ကလေးဖတ်ပုံပြင်စာအုပ်တွေရောင်းတဲ့ ဆိုင်တစ်ဆိုင်မှာ စာအုပ်တွေအရောင်းထိုင်းနေပါတယ်။ အဲဒါနဲ့ စာအုပ်တစ်အုပ်ရဲ့အဖုံးတွေမှာ သမ္မတကြီးနဲ့ ဒုသမ္မတနှစ်ယောက် ပုံကို ကော်နဲ့ကပ်ဖို့ ဆိုင်ရှင်က ဆုံးဖြတ်လိုက်တယ်။ အဲဒီစာအုပ်ဟာ ရက်ပိုင်းအတွင်းပဲ ပြိုက်ခနဲကုန်သွ ားတယ်။ နောက်နည်


သမ္မတရုပ်ရှင်ရုံဘေးက မှတ်တိုင် ယောက်လမ်းမှတ်တိုင်မှာ ခွေးကျားကြီးတစ်ကောင် ရှိပါတယ်… တော်တော်အိုနေပြီဖြစ်တဲ့ ခွေးကျားညစ်ပတ်ကြီးဖြစ်ပါတယ်… သူက ဘယ်လူ့ကိုမှ ဂရုမစိုက်ပါဘူး…. မှတ်တိုင်တည့်တည့်မှာ ဒီလိုလေး လှဲအိပ်နေပါတယ်… လူတွေက သူ့ကို မနင်းမိအောင် ကွင်းရှောင်သွားရပါတယ်….. ကားတွေ လာဆိုက်ပေမယ့်လည်း သူအေးဆေးပါပဲ… အိပ်မက်ထဲမှာ ခွေးမချောချောလေးတစ်ဖက်ငါးရာနဲ့ ဇိမ်ကျနေပါတယ်…. လမ်းဘေးမှာ အိပ်တဲ့ခွေးလည်း နတ်သမီးအိပ်မက်ကိုမက်ခွင့်ရှိတယ်လို့ သူက ခံယူထားပါတယ်…. (တာရာမင်းဝေစာအုပ်တွေတော့ သူမဖတ်ဖူးပါဘူးတဲ့) အိပ်မက်ပြီးဆုံးချိန်မှာ သူ တက်ကြွစွာနိုးထလာခဲ့ပါတယ်… လူတွေကို ခဏအကဲခတ်ပါတယ်….. အင်း….. လောကကြီးက ပုံမှန်ပါပဲလား လို့ သူတွေးမိတာပေါ့….. နေ့လည်ခင်းအိပ်မက်ကနိုးထတော့ ဝါးခနဲတစ်ချက်သမ်းဝေရင်း သူအပျင်းကြောဆန့်ပါတော့မယ်…. အားလုံးကိုဘောပဲကွာ လို့ ဒီလိုသရုပ်ဖော်ပြလိုက်ပါတယ်… ဒီကောင်ကြီးဟာ အထီးကြီးဖြစ်ကြောင်း ပုံကိုကြည့်ပြီး အားလုံး သဘောပေါက်လောက်ပါပြီနော်… း)) အပျင်းဆန့်ရင်း ကိုယ်ကိုတစ်ပတ်လှည့်ပါတယ်…. အောက်ခံဘောင်းဘီဝတ်ဖို့မေ့သွားတယ်ကွာ… […]


