ဝေးကွာခဲ့သော သက္ကရာဇ်များ
““ ရိုးမတောင်ညို ခြားဗျာယ် ထား…သဘာဝအလှအပ စိမ်း လန်းစိုပြေနီ…သာစွရက္ခတွင်ရေ လခြမ်းမြီ…ငရို့ချစ်တဲ့အဖရခိုင် ပြည်…””
မနက်စောစောစီးစီး အိပ်ရာ ကနိုးနိုးချင်း ကျွန်တော့်ညီတွေဖွင့် ထားသည့် ကက်ဆက်ထဲမှ ရခိုင်အ ဆိုတော် ခိုင်ကျော်လင်း၏ သီချင်း သံက နားထဲရောက်လာသည်။
တေးသံကို နားထောင်နေ ရင်း နှင့်ပင် ဇာတိမြေကို လွမ်းစိတ် က ရင်ထဲသို့မရမက တိုးဝင်လာ သည်။ ဇာတိမြေ ၊ ချက်မြုပ်ရာမြေ ၊ မွေးဖွားကြီးပြင်းရာမြေ။ ကျင်လည် ကျက်စားခဲ့ရာမြေ။ အလွမ်းစိတ်က ရင်ဝကိုတိုးဆောင့် သည်။
ဇာတိမြို့လေးမှခွဲခွာလာပြီး ကတည်းက အလည်တစ်ခေါက် ပင်မပြန်ဖြစ်တာ ယနေ့အထိဖြစ် သည်။ ရန်တွေကုန်သွား၍ ရန်ကုန် ဟု အမည်သမုတ်ထားသည်ဆို သော ရန်ကုန်မြို့ကြီးမှာပင် ရှာဖွေလုပ်ကိုင်စားသောက်ရင်း တဝဲဝဲလည်ဖြစ်နေခဲ့တာ နှစ်အတော် ကြာနေခဲ့ပြီ။ တစ်ခေါက်လောက်တော့ ပြန်ရမည် ဟူသောအတွေးက လည်း ပြက္ခဒိန်များနှင့်အတူ တဖြည်းဖြည်း ဟောင်းနွမ်းလာပြီ ဖြစ်သည်။
ခုတော့ ကျွန်တော်လွမ်းနေ သည်။ ဇာတိမြေမှခွဲခွာလာသူအား လုံးလိုလိုပင် တစ်ကြိမ်လောက် တော့ ကိုယ့်ရပ်ရွာကို လွမ်းမောဖူး ကြလိမ့်မည်ဟု ကျွန်တော်ထင် သည်။ ကျွန်တော် နယ်ပြန်ချင်နေသည်။ အခြေအနေနှင့် အချိန်အခါက လည်း ကျွန်တော့်ဆီရောက်မလာ သေးသောကြောင့် လွမ်းမောရုံသာ ကျွန်တော်တတ်နိုင်လေသည်။
ဂျာနယ်တစ်ခုမှာ စီနီယာသ တင်းထောက်လုပ်နေသော သူငယ်ချင်းတစ်ဦးက တစ်ရက်မှာ ရင်ဖွင့်သည်။
““ ဒီလိုမိုးတွေရွာလာပြီဆိုရင် ငါ အိမ်ကိုအရမ်းသတိရတာပဲကွာ၊ ငါတို့က လယ်လုပ်စားတာ။ ဒီအချိန်က ထွန်တုံးချတဲ့အချိန်ဆို တော့ ငါ့အဖေတစ်ယောက်တည်း
ကြုံးလုပ်နေရမှာကွ ””
အမှတ်တရလေးတွေက တော့ လူတိုင်းရင်ထဲမှာ ကိန်းဝပ် နေကြတာပဲဖြစ်သည်။ အကြောင်း တိုက်ဆိုင်လာတိုင်း ထိုအဖြစ် အပျက်လေးတွေကိုပြန်လည် သတိရတတ်ကြသည်။
