Customize Consent Preferences

We use cookies to help you navigate efficiently and perform certain functions. You will find detailed information about all cookies under each consent category below.

The cookies that are categorized as "Necessary" are stored on your browser as they are essential for enabling the basic functionalities of the site. ... 

Always Active

Necessary cookies are required to enable the basic features of this site, such as providing secure log-in or adjusting your consent preferences. These cookies do not store any personally identifiable data.

No cookies to display.

Functional cookies help perform certain functionalities like sharing the content of the website on social media platforms, collecting feedback, and other third-party features.

No cookies to display.

Analytical cookies are used to understand how visitors interact with the website. These cookies help provide information on metrics such as the number of visitors, bounce rate, traffic source, etc.

No cookies to display.

Performance cookies are used to understand and analyze the key performance indexes of the website which helps in delivering a better user experience for the visitors.

No cookies to display.

Advertisement cookies are used to provide visitors with customized advertisements based on the pages you visited previously and to analyze the effectiveness of the ad campaigns.

No cookies to display.

ပြင်သင့်တာလေးတွေ…….တွေးကြည့်တာပါ

naywoon niNovember 5, 20101min45513

ခုတစ်လောကွန်နက်ရှင်ကမကောင်းဘူး။

ဘာပဲဖြစ်ဖြစ်ပါငတ်တစ်လှဲ့ပြတ်တစ်လှဲ့ကွန်နက်ရှင်လေးရနေတာကိုပဲကျေးဇူးတင်ပါတယ်……..။

မနေ့ကဆိုရှီသမျှဆိုင်သာကုန်ရောဘယ်မှာမှမရဘူး…။

ဒါနဲ့သူငယ်ချင်းနှစ်ယောက်လ္ဘက်ရည်ဆိုင်မှာထိုင်ရင်းအင်တာနက်ပေါ်မှာတွေ့ကြုံကြရတာလေးတွေပြောမိကြတယ်။

ဒီလိုပြောမိကြရင်းနဲ့ကျွန်တော်တို့တစ်တွေအမှုမဲ့အမှတ်မဲ့စည်းကမ်းမဲ့ကြတာလေးတွေပြောဖြစ်ကြတယ်………။

ကျွန်တော့်သူငယ်ချင်းကကျွန်တော်ပြောတာကိူဝေဖန်ပေါ့…..။ကျွန်တော်ရေးသမျှစာတွေကိုလည်းသူ့ကိုဒီလိုနှုတ်တိုက်

ပြောမိတာတွေချည့်ပါပဲ..။သူ့ကကောင်းတယ်ဘယ်ဟာလေးကဘယ်လိုဆိုမှကျွန်တော်ကစက်ပေါ်ရောက်တဲ့အခါစာစီပြီး

တင်ခဲ့တာချည့်ပဲ။ကျွန်တော်တို့အမှုမဲ့အမှတ်မဲ့စည်းကမ်းမဲ့ကြတာလေးတွေကဒီလိုပါ……..

(မှားနေခဲ့ရင်လိုအပ်တာရှိရင်ပြင်ပေးဖြည့်ပေးကြပါ)

၁။ကွမ်းတံတွေးစည်းကမ်းမဲ့ထွေးတာပါ

ကျွန်တော်လည်းအရင်ကကွမ်းစားပါတယ်။ဒါပေမဲ့နောက်ကျန်းမာရေးအရ..စီပွားရေးအရ…..ဖြတ်ထားလိုက်တာပါ။

ဟုတ်ပါတယ်။ကွမ်းယာစားပြီးအချိုသွားစားမိရင်ကျောက်တည်တတ်ပါတယ်။မယုံရင်ထုံးရည်ထဲသကြားထည့်ကြည့်ပါ….။

စီးပွာရေးအရဆိုတာကတော့ကွမ်းတောင်းစားတဲ့သူများလာလို့ပါ။ကွမ်းဈေးကလည်းသိတဲ့အတိုင်းတစ်ကျပ်ဖိုး6ယာ….

7ယာကလေနေခုဆို100ကျပ်ဖိုး3/4ယာပဲရတော့တယ်…..။အဲကွမ်းဈေးဘယ်လောက်ကြီးကြီးကွမ်းယာဆိုင်တွေကလျော့

မသွားပဲတိုးလို့ချည့်လာနေပါတယ်။ဒါကကျွန်တော်တို့ရဲ့ငွေကြေးဖြုန်းတီးမှုကိုပြနေတာပါ..။သူတို့ဖသာရှာနိုင်လို့ဇြုန်းတာ

ကျွန်တော်နဲ့မဆိုင်ပါဘူး။ခုပြောမှာကကွမ်းသွေးကိစ္စပါ……။။ကျွန်တော်ကွမ်းစားခဲ့တာကကွမ်းယာကိုဝါးကာစတစ်ကြိမ်းပဲ

ထွေးပြီးကျန်တာကိုမြိုချပစ်တာပါ။ခုတော့မောင်မင်းကြီးသားများကဒီလိုမဟုတ်ကြဘူး။ကွမ်းလည်းစားချင်သေးတယ်……

သေမှာလည်းကြောက်သေးတယ်……။ကွမ်းသွေးကိုစည်းမရှိကမ်းမရှိထွေးထုတ်နေကြတာပါ။စက်ဘီးပေါ်ကလည်းထွေးတာပဲ

ဆိုင်ကယ်စီးရင်း…..ကားပေါ်ကနေရှေ့မကြည့်နောက်မကြည့်ထွေးကြပါတော့တယ်။ကွမ်းသွေးဆိုတာပါးစပ်ထဲကနေဝါးထုတ်

လိုက်တဲ့ပိုင်ရှင်တောင်မလိုချင်တော့တဲ့စွန်ပစ်ပစ္စည်းပါ။တစ်စုံတစ်ယောက်ကိုသွားစင်မှာ…။နံရံပေါ်မှာညစ်ထေးသွားမှာ..

မစဉ်းစားတော့ပါဘူး..။ပြီးတော့မိုးတွင်းဆိုပိုဆိုးပါတယ်။ရေဗွက်တွေထဲကိုထွေးသွားလိုက်တာ။ဒီစာကိုဖတ်နေသူတွေတော့

မသိဘူး။လောကမှာရွံစရာပြပါဆိုရင်ကျွန်တော်ကတော့ကွမ်းသွေးကိုပြမှာပဲ…။ပြီးတော့ကွမ်းယာထုတ်တဲ့ပလစ်စလစ်အိတ်တွေ

မိုးတွင်းရေတင်တဲ့နေရာတေေွမှာရှောင်လို့မလွတ်ပါဘူး။။နောက်ရှိသေးတယ်…..စောစောကကွမ်းယာထုတ်ပေးလိုက်တဲ့အိတ်ခွံ

ထဲကိုကွမ်းသွေးပြန်ထွေးထဲပြီးလမ်းပေါ်ပစ်တဲ့ကိစ္စ…..တစ်စုံတစ်ယောက်ကိုများသွားမှန်လိုက်လို့ကတော့ဖြေရှင်းလို့ပြီးမှာမဟုတ်

နောက်နံပါတ်(၂)

၂။ဆေးလိပ်တိုလွင့်တဲ့ကိစ္စ

ဆေးလိပ်သောက်သူတွေပါ…….။ဆေးလိပ်လေးတိုသွားပြီဆိုရင်မီးမငြိမ်းပဲလမ်းပေါ်ပစ်တတ်ကြပါတယ်။

နဲနဲပါးပါးစည်းကမ်းရှိသူေတွေကတော့ခြေထောက်နဲ့နင်းခြေခဲ့ပါသေးတယ်။သူကတော့လမ်းပေါ်မှာဆေးလိပ်တိုအဖြစ်သာအမှိုက်တင်

ကျန်ခဲ့တာမို့ကွမ်းသွေးလောက်တော့မဆိုးဘူး။ဒါပေမဲ့ပြင်ရမှာပဲ…။

၃။အမှိုက်လွင့်ကြတာတွေ

ကျွန်တော်တို့ဆီမှာလမ်းတိုင်းအမှိုက်ပုံးမရှိပါ…။ရှိတဲ့လမ်းတွေမှာလည်းအမှိုက်တွေပြည့်လျှံနေတတ်ပါတယ်။ထိုအမှိုက်ပုံးဘယ်သူ

လာချသွားပြီးဘယ်သူပြန်သိမ်းမယ်ဆိုတာတစ်ခါတစ်လေပိုင်ရှင်မပေါ်တတ်ပါ…။ကျွန်တော်တို့နယ်တွေမှာကကိုယ့်အမှိုက်ကိုယ်တာဝန်ယူ

ဖြေရှင်းရပါတယ်…။ဒီလိုပါ….အိမ်ဝင်းထဲကထောင့်တစ်ထောင်မှာပုံထားပြီး…ဒါမှမဟုတ်အိမ်ရှေ့ကွက်လပ်မှာမီးရှို့ဖျက်ဆီးလိုက်ကြရပါတယ်။

ဒီလိုမလုပ်ချင်တဲ့သူေတွေကဘာလုပ်သလဲသိလား။လူမရှိတဲ့အိမ်ဘေးမှာသွားပုံတာမျိုးပါ………။

၄။မွေး    မြူရေးကိစ္စတွေ…….

