Customize Consent Preferences

We use cookies to help you navigate efficiently and perform certain functions. You will find detailed information about all cookies under each consent category below.

The cookies that are categorized as "Necessary" are stored on your browser as they are essential for enabling the basic functionalities of the site. ... 

Always Active

Necessary cookies are required to enable the basic features of this site, such as providing secure log-in or adjusting your consent preferences. These cookies do not store any personally identifiable data.

No cookies to display.

Functional cookies help perform certain functionalities like sharing the content of the website on social media platforms, collecting feedback, and other third-party features.

No cookies to display.

Analytical cookies are used to understand how visitors interact with the website. These cookies help provide information on metrics such as the number of visitors, bounce rate, traffic source, etc.

No cookies to display.

Performance cookies are used to understand and analyze the key performance indexes of the website which helps in delivering a better user experience for the visitors.

No cookies to display.

Advertisement cookies are used to provide visitors with customized advertisements based on the pages you visited previously and to analyze the effectiveness of the ad campaigns.

No cookies to display.

ကျနော်၊ ချစ်သူနှင့် လန်ဒန်ကပန်းပုဆရာ

ကျနော့်မှာ ရည်းစားလေးတစ်ယောက်ရှိပါတယ်ဆိုပါစို့……. သူကကျနော့်ကိုချစ်တယ်ပြောမှာပေါ့……. မိန်းကလေးတွေကိုမယုံကြည်သင့်ဘူးလို့ ကျနော့်ဆရာတစ်ယောက်ကဆုံးမခဲ့ဖူးတယ်…. း)) ဆရာ့စကားကိုကျနော်ပယ်ရှားခဲ့တယ်လေ…… ကျနော်က အိပ်မက်တွေကိုကောက်ဆွဲပြီးလှည့်ထွက်လာခဲ့တဲ့အခါ…… ဆရာကတော့ ခေါင်းကိုပုတ်သင်ညိုလိုလုပ်ပြီး အရက်တစ်ပိုင်းကိုကောက်မော့ကျန်ခဲ့ပါတယ်….. ကျနော်တွေးကြည့်ပါတယ်…. မိန်းမတွေဟာ… ဘယ်လိုမျိုးပါလဲလို့….. ကျမ်းကြီးကျမ်းငယ် အသွယ်သွယ်ကို ကျနော်မွှေနှောက်ရပါတော့တယ်….. နောက်ဆုံးမှာ ကျနော်သဲလွန်စတွေအနည်းငယ်သွားတွေ့ပါတယ်…. ဟာသပဒေသာကျမ်းထဲမှာပေါ့….. း)) ဒီလိုမျိုးလေးတစ်ခုကို ကျနော်စတွေ့လိုက်ပါတယ်…..။

ကောလိပ်ကျောင်းတက်နေရာမှ ကျောင်းပတ်ရက်ပြန်လာသောကောင်လေးတစ်ယောက်သည် ရွာထဲမှသူ့ရည်းစားကောင်မလေးနှင့် ရွာအပြင်ဖက်ရှိသစ်ပင်ကြီးတစ်ပင်အောက်တွင် ချိန်းတွေ့ကြပြီး ချစ်သူတို့သဘာဝ ချစ်တင်းနှီးနှောလျက်ရှိကြသည်။ ထို့နောက် ကောင်မလေးသည်ရုတ်တရက် ချုံးပွဲချငိုပြီးပြောလိုက်သည်။

ကောင်မလေး။ ။ဘုန်းတော်ကြီးကို ဘယ်လိုမျက်နှာပြရမလဲမသိတော့ဘူး……

ကောင်လေး။ ။ ဘာဖြစ်လို့လဲ….

ကောင်မလေး။ ။ အပြစ်တစ်ခုကို နှစ်ခါကျူးလွန်မိရင်ပေါ့…..

ကောင်လေး။ ။ ဘာပြောတယ်….နှစ်ခါကျုးလွန်တယ်…. ဟုတ်လား….