““မိုးဦးကျတာနဲ့ ငါတို့က အိမ်ပေါ်မတက်ရတော့ဘူး။ အချိန် ပြည့် လယ်ထဲမှာပဲလုပ်ကိုင်နေကြ ရတာ။ မိုးအေးအေးညတွေဆို အဖော်တွေစုပြီး ဖားရိုက်ထွက်ကြ တာ အရမ်းပျော်ဖို့ကောင်းတာပဲ”” ဟု စောနက သတင်းထောက်သူ ငယ်ချင်းက ဆက်ပြောသည်။
သူပြောတာကိုနားထောင် ပြီး ကျွန်တော့်ရဲ့ နဂိုလွမ်းစိတ်က ဇာတ်ရှိန်မြင့်သွားသည်။ အမှတ်တ ရများစွာက မျက်စိထဲမှာ တရိပ်ရိပ် ပြေးလွှားနေသည်။
ကျွန်တော်တို့ သူငယ်ချင်းတ တွေ ညစဉ်တိုင်း မြို့လေးရှိ ဂျီတီ အိုင် အဆောင်ရှေ့မှာ ဂစ်တာတီး ကြတာတွေ၊ လက်ဖက်ရည်တစ် ခွက်သောက်ပြီး တစ်နေကုန် လေပန်းကြတာတွေ၊ ရိုးမတောတောင်တွေပေါ်တက်ကာ ရှဉ့်ပစ်ငှက်ပစ် ထွက်ကြတာတွေ၊ ငပလီကမ်းခြေမှာ ငါးမျှားပြီး ရလာ တဲ့ငါးတွေကို လတ်လတ်ဆတ် ဆတ် ကင်စားကြတာတွေ၊ ပင် လယ်လှိုင်းကြမ်းတွေစီးပြီး ရေကူး ပြိုင်ကြတာတွေ၊ ဝါသနာတူလူငယ် တွေစုပြီး ကဗျာဝိုင်းဖွဲ့စာအုပ်လုပ် ကြတာတွေ၊ အေးမြတဲ့ဆောင်းည တွေမှာ မြို့လေးရဲ့တံတားကြီးပေါ် မှာ ကဗျာရွတ်ရင်း ငြိမ်းချမ်းခဲ့ကြ တာတွေ…။
ပြောရမည်ဆိုလျှင် တစ် ထောင့်တစ်ညထက်ရှည်လျားသွား နိုင်သည်။ ထို့ကြောင့် ကျွန်တော် လွမ်းနေသည်။
ရန်ကုန်တွင် ကျွန်တော့်လုပ် ဖော်ကိုင်ဖက် အပေါင်းအသင်း သူ ငယ်ချင်းတွေ အများစုက နယ်မှတက်၍ အလုပ်လာလုပ်သူ တွေချည်းပဲဖြစ်သည်။ တချို့က ကျွန်တော့်လို နယ်မပြန်ဖြစ်ဘဲ လှိမ့် ပိမ့်၍ အလုပ်လုပ်ကိုင်နေသူများ ဖြစ်ပြီး တချို့ကတော့ သင်္ကြန်ရုံး ပိတ်ရက်တွေလိုမျိုးမှာ တစ်နှစ်တစ် ခေါက်တော့ အိမ်ပြန်ကြသည်။ သူ တို့ရပ်ရွာအလည်ခေါ်ကြသော်လည်း ကျွန်တော်မလိုက်ဖြစ်။
သင်္ကြန်တွင်းမှာ အိမ်အောင်း ၍ စာရေးစာဖတ်သာလုပ်နေဖြစ် သည်။ လူရှုပ်ထွေး၍ တိုးဝှေ့နေရ သော မြို့ကြီးသင်္ကြန်ကို ကျွန်တော် စိတ်ပျက်သည်။ ထိုအချိန်မျိုးမှာ လည်း ရိုးရှင်းသော နယ်သင်္ကြန်ကို လွမ်းမိသည်။ လောင်းလှေကြီးထဲမှ ရေကို ခွင့်တောင်းကာပက်ရသော ချစ်စဖွယ်ရိုးရာဓလေ့ရခိုင်သင်္ကြန် ကိုလွမ်းမိလျှင် ရန်ကုန်မြို့၊ သိမ်ဖြူ ကွင်းက ရခိုင်သင်္ကြန်ပွဲကို ရောက် ဖြစ်သည်။
