ကဗျာဆရာတို ့အားဖိတ်ခေါ်ခြင်း
အမိမဆုံးမသော သားသမီးတို ့သည် နှုတ်သရမ်းကုန်ကြပြီး အဖ မဆုံးမသော သားသမီးတို ့သည် လက်သရမ်းကြကုန်၏ ဟု အဓိပ္ပါယ်ကို သက်ရောက်ပါစေသော မိမဆုံးမ ဖမဆုံးမ ဟူသော စကားသည်လော ဝေါဟာရသည်လော ဆိုရိုးသည်လော ထိုပါသော စာကြောင်းအား အနည်းငယ်မျှသာ စောဒကာ တက်လိုပါ၏။
မိဖ တို ့မည်သည် ရင်သွေးရတနာတို ့၏ လက်ဦးဆရာဟူမူ ဆိုကြသည်ကိုလည်း မှားသည်ဟူ၍ မဆိုသာပေ ရံခါတွင် ယဉ်ကျေးခြင်း ရိုင်းပြခြင်း ဟူသော အပြုမူသည် သက်ဆိုင်ရာ ပုဂ္ဂိုလ်၏ ကံ တရားတို ့နှင့်လည်း အဆက်အစပ်ရှိလှသည် (ဆင်ခြင်တုံတရား ဟူသော ဉာဏ် မရှိနိုင်ခြင်း) ဆိုသောအခါ ဘာသာတစ်ရားတို ့ကို အကြောင်းပြု၍ သဘောထားကွဲလွဲကုန်ကြသည့် အရေးသည် သဘောထား သိမ်ငယ်သူတို ့ အကြောင်းဟုသာ ကျွန်ုပ်ဆိုပါမည်။
အလွန်ယဉ်ကျေးကုန်သော မိဖတို ့ထံတွင် လွန်စွာမလိမ္မာ ကုန်သော သားသမီး တို ့ ရှိတတ်ကြ၍ လွန်စွာ လိမ္မာကုန်သော သားသမီးတို ့၏ မိဖတို ့သည် လွန်စွာ ရိုင်စိုင်း ကြပြီးလျှင် သားသမီးများနှင့် မလိုက်မဖက် ရှိတတ်ကြခြင်းကို ဟူသော လောက သဘော သဘာဝကို ဉာဏ်ပညာ အရာ၌ လွန်စွာပြည့်စုံကုန်သော ကျွန်ုပ်တို ့၏ https://myanmargazette.net/ ရွာသူ ရွာသား (နပုံးပ/ဂေး/ဂန္ဒူး/လိင်တူချစ်သူ) များအားလုံး နားလည်ကြလိမ့်မည်ဟု ကျွန်ုပ် အကြွင်းမဲ့ယုံကြည်မိပါတော့၏။
ဆိုခြင်သည်မှာ ငါ့၏အကြောင်းသည် အဖေအမေနှင့်မဆိုင် ရွာလူကြီးနှင့်မဆိုင် သူငယ်ချင်း အပေါင်းသင်းနှင့် မပတ်သက် ငါကြိုက်လို ့သောက်တဲ့ အရက် ငါလုပ်တာငါ့အပြစ် ဟု ခပ်တေတေ ပြောကြကုန်သော သူတစ်ချို ့၏ အာဘော်ကို ကြားမိပါသောအခါ ဘာရယ်မသိ ပြုံးမိပြန်တော့သည်။ ထိုသူတို ့ကို အားကျသည်ဟု မဆိုသာသော်လည်း အကြာင်းတိုက်ဆိုင်ခဲ့သော် ထိုကဲ့သို ့ သာ မှတ်ယူကြလေကုန်လော့။
ကျွန်ုပ်အလွန် အထင်ကြီးသော သူတို ့တွင် ကဗျာ ဆရာအချို ့လည်းပါဝင်လေရာ ထိုကဗျာဆရာတို ့သည် လွန်စွာမှ တင်္ခနုတ်ပတ္တိဉာဏ်(ဖြတ်ထိုးဉာဏ်(သတ်ပုံရွှီးထားသှ်) ) ကောင်းကြကုန်ရာ ရေမလာမီးမလာ အင်တာနက်တို ့ပြတ်တောက် သည့်အကြောင်းတို ့ ကိုပင် ကဗျာများဖွဲ ့၍ အမျိုးမျိုးအဖုံဖုံ စာဖွဲ ့တတ်ကြကုန်ခြင်းကို လွန်စွာ အားကြမိပါခြင်းနှင့်အတူ ကျွန်ုပ်သာ ထိုကဗျာဆရာတို ့ကဲ့သို ့ ကဗျာဖွဲ ့ဆိုတတ်ပါမူ ကောင်းလေစွဟူ သော အကြံစည်နှင့်တစ်ကွ သော၌တစ်ခါ ကျွန်ုပ်ကြုံတွေ ့ရပါသော ဖြစ်အင်တစ်ခုအား အသို ့ကဗျာဖွဲ ့ရပါမူ ကောင်လေလိမ့်ဟုလည်း စိတ်ကူးယဉ်မိလေတော့သတည်း။
ကျွန်ုပ်အသက် ဆယ့်ရှစ်ဆယ့်ကိုး ခန် ့ဟု ထင်မိပါသည် ကျွန်ုပ်နေထိုင်ရာ ရွာ၌ အရပ်စကားဖြင့်ဆိုသော် ကြပ်မပြေ ့သော ရူးနှမ်းနှမ်း အသက် လေးဆယ်ခန် ့ ခပ်ဝဝ ခပ်မဲမဲ မစိမ်းမေ ဟူသော အမျိုးသမီးကြီး တစ်ယောက်သည်ရှိလျှင်ပြီး သူမသည် ဥစ္စာစောင့် တစ်ယောက် ဖြစ်သည်ဟု ကိုယ့်ကိုယ်ကို ခံယူထားပြီး အလွန်လည်း ဒဏ္ဍာရီဆန်စွာ နေလေသည် (ငါနေတာ မြစိမ်းနန်းတော်မှာ မြစိမ်းရတနာတွေ မြစိမ်းအိပ်ယာ တလင်းတွေ ) မြစိမ်း မြစိမ်း စသည်စသည် ဖြင့် အရာရာအားလုံးကို တစ်မြစိမ်းတည်း မြစိမ်းရာမှ မမြစိမ်း ဟု အမည်တွင်ခြင်းထိပင်။ အကယ်စင်စစ် သူမ၏နာမည်ရင်းမှာ ခေတ်ပညာတတ် လူချမ်းသာတို ့၏ မိသားစုဝင်ဖြစ်သည့်အလျှောက် မော်လီဌေး ဟု အမည်နာမ ကင်ပွန်းတပ်ခဲ့ဘူးပါသော်လည်း မမြစိမ်း ဟူ၍သာ အမည်တွင်လျှက်ရှိပေတော့၏။
ကျေးရွာများဖြစ်ခြင်းနှင့်အတူ အတော်တန် ချမ်းသာခြင်းကြောင့် အဆိုပါ မမြစိမ်း တို ့ ၏ ခြံကြီးသည် လွန်စွာကျယ်ဝန်းခြင်းရှိရကာ အိမ်ရှေ ့ စပါးနယ်သည့်တလင်းပြင်ဘေးတွင် ကွပ်ပျစ်ကြီးတစ်ခုလည်း ရှိလေပြီး အရှေ ့ လေတိုက်ချိန်တွင် ကွပ်ပျစ်ကြီးပေါ်၌ ထိုင်ကြလေလျှင် လေတစ်ဟူးဟူးဖြင့် အတော်လည်း လေကြောင်းတည့် သည့်သဘောတွင်ရှိလေသည်။
တစ်နေ ့တွင် ဖြစ်၏ ထိုကွပ်ပျစ်ကြီးပေါ်တွင် မမြစိမ်း သည် အစိမ်းရာင် စက္ကူပန်းများကို ပန်လျှက် အစိမ်းရောင် အင်္ကျ ီ အစိမ်းရောင်ထမီ အစိမ်းရောင်ပဝါ နှင့်
အစိမ်းရာင် ခေါင်းအုံး အစိမ်းရောင် အောက်ခင်းဖျာ ပေါ်တွင် နှစ်ခြိုက်စွာ တစ်ခူးခူးဖြင့် အိပ်ပျော်လျှက်ရှိနေလေရာ အရှေ ့ဘက်ကို ခြေထောက်ဆင်းထားသည့်အလျှောက် လေတစ်ဟူးဟူး တိုက်ခပ်လိုက်စဉ် တစ်ခဏ၌ အခြေမလှဖြစ်ရကာ ထမီကြီး လန်သွားပါသော ဖြစ်ခြင်းကို မြင်မိပါသော ကျွန်ုပ်သည် ဤဖြစ်အင်ကို ကဗျာတစ်ပုဒ်အဖြစ် ရေးဖွဲ ့ရပါမူ ကောင်းလေစွဟု ကြံစည်မိပါသော်လည်း ကဗျာသီဖွဲ ့ရာ၌ အရည်ချင်း မမှီဖြစ်ရကာ သင်သည်သာ ကဗျာဆရာတစ်ယောက် ဖြစ်ပါမူ အသို ့စာဖွဲ ့ လေလိမ့်မည်နည်း။
19 comments
tunaung
November 10, 2010 at 11:12 am
ဆရာပုကတော့ပွဲတောင်းနေလေရဲ့ ကျုပ်တို့ကတော့ကဗျာမစပ်တတ်ဘူးကဗျာဘဲဖတ်တတ်တာ ကိုနေဝင်းနီရေဘယ်လိုသဘောရလဲ..
