Ready to Boycott

timothyNovember 7, 20101min2195

အားလုံးသပိတ်မှောက်ဘို့အဆင်သင့်ဘဲမဟုတ်လား။

နက်ဖြန်ခါကျုပ်တို့သပိတ်မှောက်မဲ့ရွေးကောက်ပွဲဟာအတုဆိုပေမဲ့၊ မြန်မာ့သတိုင်းမှာ ဒုတိယအရေးကြီးဆုံးနေ့ဘဲ။ ပထမအရေးပါဆုံးနေ့က ၁၉၄၈ ဇန်နဝါရီလ ၄ ရက်နေ့ အင်းဂလိပ်ကျွန်ဘဝက လွတ်လပ်တဲ့ ပထမလွတ်လပ်ရေးနေ့ဘဲ။

၂၀၁ဝ နိုဝင်ဘာလ ရရက်နေ့ နက်ဖြန်ဟာ ကျုပ်တို့ ဖက်ဆစ်စစ်အစိုးရရဲ့ကျွန်ဘဝကလွတ်မြောက်သောနေ့ဖြစ်မယ်။ ဒုတိယ လွတ်လပ်ရေးနေ့ဘဲ။

ဒီစစ်အစိုးရကိုခေါတ်အဆက်ဆက်လူထုနည်းနဲ့ဖြုတ်ချဘို့လုပ်ခဲ့တယ်။ စီးလုံးညီညွတ်မှုမရှိ၊အခြေအနေကလဲမပေး၊ ဖက်ဆစ်အာဏာရှင်ရဲ့ရက်စက်စွာအစုလိုက်အပြုံလိုက်ပြစ်သတ်တာတွေကြောင့်မအောင်မြင်ခဲ့ဘူး။ အလုပ်သမား၊လယ်သမား ကနေစသတ်လာတာ ကျောင်းသား၊ကျောင်းသားငယ်လေးတွေလဲချမ်းသာမပေးဘဲသတ်ဖြတ်လာတယ်။ နောက်ဆုံးဘုရားသားတော်များဖြစ်တဲ့သံဃာတော်အရှင်မြတ်များကိုပါအစုလိုက်သတ်ဖြတ်တဲ့အထိလက်ရဲဇက်ရဲ ဘီလူးသဗက်ထလာတယ်။ အရပ်ထဲဝင်ပြီးပြစ်ခတ်လက်စွမ်းပြလာတဲ့အထိသောင်းကျန်းနေတယ်။

ကိုယ့်တိုင်းပြည်မှာဖိနှိပ်တဲ့စစ်အစိုးရကိုလူထုအားမှတပါးဘာသူမှ မဖြုတ်ချနိုင်ဘူး။အန်တီစုတယောက်ထဲနဲ့လဲမတပ်နိုင်ဘူး။သူလိုပြည်သူချစ်တဲ့လူထုခေါင်းဆောင်လဲပြည်စူလူထုအင်အားမပါဘဲဘာမှမတပ်နိုင်ဘူး။

တိုင်းတပါးဒီမိုကရေစီနိုင်ငံများ၊ဒီမိုကရေစီခေါင်းဆောင်များ၊လူ့အခွင့်အရေးအဖွဲ့အစည်းများ၊ United Nations လဲ သူများနိုင်ငံအရေးမှာဝင်ရောက်စွက်ဖက်လို့မဖြစ်နိူင်ဘူး။ ပါးစပ်ပြောလောက်ဘဲကူနိူင်တယ်။အမေရိကန်၊အင်းဂလိပ် နဲ့ဥရောပနိုင်ငံများမှာလဲစီးပွါးရေးကပ်ဆိုက်နေတာကတကြောင်း၊စစ်အစိုးရရဲ့မဟာမိတ်ဆွေများဖြစ်တဲ့တရုပ်၊ကုလားခေါင်းဆောင်များနဲ့တွေ့တော့လဲကုန်သွယ်ရေးစီးပွါးရေးကိစ္စများသာပြောဖြစ်ပြီး မြန်မာအရေးကဘေးဖယ်ခံရတာများတယ်။

ခုဒီရွေးကောက်ပွဲဟာ United Nations နဲ့ တရုပ်၊ကုလားအပါအဝင်ကမ္ဘာ့နိုင်ငံများလိုအပ်တဲ့ ြမန်မာပြည်၏ကံကြမ္မာကိုမြန်မာပြည်သူလူထုသာလျှင်ရွေးချယ်ဆုံးဖြတ်ပိုင်ခွင့်ရှိရမည် ဆိုတဲ့ လူရိုသေရှင်ရိုသေ၊တရုပ်ကုလားရိုသေ၊ သန်းရွှေဖင်တုန်အောင်ကြောက်တဲ့ ပြည်သူလူထုရဲ့ဆန္ဒကိုလူထုအင်အားနဲ့ဘဲကမ္ဘာကိုကြေငြာလို့ရပါမယ်။