ဒါကတော့မြို့ပြတွေမှာမရှိနိုင်ပါဘူး..။နယ်တွေမှာပါ….စီပွားဖြစ်မွေးမြူထားတဲအကောင်ပလောင်တွေလွှတ်ထားတာမျိုးပါ။

ပြီးတော့ဝက်တွေကြက်တွေမွေးထားပြီးအညစ်အကြေနံ့တွေဟောင်နေတာမျိုးပါ….။မိုးရွာထားရင်တော်တော်နံ့အနံ့အသက်ကမကောင်းတော့

ပါဘူး..။မွေးထားတဲ့သူတွေကတော့စီင်္းပွားရေးအတွက်ဆိုတော့အနံ့ရင်ပါးနေကြပုံပါ။ဘေးအိမ်တွေကစိတ်အနှောက်အယှက်ဖြစ်စရာပါ

ကျွန်တော်ကတော့ပြင်သင့်တယ်လို့တွေးမိတာလေးတွေပါ

လိုနေရင်ဖြည့်ပေးကြပါဦး

မလိုဘူးထင်ရင်လည်းပြောနော်

နေဝန်းနီ

13 comments

  • မိုက်ကယ်ဂျော်နီအောင်ပု

    November 5, 2010 at 3:53 pm

    ဟုတ်တယ်ဗျို ့ ဒီပို ့စ်လေးကို ထောက်ခံတယ်
    ဒါဟာ တစ်ဦးတစ်ယောက်တည်းလုပ်လို ့လဲမရဘူး
    ကိုယ့်တာဝန်ကိုသိကြရင် ကောင်းမယ်
    ကွမ်းဝါးကြတာကို ပြောတဲ့ကိစ္စမှာလည်း အထူးထောက်ခံတယ်ပြောရင်
    အဆဲခံရမလားမသိဘူး(ကွမ်းတောင်သူများမှသည် ရောင်းဝယ်ဖောက်ကားသူများအထိ/ဝါးသူများမပါ)
    အရေလည်းမရအဖတ်လည်းမရဆိုဘဲ
    သတင်းတစ်ပုဒ်ဖတ်ဘူးတယ်
    အိန္ဒိယမှာဆိုလား ဧရာမ တံတားကြီး တစ်စင်းတောင် ကွမ်းတံတွေးတွေကြောင့်
    ပြိုကျဘို ့ မျက်ခုံးခပ်လှုပ်လှုပ်လို ့
    နောက်တာမဟုတ်ဘူးနော်

    • zawana

      November 6, 2010 at 10:20 am

      ကွမ်းတံတွေးတွေကြောင့် တံတားကြီး ပြိုကျရမယ့် အဖြစ်ကိုတော့ မကြားဖူးသေးလို့ သိပါရစေ။
      ကျုပ်တို့ ရန်ကုန်မှာတော့ အမှိုက်အိတ်တွေက်ို လမ်းဘေးတွေ၊ ရေမြောင်းတွေမှာပစ်ကြလွန်းလို့ မိုးရွာရင် မြောင်းတွေပိတ်ပြီး ရေတွေကြီးကုန်ပါရောလား။ ရန်ကုန်မှာတော့ ဘယ်နားကြည့်ကြည့် အမှိုက်တွေပဲ နေရာယူနေပါတယ်။

  • ဆူး

    November 5, 2010 at 4:19 pm

    အိန္ဒိယမှာဆိုလား ဧရာမ တံတားကြီး တစ်စင်းတောင် ကွမ်းတံတွေးတွေကြောင့်
    ပြိုကျဘို ့ မျက်ခုံးခပ်လှုပ်လှုပ်လို ့
    နောက်တာမဟုတ်ဘူးနော် ——— ဘကြီးပု ဘာလဲ ကွဲ့.. ရှင်းပါအုန်း.. သိချင်တယ်

  • weiwei

    November 5, 2010 at 4:25 pm

    အိန္ဒိယမှာ ကွမ်းရွက်နဲ့ကွမ်းစားတာ မတွေ့မိခဲ့သလိုပဲနော် … သူတု့ိက အာမွှေးတွေကိုပဲ ဒီအတိုင်းစားတာမဟုတ်လား ..
    ဆူးရေ .. လုပ်ပါအုန်း … စဉ်းစားပေးပါအုန်း …

