ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ (တဖြစ်လဲ) စစ်အစိုးရ ခေါင်းခဲမဲ့….. “ဒုတိယပင်လုံညီလာခံ”

maungmoenyoNovember 11, 20101min1360

ဒုတိယရဲ့အစ

မကြာခင်ကဘဲစစ်ကိုင်းတိုင်းကလေးမြီု့မှာNLD အပါအဝင်အဓိကနိုင်ငံရေးအတိုက်အခံများ (NCGUBအပါအဝင်ပြည်ပအတိုက်အခံများ) အားလုံးကသဘောတူခဲ့တဲ့ပင်လုံညီလာခံကျင်းပရေးကိစ္စဟာ အသစ်ချတ်ချွတ်ပေါ်ထွက်လာမဲ့ စစ်အစိုးရကိုစိန်ခေါ်လိုက်ပါပြီ။ စစ်အစိုးရကခုချိန်ထိရေငုံနှုတ်ပိတ်နေပေမဲ့၊ အဲ့ဒီသမိုင်းဝင်မဲ့ဖြစ်ရပ်ကိုရင်ထိတ်စွာနဲ့မျက်ခြေမပြတ်ကြည့်နေပြီဆိုတာသေချာပါတယ်။

အရင်ကပဌမ

ဗိုလ်ချုပ်အောင်ဆန်းမျိုးစေ့ချခဲ့တဲ့တိုင်းရင်သေားသွေးစည်းညီညွတ်ရေးဟာလွယ်လွယ်နဲ့ရခဲ့တဲ့ညီညွတ်မှုမဟုတ်ပါဘူး။ ပင်လုံညီလာခံကိုသမိုင်းပညာရှင်အချို့ကချွတ်ယွင်းအားနဲချက်တွေရှိတယ်ဆိုပေမဲ့အဲ့ဒီအချိန်က ဒီသဘောတူညီချက်ဟာ၊ တမျိုးသားလုံးကတောင့်တပြီးအရေးတကြီးလိုအပ်နေတဲ့လွတ်လပ်ရေးအတွက်တခု တည်းသောထွက်ရပ်လမ်းဖြစ်ခဲ့ပါတယ်။ တနည်းဆို၇ရင်ဗိုလ်ချုပ်အောင်ဆန်းကိုပုဂ္ဂိုလ်ရေးအရလည်း ယုံကြည်ကြတာပါတဲ့အတွက်တိုင်းရင်းသားခေါင်းဆောင်တွေကသဘောတူလက်မှတ်ရေးထိုးခဲ့ကြတာပါ။ ပြည်နယ်များကသင့်တော်တဲ့အချိန်မှာ၊ ပြည်မကြီးကနေခွဲထွက်ခွင့်ကိုနိုင်ငံခေါင်းဆောင်တွေကမလိုလားခဲ့ပေမဲ့၊ ကိုယ်ကြမ္မာကိုယ်ဖန်တီးခွင့်ကိုအာသီသပြင်းထန်တဲ့တိုင်းရင်းသားတွေကအဲ့ဒိအချက်ကိုလက်ဆုပ်လက်ကိုင်ပြုခဲ့ပါတယ်။ ဘယ်လိုဘဲဖြစ်ဖြစ်အဲ့ဒီအချိန်ကထိပ်တန်းနိုင်ငံရေးခေါင်းဆောင်တွေအားလုံးကတညီတညွတ်ထဲ သဘောတူစာချုပ်ခဲ့ပါတယ်။ အဲ့ဒိသဘောတူညီချက်စာတမ်းကိုဘိလပ်မှာတင်ပြနိုင်ခဲ့တဲ့အတွက်၊ နန်းရင်းဝန် အက်တလီကစာချုပ်ဖို့သဘောတူခဲ့ပြီး၊ မြန်မာနိုင်ငံကိုတနှစ်အတွင်းလွတ်လပ်ရေးပေးဘို့လိုက်လျောခဲ့ရပါတယ်။ လုံးဝလွတ်လပ်ရေးကိုဗိုလ်ချုပ်ကဦးတည်ခဲ့ပေမဲ့နောက်ပိုင်းမှာနိုင်ငံထူထောင်ရေး၊ရပ်တည်ရေးေ၇ရှည်အကျိုးအတွက်”ဒိုမီနီယံ”စနစ်ကသူ့စိတ်ဆန္ဒမှာရှိခဲ့ကြောင်းသူ့ရဲ့လွှတ်တော်နဲ့ကက်ဘိနက်မိန့်ခွန်းတွေမှာပြဆိုထားပါတယ်။ ဗိုလ်ချုပ်တို့လုပ်ကြံခံရပြီးတော့တိုင်းရင်းသားတွေကလှုပ်လှုပ်ရွရွဖြစ်လာလို့၊ သခင်နုကဘဲအက်တလီနဲ့နောက်ထပ်စာချုပ်ပြီးအရင် အောင်ဆန်းအက်တလီစာချုပ်ကိုအားဖြည့်ခဲ့ရပါတယ်။ သမိုင်းနဲ့တည်ခဲ့တဲ့လူမျိုးရေးခွဲခြားမှုပယောဂဟာဒီနေ့အထိမီးမသေသေးပါဘူး။ (၁၉၄၇) ဖွဲ့စည်းပုံမှာ ပြည်နယ်ခွဲထွက်ခွင့်ကိုခွင့်ပြုခဲ့ပေမဲ့၊ (၁၉၇၄)အခြေခံဥပဒေမှာဖေါ်ပြခြင်းအလျင်းမပြုခဲ့ပါဘူး။ ဒါပေမဲ့ခု (၂၀၀၈)ဖွဲ့စည်ပုံမှာတော့ “ခွဲမထွက်၇”ဆိုတဲ့ဥပဒေနဲ့အတိအကျပြဌာန်းပြီးပိတ်ပင်လိုက်တယ်။ အဲ့ဒါစနက်တခုပါဘဲ။

