အများအခေါ်ကောင်းမူ့တော်
မြန်မာပြည်မှာရှိတဲ့ ဘုရားစေတီများထဲမှာ ဘယ်စေတီနဲ့မှမတူ ထူးခြားသောပုံစံရှိတဲ့ ထုထည်ကြီးမားလှတည့် “ရာဇမဏိစူဠာ(ခ)ကောင်းမူ့တော် “စေတီတော်ဖြစ်ပါတယ်။ စေတီတော် အဝင်လမ်းကနေ ရိုက်ထားတဲ့ ပုံဖြစ်ပါတယ်။ စစ်ကိုင်းမြို့ ရဲ့တောင်ဘက် မုံရွာ-ရွှေဘို ကားလမ်းမရဲ့ အရှေ့ဖက်ခြမ်းမှာတည်ရှိပါတယ်။ ဘုရားသွားရာလမ်းတစ်လျှောက်မှာ လမ်းတစ်ဖက်တစ်ချက်မှာ သစ်ပင်တွေအုပ်အုပ်ဆိုင်းဆိုင်းရှိတော့ နေမပူဘဲ အရိပ်တွေအောက်မှာ သွားရတာ သာယာလှပါတယ်။ (6-11-2010)နေ့က မှတ်တမ်းတင်ထားတဲ့ပုံလေးဖြစ်ပါတယ်။
7 comments
ဆူး
November 7, 2010 at 3:31 pm
လေးပေါက် ပုံလေးကို အတည့် အတိုင်းကြည့်နိုင်ဖို့ ခေါင်းစောင်းပြီး ကြည့်နေရတယ်။ စိတ်ဆိုးနဲ့နော်..
kopauk mandalay
November 7, 2010 at 3:34 pm
ကျနော်အစကတည်းက ကိုပေါက်လက်ဆောင် အမြင့်ဒေါင့်စောင်းစောင်းလေးလို့ရေးပေးထားပါတယ်။
ကျနော်ဒီလိုစောင်းစောင်းလေးရအောင် ကျောက်လမ်းမပေါ်မှာ လှဲပြီးရိုက်ခဲ့တာပါ.။
မဆူးက ခေါင်းလေးဘဲစောင်းလိုက်ရတာပါနော်။
ဆူး
November 7, 2010 at 3:55 pm
ကျွန်တော်မျိုးကြီး သေသင့်ပါတယ်။ ဝေါ ကိုင်း စေ..
weiwei
November 7, 2010 at 3:36 pm
ကောင်းမှုတော်မှာတော့ သနပ်ခါးရောင်းတဲ့သူတွေ တော်တော်ပေါတယ် ..
unclegyi1974
November 7, 2010 at 3:39 pm
ကိုပေါက်ကသူငယ်အိမ်စောင်းနေလို့ပါ
သည်းခံပါကွယ်
naywoonni
November 7, 2010 at 3:41 pm
ကိုပေါက်ခရီးသွားနသည်
အခွေရိုက်နေတာလားဗျ
kopauk mandalay
November 7, 2010 at 3:54 pm
ဟုတ်ပါဘူးဗျာ။
အချိန်ရှိခိုက်လုံ့လစိုက်ကော်နက်ရှင်ကောင်းတုန်းလေး ဓါတ်ပုံတွေတင်ပေးထားတာပါ။
ကိုပေါက်ခရီးထွက်ဘို့ စပွန်ဆာပေးမယ့်သူ ရှာနေပါတယ်။
ယောယုဝ ကိုခရီးထွက်မလို့ပါ။
အပြန်မှာ ဓါတ်ပုံကောင်းကောင်းလေးတွေ ဆန်းဆန်းလေးတွေ ပေးပြချင်လို့ပါ။