(၁) ပုန်းညက်ရနံ့ သင်းသင်းပျံ့မွှေး လမ်းလေးထက်မှာ သူရှိပါသည် နှစ်ချီထင်မှတ် လွမ်းတတ်ပြီ…ငယ်….။ စိတ်ဝယ်ဖော်ကျူး ယစ်မူးအတိတ် ပြန်နှုတ်ဆိတ်နေ….လွမ်းငွေ့ဝေ…။ (၂) သွေးလေဖောက်ပျက် အိပ်မက်ကမ်းခြေ ပန်းအကြွေတေး ပင်လယ်ငေးသူ ရင်ပူရင်ကွဲ လွမ်းနေဆဲည အန္ဓအိမ်အို ဝင်ခိုလှုံဖူး ချစ်ဦးသူ့ကြောင့် သွေးတောင့်မတတ် ရက်ဆက်စောင့်မျှော်…. သဲသောင်ပေါ်။ (၃) နေ့ညမနက် မျှော်လင့်ချက်မဲ့ သူ့ရဲ့ပုံရိပ် တလိပ်လိပ်တက် အသည်းထက်မှာ ဝေဒနာပြည့် မမေ့ရက်အား မျက်ရည်ဝါးဝေ ခေါ်သံတွေနင့် အဆိပ်သင့်ခဲ့……..။ (၄) ကမ်းနဲ့ဝေးနေ လှေငယ်ပမာ ဆောက်တည်ရာကင်း ပန်းတွေနင်းချွေ ငယ်ရေ…….. ငယ်လေး….ရေ…… သူမှေးစက်ရာ နန်းဘုံသာဘေး ရှိုက်ငိုကြွေးသံ ညည့်ယံဖောက်ထွက် မျက်နှာအပ်လျှက်….. အုတ်ဂူထက်……။        ။ ဥက္ကာကိုကို(သံတွဲ) 29၊ ဇူလိုင် ၊ 2007။


ကျနော့်မှာ ရည်းစားလေးတစ်ယောက်ရှိပါတယ်ဆိုပါစို့……. သူကကျနော့်ကိုချစ်တယ်ပြောမှာပေါ့……. မိန်းကလေးတွေကိုမယုံကြည်သင့်ဘူးလို့ ကျနော့်ဆရာတစ်ယောက်ကဆုံးမခဲ့ဖူးတယ်…. း)) ဆရာ့စကားကိုကျနော်ပယ်ရှားခဲ့တယ်လေ…… ကျနော်က အိပ်မက်တွေကိုကောက်ဆွဲပြီးလှည့်ထွက်လာခဲ့တဲ့အခါ…… ဆရာကတော့ ခေါင်းကိုပုတ်သင်ညိုလိုလုပ်ပြီး အရက်တစ်ပိုင်းကိုကောက်မော့ကျန်ခဲ့ပါတယ်….. ကျနော်တွေးကြည့်ပါတယ်…. မိန်းမတွေဟာ… ဘယ်လိုမျိုးပါလဲလို့….. ကျမ်းကြီးကျမ်းငယ် အသွယ်သွယ်ကို ကျနော်မွှေနှောက်ရပါတော့တယ်….. နောက်ဆုံးမှာ ကျနော်သဲလွန်စတွေအနည်းငယ်သွားတွေ့ပါတယ်…. ဟာသပဒေသာကျမ်းထဲမှာပေါ့….. း)) ဒီလိုမျိုးလေးတစ်ခုကို ကျနော်စတွေ့လိုက်ပါတယ်…..