တီရှပ်ကြိုက်တယ် ထမီမဝတ်တတ်ဘူး အီမိုဆံပင်ထားတယ် အလုပ်မရှိသေးဘူး …. ဆိုပေမယ့် စကြဝဠာထဲ ငါနှစ်သက်တဲ့ ကြယ်တစ်ပွင့်ဟာ နင်ပဲမိတာရာ……။ ခေတ်ပေါ်ဘလော့ဂါဘဝနဲ့ ခေတ်ပေါ်ကဗျာတွေကြား နင့်ကမ္ဘာမှာ နင်သားနားတယ်။ နှစ်နှစ်ဆယ်ကျော် တေမိဇာတ်ခင်းနေတဲ့ ချစ်ဖေဖေနဲ့ ချစ်မေမေတို့အလယ်မှာ နင်ဟာ……… ဓားစားခံလား မြေစာပင်လား။ အသားဖြူပြီး အသက်ကြီးသူကိုကြိုက်တယ် သူနဲ့ကျွန်မ အက်ဆေးကိုရေးသားတယ် လေးဖက်နာနဲ့ နှလုံးရောဂါရှိပေမယ့် အိုင်စီရှိုးပွဲတွေ မလွတ်တမ်းကြည့်တယ် ရာသီဦးတွေမှာ ကိုယ့်အဖူးနဲ့ကိုယ်ဝေဆာတယ် ပွင့်လင်းစွာနဲ့ နင်ရိုးသားနေခဲ့။ မပေနဲ့မတေနဲ့ မိတာရာ…… ကျားရဲတွေဟာ သက်သက်လွတ်မစားဘူး မြေခွေးတွေဟာ ဥပုသ်မစောင့်ဘူး ဖျံတွေဟာလည်း ဒုတိယနဲ့ စတုတ္ထသီလကိုမမြဲဘူး နင်နဲ့ငါကတော့ ငါးပါးမြောက်သီလကို စိတ်တူကိုယ်တူချိုးဖောက်ကြ။ ဘဝဟာ ခဏပါဆိုပေမယ့် ခဏဟာ တစ်ဘဝစာဖြစ်တယ်။ ပြန်ပေးဆွဲခံထားရတဲ့ မိသားစုနွေးထွေးမှုကို အဘယ်ရင်ကြားစေ့မှုနဲ့ ပြန်ရွေးနိုင်ပါ့မလဲ နင့်မြင်ကွင်းထဲမှာ ကောင်းကင်ကအပြာရောင်။ […]


ပင်လယ် နှင့် လူတို့၏ ဝသီ (၁) ဆောင်းဦးနံနက်ခင်းက ကိုယ်ပိုင်ရနံ့နဲ့ ရှင်းသန့်နေတယ်။ မြို့လေးရဲ့ လူအစည်ကားဆုံး လက်ဖက်ရည်ဆိုင် ထဲမှာပါ။ ရှုပ်ထွေးဆူညံနေတဲ့ စားပွဲဝိုုင်းတွေကြား….ကျွန်တော်တို့ဝိုင်းက ကျယ်လောင်ထင်ရှားနေရဲ့။ ထုံးစံအတိုင်း တစ်ခုခုကိုငြင်းခုံးနေကြတဲ့ ကျွန်တော်တို့ထဲမှာ ကျွန်တော်ရယ်၊ မိတ်ဆွေကဗျာဆရာရယ်၊ ပန်းချီဆရာရယ်၊ တေးရေးဆရာရယ် ပါဝင်ကြတယ်။ ဒီနေ့ငြင်းခုံနေကြတာကတော့ ပင်လယ်ကိုဗဟိုပြုပါတယ်။ ဘာရယ်တော့ မဟုတ်ဘူး။ ရာသီအေးအေးကြီး ထဲမှာ တောင်စဉ်ရေမရ လျှောက်ပြောနေမိကြတာပါပဲ။ ဟိုရောက်လိုက်၊ ဒီရောက်လိုက်ပေါ့။ ပထမတော့ ဒီလိုဆောင်းမနက်အေးအေးမှာ ပင်လယ်ပြင်က ပြန်ဝင်လာကြမယ့် “ဆန်တီယာဂို” နဲ့ သူမိလာတဲ့ ငါးကြီးအကြောင်းရောက်သွားတယ်။ ပန်းချီဆရာက ပင်လယ်ရဲ့ အရောင်ဖွဲ့စည်းပုံတွေကို ဖောဖောသီသီဝင်ပြောတယ်။ ကဗျာဆရာကလည်း သူရေးထားတဲ့ “ ပင်လယ်မြို့လေးရဲ့ အကျင်္ီ” ဆိုတဲ့ ကဗျာကို ဝေဝေဆာဆာကောက်ရွတ်တယ်။ တေးရေးဆရာကပါ အားကျမခံ […]