(၁) မ….မ….ရေ… တိတ်တဆိတ်ကြေကွဲ မျက်ရည်ဝဲရုံကလွဲပြီး ဘာများတတ်နိုင်ဦးမှာလဲကွယ် မြတ်မြတ်နိုးနိုးမက်ခဲ့ရတဲ့ အိပ်မက်ငယ် မုတ်သုန်လေနဲ့ လွင့်တော့တယ်။ ငါချစ်တဲ့ မိုးစက်တွေရယ် မမဖြိုးကို သယ်ဆောင်ခဲ့ကြကွယ် စံပယ်တွေလည်း ပွင့်တော့မယ်။ (၂) မမဖြိုးလေ…. မိုးနဲ့အတူ စေခဲ့တာ စံပယ်နဲ့အတူ ဝေခဲ့တာ ကြယ်ကမ္ဘာမှာ ကမ္ဗည်းထိုး မမဖြိုးကို ချစ်တယ်ဟေ့..လို့ စို့စို့ပို့ပို့ ဟစ်ကြွေး ဟောဒီကောင်ဟာ အရူးလေးပါ။ ရင်ထဲမှာ မိုးတွေရွာတယ် ကဗျာဆရာရဲ့ အိပ်မက်ဟာ ရင်နာစွာ ပျက်သုန်းကြေမွ မလှမပ ရှုံးနိမ့်ခဲ့ရတာလေ ….. သေဆုံးသွားတဲ့ နှလုံးသား အစားထိုးမရနိုင်တဲ့အချစ် အသစ်မဖြစ်တော့တဲ့ ရာဇဝင်တစ်ခုလုံး မိုးစက်တွေဖုံးလို့ အားလုံးကို ဆုံးရှုံးပေးလိုက်ပါတယ်မမရယ်။ အညတရ ကဗျာဆရာကို ကံကြမ္မာက လှည့်စားလွန်းတယ် ရယ်မောစရာ ဇာတ်စင်ပေါ်မှာ `မြင်သာမြင်…မကြင်ရတဲ့ဘဝ´ တဲ့ ကဗျာဆရာ […]


ဥက္ကာ: ဟေး… ကိုကြီးညို ကိုညို: ဗျ ကိုကြီးကာ ဆိုဗျ ဥက္ကာ: ကျုပ်တို့တွေ စစ်မှုထမ်းကြရတော့မယ်ဆိုပဲကိုးဗျ ကိုညို: ဩော..ဂလိုတဲ့လားဗျ ဟုတ်ကောဟုတ်ရဲ့လားဗျ ဟုတ်မှလည်းလုပ်ပါဗျာ ဥက္ကာ: ဟုတ်တယ်လို့ပြောနေကြတာကိုး ကျုပ်လည်းသေနတ်ကိုင်ချင်လွန်းလို့ လက်ယားနေတာနဲ့အတော်ပဲဗျို့ ကိုညို: ဟုတ်လား ဘာသေနတ်တွေများတုန်း သရက်သီးသနပ်လား ဂွေးသီသနပ်လားဗျ ကျုပ်လည်း ခံတွင်းပျက်နေတာကြာပေါ့ လုပ်လိုက်ပါလား ပဲဟင်းလေးနဲ့လွေးလိုက်ရ ပြောရင်းဆိုရင်း သွားရည်တောင်ကျသဗျာ ရှလွတ်…….. ဥက္ကာ: အာ…. လောင်ချာတို့…. အမ်တစ်ဆယ့်ခြောက်တို့… ရိုင်ငဖယ်တို့…. စတင်းဂ


အဆက်အသွယ်ပြတ်တောက်သွားတဲ့ ဇန်နဝါရီတစ်လလုံးလုံး သံယောဇဉ်တွေ ပရမ်းပတာနဲ့ ရန်ကုန်မြို့ကို နှင်းဝေဖုံးတယ် ဘာတစ်ခုမှ ချမရေးဖြစ်တာဟာလည်း ကဗျာတစ်ပုဒ်ပါပဲကွယ် ဆိုတာ ရူးကြောင်ကြောင်ကောင်တွေ မူးလာရင်ပြောတတ်တဲ့အရာ ဒီကမ္ဘာမှာ နင်ရှိနေသေးရဲ့လားလို့ ပူပန်မှုနဲ့ ငါက ရတက်ပွေရ နင်က စွဲချက်တွေ တပုံတမနဲ့ အတိတ်ကို ကန်ထုတ်ချင်နေတယ် ပြည်လမ်းပေါ်က ခရေပန်းတွေ ညအပျက်ကြီးထဲ သိပ်မကြွေတော့ဘူး လိုင်းဆွဲအားမကောင်းတဲ့ ဖုန်းတစ်လုံးကို အရင်လို ငါသည်းမခံနိုင်တော့ဘူး Facebook စာမျက်နှာပေါ်က ငါအသံမထွက်တတ်တဲ့ နာမည်တစ်လုံး ကလစ်တစ်ချက်ထောက်လိုက်တာနဲ့ ပွင့်ကျလာမယ့် Photo Album ခုတလော အင်တာနက်သုံးရတာ သိပ်လူရိုင်းဆန်တယ် သတိရတယ်ဆိုတာ Mail တစ်စောင်ပို့လိုက်ရုံ Message တစ်ခုထားခဲ့ရုံနဲ့ အပြီးသတ်ကျေအေးသွားမယ့် အမှုအခင်းမျိုးမှ မဟုတ်ဘဲ သန်းခေါင်ကျော်တော့လည်း အလွမ်းစိတ်ကို SignOut လုပ်လိုက်ရ ဘာပဲဖြစ်ဖြစ် ချစ်တယ်…လို့ […]