။ ကောလိပ်ကျောင်းတက်နေရာမှ ကျောင်းပတ်ရက်ပြန်လာသောကောင်လေးတစ်ယောက်သည် ရွာထဲမှသူ့ရည်းစားကောင်မလေးနှင့် ရွာအပြင်ဖက်ရှိသစ်ပင်ကြီးတစ်ပင်အောက်တွင် ချိန်းတွေ့ကြပြီး ချစ်သူတို့သဘာဝ ချစ်တင်းနှီးနှောလျက်ရှိကြသည်။ ထို့နောက် ကောင်မလေးသည်ရုတ်တရက် ချုံးပွဲချငိုပြီးပြောလိုက်သည်။ ကောင်မလေး။ ။ဘုန်းတော်ကြီးကို ဘယ်လိုမျက်နှာပြရမလဲမသိတော့ဘူး…… ကောင်လေး။ ။ ဘာဖြစ်လို့လဲ…. ကောင်မလေး။ ။ အပြစ်တစ်ခုကို နှစ်ခါကျူးလွန်မိရင်ပေါ့….. ကောင်လေး။ ။ ဘာပြောတယ်….နှစ်ခါကျုးလွန်တယ်…. ဟုတ်လား…. ကောင်မလေး။ ။ ဟုတ်တယ်လေ….. ထိုကောင်မလေးက မျက်ရည်သုတ်ပီး ရှက်ရှက်နှင့်ပြန်ပြောလိုက်သည်မှာ….. မောင်က […]


ယောက်ျားကောင်းတို့တတ်အပ်သော အဠာရဿတစ်ဆယ့်ရှစ်ရပ် ဆိုတာ ရှိသည်ဟု  ကျမ်းကြီးကျမ်းငယ် အသွယ်သွယ်အရ သိရသည်။ ထို တစ်ဆယ့်ရှစ်ရပ်ရှိသည်ဟူသောပညာများကို ကျနော်မတတ်ပါ။ ထို့ကြောင့်ကျနော်သည် ယောက်ျားကောင်းတစ်ဦးမဟုတ်တော့ဘဲ ဖြစ်သွားရသည်။ မကောင်းသောယောက်ျားဟုလည်း မထင်မှတ်စေလိုပါ။ကျနော်သည် ကောင်းတစ်ဝက် ဆိုးတစ်ဝက်ပြည့်နှဇက်နေသော ပေတေတေ၊ ပေါချာချာ၊ အူတူအတ၊ လူရည်လည်သောလူ့အန္ဓတစ်ကောင်ပင်ဖြစ်သည်။ကျနော့်ရဲ့ဆိုးမွေကောင်းမွေဟူသမျှကို လက်ခံသိမ်းဆည်းရန် အမျိုးသမီးတောင့်တောင့်ဖြောင့်ဖြောင့်တစ်ဦး အလိုရှိပါသည်။ အဠာရဿဆိုတာကြီးကို ကျနော်မလေ့လာချင်ပါ။ အဠာရဿနှင့် အသံထွက်ဆင်တူသောပညာရပ်တစ်ခုကျနော့်မှာရှိပါသည်။ ၎င်းမှာ ““အထာရသ””ပညာရပ်ပင်ဖြစ်လေသည်။ရသပါသောအထာများကိုဆုပ်ကိုင်၍ ကျနော် လူ့ဘဝကိုဖြတ်သန်းချင်ပါသည်။လူတိုင်းလူတိုင်းတွင် အထာရှိကြသည်ဟုထင်ပါသည်။ရပ်ကွက်များမှာပင်အထာရှိကြောင်းကို “ရပ်ကွက်အထာ”ဟူသည့်သီချင်းခွေ ထွက်ရှိလာ၍ သိရှိရပါသည်။ သူလိုကိုယ်လိုအထာများကြားမှ ချော်ငေါ့သွားသူကို…. ““ ဟာ…ဒီကောင်ဘာအထာလဲ ”” ဟုပြောဆိုကြသံကြားရပါသည်။ တစ်ခါတုန်းက ဘီယာဆိုင်တစ်ခုတွင် ဝိုင်းနှစ်ဝိုင်းထ၍ရန်ဖြစ်ကြသည်။ လူအများ ရုတ်ရုတ်သဲသဲဖြစ်သွား၏။ကျနော်နှင့်အတူသောက်နေသော သူငယ်ချင်းက ကျနော့်ကို မျက်ရိပ်မျက်ကဲပြပြီး ““ ဟေ့… ကိုယ့်အထာနဲ့ကိုယ်နေ”” ဟု တီးတိုးပြောသည်။ […]