  • ဆူး

    November 5, 2010 at 4:34 pm

    မဝေ ပြောသလို ကွမ်းအထုတ်တွေ ready made စားတာတွေ တွေ့မိတာဘဲ..
    အဲဒါကြောင့် သူကို ပြန်မေးနေတာ.. အစ မရှိ အဆုံး မရှိ ပြောနေလို့.. ဆူး မသိတဲ့ အချက် အလက်တွေ ဖြစ်နေမှာ စိုးတဲ့ အတွက် မေးတာပါ။ အစေ့လေးတွေ မြုံဝါးနေတာဘဲ.. ကွမ်းအထုတ်တွေ မစားဘူးတော့ အဲဒါ ထွေးထုတ်ရလား မထွေးထုတ်ရဘဲ မြိုချလား မသိဘူး..

  • unclegyi1974

    November 5, 2010 at 5:23 pm

    နေဝန်းနီ ရေးတဲ့အထဲမှာ ကွမ်းအကြောင်းကျွန်တော့်
    ကိုယ်တွေ့နဲနဲပြောချင်ပါတယ်
    တနေ့ကျွန်တော်ကဆိုင်ကယ်နဲ့အသွားဒိုင်နာတစီးကိုကျော်အတက် လက်တလျောက်ပူကနဲဖြစ်သွား
    တာနဲ့ကြည့်လိုက်တာ အင်္ကျ ီ ရောလက်ရောကွမ်
    တံတွေးတွေအကုန်ပေကုန်တာပါဘဲ
    ကားကိုအတင်းကျော်တက်ပြီးကြည့်လိုက်တော့
    အမေအရွယ်လောက်ရှိတဲ့အဖွားကြီးတယောက်
    မျက်နှာငယ်လေးနဲ့တောင်ပန်ကြည့်နဲ့ကြည့်နေတာ
    တွေ့ပါတယ် ကားစပယ်ယာကတော့သူနဲ့ဘာမှမ
    ဆိုင်သလိုခပ်တည်တည်ပါဘဲ ကားသမားကလဲ
    သိတယ်နဲ့တူတယ်ကားကိုအတင်းမောင်းတာပါဘဲ
    အခုခေတ်က ကားပေါ်ကွမ်းစားတာဘာမှမဆန်း
    ပါ
    ကျွန်တော်တို့ငယ်ငယ်တုန်းကကားတွေပေါ်
    ကွမ်းမစာရ လက်မထုတ်ရ လို့စာနဲ့သေချာရေးပြီး
    စပယ်ယာကလဲကွမ်းစာတဲ့လူတွေ့ရင်ကားပေါ်ကွမ်း
    မစာဖို့ပြောပါတယ်
    အခုခေတ်ကအရင်ကကောင်းတာလေးတွေကို
    အကုန်ထားခဲ့ပြီးမကောင်းတာတွေကိုအကုန်လက်
    ခံတဲ့ခေတ်ကြီးများဖြစ်နေပြီလားဗျာ
    မဝေတို့ဆူးတို့ပြောတဲ့ကွမ်းထုတ်ကလေးတွေအ
    ကြောင်းအချိန်ရ ရင်သီးသန်းရေးချင်ပါသေးတယ်

  • kai

    November 5, 2010 at 9:12 pm

    တချို ့များ နေရာတကာ ရောက်ဖူးနေတော့တာပဲ..။
    လကမ္ဘာရော ရောက်ဖူးလားဟင်င်င်..

    • bigcat

      November 6, 2010 at 12:07 am

      ကွမ်းယာနဲ့
      လကမာ္ဘ
      ဘာဆိုင်သလဲဗျာ။

    • ဆူး

      November 6, 2010 at 2:29 am

      လကမာ္ဘ ဆိုတာ ဘာဆိုင်လဲ.. ကွမ်းယာ ဆိုင်လား.. နာမည်တော်တော် ကြီးလား

  • naywoonni

    November 6, 2010 at 4:54 am

    လကမ္ဘာကွမ်းယာဆိုင်ကိုတော့မသိဘူး……
    မန္တလေးတက္ကသိုလ်သွားတဲ့73လမ်းပေါ်မှာBScကွမ်းယာဆိုင်တော့သိတယ်
    1985တက္ကသိုလ်ရောက်ခါစကတွေ့ဖူးတာ……..
    BScဘွဲ့ရပြီးအလုပ်မရှိလို့ကွမ်းယာဆိုင်ထဖွင့်ထားတာလို့ပြောသံလဲကြားဖူးတယ်
    ကွမ်းယာဆိုင်ဖွင့်ဖို့BScဘွဲ့ရဖို့လိုသလားမလိုလားတော့မသိဘူးနော်
    ခုတော့လိုမယ်မထင်တော့ပါဘူး