Written by – ဥက္ကာကိုကို(သံတွဲ) (၁) မိုးတွေ အရမ်းသွန်ကျနေတဲ့ ရန်ကုန်မြို့လယ်ညနေခင်းတစ်ခုတုန်းက အေးငြိမ့်ငြိမ့်မွန် ကျနော့်ကို နှုတ်မဆက်ခဲ့ပါ။ ထို့အတူ နွေမိုးဆောင်းဥတုသုံးပါးစလုံး ကျနော့်ကိုနှုတ်ဆက်လိမ့်မည်မဟုတ်ပါ။ ထိုနေ့က ကဗျာဆရာဝိုင်ချို ကဗျာဆုတစ်ခုရသည်။ သမ္မတရုပ်ရှင်ရုံဘေးက သမ္မတအရက်ဆိုင် လေးမှာ ကဗျာဆရာတွေ ကဗျာသိုင်းကွက်နင်းကြသည်။ ကဗျာအရက်တွေသောက်ပြီး ကဗျာ စကားပြောကာ ကဗျာလိုဆဲရေးကြသည်။ အရက်ဝိုင်းထဲ အအေးတစ်လုံးနှင့် လာထိုင်နေသောကျနော့်ကိုလည်း သိပ်ကြည်ကြပုံမရချေ။ ဘာမှတော့မပြောသာကြ။ ကျနော်ကတော့ အဲသည်အချိန်မှာ အေးငြိမ့်ငြိမ့်မွန်ကိုသာ သောက်ချင် နေခဲ့လေသည်။ (၂) အချိုးအကွေ့များလွန်းတဲ့ လောကဓံကြား ဓားသွားထက်ထက်နဲ့ ကိုယ့်ရင်ကိုယ်ထိုးစိုက် ချစ်မိပြီဆိုမှတော့ မိုက်ရဲရတော့မပေါ့ အဲဒီလိုနဲ့ပဲ စံပယ်ဖူးတွေ အကြိမ်ကြိမ် ဝေခဲ့တယ်……. အေးငြိမ့်ငြိမ့်မွန်က စံပယ်ပန်းကိုမကြိုက်ပါ။ စံပယ်ပန်းကိုသာမက မည်သည့်ပန်းရနံ့ကိုမှ မနှစ်ခြိုက်သော မိန်းမထူးဆန်းတစ် ယောက်ပင်။ သို့သော်လည်း […]


Written by – ဥက္ကာကိုကို(သံတွဲ) မီး…မီး… တဲ့ သမုဒယမီးတွေနဲ့ ငါ့ရင်ကိုအပိုင်စီးခဲ့ ပြီးမှ သောကမီးတင်ရှို့ နှလုံးသားမြို့ကို ဖျက်ဆီးသွားတယ်….. (တင်မြင့်ဦး) (၁) လေက တသုတ်ပြီးတသုတ် လတ်ဆတ်စွာ တိုက်ခတ်နေသည်။ ဖြူလွသော သဲသောင်ပြင်တန်း ကြီးက မျက်စိ တစ်ငေး ပြန်ပြောလျှက်ရှိ၏။ လေက ခပ်ပြင်းပြင်းလေးတစ်ချက်ယမ်းလိုက်တိုင်း ပုန်းညက်ပွင့် ပုန်းညက်ဖတ်တို့က သဲမြေ ပေါ် လေခိုစီးဝဲပျံကြွေဆင်းလာနေသည်။ လှိုင်းခေါင်းဖြူတို့က လူးကာလိမ့်ကာဖြင့် ကမ်းစပ်ကို မခို့တရို့တို့ထိကျီစယ်လျှက်ရှိသည်။ ရေကျချိန်ဖြစ်သော ကြောင့် မြုပ်တစ်ဝက်ပေါ်တစ်ဝက်ဖြစ်နေသော ကျောက်ဆောင်တန်းကြား တွင် တံငါသည်တစ်ဦး ငါးပိုက်တန်းချနေသည်ကို လှမ်းမြင်ရသည်။ ပုန်းညက်ပွင့်ဖတ်တစ်ချပ် နွယ့်ခေါင်းထက်ပေါ်ကျလာသည်ကို ကျော်စိုးငေးကြည့်နေမိသည်။ လေက နောက်တစ်ချက် အသာတိုက်ခတ်လိုက်သည့်အခါ ပွင့်ဖတ်ငယ်လည်း လွင့်ပါသွားရ လေသည်။ မျက်နှာပေါ်အုပ်နေသောဆံစလေးများကို အသာသပ်တင်ပေးလိုက်တော့ နွယ်က […]