ကျနော်က သူမကို ကလေးလေးလို့ခေါ်ရင် သူမက အပျော်မြစ်ထဲ လက်ပစ်ကူးတယ် ဖန်ကြိုးမျှင်ဆက်သွယ်မှုဧရိယာထဲမှာ ကို…ဆိုတဲ့နာမ်စားကို အဆက်မပြတ်ပို့လွှတ်ပြီး ကျနော့်စိတ်ထုထည်ကို အရည်ဖျော်ပစ်တယ်။ သူမနဲ့ကျနော်က ရုပ်သေးတွေမဟုတ်ဘူး ဘယ်သူ့ကို ဘယ်သူမှ ကြိုးဆွဲမခံကြဘူး ဒါပေမယ့် သူမနဲ့ကျနော့်ကြားမှာ ကြိုးတစ်ချောင်းရှိရဲ့ ပြတ်လိုက် ပြန်ဆက်လိုက်နဲ့ ဆက်ထုံးများတဲ့ကြိုးလေးပေါ့။ အိုဘားမားနဲ့ကျနော် ဘီယာချိန်းသောက်တာကို သူမ မကြိုက်ဘူး ရိန်းနဲ့သူမ တွဲကမှာကို ကျနော်မလိုလားဘူး အဲဒီလို အကြောင်းတရားလေးတွေက အကျိုးတရားတွေဖြစ်လာတဲ့အခါ သူမ ငိုတယ် ကျနော် တက်ခေါက်တယ်…… သူမက ကျနော့်ရဲ့ နိုင်ငံရေးသတ္တဝါ ကျနော်က သူမရဲ့ မော်ဒန်အချစ်ဟာသဝတ္တု ဘယ်သူမပြုမိမိမှုတွေကြားမှာ ဘယ်သူမှမပြု အလိုလိုပြုလာတဲ့ ပြု ဖြစ် ပျက် တွေအကြောင်း သူမကို နားမချခဲ့လို့ သူမက ကျနော့်ကို နားမဝင်ခဲ့ဘူး ချစ်တယ်…မုန်းတယ်…လွမ်းတယ်… […]


ကျန်းမာတော်မူကြပါစခင်ဗျာ…ဆိုတဲ့ ထေ့သလိုငေါ့သလိုပဋိသာရမျိုးနဲ့ သယံဇာတမကောင်းရှာတဲ့ ဦးနှောက်လေးကို ညှစ်ထုတ်ပြီး ကဗျာတွင်းနက်ချင်ယောင် ဆောင်ခဲ့တယ် သမိုင်းတစ်ခေတ်မှာ ကိုယ့်ကိုယ်ကိုယ်ယဇ်ပူဇော်ခဲ့ပေမယ့် ခေတ်ပေါ်ဘဝဟာ နေသားတကျ မရှိလှဘူး။ ရိုးမဒေသက လာတယ် သဇင်တစ်တောင်းလည်း ပါတယ် မောင်ဥက္ကာဟာ ပင်လယ်ရောင်တောက်တောက်နဲ့ သေတစ်နေ့ မွေးတစ်နေ့လမ်းကို လျှောက်ရဲ့ အချိန်ရှိသရွေ့ သက်ပြင်းချတာ ကျွမ်းကျင်လာရဲ့။ နိုင်ငံရေးစကားတွေ ဟိတ်ကြီးဟန်ကြီးပြောရင်း အင်တာနက်ပေါ်က မလုံ့တလုံပေါင်သားတွေကို လိင်ကိစ္စမြူဆွယ်ရင်း ၁၉လမ်းရဲ့ညနေခင်းမှာ ချီးယားစ်ပေးသံ ဂွမ်ဂွမ်ညံရင်း ပန်းဆိုးတန်းတစ်ဝိုက်က မီးနီနီလေးလင်းနေတဲ့ ဗြူတီဆလွန်းတွေဆီ မင်္ဂလာဈေးက အထပ်မြင့်ကေတီဗီနဲ့ နိုက်ကလပ်အပေါစားတွေဆီ စစ်ချီတေးတစ်ပုဒ်နဲ့ ကကြိုးသီရဲ့။ ငြိမ်းချမ်းကြပါစေ……… G-Talk Account ထဲက အာရေဗျပုံပြင်များ မျက်နှာဖုံးစွပ်တဖားဖားနဲ့ ခိုးသားငါးရာမိတ်ဆွေများ ကင်မရာမီးရောင်တဖျတ်ဖျတ်နဲ့ အမဲလိုက်တေးသံများ ““ အား…ခင်ဗျားက HIV ဖြစ်နေတဲ့ဝံပုလွေကြီးပဲ ”” ““ […]


ကဗျာက တစ်ကြောင်းပဲစရသေးတယ် ဘဝက အဝေးကိုမောင်းနှင်သွားပြီ အနာဂတ်ကို ကြိုးနဲ့သီထားတဲ့ ဒူးပေါ်ပေါင်ပေါ်ယဉ်ကျေးမှုဟာ မှော်ပညာဆန်စွာနဲ့ ယောက်မမြင်းစီးထွက်သွားတယ် လာရာလမ်းကို စွေစောင်းကြည့်တော့ အမေ့ရဲ့မျှော်လင့်ချက်တွေ ဖွဲမီးလိုတငွေ့ငွေ့ ဟောဒီအကောင်က အကင်းမသေတဲ့အနာတချို့နဲ့ တဏှာနွံထဲမှာ မြုပ်ချည် ပေါ်ချည်….. သင်္ဘောတွေ တစ်စင်းပြီးတစ်စင်းတိုက်ခတ်သွားတယ် ကိုလံဘတ်ကယ်ပါ…. ဗာစကိုဒဂါးမားကယ်ပါ….. ဒုက္ခကို ဘယ်သူမှမသိဘူး ဒါ… ကဗျာဆရာရဲ့ အနုပညာပြကွက်ဆန်း…တဲ့ ကြည့်ကြပါ အားရပါးရ ကြည့်ကြပါ အခု ကျင်းပနေတာ ငါ့အသုဘဖြစ်ရဲ့ ။ ။ ဥက္ကာကိုကို(သံတွဲ)


ဥက္ကာကိုကို ရုပ်ပုံများက ရယ်နေကြသည်။ ရယ်နေသော ရုပ်ပုံများကြားမှာ ရယ်နေသော ပန်းချီဆရာရှိနေသည်။ ပန်းချီဆရာရဲ့ ရုပ်ပုံတွေက ရုပ်ပြောင်တွေဖြစ်သည်။ ရုပ်ပြောင်တွေက ရယ်မောနေသော ရုပ်ပြောင်များ ဖြစ်သောကြောင့် မြင်လိုက်သည်နှင့် အပျော်စိတ် ကလေးကို ဖြစ်ပေါ်စေသည်။ ရုပ်ပြောင်များကို ဖန်တီးသူက ပန်းချီသိန်းထွန်းဦး ဖြစ်သည်။ ““ရယ်သောသူများ”” ဟု အမည်ပေးထား သော သူရဲ့ ရုပ်ပြောင်ပန်းချီ(Caracitura)ပြပွဲလေးကို ယခု ၂၁ ရက်မှ ၂၅ ရက်အထိ၊ ရန်ကုန်မြို့ ပန်းဆိုးတန်းရှိ ပန်းဆိုး တန်းဂယ်လာရီတွင် ပြသခဲ့ခြင်းဖြစ်သည်။ ““ရုပ်ပြောင်ပွဲကို ပြချင်နေတာကြာပြီ။ ရယ်ရတဲ့ပုံတွေကို ရေးချင်တာ ကြောင့်ပါ”” ဟု သူကပြောသည်။ ပြပွဲတွင်ပြသထား သော ရုပ်ပြောင်ပန်းချီကားများကို ပုံမှန် ပန်းချီကားချပ် အရွယ်အစားအတိုင်း ရေဆေးဖြင့် ကျနစွာရေးဆွဲထားခြင်းဖြစ်သည်။ ယခုကဲ့သို့ ရုပ်ပြောင်များကို […]


