Customize Consent Preferences

We use cookies to help you navigate efficiently and perform certain functions. You will find detailed information about all cookies under each consent category below.

The cookies that are categorized as "Necessary" are stored on your browser as they are essential for enabling the basic functionalities of the site. ... 

Always Active

Necessary cookies are required to enable the basic features of this site, such as providing secure log-in or adjusting your consent preferences. These cookies do not store any personally identifiable data.

No cookies to display.

Functional cookies help perform certain functionalities like sharing the content of the website on social media platforms, collecting feedback, and other third-party features.

No cookies to display.

Analytical cookies are used to understand how visitors interact with the website. These cookies help provide information on metrics such as the number of visitors, bounce rate, traffic source, etc.

No cookies to display.

Performance cookies are used to understand and analyze the key performance indexes of the website which helps in delivering a better user experience for the visitors.

No cookies to display.

Advertisement cookies are used to provide visitors with customized advertisements based on the pages you visited previously and to analyze the effectiveness of the ad campaigns.

No cookies to display.

Rheumatoid Arthritis (RA) သွေးလေးဖက်နာရောဂါ

AKKONovember 13, 20101min4998

Rheumatoid Arthritis (RA)
သွေးလေးဖက်နာရောဂါ
သွေးလေးဖက်နာရောဂါသည် နာတာရှည် အဆစ်ရောင်ရောဂါများထဲ တွင် အဖြစ်အများဆုံး ရောဂါဖြစ်သည်။ ၎င်းရောဂါသည် အဆစ်များကို ပျက်စီး ကာကောက်ကွေး ပုံပျက်စေသည့်အပြင် အခြားခန္ဓာကိုယ်အစိတ်အပိုင်းများ ကိုပါ ထိခိုက်နိုင်သည်။ နောက်နောင်လမ်းမလျှောက်နိုင်ဘဲ အိပ်ယာ ပေါ်လဲသည်အထိ ဖြစ်နိုင်သည်။
ရောဂါရှိကြောင်းဘယ်လိုသိနိုင်မလဲ။
1. နံနက်အိပ်ယာထ လက်ဆစ်များ တစ်နာရီထက် ပိုရျ်တောင့်တင်းခြင်း
2. အဆစ် ၃ခုနှင့်အထက် ရောင်ရမ်းနာကျင်ခြင်း
3. လက်ဆစ်များရောင်ရမ်းနာကျင်ခြင်း
4. ဘယ်ညာတစ်ပြိုင်နက်ဖြစ်ခြင်း
5. အရေပြားအောက်တွင် အကျိတ်ဖုလေးများထွက်ခြင်း
6. သွေးစစ်ကြည့်ရာတွင် ရောဂါဖြစ်စေသော ဓါတ်တစ်ခု Rheumatoid Factor တွေ ့ရခြင်း
7. ဓါတ်မှန်တွင် အရိုးစားနေကြောင်းတွေ ့ရခြင်း
8. အနည်းဆုံး ၆ပတ်ကြာဖြစ်ပွားရမည်။
အထက်ပါအချက်များအနက် ၄ချက်နှင့်အထက် ရှိပါက RAရောဂါရှိသည်ဟုယူဆရပါသည်။
အခြားခန္ဓာကိုယ်အစိတ်အပိုင်းများမှာပါထိခိုက်တတ်ပါသလား။
 ယေဘုယျအားဖြင့် ကိုယ်အလေးချိန်ကျခြင်း၊ မောပန်းလွယ်ခြင်း၊ မကြာခဏဖျားနာခြင်း
 ကြွက်သားနှင့်အရိုးစု ကြွက်သားများသိမ်လှီခြင်း၊အရိုးပွခြင်း
 သွေး အားနည်းခြင်း ၊သွေးဥမွှာများခြင်း
 မျက်လုံး မျက်ဖြူလွှာယောင်ရမ်းခြင်း
 သွေးကြော လက်ချောင်း ခြေချောင်းများရှိ သွေးကြောများရောင်ရမ်းခြင်း အနာများဖြစ်ခြင်း
 နှလုံး အပေါ်အမြှေးပါးနှင့် ကြွက်သားများရောင်ခြင်း နှလုံးသွေးကြောပိတ်ခြင်း
 အဆုတ် အလုံးအကျိတ်ပေါ်ခြင်း ရေဝင်ခြင်း လေပြွန်ငယ်များ လေအိတ်ကလေးများရောင်ခြင်း
 အာရုံကြော လက်ဖဝါးအာရုံကြောညပ်ခြင်း
ခန္ဓာကိုယ်၏ ဘယ်အဆစ်များတွင်ထိတတ်ပါသလဲ
တတိယအဆစ် ၉၀-၉၅%
လက်ကောက်ဝတ် ၈၀-၉၀%
ဒုတိယလက်ဆစ် ၆၅-၉၀%
ဒူးဆစ် ၆၀-၈၀%
တတိယခြေဆစ် ၅၀-၉၀%
ခြေကျင်းဝတ် ၅၀-၈၀%
ပုခုံး ၅၀-၆၀%
လည်ပင်းကြောရိုးဆစ် ၄၀-၅၀%
တင်ပါးဆုံအဆစ် ၄၀-၅၀%
တံတောင်ဆစ် ၄၀-၅၀%
မေးရိုးအဆစ် ၂၀-၃၀%