တစ်နေ့လုပ်တစ်နေ့စားနှင့် လခစားဘဝတွေထဲမှာကျင်လည် ရင်း အပူအပင်သိပ်မရှိသော ဇာတိ မြို့ကလေးကို လွမ်းရသည်။ ကျွန် တော်တို့ဆီမှာက ငါးစားချင်လျှင် ပင်လယ်ကမ်းစပ်ကိုဆင်း၍ ပိုက်ဖေင်သမားတွေဆီက တစ်နပ် စာကောက်ယူလို့ရသည်။ ဟင်းသီး ဟင်းရွက်စားချင်လျှင် ကိုင်းကျွန်း စိုက်ခင်းတွေထဲက ခူးဆွတ်နှုတ်ယူ လို့ ရသည်။ တောထဲဝင်ပြီး ဟင်း စားဟင်းရွက် ရှာဖွေလို့ရသည်။
ရန်ကုန်လို တနယ်တကျေး မြို့ကြီးမျက်မည်းအလယ်မှာတော့ ထမင်းတစ်နပ်အတွက် ကုပ်ကပ် တွယ်မှီ လှုပ်ရှားရသည်။ ရုန်းကန် ပြေးလွှားလုပ်ကိုင်ကြရသည်။ ရှိသမျှတစ်မိသားစုလုံး အလုပ် ထွက်လုပ်ပါမှ ချောင်လည်ကြ သည်။ အလုပ်နှင့် ငွေ၏တန်ဖိုးကို ဘဝနှင့်ရင်းပြီး သိလာကြရသည်။
““အလုပ်ဟူသမျှ၊ ဂုဏ်ရှိစွ”” ဆိုသော စကားပုံအတိုင်း ကျရာ အလုပ်ကို လုပ်ကိုင်စားသောက်နေ ကြသူများကို နေ့စဉ်နေရာအနှံ့ မြင် တွေ့နေရသည်။
တကယ်တော့ ကျွန်တော် ရော ကျွန်တော့်အမေပါ ရန်ကုန် မှာရှိနေကြတာဖြစ်သည်။ ကျွန် တော့်လိုပင် အမေကလည်း ကျွန် တော့် အဘိုးအဖွားတွေခေါင်းချခဲ့ ရာမြေကို လွမ်းသည်။ ဟိုမှာ ကျန် ခဲ့ကြသော ဆွေမျိုးသားချင်းညီအစ် ကိုမောင်နှမတွေကိုလွမ်းသည်။ မပြုပြင်ဖြစ်တာကြာပြီဖြစ်သော လင်ယောက်ျား၏ အုတ်ဂူကိုလွမ်း သည်။
နယ်က အမေ့မိတ်ဆွေတွေ တစ်ရံတစ်ခါ ရန်ကုန်ရောက်လာပါ က ချဉ်ပေါင်၊ ကိုင်းခရမ်းသီး၊ ရခိုင် ငါးပိစစ်စစ်၊ ငါးနီတူခြောက် စသည့် ဒေသစာများလက်ဆောင်အဖြစ်ပါ လာတတ်သည်။ ထိုအခါ အမေ့ မျက်နှာပေါ်တွင် အပြုံးပန်းများ ဝေဝေဆာဆာပွင့်လေသည်။
တလောက…အမေ့အစ် မ အကြီးဆုံး ကျွန်တော့်ကြီးတော် အသည်းအသန်ဖြစ်၍ နောက်ဆုံး မြင်တွေ့နိုင်ရန် လာစေချင်ကြောင်း နယ်ကဆွေမျိုးတွေက ဖုန်းဆက် သည်။ အမေရော ကျွန်တော်ပါ မသွားဖြစ်။ ကျွန်တော်တို့နယ်က ရိုး တောင်အထပ်ထပ်ခြားထားပြီး ခရီးကွာဝေးလွန်းကာ ခရီးစရိတ်က လည်း လွယ်သည်မဟုတ်။