Aunti Moe
November 10, 2010 at 11:22 am
ဝဝကယ်ဝိန်းပါတဲ့ မြမြရယ်စိမ်း
အဲ ….ဟို……
နေဝန်းနီရေ….ကယ်ပါ….
naywoonni
November 10, 2010 at 11:44 am
အန်တီမိုးရေ…
စထားပြီးဆက်လေဗျာဘယ်နဲ့ကျွန်တော့လှမ်းခေါ်ရတာလဲ
ပိုစ့်တစ်ခုရေးနေသေးလို့နော်ခဏလေးနေလာမယ်
ဆူး
November 10, 2010 at 12:00 pm
အလွတ်ရနေတဲ့ စာချိုးလေး ချရေးပေးလိုက်မယ်.. အားလုံးဖတ်ဖို့..
ညအခါ လသာသာ
ကစားမလား နားမလား။
ပန်းကလေးများ ပွင့်တော့မည်
ဖူးတံ ဝင့်လို့ချီ
နေခြည်မှာ ရွှေရည်လောင်း
ငါတို့စာသင်ကျောင်း။
အစားအစာ ဝါးစားပါ။
ဝါးပြီးရင် မြိုချပါ။
အရသာ လျှာက သိသည်။
R Ga
November 10, 2010 at 1:35 pm
မြစိမ်း ပန်းပန်
လေကလှန်
လှန်သည့်လေ
ဖင်အမွေ့ မိုက်ကယ်အောင်ပုတွေ့
တွေ့သိအတွေ့ အခုထိမမေ့
ခုထိမမေ့လို့ ရေးရပြန်
မြစိမ်း ပလက်လန်
(ကဗျာအပို်င်း ၁ ဖြစ်ပါသည်။ အပိုင်း ၂ ကို စာဆိုတော်ကြီး မိုက်ကယ်ဂျော်နီအောင်ပု က ဆက်လက်တာဝန်ယူတင်ဆက်သွား မည်ဖြစ်ကြောင်းသတင်းကောင်းပါးအပ်ပါသည်။)
မိုက်ကယ်ဂျော်နီအောင်ပု
November 10, 2010 at 2:06 pm
ကဗျာရေးတတ်ပါဘူးချို
တချင်းဘဲ ချိုတတ်တယ်
naywoonni
November 10, 2010 at 3:35 pm
အဲဒါချိုလည်းတီချင်းပဲချိုပြပါဂျို့
kopauk mandalay
November 10, 2010 at 4:20 pm
လူပျိုပေါက်စ အောင်ပုမောင်
ခုထိမမေ့ပေါင်။
ငယ်ငယ်တုန်းကအကြောင်းလေး
မန်းလေးဂေဇက် အသိပေး။
ဇာတ်ကြောင်းလှန်လို့ ပြန်ရသော်
ရွာမှာနေတုန်းကပေါ့နော်
ထူးဆန်းလွန်းတဲ့ ထိုမိန်းမ
အသက်လေးဆယ် မဲဝ၀
မော်လီဌေးတဲ့ဗျ။
ကျပ်မပြည့်လို့ ရူးကြောင်ကြောင်
သိုက်ကလာသယောင်။
စားရာနေရာ ဝတ်ဆင်တာ
အားလုံးအစိမ်းပါ။
အစိမ်းရောင်တွေသူဆင်မြန်း
မစိမ်းမြလို့ ခေါ်တွင်စမ်း။
ဂုဏ်သရေရှိ ပါတ်ဝန်းကျင်