တိုင်းရင်းသားတွေရဲ့ခံစားချက်

ဗိုလ်ချုပ်အောင်ဆန်းရေးဆွဲခဲ့တဲ့ဥပဒေကသူကိုလေးစားမှုယုံကြည်မှုပေါ်မှာအခြေခံပြီးတိုင်းရင်းသားတွေက လက်ခံထားတာပါ။ ခုဖွဲ့စည်းပုံဥပဒေကလက်တဆုပ်စာစစ်ဗိုလ်ချုပ်များကလွဲရင်သန်း(၆၀)သောလူထုကသ ဘောမတူတဲ့အပြင်အစိုးရကိုလဲအယုံအကြည်မရှိပါဘူး။ ရှမ်းပြည်ပဒေသရာဇ်တွေအာဏာစွန့်ဘို့ဘယ်လောက် အထိခက်ခက်ခဲခဲလုပ်ခဲ့ရလဲဆိုတာကိုမှီတဲ့သူတွေဖြစ်တဲ့ဗိုလ်နေဝင်းအစိုးရမှာပါတဲ့တော်လှန်ရေးကောင်စီဝင် များ ကောင်းကောင်းကြီးသိပါတယ်။ နောက်လူတွေကတော့ကြားဘူးရင်ကြားဘူးမှာပါဘဲ။ ဗိုလ်စန်းယု၊ဗိုလ်သောင်းကြည်၊ ဗိုလ်ကြည်မောင်၊ ဗိုလ်အောင်ကြီးတို့ကကောင်းကောင်းသိခဲ့ပါလိမ့်မယ်။ ကရင်နီနဲ့ကရင်တွေကလည်းသူတို့ကိုဗမာတွေကခုထိတန်းတူမဆက်ဆံဘူးဆိုတဲ့ခံစားချက်ရှိနေဆဲပါ။ လူမျိုးရေးစိတ်ပြင်းတဲ့နိုင်ငံရေးခေါင်းဆောင်တချို့ကြောင့်လဲပါပါတယ်။ ချင်းတောင်တန်းဒေသဟာတကယ်ပြော၇ရင်နယ်ချဲ့မြန်မာနိုင်ငံဝင်ရောက်စဉ်ကသိမ်းပိုက်ခံရတဲ့အဆင့်အထိမရောက်ခဲ့ပါဘူး။ သမိုင်းစဉ်တလျောက်ကို့ယ့်အုပ်ချုပ်ရေးနဲ့ကိုယ်နေထဲ့ကြတဲ့အတွက်ပြည်မကလာပြီး စွက်ဖက်ဆရာလုပ်တာကိုမနှစ်မြို့ခဲ့ပါဘူး။