ကောင်မလေး။ ။ ဟုတ်တယ်လေ….. ထိုကောင်မလေးက မျက်ရည်သုတ်ပီး ရှက်ရှက်နှင့်ပြန်ပြောလိုက်သည်မှာ….. မောင်က နောက်တစ်ခါ ထပ်မကျုးလွန်ချင်တော့ဘူးလားဟင်….. ဟူသတည်း။

ဒါလေးက ချစ်သူဘဝလေးထင်ပါတယ်…. ဆက်ရှာရင်းနောက်တစ်မျိုးထပ်တွေ့တယ်ဗျ…. ဒါကတော့ လက်ထပ်ပြီးစ။

လက်ထပ်ပြီးစယောက်ျားတစ်ယောက်သည် ဆေးဆိုင်တစ်ဆိုင်တွင် အိပ်ဆေးများလာဝယ်ရင်းပြောလိုက်သည်။

ယောက်ျား။ ။ကျနော် ဒီအိပ်ဆေးသာမရှိရင် ဘာလုပ်ရမှန်းတောင်မသိပါဘူး…. လုံးဝအနားရမှာလည်းမဟုတ်လောက်ဘူး….

ဆေးရောင်းသူ။ ။ ခင်များ အိပ်ဆေးတွေတော့ သိပ်မသောက်သင့်ဘူးဗျ…..

ယောက်ျား။ ။ ဗျာ…. ကျနော်သောက်ဖို့… ဟုတ်လား… ကျနော်တစ်ခါမှ အိပ်ဆေးမသောက်ဖူးပါဘူး…. အခုဟာက ကျနော့်မိန်းမအတွက်ပါ…. တဲ့ဗျာ.။

နောက်တစ်ခုကတော့ အိမ်ထောင်သက်ကြာလာပြီနဲ့တူပါရဲ့…. ဒီလိုလေးတွေဖြစ်ကုန်ပါတော့တယ်…..။

အမျိုးသမီးတစ်ယောက်သည် တရားရုံးတွင် မျက်ရည်လည်ရွှဲနှင့်ပြောလိုက်သည်။

အမျိုးသမီး။ ။ တရားသူကြီးမင်းရှင့်…. ကျမယောက်ျားဟာ တစ်ယောက်ယောက်နဲ့ဖောက်ပြားနေပါတယ်။ ကျမအပေါ်မှာ လုံးဝသစ္စာမရှိပါဘူး….

တရားသူကြီး။ ။ မင်းမှာ သက်သေခံအထောက်အထားရှိသလား…..

အမျိုးသမီး။ ။ ရှိပါတယ်ရှင့်… ကျမရဲ့ကလေး သုံးယောက်ရဲ့မျက်နှာတွေကိုကြည့်လိုက်တာ….. တစ်ယောက်က သူနဲ့လုံးဝမတူလို့ပါ….. တဲ့ဗျာ….။

ဟဟ…. လာလာချည်သေးနော်….။ ကျနော့်ကောင်မလေးက ကျနော်ကိုဘယ်လိုမြင်မလဲဆိုတာကျနော်တွေးတောမိပါတယ်…..။ လရောင်ဝေတဲ့ညတွေမှာပေါ့….. ကြယ်တွေကိုရေတွက်ရင်း….. အရက်ခိုးတွေတထောင်းထောင်းထနေတဲ့ညတွေ………။ မိန်းကလေးတွေမေးတတ်တဲ့မေးခွန်းရှိတယ်လို့သိရပါတယ်…. ။ ကျမကိုဖြတ်မလား…. အရက်ကိုဖြတ်မလား ဘာဘာညာညာပေါ့ဗျာ….။ ဒီနေရာမှာ ဟာသလေးတစ်ခုကို ထပ်တွေ့လိုက်ပါတယ်။

အရက်ဆိုင်ထဲသို့ အရက်မူးသမားတစ်ယောက်သည် တရှုံ့ ရှုံ့ ငိုရင်းဝင်လာသည်။

ဆိုင်ရှင်က ဘာဖြစ်လာတာလဲဟုမေးလိုက်သည်။ အရက်မူးနေသူက ငိုရှိုက်သံဖြင့်ပြန်ဖြေသည်။

အရက်သမား။ ။ကျနော် အမှားတစ်ခုလုပ်လိုက်မိလို့ပါဗျာ…. စောစောကပဲ အရက်သောက်ချင်တာနဲ့ ကျနော့်မိန်းမကို ဝီစကီအရက်တစ်လုံးနဲ့ လဲလိုက်မိတယ်ဗျာ…. အီးဟီးးဟီးး…

ဆိုင်ရှင်။ ။ ဟာ… ခင်များအတော်ဆိုးတဲ့လူပဲဗျာ… အခုတော့နောင်တရပြီး ခင်ဗျားမိန်းမကို ပြန်လိုချင်နေပြီမဟုတ်လား…..