ပေါက်ဖွားလာသူပင်
မယုံသော်လည်း မပြောရဲ
ကွယ်ရာ ကျတော့ မေးငေါ့ဆဲ။
ပူအိုက်လွန်းတဲ့ တစ်နေ့တွင်
မမစိမ်းတို့ ခြံထဲတွင်
ကွပ်ပျစ်ပေါ်မှာ လဲလျောင်းဆဲ
လေပြေဝေ့ဝေ့ဝဲ။
လေနတ်သားက ကျီစားချင်
ခပ်ကြမ်းကြမ်းလေးပင်
ဖိမထားတဲ့ ထမီစ
လေမှာ ဆပ်ကပ်ပြ။
တလင်းပြင်က အားလုံးပင်
ရှင်းရှင်းလင်းလင်းမြင်
အဲဒီက စ တစ်ရွာလုံးက
စိမ်းမမ လို့လက်ခံကြ။
ဘာလို့စိမ်းလဲမေးလိုက်ရင်
ဖြေလိုက်အုံးမှာပင်။
“ပန်းလေးစိမ်းစိမ်း ဆံပင်စိမ်း
မျက်လုံးကလဲစိမ်း။
အကျီစိမ်းစိမ်း ထမီစီမ်း
…………………ကလဲစိ်မ်း”
စိမ်းဆိုမှ စိမ်းရက်သူကြီးရယ် မစိမ်းပင်ကြီး ရယ်။
ရေးလိုက်ပြီ ကိုဂျော်နီအောင်ပုရေ ခင်ဗျားရဲ့မမစိမ်းအကြောင်းကို ။
char too lan
November 11, 2010 at 9:08 am
လေးပေါက် တော်တယ်နော် ကျနော်အားကျလိုက်တာ !! 😀
weiwei
November 10, 2010 at 4:23 pm
ကိုပေါက်ရေးလိုက်မှပဲ ရှင်းသွားတော့တယ် … ရွာသူရွာသားတွေကတော့ ဘယ်ကစမ်းစမ်းရတယ်နော် … တော်လိုက်ကြတာ ..
naywoonni
November 10, 2010 at 4:33 pm
ဟား……….မိုက်တယ်ကွာ
ကိုပေါက်ရေးထားတာက
မှတ်ပြီလား
Mr.မိုက်ကယ်ဂျော်နီအောင်ပု
သူလုပ်တာနဲ့တစ်ညနေလုံးအလုပ်ရှုပ်သွားတယ်
ဂျီတော့မပွင့်ပဲဂျီမေးပဲပွင့်နေလို့စိတ်တစ်ခြမ်းညစ်နေတာ
ဂျီတော့တစ်ခြမ်းထဲတော့ဖဲ့မခိုးလောက်ပါဘူးနော်
ဒီနေ့ကောင်မလေးနဲ့မကျူရလို့နောက်နိုင်တာနော်
ချစ်လို့နောက်တာစိတ်မဆိုးရဘူးသိလား
နေဝန်းနီကချစ်ရင်နောက်တယ်
မုန်းရင်တော့ဆဲတာ
အခြောက်တွေကိုပြောခဲ့တာကြည့်ပါ့လားဒီကောင်တွေငြိမ်သွားသလိုပဲ
ဘယ်ချက်မှထလာဦးမလဲမသိဘူး
weiwei
November 10, 2010 at 5:04 pm
ရပ်ရွာစည်ကား လူတွေများ
များလှခေါင်းစဉ် ပို့စ်တွေတင်
ငြင်းခုန်ဆွေးနွေး အပြန်လှန်တွေး
လိုရင်းတွေပျောက် တောတောင်ရောက် ….
