ရစ်သမ်မဲ့ကဗျာ
စည်ဆိုတာ
ထိချကိရှိမှမြည်တတ်တာမျိုး
လေတိုက်တိုင်းထမြည်နေရင်
စည်ဆိုတဲ့ဝေါဟာရကို
ပြန်ပြင်လိုက်ပေရော့….တဲ့။။
ခဲနဲ့ပစ်လိုက်တုန်းကမအော်
ပန်းနဲ့ပေါက်မှထအော်တာ
ပန်းမှာကပ်ပါလာတဲ့ပုရက်ဆိတ်ကို်က်လို့တဲ့လေ……
အဲ့ဒိလိုဟာသတွေနဲ့
ကြီးပြင်းခဲ့စည်ဟာ
ထိချက်မှာမမြည်ပဲ
လေတိုးသံကြားမှ
သတိရပြီးထမြည်တာမျိုး……..။။
ဂိုးသွင်းခံလိုက်ရတဲ့အသင်းကိုမှ
လက်ခုပ်လက်ဝါးတီးပြီး
အားပေးမိတဲ့ငါ့ကို
လှောင်ပြောင်ရယ်မော
ပစ်တင်မစောကြပါနဲ့လေ…………။။။
နေဝန်းနီ