ကိုယ့်အကြောင်းကိုယ်တွေးပြီး ကိုယ့်ကဗျာ ကိုယ်ရေးပါတယ် ကိုယ့်သမိုင်းကိုယ် ပြန်ငေး ၊ လှမ်းငေး ငေးမောနေရတာများနဲ့တင် ဘယ်သူ့သမိုင်းကိုမှ မဖတ်အားခဲ့။ ယုန်မြင်တိုင်းခြုံထွင်ဖို့ကလည်း ခက်တယ် ချစ်ပါ ညီမလေးရဲ့ ချစ်တတ်ပါ ကမ္ဘာကြီးရဲ့ စိတ်နဲ့ လူနဲ့ တစ်မြေစီ ဝေးကွာမှုဆက်တင်မှာ အိမ်အပြန်ခြေလှမ်းတွေလည်း မခမ်းမနား…. သနားစဖွယ်။ အလဲလဲ အပြိုပြို မျက်လုံးဖွင့်တိုင်း နေညိုနေတာတွေ့ရ တွေ့ရဖန်များတော့ နှလုံးသားက ညှစ်အားကောင်းလာတယ် အလွမ်းတရားက ဘယ်လိုမှ နားချမခံတော့ဘူး။ လိပ်စာပျောက်နေ့ အချစ်ငတ်ည…… မပြယ့်တပြယ် သနပ်ခါးရနံ့ကလေး လှိုင်းပင်လယ်နဲ့ဝေးပါစေ။ သတိတရ စာအိတ်အညိုတွေ တဖွဲဖွဲ အဆီအဆိမ့်လွန်ကဲနေတဲ့ ဆောင်းက ပွဲတော်ကြီးကို ပုခုံးပြောင်းတင်လိုက်တယ် “ဟေးးးး……………………..´´ ကိုယ့်အကြောင်းကိုယ်တွေးစမ်း ကိုယ့်ကဗျာကိုယ်ရေးစမ်း။ ပြန်မလာတဲ့ ပဲ့တင်သံတွေ တိမ်ထုကြားမှာ တငွေ့ငွေ့။                   ။ ဥက္ကာကိုကို(သံတွဲ) (သောင်းပြောင်းထွေလာမဂ္ဂဇင်း၊ […]


ကြေးမုံပြင်ကို ကြည့်နေရင်ဘယ်တော့မှ အမှန်ကိုမြင်ရလိမ့်မယ် မဟုတ်ဘူး။မြုံနေတဲ့ အခွင့်အရေးတကြောအတွေးတွေ ဆူပွက်အော်ဟစ်မက်လုံးပေးထားတဲ့ ရှိုက်ဖိုကြီးငယ်တွေကြား တစ်စစ နစ်မြုပ်ည အပြာကြီးထဲတို့တွေ ဘာများ ဟုတ်ခဲ့ရလို့လဲ။ငေးလိုက်ပန်းကုံးစွပ်ပွဲတော်ကြီးကို ငေးလိုက်သံချေးတက်နေတဲ့ သော့တွဲအဟောင်းနဲ့ လူကြီးမင်းကို ငေးလိုက်ချော့မြူသံတလူလူနဲ့ မစ္ဆေရိယလက်တွေကို ငေးလိုက်ဘာမှ ဘေးဝင်မပြောဘဲ ငေးပြီးရင်း ငေးလိုက်ပြီး ….. မောလိုက်။နောက်ကျနေတဲ့ အိပ်မက်ဆိုးအလယ်မှာမိုးချုန်းသံနဲ့ မီးခိုးငွေ့တွေ နီစွေးသွားတယ်အစိမ်းရောင် ကျောက်တိုင်အိုတွေအစိမ်းရောင် ကန့်လန့်ကာတွေအစိမ်းရောင် မုသာဝါဒါတွေသံဆည်းလည်းခတ်သံ တချွင်ချွင်ကြားခေါင်းပေါင်းစ တလွှားလွှားနဲ့ ရှေ့ကြည့် နောက်ကြည့်။ရိပ်သာထဲမှာတရားရှာသူတို့ရဲ့ အိမ်မပြန်အလွမ်းများကခမ်းနားကြီးကျယ်သော အဆီတဝေ့ဝေ့ တောဘုရင်များအားဆေးသားညံ့ညံ့ မိတ္တူအစောင်စောင်နဲ့ ထုပ်ပိုးကျွန်တော်တို့ နှလုံးခုန်သံတွေ ရိုးသားခဲ့ပါတယ်အမေ……………..တယ်လီဖုန်းခေါ်သံ ယဲ့ယဲ့ယိုင်ယိုင်ကိုယ်တိုင်ရေးစာအိတ်ပုံပေါ်မှာ ကြံ့ကြံ့ခိုင်ခိုင်သူတို့…. ထိုင်နေကြတုန်းပဲ။ပါးဟပ်မဟဘဲ ရယ်ပစ်လိုက်ကြစို့ရဲ့ပရိသတ်တို့ ရိုင်းစိုင်းနေပါပြီ ပြဇာတ်မင်းသားများ…..စတိတ်စင်ကို ကျောခိုင်းသွားဝံ့ပါတယ်ဆိုရင်သင်နဲ့ ကျွန်တော်တို့ သဘောတူကွာရှင်းပြတ်စဲ လိုက်ကြပါစို့ခင်ဗျား။                 ။ ဥက္ကာကိုကို(သံတွဲ) ၂၃ ၊ စက်တင်ဘာ […]


ဇာတ်ကြောင်းပြန်သီချင်း ထိုစဉ်က မြို့လေးရဲ့ လက်ဖျံရိုးတွေပေါ်မှာ ကဗျာထမ်းလမ်းလျှောက် ဟု အများက သမုတ်ခံရသည့် အနံကြီးကွင်းကျယ်တစ်ကောင် ရှိခဲ့ပါသည်။ သူသည် ဘုံဆန်သော လူသားနယ်ပယ်တွင် ဆိုးရွားသော နတ်သူငယ် တစ်ကောင်ဖြစ်သည်။ ဝေဒနာတွေကို ရင်ထဲမှာ တနင့်တပိုး ထိုးသိပ်ကာ သီချင်းတအေးအေးဖြင့် နေထိုင်တတ်ပြီး ဘဝမီး ကို ငပွကြီး လုပ်ကာ ရင်ဆိုင်တတ်သူလည်း ဖြစ်သည်။ သူသည် တပါးလူ၏ စကားဟူသမျှကို ခေါင်းတညိတ်ညိတ်နှင့် နာခံတတ်ပြီး၊ မျက်ကွယ်တွင်မူ ဝါဒဟူသမျှ ခဝါချပစ်တတ်သည့် လူတေလူရွဲ့တစ်ဦးလည်း ဖြစ်သည်။ သူ့မှာ ရည်းစား ရ ယောက် ရှိခဲ့ဖူးပြီး အားလုံးကို သူကချည်းချန်ရစ်ခဲ့တာဖြစ်သည်။ သူတစ်ဦး၏ စိတ်နာကျည်းမှုကို သူဂရုမထားသလို သူကလည်း မည်သူ့ကိုမှ စိတ်မနာတတ်ခဲ့ပေ။ ဒီအသက်အရွယ်အထိ ရန်ပွဲတစ်ပွဲမှ မနွှဲဘူးသော်လည်း သူသည် […]