ရွာသားလိုင်းပြောင်း ကဗျာလမ်းကြောင်း
စာသံပေသံ ဝင်နှောပြန်
အနုပညာပိုး ဆင့်ကာတိုး
ကာရန်မထပ် ယှဉ်ပြိုင်ဆက်….
အောင်ပုခဗျာ သနားစရာ
သူလဲကဗျာ စပ်ချင်ရှာ
စပ်ချင်သော်အား စပ်ချင်ငြား
ကာရန်မသိ စာမရှိ လက်မှိုင်ချပါဘိ …
kopauk mandalay
November 11, 2010 at 2:31 am
ကျနော်ရေးထားတာကိုအသံထွက်ပြီးဖတ်ရင် ပိုအရသာရှိတယ်။
အော်ဖတ်ကြည့်ပါ့လားဗျို့။
မိုက်ကယ်ဂျော်နီအောင်ပု
November 11, 2010 at 3:11 am
ကဗျာတွေကိုမရေးတတ်ပေမယ့်
ခုလို ကိုယ့်တွက်ကဗျာတွေကို ရေးပေးတဲ့
ကဂျာဆရာကြီးကို လွန်စွာကျေးဇူးတင်ပါကြောင်းနဲ ့
မိမိမှာလည်း ကဗျာလေးတစ်ပုဒ် ပိုင်ဆိုင်ထားရပြီဆိုတဲ့အတွေးနဲ ့
ခပ်အေးအေးမနက်ပိုင်းလေးမှာ ကွေးကွေးလေးမှေးပြီး ရင်ထဲကနေ တိုးတိုးလေးသီချင်းတစ်ပုဒ်ကို ဆိုနေမိပါတော့တယ်
ဒေါ်စိမ်းမေကြီးးးးးးးးးးးးးးးးးးရယ်
နာမည်ကလည်းစိမ်းတယ်
ပန်းပန်တော့လည်းစိမ်းတယ်
ပုဝါကလည်းစိမ်းတယ် အင်္ကျ ီကလည်းစိမ်းတယ်
အစိမ်းရောင်ဖျာကြမ်းကြီးပေါ်မှာ ပက်လက်ကြီးခပ်စိမ်းစိမ်းအိပ်နေစဉ်ဝယ်
လေစိမ်းစိမ်းကြီး တစ်ချက်အဝှေ ့ဝယ်
မဲမဲကြီး တစ်ခု တွေ ့ပါတယ်ဗျ
ဂျပင် ဂျပင်
(ပတ်ဝန်းကျင်ဖြင့် မအပ်စပ်သော် အနီကတ်ပေး၍ ဖျက်ကြလေကုန်)
tunaung
November 11, 2010 at 3:25 am
ကိုပေါက်ကဗျာအတော်ကောင်းသဗျို့ ကိုအောင်ပုကြီးစလိုက်တဲ့ဇာတ်လမ်းက ရွာထဲကလူတွေအားလုံးကဗျာဆရာတွေဖြစ်ကုန်ပါပေါ့လါးကွယ်တို့………
kopauk mandalay
November 11, 2010 at 11:38 am
ကိုအောင်ပုရေ ခင်ဗျားကို ချစ်လွန်းလို့ 100တန်ကို 10နဲ့ ဒစ်စကောင့်ချပြီး ကော်မင်းပေးတာနော်။
ပိုစ်တင်ရင် တစ်ရာရမှာလေ။
ဟုတ်တယ်ဟုတ်။
ဆူး
November 11, 2010 at 11:55 am
အချစ်အတွက် အလျော့ခံလိုက်ရတဲ့ လေးပေါက်ပေါ့နော်…
weiwei
November 11, 2010 at 12:00 pm
အချစ်အကြောင်းပြောနေပုံထောက်တော့ သူတို့လဲ … ဟိုဒင်းတို့နဲ့ တဖွဲ့ထဲလားမသိဘူး …
manawphyulay
November 14, 2010 at 12:08 pm
ကဲ ဂျော်နီအောင်ရှည်ရေ…. အဲ ပုတာနဲ့ရှည်တာပဲကွာပါတယ်။ အဝေးရောက်နေတယ်လို့ မြင်မိလို့ တစ်ပုဒ်ရေးစပ်လိုက်ပါတယ် ရှာကြည့်လိုက်ပါနော်