“အရင်ကတော့ နိုဗိုတယ် အခုတော့ မန္တလေးဟေးလ်ရီဆော့ပေါ့”
တစ်ချိန်တစ်ခါက မန်းလေးမြို့အတွက် ဒီဇိုင်းအဆန်းဆုံးးလို့ ခေါ်နိုင်တဲ့ နိုင်ငံခြားသားတွေလာရောက် ဖွင့်လှစ်တဲ့ နိုဗိုတယ်လ် လို့ ခေါ်တဲ့ အဆင်မြင့်ဟိုတယ်ကို မန်းလေးတောင်ပေါ်က မြင်ရတဲ့ပုံပါ။အခုတော့ သူကလည်း မန္တလေးဟေးလ်ရီဆော့ လို့နာမယ်ပြောင်းထားပါတယ်။သူ့နောက် ဟိုးဝေးဝေးမှာသေးသေးလေးမြင်ရတဲ့ အဆောက်အဦးမဲမဲလေးကတော့ တည်ဆောက်ဆဲ (25)ထပ်ရှိတဲ့ မန်းလေးဈေးချိုတော်ဘေးမှာရှိတဲ့ မန်းမြန်မာပလာဇာ အဆောက်အဦးလေးဖြစ်ပါတယ်။(7-11-2010)နေ့ ကရိုက်ထားတဲ့ပုံလေးပါဘဲ။
10 comments
ဆူး
November 7, 2010 at 2:35 pm
အရှေ့မှာ သစ်ပင်တွေ ကွယ်နေတယ်.. လေးပေါက်ရေ.. သစ်ပင်တွေ ခုတ်ပြီး ရိုက်တာ မဟုတ်ဘူး..
kopauk mandalay
November 7, 2010 at 2:43 pm
သစ်တစ်ပင်ခုတ်အချုပ်သုံးလလို့ စာကပ်ထားပါတယ် ဆူးမမရေ။
သိတယ်မို့လား ရသလောက်လေးကိုပဲ မျှပေးနေရတာပါကွယ်။
ကြည့်စေချင်လွန်းလို့ မန်းလေးတောင်ပေါ်ကို ခြေလျင်တက်ပြီး ရိုက်ထားတဲ့ ပုံလေးတွေပါကွယ်.။
ဆူး
November 7, 2010 at 2:59 pm
လေးပေါက် ရိုက်တဲ့ နေရာ မထင်ရှားလို့.. နောက်တာပါကွဲ့..
သစ်ပင်များများ စိုက်သင့်နေပြီ.. ရာသီဥတု ပူလာပြီ..
weiwei
November 7, 2010 at 2:53 pm
ကျေးဇူးတင်ပါတယ် ကိုပေါက်ရေ ..
တရုတ်ပြည်က ရှုခင်းတွေနဲ့ ဘယ်လိုမှမယှဉ်နိုင်ဖြစ်နေလို့ တော်ကြာ ကျွန်မရေးထားတဲ့ ဗမာဖြစ်ရတာဂုဏ်ယူစရာဆိုတာကို မယုံပဲဖြစ်နေကြမှာ စိုးရိမ်မိတယ် …
တကယ်တမ်းသေချာခံစားတတ်ရင်တော့ ဗမာပြည်က သဘာဝရေမြေနဲ့ သစ်ပင်တွေက စိတ်ကိုပိုပြီး အေးချမ်းစေပါတယ် … (ကိုယ်တွေ့ခံစားချက်ပါ) …
kopauk mandalay
November 7, 2010 at 3:01 pm
အဲဒီလို ယှဉ်ပြီးတင်ပေးတာတော့ မဟုတ်ပါဘူးခင်ဗျာ။
ကျနော်က ရူ့ခင်းလေးတွေကို ချစ်တတ်တာရယ် အားလပ်လို့ရောက်တုန်းရောက်ခိုက်မှာ
ဒီနေရာလေးတွေကို မရောက်ဘူးတဲ့သူလာချင်အောင်၊
ရောက်ဘူးတဲ့သူကလဲ ပြန်သတိရအောင် ကိုယ်ရောက်ခဲ့တုန်းကနဲ့ကွာခြားသွားတာလေသိရအောင်
အဝေးရောက်နေသူများလဲ ကိုယ်မြေ ကို်ယ့်ဒေသကို အလွမ်းပြေကြည့်ရအောင် ရည်ရွယ်လို့တင်ပေးတာပါ။
အပျော်တမ်း ဓါတ်ပုံစိတ်ဝင်စားသူတစ်ယောက်ရဲ့ခံစားချက်လေးပါခင်ဗျာ။
weiwei
November 7, 2010 at 3:24 pm
ဟုတ်ကဲ့ .. တမင် ဝင်နောက်လိုက်တာပါ ..
ကိုပေါက်စေတနာကို နားလည်ပါတယ် …
ကျွန်မကလဲ ရှုခင်းတွေ ပန်းတွေကို ချစ်တတ်ပါတယ် …
မန္တလေးကို ခဏခဏရောက်ဖူးပါတယ် .. နောက်လဲ လာလည်ပါအုန်းမယ် …
naywoonni
November 7, 2010 at 3:08 pm
ကိုပေါက်ရေ…..မန္တလေးကတော့ဟုတ်ပါပြီဗျာ
နောက်ကစာလုံးကဘယ်လိုဖတ်ရမလဲ
kopauk mandalay
November 7, 2010 at 3:40 pm
အမှန်ကတော့ ဟေးလ်ဆိုတာတော့ တောင်ကို ခေါ်မှန်းသိတယ်။
ရီဆော့ကတော့ ကျနော်လဲမသိဘူး။
ဒီတော့ ဘိုဆန်ဆန်လေး ဟေး…………………… လ်ရီဆော့လို့ရေးပေးလို်က်တာပါ။
ဆူး
November 7, 2010 at 3:48 pm
ဟေး ဆိုတာ တရုတ်လို အမဲ ကို ပြောတာ
ရီဆော့.. ရီရင်းနဲ့ ဆော့လို့ရတယ် ဆိုတော့ ကစားကွင်းဘဲ ဖြစ်ရမယ်။
မန်းမှာ ဟတ်ပီးဝေါက ကစားကွင်း အသစ်ထပ်ဖွင့်ပြီနဲ့ တူတယ်။
bigcat
November 7, 2010 at 4:01 pm
ကောင်းတော့ကောင်းပါတယ် ဦးပေါက်ရေ။ ဒါပေမဲ့ ပေါင်ဖြူဖြူ ပေါင်ညိုညိုပုံလေးတွေ တင်ပေးမယ်လို့များ ပြောခဲ့လေသလားလို့။