“အင်းဝတံတားခေါ်စစ်ကိုင်းတံတား”
စစ်ကိုင်းတံတားလဲခေါ် ရှေးက အင်းဝတံတားလဲခေါ်တဲ့ မြန်မာပြည်မှာ ရှေးအကျဆုံးသော မြစ်ကူးတံတားပါ။ အင်္ဂလိ်ပ်တွေ တည်ဆောက်ခဲ့တဲ့တံတားဖြစ်ပြီး ဒုတိယကမ္ဘာစစ်ကြီးဖြစ်တဲ့အခါမှာ အင်္ဂလိပ်တွေက မုံရွာကနေ တမူး ကိုဖြတ်ပြီး အိန္ဒိယဘက်ကိုပြေးတော့ ဂျပန်တွေလိုက်မလာနိုင်အောင် တံတားကို ဗုံးခွဲလို့ ချိုးပစ်ခဲ့ကြပါတယ်။ နောက်အင်္ဂလိပ်တွေ မြန်မာပြည်ကိုပြန်လည်သိမ်းပိုက်ပြီးတဲ့အခါမှာတော့ ဒီတံတားကိုပြန်လည်တည်ဆောက်လို့ပေးပါတယ်။ ဒီတံတားကြီး ကျိုးနေချိ်န်တုံးက မြန်မာတွေက ငှက်သမ္မာန်တွေနဲ့ ဖြစ်ကို ဖြတ်ပြီး ကူးတို့ ပို့ပေးတဲ့အလုပ်ကို လုပ်ကြပါတယ်။ ဒီတံတားကြီးပြန်တည်ဆောက်ပြီးတဲ့ အခါမှာ နန်းတော်ရှေ့ဆရာတင်က ” မြန်မာလူမျိုးတွေ အလုပ်မရှိတော့ တံတားကြီးကိုကြည့် ကာငိုမိသည်”လို့ “စစ်ကိုင်းတံတား “သီချင်းမှာ ရေးဖွဲ့ခဲ့ပါတယ်။ အခုတော့ နောက်ထပ် တံတားအသစ်ကြီးကို ဒီတံတားဟောင်းနဲ့ အပြိုင်တည်ဆောက်ပြီးပြီ ဖြစ်တော့ အခုအချိန်မှာ ဒီတံတားကို အသုံးနည်းသွားပါပြီ။ (6-11-2010)နေ့က ရိုက်ထားတဲ့ ပုံလေးပါ။
5 comments
ဆူး
November 7, 2010 at 2:56 pm
ဟိုး အရင်တုန်းကတော့ ကားတွေ စစ်ကိုင်း တံတား အမှီမောင်းရတယ်
weiwei
November 7, 2010 at 2:59 pm
ကားတွေအမှီမောင်းရတာ စစ်တောင်း တံတားမဟုတ်လား …
ဆူး
November 7, 2010 at 3:09 pm
ဘာ တံတားလဲ.. ည ၆နာရီ ပိတ်တယ်လေ..
weiwei
November 7, 2010 at 3:12 pm
၆ နာရီပိတ်တာ စစ်တောင်းတံတား ..
naywoonni
November 7, 2010 at 3:22 pm
အဲဒါလည်းပိတ်တယ်နဲ့တူတယ်နော်ကြာတော့မေ့ပြီ