Written by – ဥက္ကာကိုကို (သံတွဲ) (၁) ထိုနေရာသည် ဘူတာရုံလေးတစ်ရုံ ဖြစ်သည်။ ဝါကျင်ကျင်မီးရောင်ကလေး၏ တုန်ယင်သော အလင်းယဲ့ယဲ့က တဖြည်းဖြည်းအုပ် မိုးလာသော အမှောင်ထုကို ကိုယ်စွမ်းရှိသရွေ့ အံတုနေရှာသည်။ သံလမ်းတစ်ဖက်ရှိ လမ်းမကြီးပေါ်တွင် ကားတစ်စီးဖြတ်မောင်းသွားသံ ကြားလိုက်ရသည်။ ညဂျူတီကျဟန်တူသည့်  ဘူတာဝန်ထမ်းအဖိုးကြီးက သံဆန်ခါကြားမှနေ၍ ကျွန်တော်အား အကဲခတ်သလို တစ် ချက်လှမ်းကြည့်ပြီး စာရင်းဇယားများကို လေးလေးဖင့်ဖင့် ဆက်လက်လုပ်ကိုင်နေ၏။ ရုတ်တရက် မီးသီးအလင်းရောင် အနည်းငယ် မှိန်ဖျော့သွားသည်။ လူတချို့ ဘူတာအတွင်း ဝင်ရောက်လာကြ၏။ အချို့က ခုံတန်း လျားပေါ်သို့ ပစ္စည်းများ တင်လိုက်ကြပြီး အချို့က အဖိုးကြီးဆီမှာ လက်မှတ်သွားဖြတ်နေကြသည်။ ဤဘူတာရုံကလေးသည် ရန်ကုန် နယ်နိမိတ်အတွင်းမှာပင် တည်ရှိလေသည်။ အခြေခံလူတန်းစား မျိုးစုံတို့ အားကိုးအားထား ပြုရာ၊ မြို့ပတ်ရထားကြီးများ […]


(က) အခုလိုမိုးလေးတစ်ဖြောက်တစ်ပေါက်ရွာချလိုက်တာနဲ့ ကျွန်တော်တို့ရဲ့ရန်ကုန်ရွှေမြို့တော်ကြီးဟာ လမ်းတွေပေါ်ကို ရေတွေ အန်တင်လိုက်တော့တာပါပဲ။ ခြေမျက်စိလောက်၊ ခြေသလုံးလောက်၊ ဒူးလောက်တော့မြုပ်တဲ့မြောင်းပုပ်ရေတွေကြားမှာ လူတွေဟာ ထီးရောင်စုံမလုံ့တလုံ ဆောင်းပြီး တဖျစ်တောက်တောက် လမ်းလျှောက်နေကြရဲ့။ အမျိုးအစားအသီးသီးသောကားတွေဟာလည်း မိုးနဲ့ရေကြားမှာ တဂျစ်ဂျစ် တဗြီးဗြီးအော်ဟစ်လို့။ ရန်ကုန်မိုးဟာ ဒီနှစ်မှာ ခွင့်ရက်မရှိ၊ မနားမနေ ရွာစွေနေခဲ့လေတယ်။ တစ်ခါတလေတော့ တိမ်တိုက်တွေကြားက ခါးသက်သက် အရည်တချို့လည်း သွန်ကျလာတတ်တယ်ပေါ့။ လူတွေဟာ ကားမှတ်တိုင်တွေဆီမှာ၊ ဘတ်စ်ကားတွေပေါ်မှာ၊ အထူးယာဉ်လိုင်းတွေပေါ်မှာ၊ ရထားတွဲကြီးတွေထဲမှာ၊ ငါးပိသိပ် ငါးချဉ်သိပ်ပုံစံမျိုးနဲ့ တိုးဝှေ့ပြည့်ညှပ်နေကြရဲ့။ ဒီလိုနေ့မျိုးတွေမှာ အိမ်ထဲမှာပဲရှိနေကြမယ့် လူတန်းစားတချို့ကတော့ ကိုယ်နှစ်သက်ရာတေးသွားလေးတွေနဲ့ မိုးစက်တို့ရရဲ့နရီကို ခံစားလွမ်းမောနေကြလိမ့်မယ်။ အဖိုးကြီးတစ်ဦးက ““တိမ်တမာန်xxxအိုအဆွေxxxတို့များရွှင်လန်းxxxပုလဲပန်းကိုချွေ”” စသဖြင့်။အပျိုကြီးတစ်ဦးက ““သည်းသည်းမည်းမည်းရွာလိုက်မယ်တဲ့ဟန်ကိုဆင်xxxအဖော်နဲ့ဝေးတဲ့သူမှာxxxအဆွေးသာပိုချင်”” စသဖြင့်။ လူလတ်ပိုင်းတစ်ဦးက ““ဒီလိုမိုးသည်းထဲမှာxxxနှုတ်ဆက်ထွက်ခွာ..ရီဝေတဲ့အကြည့်ကိုxxxနာကျင်စွာခံယူရင်းxxမျက်ရည်စီးကျလို့”” စသဖြင့်။ လူငယ်လေးတစ်ဦးကတော့ ““မိုးရွာတဲ့ရက်ကိုချစ်ရင်မိုးရာသီမှာလှမ်းလာခဲ့…စောင့်နေတုန်း…သုံးရာသီလည်းတိုင်ခဲ့ပြီ… လျှောက်လို့မဆုံး…ငါ့ခြေထောက်တွေယိုင်နဲ့ပြီ”” စသဖြင့်။ အဲဒီလိုခံစားမှုကလေးတွေကိုယ်စီနဲ့ […]


အခွင့်အရေးရမယ်ဆိုရင် ဒီမြေပေါ်က ထွက်သွားချင်တယ်။ များပြားလှတဲ့ သပွတ်အူသံယောဇဉ်ချည်မျှင်တွေနဲ့ ထာဝရထက် အနည်းငယ်ပိုဝေးစေမယ့်နေရာကိုပေါ့။ တစ်ပေါက်ဆို တစ်ပေါက်လောက်ပါပဲ……. မျက်ရည်စဟာ ငါ့ကမ္ဘာကို ခပ်ကြမ်းကြမ်းကိုင်လှုပ်တယ်။ ” ဒီနှစ်နွေက အတော်ပူတာပဲ ” ရင်ထဲက အပူရှိန်က အဲ့ဒီအသံကို လှောင်ရယ်နေခဲ့။ ဝေးတယ်….. ဝေးရဲ့………. ဝေးမယ့်………လွင်ပြင်တစ်ခုဆီ တစ်တီတီမြည်တဲ့ ချိန်ကိုက်ဗုံးက “အုန်း”…….ခနဲ……………………… ပုရစ်တွေ စီစီဝေဝေညံ ရမ္မက်ဇောတွေ တပွက်ပွက်အန်တယ်။ အမှန်တရားဟာ ပင်ပန်းနေပါပြီ အမှုတော်ကို ထမ်းရွက်ပါ့မယ်….ဆိုပေမယ့် သခင်မဟာ ယခင်ဘဝရဲ့ ရင်းနှီးမှုကို မျက်ကွယ်ပြုတယ်။ မီးတွေ တဟုန်းဟုန်းတောက်လောင် တောင်တောင်တွေ တဝုန်းဝုန်းပြုန်းတီး ထားခဲ့ပြီး ထွက်ခွာသွားမလား…… ထွက်ခွာသွားပြီး….ထားခဲ့ပါမလား…..။ နင်နဲ့ငါ့အကြား အဆုံးအဖြတ်တစ်ခုသာ ခြားထားတယ် သနားစရာမရှိခဲ့ဘူး အရူးဟာ မူးသွားတဲ့အခါ ဆူးကိုလည်း ခန္ဓာမှာလူးတတ်တယ် တို့အချစ်ကတော့ လုံးဝ […]