ကိုယ့်ဥပဒေကိုယ်ဆွဲကြပြီ

သမိုင်းကိုထောက်ပြီးအချို့တိုင်းရင်းသားခေါင်းဆောင်တွေကကိုယ့် ဖွဲ့စည်းပုံဥပဒေကိုယ်ဆွဲထားကြတာတွေ တောင်အင်တာနက်မှာတွေ့နေရပါတယ်။ စိတ်မကောင်းစရာပါ။ NCUB နဲ့အချို့အဖွဲ့တွေဆိုရင် Federal မူကိုသုံးတဲ့အခြေခံဥပဒေတွေကိုရေးဆွဲထားတာတောင်တွေ့ရပါတယ်။ ဒါပေမဲ့ ပြည်နယ်ချင်း (သို့)  လမ်းပမ်းဆက်သွယ်ရေး၊ ကုန်သွယ်ရေးကိစ္စတွေကိုဘယ်အပြန်အလှန်ဆက်သွယ်မယ်ဖလှယ် မယ်ဆိုတဲ့သိပ်အရေးကြီးတဲ့အချက်တွေမတွေ့ရပါဘူး၊ ယေဘူယျသာဖေါ်ပြထားတာတွေတွေ့ရပါတယ်။

တိုင်းရင်းသားချင်းအပြန်အလှန်အသိအမှတ်ပြုရေး၊ ဆက်သွယ်ဖလှယ်ရေးဟာမရှိမဖြစ်လိုအပ်ပါတယ်။ ဒါ geopolitics ရှုထောင့်ကနေကြည့်တာပါ။ အနာဂါတ်မြန်မာနိုင်ငံကိုဘယ်လိုပုံဖေါ်မလဲဆိုတာခုချိန်မှာဆွေးနွေး ဘို့ကောင်းနေပါပြီ။ မျက်စိမှိတ်ပြီး “တိုင်းရင်းသာစည်းလုံးညီညွတ်ရေး”ဆိုပြီးအော်ရမဲ့အချိန်မဟုတ်တော့ပါဘူး။ သမိုင်းနဲ့ချီပြီးအကြွေးတင်နေတဲ့ကိစ္စကိုရိုးသားတဲ့အမြင်နဲ့မျက်နှာချင်းဆိုင်တွေ့ဆုံကြဘို့လိုပါပြီ။ သေချာတာတော့လက်ရှိအစိုးရက mediate လုပ်နိုင်တဲ့အရည်အသွေးမရှိတာတော့အမှန်ပါဘဲ။ ပိုဆိုးပါလိမ့်မယ်။ ဒီဟာသိပ်ပြီး sensitive ဖြစ်တဲ့ကိစ္စဖြစ်နေပါတယ်။ ရွေးကောက်ပွဲမတိုင်ခင်တရက်ကနယ်စပ်မှာတိုင်းရင်းသားအဖွဲ့အစည်းများနဲ့(၁၉၉၀)အရွေးချယ်ခံလွှတ်တော်ကိုယ်စားလှယ်အချို့တို့ကပြည်သူ့လွှတ်တော်ကိုဖွဲ့စည်းကြောင်းကြေငြာခဲ့ပါတယ်။ ရည်ရွယ်ချက်ကတော့မြန်မာနိုင်ငံမှာနောက်တနေ့ကျင်းပအတော့မဲ့ရွေးကောက်ပွဲကိုစင်ပြိုင်လိုတဲ့အတွက်ပါ။ ဒါပေမဲ့NCGUB အပါအဝင်အချို့အတိုက်အခံများကသဘောတူချင်းမရှိခဲ့ပါဘူး။ အဲ့ဒီအတွက်သိပ်ထိရောက်တဲ့အဖြစ်မရောက်ခဲ့ပါဘူး။ ခုအချိန်ဟာသိပ် critical ဖြစ်တဲ့အချိန်မို့နိုင်ငံရင်းစင်ပြိုင်အတိုက်အခံများအနေနဲ့သဘောထားကြေငြာချက်နဲ့စင်ပြိုင်ကိစ္စတွေကိုအထူးသတိထားဆောင်ရွက်ဘို့လိုသလို၊ ဆွေးနွေးလိုတဲ့ကိစ္စအကြောင်းအရာတွေကိုအချင်းချင်းလုံလောက်တဲ့အခြေအနေပေးပြီး၊နားလည်မှုအပြည့်ရှိတဲ့ညှိနှိုင်းမှုများရှိသင့်ပါတယ်။