(၁) “ဟေး… မောင်” အိုး။ သူ အနည်းငယ် အူမြူးသွားပြီး လက်ဖျစ် တစ်ချက်ပင် တီးလိုက်မိသည်။ အွန်လိုင်းပေါ်သို့ နတ်သမီး ရောက်လာပြီ။ ထို့နောက် သူ့လက်ချောင်းများက ကွန်ပျူတာ ကီးဘုတ် လက်ကွက်များပေါ်မှာ တဖြောက်ဖြောက် ရွေ့လျားနေတော့သည်။ “စောင့်နေတာ ကြာပြီဟ” “ဆောရီး မောင်။ မ အလုပ် နည်းနည်း ရှုပ်နေလို့ပါ” “တော်ပါ မမရာ။ မမက မောင့်ကို မချစ်ပါဘူး” “အာ…။ မောင်ကတော့ ရစ်ပြီ။ တကယ် မအားလို့ပါ ကလေးရဲ့။ စိတ်မဆိုးနဲ့နော် ချစ်တယ်” “ဟာ” အရေးထဲကျမှ Connection က ကျသွားပြန်ပြီ။ သူ စိတ်တိုတိုနှင့် အသံထွက် ဆဲရေး ပစ်လိုက်တော့ အနားရှိစက်မှ ကောင်မလေးက ဘုမသိ ဘမသိ […]


““ ရိုးမတောင်ညို ခြားဗျာယ် ထား…သဘာဝအလှအပ စိမ်း လန်းစိုပြေနီ…သာစွရက္ခတွင်ရေ လခြမ်းမြီ…ငရို့ချစ်တဲ့အဖရခိုင် ပြည်…”” မနက်စောစောစီးစီး အိပ်ရာ ကနိုးနိုးချင်း ကျွန်တော့်ညီတွေဖွင့် ထားသည့် ကက်ဆက်ထဲမှ ရခိုင်အ ဆိုတော် ခိုင်ကျော်လင်း၏ သီချင်း သံက နားထဲရောက်လာသည်။ တေးသံကို နားထောင်နေ ရင်း နှင့်ပင် ဇာတိမြေကို လွမ်းစိတ် က ရင်ထဲသို့မရမက တိုးဝင်လာ သည်။ ဇာတိမြေ ၊ ချက်မြုပ်ရာမြေ ၊ မွေးဖွားကြီးပြင်းရာမြေ။ ကျင်လည် ကျက်စားခဲ့ရာမြေ။ အလွမ်းစိတ်က ရင်ဝကိုတိုးဆောင့် သည်။ ဇာတိမြို့လေးမှခွဲခွာလာပြီး ကတည်းက အလည်တစ်ခေါက် ပင်မပြန်ဖြစ်တာ ယနေ့အထိဖြစ် သည်။ ရန်တွေကုန်သွား၍ ရန်ကုန် ဟု အမည်သမုတ်ထားသည်ဆို သော ရန်ကုန်မြို့ကြီးမှာပင် ရှာဖွေလုပ်ကိုင်စားသောက်ရင်း တဝဲဝဲလည်ဖြစ်နေခဲ့တာ နှစ်အတော် […]