  • naywoonni

    November 9, 2010 at 2:41 pm

    အန်ကယ်ကြီးရေ…….
    ခင်ဗျားကကားပေါ်မှာဖြစ်တာ…
    ကျွန်တော်တော့နက်ဆိုင်ထိုင်တိုင်ခြေထောက်တင်တဲ့ခုန်ပေါ်မှာကွမ်းသွေး
    ထွေးထားတဲ့အိတ်ရှိမရှိကြည့်နေရတယ်…..နမော်နမဲ့ဝင်ထိုင်မိရင်ပေပြီသာမှတ်
    ကိုယ့်စာရင်းကိုရှင်းမသွားကြတာတော်တော်ဆိုးတယ်နော်

  • naywoonni

    February 4, 2011 at 10:42 am

    အရည်မရ အဖတ်မရတဲ့ဗျာ။ ကွမ်းစားတဲ့သူတစ်ယောက်ကတော့ ပြောဖူးတယ်။ ကွမ်းယာဝါးတဲ့ အလုပ် ထွေးထုတ်တဲ့ အလုပ်ကြားမှာ သမာဓိရတယ်ဆိုလားပဲ။ တစ်ကယ်တော့ ကွမ်းစားတဲ့ဓလေ့က ရှေးအစဉ်အလာအရရှိနေပြီးသား။ နန်းတော် တိုင်ကို ထုံးသုတ်မိလို့ လက်ဖြတ်တယ်ဆိုလား။ ပြီးတော့ ကဗျာလေးတစ်ပုဒ်ကလည်း ရှေးရေးလေးပါပဲ ဘာတဲ့….
    တံတားဦးက ကွမ်းနုဝါ
    ငမြာကဆေး
    ကွမ်းသီးတောင်ငူနဲ့
    ကိုင်းထုံးဖြူ ပြည်ရှား
    သာ ဝါးလို့ ထွေး …….တဲ့လေ။
    ကျွန်တော့တို့ လူမျိုးတွေက တစ်ခုမကောင်းဘူးဗျ။ မလုပ်ချင်ရင်လည်း ဇွတ်ခိုင်းလို့မရဘူး။ လုပ်ချင်ပြီ ဆိုရင်လည်း အလွန်အကျွံ ဖြစ်အောင် လုပ်တော့တာ။ အစလေး လုပ်ပေးလိုက်မိရင် ကောင်းတာကလွဲလို့ပေါ့..။ နောက်နောက်ဆက်ဆက် လုပ်လာလိုက်ကြတာ။ ဘယ်လိုမှတားမရတော့တဲ့ အထိဖြစ်ကုန်တာပဲ။ ဒါပဲစိတ်ဝင်စားတော့တယ်။ ကျန်တာမသိချင်ဘူး ဆိုတာတွေ ဖြစ်ကုန်တော့တာပဲ။ ဘာလို့လဲဆိုတော့ တစ်ခြား လူမျိုးတွေနဲ့စာရင် ကျွန်တော်တို့လူမျိူးတွေက အချိန်ပိုပြီး အားလပ်နေကြလို့ပါပဲ။ လူမျိူးခြားတွေထက် အားလပ်ချိန် နှစ်ဆ သုံးဆ ပိုနေတော့ လွတ်နေတဲ့ စိတ်တွေက အဲဒိ မကောင်းဘူးဆိုတဲ့ ဘက်ကိုချည့် ဆွဲဆောင်သွားနေကြလို့ပေါ့။

  • padonmar

    February 4, 2011 at 4:29 pm

    လွန်ခဲ့တဲ့ ၅ နှစ်လောက်က လမ်းဘေးမှာ စည်းကမ်းမဲ့ အပေါ့သွားတဲ့သူတွေမိရင် ဒဏ်ငွေ ၁၀၀၀ဝ ကျပ ်ဒဏ်တပ်လိုက်တာ တော်တော် ကောင်းသွားပါတယ်၊ ကွမ်းတံတွေး စည်းကမ်းမဲ့ ထွေးတဲ့သူတွေ ကိုလည်း မိအောင် ဖမ်းပြီး ဒဏ်တပ်သင့်ပါတယ်။

Leave a Reply