ဦးဆောင်နိုင်မည့်သူတစ်ဦး

ဒါပေမဲ့ဒီကိစ္စတွေကိုအဆင်ပြေချောမွေ့တဲ့လမ်းကြောင်းပေါ်ရောက်အောင်လုပ်ပေးနိုင်တဲ့ပုဂ္ဂိုလ်တဦးရှိပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ပါ။ သူ့ရဲ့ရိုးသားဖြူစင်တဲ့ (အပြောမဟုတ်) အရည်အသွေးကို တိုင်းရင်းသားပေါင်းစုံကလက်ခံနိုင်ဘွယ်ရှိပါတယ်။ သူ့တသက်မှာမှဒိကိစ္စမဖြေရှင်းနိုင်ရင်သမိုင်းတပါတ် လယ်ပြီး၊နိုင်ငံကရောင်စုံပုန်ကန်သူတွေဘဝကလွတ်မယ်မထင်ပါဘူး။ နိုင်ငံထူထောင်ရေးမှာတိုင်းပြည်ငြိမ်းချမ်းရေးဟာမရှိမဖြစ်အဓိကကျပါတယ်။ တိုးတက်တဲ့နိုင်ငံတိုင်းကိုကြည့်ပါ။ ငြိမ်းချမ်းလို့တိုးတက်ကြတာပါ။ အခုစစ်အစိုးရကိုကြည်ရင်စစ်တိုင်းတပ်မတွေသာမက၊ အခုဆိုဒေသကွပ်ကဲမှုစစ်ဌာနချုပ်နဲ့စစ်ဆင်ရေးကွပ်ကဲမှုစစ်ဌာနချုပ်တွေဒါဇင်များစွာပေါ်ထွန်းခဲ့ပေမဲ့ (ဗိုလ်မှူးချုပ်အဆင့်ဦးစီးတဲ့)ငြိမ်းချမ်းရေးမရသေးပါဘူး။ ရနေတဲ့အဖွဲ့တွေကလဲလက်နက်မချပဲသူတို့အလိုကျတဲ့စီးပွားရေးလုပ်ငန်းတွေလုပ်ခွင့်အပေးအယူတွေလုပ်ရလို့ပါ။ ဒါတောင်နောက်တနေ့လက်နက်ကိုင်ပြီးမတိုက်ခိုက်ဘူးလို့ဘယ်သူမှအာမမခံနိုင်ပါဘူး။

လက်ရှိ(၂၀၀၈)ဖွဲ့စည်းပုံနဲံစစ်အစိုး၇ရဲ့လက်လွတ်စပယ်လုပ်မှုတွေဟာတိုင်းရင်းသားတွေကြားထဲမှာရှိတဲ့သပ်လျှိုမှုကိုပိုမိုကြီးထွားလာစေနိုင်ပါတယ်။ “ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ”လို့အမည်ခံထားပေမဲ့ကိစ္စအားလုံးကို ဗဟိုအစိုးရကချုပ်ကိုင်ထားချင်ပါတယ်။ လက်ရှိစစ်အစိုးရကကိုယ့်လူထုအပေါ်နိုင်ချင်တိုင်းနိုင်ခဲ့ပေမဲ့ တိုင်းရင်းသားလက်နက်ကိုင်တွေနဲ့ပါသက်ပြီးစည်းရုံးမရတဲ့အပြင်အရှုံးကြီးရှုံးနေတာမမြင်ချင်အဆုံးပါ။