အရက်သမား။ ။ ဟုတ်ပါတယ်ဗျာ… ဟုပြောရင်းငိုနေပြန်သည်။

ဆိုင်ရှင်။ ။ မိန်းမကိုအခုမှ သိပ်ချစ်မှန်း ခင်ဗျားကိုယ်ခင်ဗျားသိလာပြီပေါ့လေ….

အရက်သမား။ ။ မဟုတ်ဘူးဗျ….. ကျနော်သူ့ကိုပြန်လိုချင်တာက အရက်ထပ်သောက်ချင်သေးလို့ပါဗျာ…….။

ကဲ…. ဘယ်လိုလဲဗျ။ ခင်ဗျားဆိုရင်ကော ခင်ဗျားမိန်းမကို အရက်နဲ့လဲသောက်မှာလား….။ ကျနော့်ကောင်မလေးက ကျနော့်အချစ်ဟာအဲ့သလိုလို့မြင်ပုံရပါတယ်။ တချို့ နေရာကိုလိုက်လိုက်လေ့လာမိတော့…. ချစ်သူ… သမီးရည်းစား… လင်မယားတို့ကြားထဲကို အချောင်နှိုက်ချင်တဲ့စိတ်နဲ့ ဝင်လာတတ်တဲ့ ယောက်ျားတစ်ချို့ရှိနေတာကို သွားတွေ့မိပါတယ်….. အဲ့လိုလူမျိုးတွေကတော့…. အချောင်စားစိတ်ဓာတ်လေးတွေ လက်ကိုင်ထားလို့ပေါ့…..။ ဥပမာ… ဒီလိုလေးပါ……..။

လက်ထပ်ပြီးစ ဇနီးမောင်နှံနှစ်ယောက်သည် ဟိုတယ်တစ်ခုတွင် အခန်းတစ်ခန်းကို ယူလိုက်ကြသည်။ ဇနီးဖြစ်သူမှာ ချောမောလှပပြီး ကိုယ်လုံးကိုယ်ပေါက်ကလည်း ရုပ်တုတမျှဖြစ်သောကြောင့် ခင်ပွန်းသည်မှာ သဘောကျလျှက်ရှိသည်။ သို့သော် သူတို့နေသည့်အခန်းနှင့် တစ်ဖက်ခန်းမှာ နံရံတစ်ချပ်သာခြားသည်။ အခန်းနံရံမှာလည်းပါးလွှာသည်။ ထိုတဖက်ခန်းတွင် လူငယ်တစ်ဦးကလည်း တည်းခိုလျှက်ရှိသည်။

ခင်ပွန်းက ဇနီးသည်အားပြောနေခြင်းဖြစ်သည်။ ခင်ရယ်… ခင်ဟာ သိပ်လှတာပဲ…. ဒါကြောင့် မောင်ကလေ… လန်ဒန်ကပန်းပုဆရာခေါ်ပြီး ရုပ်တု ထုထားချင်လိုက်တာကွာ…..။ တခဏနေသောအခါတွင် သူတို့အခန်းတံခါးကို လာခေါက်သည့်အသံကြားရသည်။

ခင်ပွန်းသည်ကမေးလိုက်၏။ ဘယ်သူလဲ…. လန်ဒန်က ပန်းပုဆရာပါ…..

အဲ့လိုလေးတွေပါ။ ဒီလိုအဖြစ်တွေနဲ့ကြုံလာခဲ့ရင် ကျနော်တို့ယောက်ျားလေးတွေ ဘာလုပ်ကြမှာလဲ….။ နည်းလမ်းပေါင်းစုံနဲ့ဖြေရှင်းကြတာတွေ့ရပေမယ့်ကျနော်ကတော့ အဲ့လိုတွေလုပ်မှာမဟုတ်ပါဘူး… ဘာလို့လဲဆိုတော့ ကျနော်က ကျနော်ပဲလေ… မဟုတ်ဘူးလား။ ဥပမာပြောရရင်ပေါ့ဗျာ… ကျနော့်ကောင်မလေးက အဲ့ဒီလိုအချောင်စား လန်ဒန်ပန်းပုဆရာတွေနဲ့တွေ့နေတာကိုကျနော့်မိတ်ဆွေတွေကသိပြီး လာမေးပြီဆိုပါစို့….။ ဂရုဏာဒေါသနဲ့အပြစ်တင်ကြမယ်ဆိုပါစို့…. ။ ဒီဟာသလေးကိုပေးဖတ်လိုက်မှာပေါ့နော်။