နှုတ်ခမ်းနီဆိုးဆေး တစ်ရာဖိုး အလယ်အလတ်စားမိတ်ကပ် နှစ်ရာဖိုး လက်သည်းနီ ငါးဆယ်ဖိုးခန့်နဲ့ လက်သည်းတစ်စ ပဲ့ပါသွားရခြင်း အဖြစ်အပျက်ဟာ ခပ်ညံ့ညံ့ရုပ်ရှင်တွေလို ကျောရိုးတစ်ထပ်တည်း။ အမိုးအကာ ၊ ခန်းဆီးလိုက်ကာ ၊ လေပန်ကာကအစ ကာကွယ်ရေးပိုင်းကိစ္စ္စရပ်တွေမှာ စံပယ်ပွင့်ဖတ်မလေးဟာ ခွဲစိတ်ခန်းကိုကျွမ်းကျင်တယ်။ မုတ်ဆိတ် ၊ ဂေါ်လီ ၊ ဆီလီကွန်နဲ့ လမ်းဘေးဆေးစား ဘီယာသမားတွေကို ရှောင်တိမ်း ညက အစိမ်းမဟုတ်ပေမယ့် မိန်းမောမှုရသမှာ စံပယ့်ရင်အုံဟာ ဟောဟောထ မြူးကြွတဲ့တေးတစ်ပုဒ်လောက် ပါလိုက်ရင်ပဲ ဝတ်လစ်နဲ့ စလစ်ဟာ ပူးတုံခွာတုံ ဖြစ်နေရသူ။ စံပယ်ပွင့်ဖတ်မ ဟာ ၄၅ မိနစ်တစ်ခါ ကော်ဖီသောက်တယ် ဘဝရဲ့ ခါးသက်သီးအတိတ်တွေကို မေ့ထားတယ် ဘတ်စ်ကားစီးပြီး တက္ကစီတားတယ် အမှောင်ကြိုက်ပြီး အခန်းမီးဖွင့်တယ် “ဘားလမ်းမှာမဟုတ်တော့ဘူးရှင့်….. ၃၈ လမ်းပြောင်းသွားပြီ…. ပန်းဆိုးတန်းမှာလည်းရှိတတ်တယ် ရှင်အားရင်လာခဲ့ပါဦး´´ […]


ကျနော်နှင့်ကဗျာတိုလေးများ ၂၀၀၅-၂၀၀၉ နှစ်ကာလများအတွင်း ကျနော်ကဗျာလောကထဲစီးဆင်းနေစဉ်တုန်းက ကဗျာမျိုးစုံကို မဂ္ဂဇင်း တွေမှာ ရေးသားခဲ့ပါတယ်။ အခုတင်ပြမယ့်ကဗျာလေးတွေက ၂၀၀၆-၂၀၀ရ တုန်းက စိတ်ထဲမှာရုတ်တရက်ပေါ်လာတဲ့ အတွေးကွက် လေးတွေကို ဖျတ်ခနဲရေးခြစ်ခဲ့ရုံသက်သက်ပါ။ လေးလုံးစပ် နဲ့ ဟိုက္ကူကဗျာလေးတွေပေါ့။ တခါတလေ ကဗျာတိုလေးတွေရေးရဖတ်ရတာ အားမရပေမယ့်၊ တခါတရံမှာတော့ ကဗျာတိုလေးတွေကို ကျနော်က တစ်ဖက်သတ်ချစ်မိနေပြန်ပါတယ်။ ရေးထားတာလေးတွေပြန်ရှာတော့ စုစုပေါင်း 10 ပုဒ်ပဲပြန်တွေ့ပါတော့တယ်။ ဒီထဲက ရ ပုဒ်က မဂ္ဂဇင်းတွေမှာ ဖော်ပြခဲ့ပြီးပါပြီ။ သောကြာစာစောင်နဲ့ အောင်လံမဂ္ဂဇင်းမှာပါ။ အကောင်းစားလေးတွေတော့မဟုတ်ပါဘူး။ ဒီလိုပါပဲ။ မရေးတတ်ရေးတတ်နဲ့ရေးထားတာ။ ကဲ……ခံစားကြည့်ပါဦး။ ဥက္ကာကိုကို(သံတွဲ) ကဗျာတွေကို လေထဲကိုတော့ လွှတ်တင်လိုက်ရဲ့ ဓာတ်ကြိုးနဲ့မှ လွတ်ပါ့မလား ကိုယ့်မှာ ရင်ဘတ်ကြီးကိုသာ မ,ထားရတယ်။ ရေပေါ်ဆီ ဟေး….. ကဗျာရေးရတာ အညောင်းပြေရဲ့လား မိုးကလည်းကောင်းတုန်းပဲနော် ကဲ…..ရွာလိုက်ကြစို့။ […]