ဒုတိယပင်လုံညီလာခံဟာလက်ရှိအစိုး၇ရဲ့တည်တံ့ခိုင်မြဲမှုကိုချိနဲ့စေနိုင်တယ်ဆိုတာစစ်အစိုးရကမြင်ပြီးလောက်ပါပြီ။ ဒီကိစ္စကိုဦးဆောင်လုပ်သူတွေကိုနည်းမျိုးစုံနဲ့အနှောင့်အယှက်ပြုမှာမလွဲဧကန်ပါ။

ဆွေးနွေးသင့်တဲ့ကိစ္စတွေကတော့…

  • လူမျိုးစုချင်းဆက်သွယ်ညှိနှိုင်းရေး၊
  • စီးပွားရေး၊လူမှုရေးကိုအထောက်အကူဖြစ်မည့်လမ်းပမ်းဆက်သွယ်ရေး၊ကုန်သွယ်ရေး၊ကူးသန်းရောင်းဝယ်ရေးကို့အတွက်သဘောတူညီချက်၇ရှိရေး
  • ဒေသတွင်းလုံခြုံရေးနှင့်စစ်ရေးဖလှယ်ကူညီရေးနှင့်ငြိမ်းချမ်းစွာအတူယှဉ်တွဲနေထိုင်နိုင်ရေးအခြေခံသဘောတူညီချက်များတိတိကျကျချမှတ်ရး၊
  • အုပ်ချုပ်ရေးနှင့်နယ်နမိတ်၊ပြည်ထဲရေးကိစ္စများ၊

မူလပင်လုံညီလာခံကို နေမဝင်အင်ပါယာလို့ခေါ်တဲ့ဗြိတိသျှဘုရင်မကြီးကြီးစိုးတဲ့နိုင်ငံကတောင်အသိအမှတ်ပြု၇ရင်၊ ခုဒုတိယပင်လုံညီလာခံသာမူလညီလာခံရဲ့အရည်အသွေးကိုမှီနိုင်ရင်စစ်အစိုးရကကြံ့ကြံ့ခံနိုင်ပါ့မလား…။

အချက်နှစ်ခုဘဲပြည့်စုံဘို့လိုပါတယ်…

(၁) လူမကျန်ပါစေနဲ့။ ညီလာခံကိုတက်ရောက်လက်မှတ်ထိုးသူ တိုင်းရင်းသားခေါင်းဆောင်ပေါင်းစုံပါဝင်ရေး၊ စစ်တပ်ကိုလည်းပါဝင်ခွင့်ပြုရေး၊ ပြည်တွင်းနဲ့ပြည်ပရောက်တတ်သိပညာရှင်နိုင်ငံရေးခေါင်းဆောင်များ အားလုံးကိုလဲလက်ခံဆွေးနွေးခွင့်ပြုရေးဟာသိပ်အရေးကြီးပါတယ်။ (ခုတိုးတက်တဲ့အချိန်မှာအင်တာနက် နည်းသုံပြီးမတက်ရောက်နိုင်သူတွေ၊အသက်ကြီးရင့်သူတွေလဲလက်မှတ်ထိုးနိုင်ပါတယ်။

(၂) သဘောထားရိုးရိုးနဲ့အပြန်အလှန်လေးစားတဲ့ဆွေးနွေးချက်များဖြစ်ပါစေ။ ဆွေးနွေးမဲ့အကြောင်းအရာနဲ့အဓိကမူဝါဒတွေကိုအချိန်လုံလုံလောက်လောက်နဲ့ကြိုတင်ဖြန့်ဝေပါ၊ ယေဘူယျကျတဲ့စမ်းတဝါးဝါးဖြစ်မဲ့ကိစ္စမျိုးတွေမဆုံးဖြတ်ပါနဲ့။ တိတိကျကျရှိတဲ့သဘောတူညီချက်ဖြစ်ပါစေ။

အနာဂါတ်မြန်မာနိုင်ငံရဲ့ရုပ်ပုံလွှာကိုသရုပ်ဖေါ်မဲ့ဒီသဘောတူညီချက်ကိုသမိုင်းမှာေ၇ရှည်ကျန်ရစ်အောင်ကြိုးစားလုပ်ကြပါလို့တိုက်တွန်းရင်း…..။