ကျေးရွာတစ်ရွာထဲသို့ ကားနှင့်ဖြတ်သွားရင်း အိမ်တစ်အိမ်မီးလောင်နေသည်ကိုတွေ့ရသည်။ ထိုင်အိမ်ရှေ့တွင် သစ်ပင်ကိုမှီပြီးထိုင်နေသောတောသားတစ်ယောက်ကိုလည်းတွေ့ရသဖြင့် ကားမောင်းလာသူက ရပ်ပြီးမေးလိုက်သည်။

ကားမောင်းသူ။ ။ ဟေ့လူ…. ခင်ဗျားအိမ် မီးလောင်နေတယ်မဟုတ်လား။ ထိုသူကမလှုပ်မရှက်နှင့်ပြန်ပြောသည်။

တောသား။ ။ ကျုပ်သိပါတယ်……

ကားမောင်းသူ။ ။ အဲဒါ ခင်ဗျား ဘာမှမလုပ်ဘူးလား…..

တောသား။ ။ လုပ်တာပေါ့ဗျ….. မီးစလောင်ကတည်းက မိုးရွာအောင်ဆုတောင်းနေတာပေါ့….။

ကျနော်လည်း ဘာမှမတတ်နိုင်တော့တဲ့အချိန်ရောက်ရင် မိုးရွာအောင်ဆုတောင်းရမှာပေါ့ဗျာ….. လေကြီးမိုးကြီးရွာစေ…. လေကြီးမိုးကြီးရွာစေ….. ။ ပြဿနာတစ်ခုကို စိတ်လိုက်မာန်ပါမလုပ်ရဘူးလို့…. လူတိုင်းပြောသံကြားရပါတယ်…. ကျနော်ကတော့ စိတ်နောက်ကိုမာန်ကပါခဲ့လို့ပြဿနာကြီးရပေါင်းများပါပြီ။ တုတ်တပြက်ဓားတပြက်တွေ…. ရပ်ကွက်ရုံးတွေမှာထိုးထားရတဲ့ ကျနော့်လက်မှတ်လေးတွေ….. ဆိုတော့ကာ…. နောက်ထပ်လည်း ဘာမှမဘာချင်တော့တာကြာပါပြီ။ တစ်ချို့ဆိုရင်တော့ ဒီဟာသလေးလို့လုပ်ကြမလားပဲနော်….။

သေဆုံးကာနီး ဇနီးဖြစ်သူ၏နံဘေးတွင် လင်ယောက်ျားဖြစ်သူကထိုင်နေသည်။ ဇနီးသည်က သူ့အား အသံတုန်တုန်ယင်ယင်ဖြင့်ပြောလိုက်သည်။

မိန်းမ။ ။မောင်… ကျမမသေခင်လေ ရှင့်ကိုဝန်ချတောင်းပန်ပါရစေ…. ရှင့်မီးခံသေတ္တာထဲကဒေါ်လာတစ်သောင်းယူတာတခြားလူမဟုတ်ပါဘူး… ကျမပါ…. အဲဒီငွေတစ်သောင်းကိုလေ… ရှင့်သူငယ်ချင်းနဲ့အတူတူပျော်ပါးပစ်လိုက်တယ်။ နောက်ပြီး ရှင့်အချစ်တော်ကောင်မလေးကိုလည်း ဒီမြို့မှာမနေနိုင်အောင်လုပ်တာလည်း ကျမပါပဲ…. ပြီးတော့ အစိုးရကိုရှင် အခွန်ဆောင်ဖို့ရှောင်လွဲနေတယ်လို့တိုင်လိုက်တာလည်းကျမပဲလေ……

ယောက်ျား။ ။ အဲဒါတွေအားလုံးငါသိပါတယ် မိန်းမရယ်…. ဒီအတွက်မင်း ဝမ်းနည်းမနေပါနဲ့…. ဒါကြောင့်မို့လို့လည်း…. မင်းကို ငါအဆိပ်ခတ်လိုက်တာပေါ့။