သုံးလေးရက်ခန့်တစ်ခေါက် ပြန်လျှင်ပင် ငွေငါးသောင်းခြောက် သောင်းခန့် ကုန်ကျနိုင်သည်။ သား အမိနှစ်ယောက်စလုံး ရုန်းကန်နေ ရသောကာလတွင် ငွေခြောက် သောင်းက ကျွန်တော့်လစာ၏ တစ်ဝက်ရှိသည်။ နောက်ဆုံးတော့ ဘာမှမဖြစ်လောက်ပါဘူးလေ ဟု သာ အမေကဘုရားထံ ဆုတောင်း လေသည်။
သိပ်မကြာမီ ကြီးတော်ဆုံးပြီ ဖြစ်ကြောင်း သတင်းရောက်လာ သည်။ အမေငို၏။ ဘာမှတော့ မတတ်နိုင်ချေ။
ကျွန်တော်တို့လို ရပ်ရွာမပြန် ဖြစ်သောသူတွေ ရန်ကုန်မှာ တလှေကြီးရှိသည်။ ကျွန်တော့်မိတ် ဆွေတွေနှင့် ဝိုင်းဖွဲ့ထိုင်မိကြတိုင်း ကိုယ့်ရပ်ကိုယ့်ရွာ၊ ကိုယ့်ဇာတိမြေ မည်မျှသာယာကြောင်း၊ နယ်က သူတို့သူငယ်ချင်းတွေအကြောင်း ဟာသများကို အမြဲစေ အာပေါင် အာရင်းသန်စွာ ပြောဆိုလေ့ရှိကြ သည်။
မြို့ကငယ်သူငယ်ချင်းတွေ ရောက်လာတိုင်း ကျွန်တော်သူတို့ နှင့် အချိန်ပေးလည်ပတ်လေ့ရှိ သည်။ တစ်ခါတလေမှရောက်ဖြစ် ကြသူတွေဆိုတော့ စကားတွေ ပြောမဝနိုင်ကြ။ ထိုစဉ်အခါမျိုးမှာ သူတို့ဆီက သတင်းတွေ စုံလင် အောင်ကြားရသည်။ ဘယ်သူက တော့ အိမ်ထောင်ကျနေပြီ။ ဘယ် ကောင်ကတော့ တေပေနေတုန်းပဲ။ ဘယ်ဝါကတော့ ဆုံးသွားရှာပြီ။ ဟို ကောင်ကြီးကတော့ ခုထိအလုပ်မ လုပ်သေးဘူး…စသဖြင့် ပြောဆို ရယ်မောရင်း လွမ်းဆွတ်ရသည်။
ကျွန်တော်မွေးဖွားခဲ့သည့် မြို့ ကလေးက ရိုးမတောင်တွေဝန်းရံ ကာ ပင်လယ်ပြာက အနားသတ် ထားသည်။ မြို့လေး၏ကျောင်း အမည်မှာ သံတွဲဖြစ်ပြီး အိမ်ခေါ် အမည်မှာ ဒွါရာဝတီဖြစ်လေသည်။ နောက်တစ်နှစ်တော့ ခွင့်ယူကာ တစ်ခေါက်လောက်ပြန်ရမည်။ ဆွေ မျိုးတွေ ၊ သူငယ်ချင်းတွေနှင့်တွေ့ ရမည်ဟု စိတ်ကူးမိသည်မှာ အခါခါ။
ကျွန်တော်တို့က ဇာတိမြေကို လွမ်းနေပါသည်ဆိုလျှင် နိုင်ငံရပ် ခြားသို့ သွားရောက်အလုပ်လုပ် ကိုင်နေကြသော ရွှေမြန်မာညီအစ် ကိုမောင်နှမများအတွက်မူ ပြော နေစရာပင်မလိုတော့။ သူတို့ရင် ထဲမှာ အိမ်လွမ်းစိတ်တွေမည်မျှ ပြည့်နှက်နေမည်နည်း။ ချစ်သော သူများကိုခွဲခွာကာ တနယ်တကျေး သို့ရောက်ရှိနေကြသော သူတို့က ကျွန်တော်တို့ထက်ပို၍ လွမ်းဆွတ် ကြလိမ့်မည်။
