ ခြုံ၊နွယ်တွေထက် ဆိုးသွမ်းကြလေတော့ သီးခံနိုင်ခဲတဲ့မင်းကို ဒီပညာတွေ ပေးဘို ့ဆိုတာ ဘယ်တော့မှ မဖြစ်နိုင်ဘူး ဒါကြောင့် ဒီပညာတွေနဲ ့ ပတ်သက်ပြီး မင်းမေ့လိုက်တော့ ဒီနေ ့ထိ ထိုက်တန်တဲ့လူကိုလည်း ငါ မတွေ ့ဘူးသေးဘူး ) ဟု ရှည်လျှားစွာ ပြောလိုက်ပြီး အသင့်ပြုလုပ်ထားသော အပ်ချည်ကြိုး ကုန်းလေးအား ကျွန်ုပ်ကို စွပ်ပေးပြီးလျှင် (ခုနှစ်ရက်ပြည့်အောင်ဆွဲထား ပြီးရင်လွှင့်ပြစ်လိုက်)
ဤမျှသာဖြစ်ခြင်းနှင့်အတူ သည်တစ်ကြိမ်တွင် ခေါင်းတစ်ညိမ့်ညိမ့်ဖြစ်ရသူမှာ ကျွန်ုပ်ပင်လျှင်တည်း။ ကျွန်ုပ်ကိုကြည့်၍ ကျွန်ုပ်၏ ဖခင်နှင့် ဘကြီး တို ့သည်လည်း ပြုံး၍သာ ခေါင်းတစ် ညိမ့်ညိမ့် ရှိကြကုန်ပြီးလျှင် တဲအိမ်ကြီး၏ အပြင်ဘက် သရက်ပင်ကြီးတွင် မှီတင်းနေထိုင်ပါသော ပုတ်သင်ညို ကြီးသည်လည်း ခေါင်းတစ်ညိမ့်ညိမ့်ရှိမည်ထင့်။
(နောင်များမှ ကျွန်ုပ်သိခဲ့ရသည်မှာ ကျွန်ုပ်၏ဘကြီးသည် ပြုစားခြင်းကိုအထူး တတ်မြောက်၍သာ ဖြည်ခြင်းကို တတ်မြောက်ခြင်း ဟူ၍သောလေ၏)
အကယ်စင်စစ်ကျွန်ုပ်ပြောပြခြင်သည်မှာ ကျွန်ုပ်ဘကြီးမှ အပြုစားခံရသူများကို မည်သို ့ မည်ပုံ ကုသခဲ့သည်ဆိုခြင်းအကြောင်းများဖြစ်ရကာ စာကြောင်းများအလွန်ရှည်လျှားသည့်အတွက် စာရှုသူများ ငြီးငွေ ့မည် ဆိုးပါ၍
နောင်များမှ ပွိုင့်ရရန်အလို ့ငှာ ဆက်၍ လွေးပါမည်။
7 comments
unclegyi1974
October 23, 2010 at 3:26 pm
အင်းတကယ်သရဲနဲ့တူတယ်
ဘာမှကိုမမြင်ရဘူး
unclegyi1974
October 23, 2010 at 3:35 pm
မြင်ပြီဟကောင်လေးရ အတော်စိတ်ဝင်စားစရာကောင်းတဲ့
ဇာတ်လမ်းလေးဘဲ စိတ်ကူးရင်ရေးတာဆိုလဲစိတ်ကူးလေး
မဆိုးပါဘူး တကယ့်အဖြစ်ဆိုလဲယုံပါတယ်
အကယ်လားဟင်
bigcat
October 23, 2010 at 4:16 pm
အဖြစ်အပျက်ကတော့ ယုံရခက်ကြီးပဲ။ ဘာပဲဖြစ်ဖြစ် ဆက်လက်အားပေးနေပါတယ်။ ဆရာပုရဲ့အစွမ်းတွေကတော့ တနေ့တခြား ဒီရေအလားပါပဲ။
winkyawaung
October 23, 2010 at 4:42 pm
စေ့စေ့တွေးတော့ ရေးရေးပေါ်တယ် ဆရာအောင်ပုရေ..။ ဆက်ပြီး ဒဲ့ထိုးရေးချလိုက်စမ်းပါဗျာ..။
The Reds
October 23, 2010 at 4:52 pm
ယုံရတာလဲရှိသလို မယုံရတာလဲရှိ တယ် ဗျာ .. သရဲ က တော. ဂျို ပါ ရင် ပို ဆို နိုင် တယ်
ဆူး
October 24, 2010 at 3:22 am
စာရေးသူ ဘယ်သူ ဆိုတာ မကြည့်ဘဲ နိပ်ဝင်လိုက်တာ စစဖတ်ချင်းမှာ တင် သိသွားတယ်.. ဘကြီးပု ဘိုလိုညှပ်ညှပ် သုံးတာနဲ့.. ဒီပိုစ့်လေး ကောင်းပါတယ်။ သုတ ရသ အဖြစ် မှတ်ယူပါတယ်။ တခါတရံ လက်တည့်စမ်းမိတာလေးတွေ စာထည့်ရေးရင် သူများတွေ အမြင်တွေ တမျိုး ဖြစ်ကုန်မှာ စိုးလို့.. ဆူး တော့ ကိုယ်နဲ့ ပတ်သတ်တာ ဆို မရေးဘူး.. သူများ အကြောင်းဘဲ ရေးတယ်။
tunaung
October 24, 2010 at 4:12 am
မိုက်တယ်ဆရာပု အရေးအသားအတော်ကောင်းတယ် သရက်ပင်ကပုတ်သင်ညိုကြီးတောင်ခေါင်းတညိမ့်ညိမ့်နဲ့အားပေးနေလေရဲ့…….