ဒီလိုရွေးကောက်ပွဲနေ့မှာလူတိုင်းကိူယ့်အသိစိတ်ဓါတ်နဲ့ကိုယ်တာဝန်သိသိနဲ့ မဲမပေး၊မဲရုံမသွား၊ပါယ်မဲပေး အစရှိတဲ့ရွေးကောက်ရေးပျက်စီးဆုပ်သိမ်းရေးသပိတ်တိုက်ပွဲဟာပြည်သူလူထုအတွက်အန္ဒရာယ်ကင်းဘေးကင်းပြီး စစ်တပ်ရဲ့ကျွန်အဖြစ်မှလွတ်မြောက်မဲ့ ဗမာ့ထွက်ရပ်လမ်းပါဘဲ။ ဒီလိုရတောင့်ရခဲအခွင့်အရေးကိုပေးတုန်းမှာမလုပ်ခဲ့ရင်တော့ဒီတသက်မဟုတ်ဘူး၊နောက်၁ဝသက်တောင်ဒီလိုရက်မျိုးရဘို့မလွယ်ဘူး။

လူထုအားသာလျှင်ဒီဆိုးရွားတဲ့စစ်တပ်ကျွန်ဘဝကပြည်သူလူထုကိုကယ်တင်နိုင်မှာဖြစ်လို့ အန်တီစုရဲ့ခေါင်းဆောင်မှုနဲ့ နက်ဖြန်ခါမှာ တတိုင်းပြည်လုံးရွေးကောက်ပွဲအတုကိူသပိတ်မှောက်ကြပါစို့။

5 comments

  • bigcat

    November 7, 2010 at 4:16 am

    သပိတ်သပိတ် မှောက်မှောက်။

  • မိုက်ကယ်ဂျော်နီအောင်ပု

    November 7, 2010 at 4:35 am

    ရေကြည်အေးလေး တစ်ပေါက်လောက်တော့ သောက်ကြပါဦးလား
    မှားနေတယ်လေ
    သပိတ်မှောက်ရမှာမဟုတ်ဘူး
    သွားပြိုင်တဲ့ကောင်တွေကို ဘာလုပ်ပြစ်ရမှာလဲ အဲ့ဒါကို ပြော
    ပြည်သူတွေကတော့ ယုံကြည်ချက်အပြည့်နဲ ့ဒီမိုပါတီတွေကိုဘဲထည့်မှာသေချာတယ်
    စောက်ရူးထတဲ့ကောင်တွေဘဲ မဲလိုက်ဆွယ်နေတာ
    ဒါပေမယ့်အာဏာရှင်တွေလိုခြင်တာက မဲမဟုတ်ဘူး
    ရွေးကောင်ပွဲဖြစ်မြောက်ရေးလေဗျာ
    အခုထိ(နိုဝင်ဘာ ဆဲဗန်းကိုဘဲရောက်နေပြီ) မနပ်ကြသေးဘူးလား

  • maungmoenyo

    November 7, 2010 at 4:36 am

    ဒီကနေံ(တနင်္ဂနွေ)ထုတ်မြန်မာ့အလင်းနဲ့ကြေးမုံဆောင်းပါးတွေမှာ ခေတ်အဆက်ဆက်ရွေးကောက်ပွဲ သမိုင်းကြောင်းတွေကိုပြန်ပြောင်းမှတ်မိစေဘို့ စစ်အစိုးရကဆောင်းပါးရှည်ကြီးတွေရေးခဲ့ပါတယ်။ (၁၉၉၀)ရွေးကောက်ပွဲကိုတော့ “တပ်မတော်အစိုး၇”ကဘက်မလိုက်ဘဲ “ပယ်မဲ”တွေကိုတောင် အသိအမှတ်ပြုခဲ့တယ်ဆိုဘဲ။ ဒါပေမဲ့သူတို့အသိအမှတ်ပြုပြီး ကမ္ဘာသိကြေငြာခဲ့တဲ့အနိုင်အရှံ့းရလဒ်ကိုတော့ ဘယ်လိုဆက်ဆောင်ရွက်တယ်ဆိုတဲ့အကြောင်းလုံးဝမရေးဘဲ ခတ်တည်တည်နဲ့ကြော်ချသွားတာတွေ့ရပါတယ်။ ကိုယ်လိုရာဆွဲပြောတတ်တဲ့နေရာမှာ ပြိုင်ဖက်ကင်းသူတွေမို့ဩချလောက်ပါရဲ့…။

  • thettun

    November 7, 2010 at 8:40 am

    အိုးဟိုးဟိုး….အိုးဟိုးဟိုး (ကိုရီးယားကားတွေထဲကလို)

  • pyaephyo

    November 7, 2010 at 11:04 am

    ကဲမိုက်ကယ်ဂျော်နီအောင်ပုရေ ခင်ဗျာပြောတာမှန်တယ်ဗျာ ဒါပေမဲ့ကျွန်တော်ကတော့မပြောပြတတ်တော့ဘူ တဖြေးဖြေးနဲ့ရှပ်လာပြီး ဗျ

Leave a Reply