ဟဲဟဲ…. ဘယ်လိုလဲမိတ်ဆွေ….။ ကျနော်ကတော့ တော်တော်ပေါချာချာနိုင်တဲ့လူတစ်ယောက်လို့ ကျနော့်သူငယ်ချင်းတွေကပြောပါတယ်(တကယ်တော့ သောက်ပေါလို့ဆဲကြတာပါ)။ ဘယ်သူတွေ ဘာပြောပြော ကျနော်ရယ်နေခဲ့ပါတယ်…. ဘီလူးရယ်လေးပေါ့….. ဟိမ်းဟိမ်းဟိမ်းးဟိမ်းးးနဲ့ပေါ့….။ ကျနော်ဘယ်လောက်ထိပေါချာချာနိုင်သလဲဆိုတော့….. ဥပမာ… ကျနော့်ကောင်မလေးနဲ့ တခြားတစ်ယောက်နဲ့ဘာဘာညာညာပေါ့ဗျာ…. အဲ့လိုဖြစ်ခဲ့ရင်တောင်မှ ကျနော်က ဒီဟာသလေးအတိုင်းနေနေမယ့် ကောင်မျိုးလေ။

အရက်မူးနေသောလူတစ်ယောက်ကို အိမ်တစ်အိမ်ရှေ့တွင် တွေ့သဖြင့် ရဲအရာရှိတစ်ယောက်က မေးလိုက်သည်။

ရဲ။ ။ ဒါခင်ဗျားအိမ်လား…..

ထိုသူ။ ။ ဟုတ်ပါတယ်ဗျာ…. အိမ်တံခါးဖွင့်လိုက်ဦးမယ်… လာ…. ကျနော်ခင်ဗျားကိုပြမယ်လေ….

ရဲအရာရှိလည်း ထိုအမူးသမားခေါ်ရာနောက်သို့ လိုက်သွားသည်။ အမူးသမားက အပေါ်ထပ်သို့ခေါ်သွားသည်။ အပေါ်ထပ်ရှိအခန်းတစ်ခန်းကိုဖွင့်ပြီး ဝင်သွားသည်။

ထိုသူ။ ။ ဒါ… ကျနော့်အိပ်ခန်းပေါ့… တွေ့လား.. ခုတင်။ အဲဒါ ကျနော့်ခုတင်ပေါ့ဗျ… ခုတင်ပေါ်မှာအိပ်နေတဲ့မိန်းမတစ်ယောက်တွေ့လား… အဲဒါ ကျနော့်မိန်းမပေါ့ဗျ…. အဲဒီမိန်းမဘေးမှာ အိပ်နေတဲ့ယောက်ျားတစ်ယောက်ကောတွေ့လား….

ရဲအရာရှိ။ ။ တွေ့တယ်ဗျ….

ထိုသူ။ ။ အဲဒါ… ကျနော့်ပေါ့ဗျ…..

အဲလိုလေးနေနေမယ့်ကောင်စားမျိုးက ကျနော်ပါ….။ း))) ခုတော့….. မိုးနက်မည်းကြီးတွေလည်း စဲသွားပါပြီ။ ငြိမ်းချမ်းလင်းမြတဲ့ ညည့်ဦးယံမှာ မိုးဦးပေါက်အရက်တစ်လုံးနဲ့ ညည့်သုံးယံလုံးတစ်ဝုန်းဝုန်းနဲ့ ပွင့်ဟစေခဲ့ပါပြီ……။ ကျနော်လည်း…. အေးမြငြိမ်သက်… တိတ်ဆိတ်စွာပါပဲ……..။

မေတ္တာဖျန်း၍ လန်းကြပါစေ…..

မောင်ဥက္ကာ

2 comments

  • bigcat

    October 31, 2010 at 5:58 pm

    ဖတ်ရင်းဖတ်ရင်းနဲ့ ကိုဥက္ကာရဲ့ တင်ဆက်ပုံလေးကို မချီးမွမ်းပဲ မနေနိုင်တော့ပါ။ ကြုံလို့ El Layဆိုသူ ကိုကျော်သူဖေ့စ်ဘွခ်မှာ ရေးထားတဲ့ ဟာသတိုလေးကို ထည့်လိုက်ပါတယ်။