““မွေး…မွေးမေကျေးဇူး ဆပ်ဖူးချင်တယ်လေ…ဝေး… တစ်မြေဆီခြားလို့ ဝေးကွာခဲ့ပေ.. သားချစ်တဲ့မွေးမေမေ”” စသော။
““ရေမြေခြားသွားရတော့.. မင်းလေးကိုထားခဲ့ရပြီပေါ့…နောက် ကွယ်ရာမှာ…ကိုယ်စိတ်ချပါရစေ””
စသော သီချင်းလေးများဆိုညည်း ရင်း လုပ်ငန်းခွင်ဝင်နေကြရှာမည့် ရွှေမြန်မာများကို ကျွန်တော်ကိုယ် ချင်းစာနာမိပါသည်။ ကိုယ့်ဇာတိ မြေ၊ ကိုယ့်နိုင်ငံ၊ ကိုယ့်မိသားစုရှိရာ သို့ အောင်မြင်မှုများပွေ့ပိုက်ကာ ပြန်လာနိုင်မည့်တစ်နေ့ကို စောင့် စားရင်း သူတို့လည်း ရုန်းကန်နေ ကြရလေသည်။
သောင်းပြောင်းထွေလာ ရယ် စရာမဂ္ဂဇင်းတွင် တစ်ခါကဖတ် လိုက်ရသော ကဗျာဆရာသစ္စာပိုင် စိုး၏ ““မိသားစု””ဟူသောကဗျာတွင် ကဗျာဆရာက ဤသို့ဖွဲ့ထားသည်။
မိသားစုဆိုတာ…
စကြဝဠာထက်ကြီးမားသောအရာ
အဲသလိုကျယ်ပြောမှုမျိုးမှာ
ငါတို့ဟာ
တစ်ကြိမ်တစ်ခါဆုံကြဖို့အရေး
နှစ်ပေါင်းများစွာဝေးကြရသူတွေပါ။
ကျွန်တော်တို့ရဲ့ ဝေးကွာမှု နှစ်သက္ကရာဇ်တွေ ကြာရှည်လွန်းလှ သည်။
2 comments
manawphyulay
November 2, 2010 at 2:59 pm
ဒီလိုပါပဲ ဘဝဆိုတာ ကြုံဖူးမှ ဘနဲ့ဝ ကို ပေါင်းတာ ဘယ်လိုဆိုတာ ခံစားမိတတ်ကြပါတယ်။ မဝေးပဲ ဒုက္ခရောက်နေကြတဲ့သူတွေလည်း အများကြီး မြန်မာပြည်မှာ ရှိနေသေးပါတယ်လေ….
kopauk mandalay
November 2, 2010 at 3:30 pm
ရှေးလူကြီးတွေကို ကျေးဇူးတင်တယ်ဗျာ။
ဘဝ ဆိုတဲ့စကားလုံးကိုထွင်ခဲ့တာ ခေါ်လို့ကောင်းတယ်လေ။
မတော်လို့ များ ဝဘလို့ထွင်ခဲ့ရင် ခေါ်ရတာထောင့်တောင့်တောင့်ကြီးနေမှာနော်။
အဝေးရောက်သားသမီးများကို သီချင်းလေးနဲ့ ခေါ်လိုက်ပါမယ် ကြားကြားသမျှပြန်လာကြပါကုန်
ပြန်လာပါတော့ ပြန်လာပါတော့ ပြန်လာပါတော့ ပြန်လာပါတော့ ………………………………………………