ကြက်အိပ်ကြက်နိုး ဘယ်လိုမှအစိုးမရတဲ့ညထဲ တကွဲတပြားဝတ်ပြုသံတွေနဲ့ အာဖဂန်နစ္စတန်။ ဆာလောင်မှုကို မျက်လုံးမွဲမွဲတွေနဲ့ဖော်ပြ သူ တစ်စုံတရာကိုနာကျင်ရေရွတ်။ အဖေ ဘယ်သွားနေလဲ အမေ ဘယ်ရောက်နေလဲ တိုက်ပျက်ကို အိမ်လုပ် လူရုပ်မပေါ်တဲ့ကလေးလေး နွေးထွေးမှုနဲ့ဝေးခဲ့။ မာသာထရီဆာဆိုတာ ဘာလဲ ဂျိုလီနဲ့ ဘရက်ပစ်ဆိုတာ ဘာလဲ ဟယ်ရီပေါ်တာဆိုတာ ဘာလဲ ဟစ်ပ်ဟော့ပ်ဆိုတာ ဘာလဲ ကမ္ဘာ့ဖလားဆိုတာ ဘာလဲ ဘန်ကီမွန်းဆိုတာ ဘာလဲ အိုဘားမားဆိုတာ ဘာလဲ ယူနီဆက်ဖ်ဆိုတာ ဘာလဲ အင်တာနက်ဆိုတာရော ဘာလဲ……? ? ? ? ? ? ဒီမှာတော့ တစ်ထောင့်တစ်ညဟာ ပုံပြင်မဟုတ်ဘူး လူတွေက ဘာလို့လူသတ်နေကြတာလဲ သား ဘာအပြစ်များလုပ်မိလို့လဲ သေနတ်သံတွေမကြားရတဲ့မြက်ခင်းပြင်မှာ သား ကစားချင်တယ် တစ်နေ့လုံး ဘာမှမစားရသေးဘူး အနာတွေကလည်း တစစ်စစ်ကိုက်တယ် သားသားကိုကယ်ပါ […]


(၁) ဆောင်းဦးနံနက်ခင်းက ကိုယ်ပိုင်ရနံ့နဲ့ ရှင်းသန့်နေတယ်။ မြို့လေးရဲ့ လူအစည်ကားဆုံး လက်ဖက်ရည်ဆိုင် ထဲမှာပါ။ ရှုပ်ထွေးဆူညံနေတဲ့ စားပွဲဝိုုင်းတွေကြား….ကျွန်တော်တို့ဝိုင်းက ကျယ်လောင်ထင်ရှားနေရဲ့။ ထုံးစံအတိုင်း တစ်ခုခုကိုငြင်းခုံးနေကြတဲ့ ကျွန်တော်တို့ထဲမှာ ကျွန်တော်ရယ်၊ မိတ်ဆွေကဗျာဆရာရယ်၊ ပန်းချီဆရာရယ်၊ တေးရေးဆရာရယ် ပါဝင်ကြတယ်။ ဒီနေ့ငြင်းခုံနေကြတာကတော့ ပင်လယ်ကိုဗဟိုပြုပါတယ်။ ဘာရယ်တော့ မဟုတ်ဘူး။ ရာသီအေးအေးကြီး ထဲမှာ တောင်စဉ်ရေမရ လျှောက်ပြောနေမိကြတာပါပဲ။ ဟိုရောက်လိုက်၊ ဒီရောက်လိုက်ပေါ့။ ပထမတော့ ဒီလိုဆောင်းမနက်အေးအေးမှာ ပင်လယ်ပြင်က ပြန်ဝင်လာကြမယ့် “ဆန်တီယာဂို” နဲ့ သူမိလာတဲ့ ငါးကြီးအကြောင်းရောက်သွားတယ်။ ပန်းချီဆရာက ပင်လယ်ရဲ့ အရောင်ဖွဲ့စည်းပုံတွေကို ဖောဖောသီသီဝင်ပြောတယ်။ ကဗျာဆရာကလည်း သူရေးထားတဲ့ “ ပင်လယ်မြို့လေးရဲ့ အကျင်္ီ” ဆိုတဲ့ ကဗျာကို ဝေဝေဆာဆာကောက်ရွတ်တယ်။ တေးရေးဆရာကပါ အားကျမခံ “ရွှေပင်လယ်ကြီး” သီချင်းကို ထညည်းတယ်။ အဲ့ဒီလို…၊ […]