    အခုမှစမောင်းတာ

    လူတစ်ယောက်သည် တက္ကစီငှားစီးနေရင်း ဘေးနားမှ ကားမောင်းသမားကို စကားပြောရန် ပခုံးကို ပုတ်၍ ပြောရန်ဟန်ပြင်သည်။
    ကားသမားမှာ အလွန်အမင်းကြောက်လန့်ပြီး အော်ကာ ကားမှာ တိုက်မလိုပင်ဖြစ်သွားသည်။ နောက်မှ ကားကို လမ်းဘေးသို့ ထိုးရပ်ပြီး
    ကျွန်တော…်တောင်းပန်ပါတယ်ဗျာ ဟုပြောရင်း သူ့မှာ ရင်တုန်ပန်းတုန်ဖြစ်နေသည်။
    ခင်ဗျားကလည်းဗျာ ဘာလို့ ဒီလောက်ကြောက်နေရတာလဲ။
    ကားသမားက ” ကျွန်တော်က ဒီနေ့မှ တက္ကစီစမောင်းတာဗျ ၊ အရင်တုန်းက ကျွန်တော်က နိဗ္မာန်ယာဉ် မောင်းတာဗျ။

  • char too lan

    November 1, 2010 at 10:34 am

    sate kuu kg tal bya
    phat yinn ne`. ko sate win sarr pee po po thi chin lar tal
    တိတ်တိတ်ပုန်း ဟာသများ te` ka
    (၁) ကိုယ်ချင်းစာတဲ့ တိတ်တိတ်ပုန်း
    မိန်းမတစ်ယောက် ယောက်ျားတစ်ယောက်နဲ့ နောက်မီးလင်းနေတုန်းမှာ
    အိမ်ရှင်ယောက်ျား တံခါးဖွင့်သံကို ကြားလိုက်တယ်။

    “မြန်မြန်…. ဒီထောင့်မှာရပ်နေ.. မလှုပ်နဲ့”

    မိန်းမကပြောပြောဆိုဆို သူ့ကိုထောင့်တစ်နေရာမှာ ရပ်ခိုင်းပြီး
    တစ်ကိုယ်လုံး အလှဆီတွေလိမ်းပေးပြီး ပေါင်ဒါမုန့်တွေ လူးပေးလိုက်တယ်။

    “မလှုပ်နဲ့နော်… ရုပ်တုတစ်ခုလို ငြိမ်ငြိမ်လေးရပ်နေ”

    အိမ်ရှင်ယောက်ျား အိပ်ခန်းထဲရောက်လို့ ပေါင်ဒါမုန့်တွေ
    ဖြူနေတဲ့ရုပ်တုကြီးနဲ့ ကြမ်းပြင်ပေါ်ပွနေတဲ့ အမှုန့်တွေကိုတွေ့တော့
    ဘာလဲလို့မေးတယ်။ မိန်းမက တည်ငြိမ်အေးဆေးတဲ့အသံနဲ့ “အော်… ရုပ်တုပါ။
    မဦးတို့အိမ်မှာလည်း တစ်ခုတွေ့ခဲ့လို့ ကျွန်မကြိုက်တာနဲ့ တစ်ခုဝယ်ခဲ့တယ်”
    လို့ဖြေတယ်။

    အဲဒီလိုနဲ့ လင်မယားနှစ်ယောက် ရုပ်တုအကြောင်းကို ဆက်မပြောဘဲ
    အိပ်ရာဝင်ခဲ့ကြတယ်။ ညသန်းခေါင်ရောက်တော့ အိမ်ရှင်ယောက်ျားက
    မီးဖိုထဲထသွားခဲ့တယ်။ မီးဖိုက ထွက်လာတော့ သူ့လက်ထဲမှာ
    ပေါင်မုန့်တချို့နဲ့ နွားနို့တစ်ခွက် ပါလာတယ်။ အိမ်ရှင်ယောက်ျားက
    ရုပ်တုရှေ့မှာရပ်ပြီး “ရော့… အစာနည်းနည်းစားလိုက်အုန်း၊
    ငါ့လိုမဖြစ်စေနဲ့… ငါတုန်းက မဦးအိမ်မှာ အစာမစား ရေမသောက်ရဘဲ ၃ ရက် ၃ ည
    ရပ်ခဲ့ရတယ်”

    ko oakker le` d lo ko chinn sar tat mal htin tal naw 😀 😛

Leave a Reply