ASO လေးဖက်နာပိုး ဓါတ်များခြင်းနှင့်ဆိုင်ပါသလား။
မဆိုင်ပါ။ ASO များပါက နှလုံးနှင့်တွဲဖြစ်တတ်သော ပိုးလေးဖက်နာ Rheumatoid Fever ဖြစ်တတ်သည်။ သို ့သော် အဆစ်မရောင်ဘဲ ASO တစ်ခုတည်းများလျှင် စိုးရိမ်စရာမရှိပါ။
ကုသနည်း
ထိရောက်သော ကုသမှုသည် အောက်ပါဦးတည်ချက်များကို ဖြည့်ဆည်းနိုင်သည်။
အဆစ်နာကျင်ခြင်းမှ သက်သာစေရမည်၊
အဆစ်များ ကောက်ကွေးမှုမှ ကာကွယ်နိုင်ရမည်။
နေ ့စဉ်ပုံမှန်လုပ်ငန်းဆောင်တာများ လုပ်နိုင်ရမည်။
တချို ့ဆေးများသည် ရေတိုတွင် နာကျင်မှု သက်သာသော်လည်း ရေရှည်တွင် ကောက် ကွေးမှုကို မကာကွယ်နိုင်ခြင်း ၊ မျက်နှာဖောလာခြင်းတို ့ ဖြစ်တတ်သဖြင့် ကျွမ်းကျင်သော ဆရာဝန် နှင့် တိုင်ပင်ပြီးမှ ကုသင့်သည်။
1. ပညာပေးခြင်း။
2. လေ့ကျင့်ခန်းပြုလုပ်ခြင်း နာကျင်သော အဆစ်များအတွက် လျှပ်စစ်နည်းဖြင့်လေ့ကျင့်ခန်းပြု လုပ်ခြင်း၊ အပူအအေး လေ့ကျင့်ခန်းပြုလုပ်ပေးခြင်း၊ ထောက်အပံ့ ကျိုင်းထောက်နှင့် လမ်းလျှောက်ခြင်း။
3. အစားအစာ။ ကိုယ်အလေးချိန်လျော့ချစေခြင်း အဆီလျော့စားခြင်း
4. ဆေးပေးကုသခြင်း။ အဆစ်ရောင်ခြင်းကိုသက်သာစေသော အကိုက်အခဲပျောက်ဆေး များ NSAID ၊ စတီးရွိုက်ဆေးများ Steroid ၊ ဇီဝဆေးကုထုံးများ Eternacept ။
5. အဆစ်အစားထိုးကုသပေးခြင်း။ါ်
ရောဂါပျောက်ကင်းမှုကို ညွှန်ပြသော လက္ခဏာများ
 နံနက်ပိုင်းလက်ဆစ်များ တောင့်တင်းမှုမှာ ၁၅ မိနစ်ခန့်သာ ရှိတော့ခြင်း
 မောပန်းနွမ်းနယ်မှုကို မရှိခြင်း
 အဆစ်ရောင်ရမ်းမှုမရှိခြင်း
 သွေးနီဥ အနည်ကျနှုန်းနည်းသွားခြင်း ESR (အမျိုးသမီး 30 mm/1st hr ၊ အမျိုးသား- 20mm/1st hr အောက်တွင် ရှိခြင်း။
အထက်ဖော်ပြပါ အချက်တို့ အနက် ၄ချက် ပြည့်စုံလျှင် ရောဂါ သက်သာပျောက်ကင်သည်ဟု ယူဆ နိုင်ပါသည်။
ရောဂါသက်သာ ပျောက်ကင်းမှုကို ဟန် ့တားသော အချက်များ
1. အသက်ကြီးမှ ရောဂါ စတင်ဖြစ်ခြင်း
2. အမျိုးသမီးဖြစ်ခြင်း
3. နာကျင်သော အဆစ်အရေအတွက်များခြင်း
4. အဆစ်နာကျင် ရောင်ရမ်းခြင်းကို ကုသထိန်းသိမ်းမှု အားနည်းခြင်း
သတိပြုရန် အချက်များ
A. သွေးကြောင့်ဖြစ်သော လေးဖက်နာရောဂါသည် နာတာရှည်ရောဂါဖြစ်သည်။
B. ရောဂါသဘာဝအရ သက်သာခြင်းနှ်င့် ရောဂါပြန်လည် ပြင်းထန်ခြင်းတလှည့်စီ ဖြစ်တတ်သည်။
C. ရေရှည်ကုသမှုမခံယူပါက အဆစ်များကောက်ကွေးပြီး အိပ်ရာပေါ် လဲသည်အထိ ဖြစ်နိုင်သည်။
D. အကို်က်အခဲပျောက်ဆေးများသုံးစွဲရုံနှင့် အဆစ်များကောက်ကွေခြင်းကို မကာကွယ်နိုင်ပါ။
E. RA ရောဂါဟု ဆရာဝန်ကသတ်မှတ်ခဲ့လျှင် လည်း အနည်းဆုံး ၂နှစ်ခန့် ဆရာဝန်ညွှန်ကြားသည့်အတိုင်းဆေးကုသမှုခံယူရမည်။
F. Methotrexate Cyclophosphamide စသည့် ကာကွယ်ဆေးများသောက်နေလျှင် ကလေး ယူရျ်မရပါ။
G. ပရက်နီစလုံး -စတီးရွိုက် ဆေးများေသောက်ထားလျှင် ဆရာဝန်ကို ပြောပြပါ။ ဖျားနာသော အခါ မိမိသဘောဖြငိ့ ချက်ခြင်းမဖြတ်ရ။ သွေးပေါင်ရုတ်တရက်ကျတတ်သော အန္တရာယ် ရှိသည်။
H. စတီးရွိုက်ပါသောဆေးများကို မိမိဖာသာသိရျ်ဖြစ်စေ မသိရျ်ဖြစ်စေ စွဲသောက်ပါက မျက်နှာများ ဖောလာခြင်း ၊အရိုးများပွရျ် ကျိုးခြင်း၊ အစာအိမ်ပေါက်ခြင်း ၊ရောဂါပိုးဝင်လွယ်ခြင်း အန္တရာယ် များရှိသောကြောင့် အဆစ်နာပျောက်ဆေးများကို ကြော်ငြာကောင်းတိုင်းမသောက်ပါနှင့်။

8 comments

  • Kaythayi

    November 13, 2010 at 9:47 am

    Thanks you so much for your post.

  • alfred

    November 16, 2010 at 5:06 pm

    အခုလိုတင်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။ ဗဟုသုတလည်းအများကြီးရပါတယ်။ ကျွန်တော့်သူငယ်ချင်းများလည်းသိရအောင် ကူးသွားပြီးနော်။

    • draungkyawkyawoo

      February 21, 2011 at 6:55 am

      ဗဟုသုတရတယ်ဆိုလို့ ဝမ်းသာပါတယ် … လွတ်လပ်စွာ ကူးယူနိုင်ပါတယ် … ။ မသုံးဖြစ်တာ ကြာလို့ အခုမှ စာပြန်လိုက်ရတယ် .. ။

  • ဆူး

    February 21, 2011 at 7:44 am

    ဒေါက်တာရေ..
    ပြန်သုံးပြီ ဆိုရင်လည်း ဗဟုသုတ ရစရာလေးတွေ ရေးတင်ပါအုန်း။

    • etone

      February 21, 2011 at 8:30 am

      ဟုတ်ကဲ့ပါ လက်လှမ်းမှီသလောက်လေး ရေးပြီး တင်ပါဦးမယ် ။
      ဒီတစ်ခါ တခြား ရသ စာပေတွေပါ တင်ဖို့ ကြိုးစားနေပါတယ် ။

      • etone

        February 21, 2011 at 8:41 am

        နောက်တာပါ… အီးတုံး ပို့တင်ဖို့ ကြိုးစားနေတာ သုံးလေးရက်ရှိပြီ အဆင်မပြေဘူး ။ ပုံပါရင်ပို ဆိုးတယ် … ဘယ်နှစ်ခေါက်ကြိုးစားစား အဆင်မပြေဘူး ။ သူများ ရေးတာတွေပဲ လိုက်မန်းနေရတယ် စိတ်ပိန်တယ် .. ။
        အက္ခရာတူ မောင်နှမ ဖြစ်တဲ့ ဆူးနဲ့ ဆရာရေ … ဆောရီးပါနော် ဟိဟိ 😀

  • ဆူး

    February 21, 2011 at 8:49 am

    အီးတုံး ရေ.. ဒီတခါတော့ ကြောင်ပုံချင်း မတူတော့ဘူး။ ညာချလို့ မရဘူး တခါတည်း သိတယ် အီးတုံးဆိုတာ.. ငှင်း.. ငှင်းးး.. ငှင်းးးး

  • draungkyawkyawoo

    February 21, 2011 at 8:59 am

    လက်မြန် ၊ ခြေမြန် ရှိလိုက်တာ … ။ ဒီမှာတောင် မဖြေရသေးဘူး သူက ဝင်ဖြေသွားတယ် 😀

Leave a Reply