နှုတ်ခမ်းနီဆိုးဆေး တစ်ရာဖိုး အလယ်အလတ်စားမိတ်ကပ် နှစ်ရာဖိုး လက်သည်းနီ ငါးဆယ်ဖိုးခန့်နဲ့ လက်သည်းတစ်စ ပဲ့ပါသွားရခြင်း အဖြစ်အပျက်ဟာ ခပ်ညံ့ညံ့ရုပ်ရှင်တွေလို ကျောရိုးတစ်ထပ်တည်း။ အမိုးအကာ ၊ ခန်းဆီးလိုက်ကာ ၊ လေပန်ကာကအစ ကာကွယ်ရေးပိုင်းကိစ္စ္စရပ်တွေမှာ စံပယ်ပွင့်ဖတ်မလေးဟာ ခွဲစိတ်ခန်းကိုကျွမ်းကျင်တယ်။ မုတ်ဆိတ် ၊ ဂေါ်လီ ၊ ဆီလီကွန်နဲ့ လမ်းဘေးဆေးစား ဘီယာသမားတွေကို ရှောင်တိမ်း ညက အစိမ်းမဟုတ်ပေမယ့် မိန်းမောမှုရသမှာ စံပယ့်ရင်အုံဟာ ဟောဟောထ မြူးကြွတဲ့တေးတစ်ပုဒ်လောက် ပါလိုက်ရင်ပဲ ဝတ်လစ်နဲ့ စလစ်ဟာ ပူးတုံခွာတုံ ဖြစ်နေရသူ။ စံပယ်ပွင့်ဖတ်မ ဟာ ၄၅ မိနစ်တစ်ခါ ကော်ဖီသောက်တယ် ဘဝရဲ့ ခါးသက်သီးအတိတ်တွေကို မေ့ထားတယ် ဘတ်စ်ကားစီးပြီး တက္ကစီတားတယ် အမှောင်ကြိုက်ပြီး အခန်းမီးဖွင့်တယ် “ဘားလမ်းမှာမဟုတ်တော့ဘူးရှင့်….. ၃၈ လမ်းပြောင်းသွားပြီ…. ပန်းဆိုးတန်းမှာလည်းရှိတတ်တယ် ရှင်အားရင်လာခဲ့ပါဦး´´ […]


ကြေးမုံပြင်ကို ကြည့်နေရင် ဘယ်တော့မှ အမှန်ကိုမြင်ရလိမ့်မယ် မဟုတ်ဘူး။ မြုံနေတဲ့ အခွင့်အရေးတကြော အတွေးတွေ ဆူပွက်အော်ဟစ် မက်လုံးပေးထားတဲ့ ရှိုက်ဖိုကြီးငယ်တွေကြား တစ်စစ နစ်မြုပ် ည အပြာကြီးထဲ တို့တွေ ဘာများ ဟုတ်ခဲ့ရလို့လဲ။ ငေးလိုက် ပန်းကုံးစွပ်ပွဲတော်ကြီးကို ငေးလိုက် သံချေးတက်နေတဲ့ သော့တွဲအဟောင်းနဲ့ လူကြီးမင်းကို ငေးလိုက် ချော့မြူသံတလူလူနဲ့ မစ္ဆေရိယလက်တွေကို ငေးလိုက် ဘာမှ ဘေးဝင်မပြောဘဲ ငေးပြီးရင်း ငေးလိုက် ပြီး ….. မောလိုက်။ နောက်ကျနေတဲ့ အိပ်မက်ဆိုးအလယ်မှာ မိုးချုန်းသံနဲ့ မီးခိုးငွေ့တွေ နီစွေးသွားတယ် အစိမ်းရောင် ကျောက်တိုင်အိုတွေ အစိမ်းရောင် ကန့်လန့်ကာတွေ အစိမ်းရောင် မုသာဝါဒါတွေ သံဆည်းလည်းခတ်သံ တချွင်ချွင်ကြား ခေါင်းပေါင်းစ တလွှားလွှားနဲ့ ရှေ့ကြည့် နောက်ကြည့်။ ရိပ်သာထဲမှာ တရားရှာသူတို့ရဲ့ အိမ်မပြန်အလွမ်းများက […]