ကြာခဲ့ပြီလေ..
နွေရာသီအိုတစ်ခုကပေ့ါ
ပျော့ပျောင်းတဲ့နှလုံးသားတစ်ခု
အချစ်ကိုုယုယဆဲမှာ
ကြွေခဲ့ရဖူးတယ်။ ။
မင်းပျော်မယ်ဆိုရင်
မင်းရဲ့အနားမှာ
တို့ဟာပုဝါဖြူတစ်စ
ချရစ်လို့ထားခဲ့ပါရစေ။ ။
ကျောမခိုင်းလိုပါဘူး
ရေကန်ကူးတံတားလေးပေါ်မှာ
ငါ………
အပြစ်ကင်းစွာ
မင်းရဲ့ရန်သူတွေကိုရှင်းလင်း
ရယ်မောရင်းပေါ့။ ။
မမှားပါဘူး
မင်းရဲ့အကြည့်ထဲမှာကူးဖြတ်
မင်းရဲ့အခက်အခဲတွေဖြေရှင်းပေးဦးမယ်။ ။
မင်းရဲ့………..
နူးညံ့တဲ့နှလုံးစားအောက်မှာ
ရေနီမြောင်းဟာ
ရင်ခုန်ခဲ့ရတာပေါ့။ ။
မင်းရဲ့အိပ်မက်တစ်ခု
နိုးလာရင်မေ့သွားမှာပါ
အဲဒိအချိန်မှာ
ငါဟာ……
လောကရဲ့တေးဆိုသူဖြစ်နေမယ်။ ။
ဝေးဝေးမသွားပါဘူး
အပြေးလာခဲ့မယ်
နွေးထွေးတဲ့မင်းရဲ့…
အသက်ရှူသံအောက်မှာ
အမောတွေပြေမယ်ထင်တယ်။ ။
စမ်းရေအစစ်
အချစ်တွေပေ့ါ
မင်းအတွက်ဖြစ်စေရမယ်။ ။
ငါ့ဘဝဟာကန္တာရ
မင်းကအိုအေစစ်လေးမှန်ရင်
မကြင်ရင်လဲနေ
မြင်နေရရင်ပဲ
ငါ…………
ဆက်လက်ရှင်သန်နေဦးမယ်။ ။
#နေဝန်းနီ
Post Views: 170
4 comments
naywoon ni
April 3, 2016 at 1:08 am
ဒီကဗျာထဲက ကောင်မလေး ( ခုတော့ ကောင်မကြီး ပေါ့လေ ) တောင် ကလေးတွေ တို့လို့တွဲလောင်းနဲ့ ဖက်တီးပုတ်ကြီး ဖြစ်လို့ နြေပြီ ဆိုမှ ပြန်စဉ်းစားမိတယ် “ငါ သူ့ကို ဘာကြောင့် ကြိုက်မိပါလိမ့် ” လို့ ခ်ခ်ခ်
kai
April 3, 2016 at 1:39 am
ကိုယ်တိုင်ကရော….. ကိုရင်ရေ…။
ကောင်ထီးကြီးဖြစ်နေပြီပေါ့…။ :k:
naywoon ni
April 3, 2016 at 1:53 am
ကလေးလေးတွေက “ဘဘ” တဲ့လေ ။ ကိုယ်နဲ့ ရွယ်တူတွေ မြေးချီနေချိန် ။ 🙂
Thint Aye Yeik
April 3, 2016 at 3:18 pm
အနော်ကတော့ အဘနီ လို့ပဲ ခေါ်ပါရစေ အဘနီ
:k: