မမေ့အပ်တဲ့အရာ
@ တို့မြန်မာယဉ်ကျေးမှုမှာ
ပန်းစည်းပို့တာမရှိ
ပန်းခြင်းပေးတာမရှိ
လွမ်းသူ့ပန်းခွေပို့တာပဲရှိတယ် ။
@ တို့မြန်မာယဉ်ကျေးမှုမှာ
လက်ဆွဲနှုတ်ဆက်တာမရှိ
အရက်ခွက်ချင်းခတ်…………..…
ချီးယားလို့အော်တာမရှိ
ဦးညွှတ်ခြင်းနဲ့ရိုသေစွာကန့်တော့ခြင်းပဲရှိတယ်။
@ တို့မြန်မာယဉ်ကျေးမှုမှာ
ဟက်ပီးဘတ်ဒ်ဒေးမရှိ
စိန့်ဘလင့်တိုင်းဒေးမရှိ
အဘိဓမ္မာနေ့နဲ့ မေတ္တာအခါတော်ပဲရှိတယ်၊
@အဲဒီတော့သူငယ်ချင်း
မင်းတို့ ………
သူရို့ ဆီက
အတတ်ပညာ
နည်းပညာတွေသယ်လာခဲ့
သင်ယူကြပါ
ဒါပေမယ့် ……
တို့မြန်မာယဉ်ကျေးမှုကိုတော့
မေ့မပစ်နဲ့သူငယ်ချင်း။ ။
နေဝန်းနီ
8 comments
မိုက်ကယ်ဂျော်နီအောင်ပု
November 13, 2010 at 1:03 pm
(တို့မြန်မာယဉ်ကျေးမှုမှာ လက်ဆွဲနှုတ်ဆက်တာမရှိ)
အဲ့ဒါကတော့ ဘယ်လိုပြောရမလဲ မသိဘူးဗျ
ကိုယ်ကဘဲခေတ်လွန်သွားလို ့ယဉ်ကျေးမှု ့မသိဘူးပြောလဲခံပါ့မယ်
ဦးညွှတ်ခြင်းနဲ့ နှုတ်ဆက်ကြတယ်လား
ကျွန်တော် ဂရိမ တစ်ယောက်နဲ ့ မရှင်းရှင်း ဖြစ်ဘူးတယ် ထိုင်းမှာနေတုန်းက
မရှင်းရှင်းဆို အတွင်းကျကျလည်း စကားစမြည်းပြောတာပါ့နော
တစ်နေ ့တောင်ကလိမြောက်ကလိ တောင်ပြောမြောက်ပြောနေတုန်း
U တို ့ရွာမှာ တစ်ယောက်ယောက်နဲ ့ဆုံတဲ့အခါ ဘယ်လိုနှုတ်ဆက်ကြသလဲလို ့
သူမေးတော့ ခေါင်းကို မိုးကြိုးပြစ်သလိုတောင်ဖြစ်သွားခဲ့ရဘူးတယ်
ဒါပေမယ့် ဒီလိုပါဘဲ ကွာလို ့ လက်လှုပ်တယ်ပေါ့ ပြောပြီး ရောချလိုက်ရတယ်
တိတိကျကျ သိရင် လုပ်ကြပါဦး မှတ်သားပါရစေခင်ဗျား။
weiwei
November 13, 2010 at 1:33 pm
ဘယ်လိုနှုတ်ဆက်သလဲတော့ သိချင်တယ် … ကုပ္ပလီကုလားတွေကိုတော့ ခပ်တည်တည်နဲ့ ငါတို့ဗမာတွေက လက်ဆွဲမနှုတ်ဆက်ဘူးဆိုပြီး လက်ထုတ်မပေးပဲနေတယ် … ဟဲလို နေကောင်းလား လို့ပဲ နှုတ်ဆက်တယ်ဆိုပြီးပြောထားတာ …
naywoonni
November 13, 2010 at 3:31 pm
ဦးညွတ်ပြီးရိုသေတဲ့သဘောကိုပြကြတာပါ…ဒါကအသက်ကြီးတဲ့သူကိုလေ….ကိုရီးယားလောက်တော့မသိသာဘူးပေါ့ဗျာ
အချင်းချင်းကျတော့ခေါင်းငဲ့ပြီးအသိအမှတ်ပြုပါတယ်…။ငယ်တဲ့သူကျတော့..ဆဲပြီးနှုတ်ဆက်တယ်ဗျာ………………..
“ဟေ.ရောင်…ဘယ်လဲကွ…မင်းကြီးတော်နေကောင်းလား”ဆိုတာမျိုးနဲ့
laaminnthar
November 14, 2010 at 4:35 am
မင်းက အချန်နဲ့တစ်ပြေးညီ ပန်းတွေပေးတာကို ကြည့်ပြီး တင်လိုက်တာပဲ
မင်းဘာပြောချင်လဲ ငါသိနေတယ်
kopauk mandalay
November 14, 2010 at 8:08 am
ခေါင်းငြိမ့်ပြတယ်ဗျာ။
နေကောင်းလား ထမင်းစားပြီပြီလားလို့ နုတ်ဆက်တယ်ဗျာ။
အလွယ်လေးဗျာ နိုင်ငံခြားသူကမေးရင် ငါတို့ က ပါးနမ်းပြီးနုတ်ဆက်တာပြောပြီး အကြင်နာတွေပေးလိုက်ဗျာ။
kai
November 14, 2010 at 11:38 am
ယဉ်ကျေးမှုဆိုတာမျိုးက … မြစ်ရေလိုစီးဆင်းနေရတာလို့ မှတ်ဖူးပါတယ်..။
အဲဒီလိုနဲ့ ..ရောင်ထုံးတွေပြုတ်..ဘိုကေတွေလုပ်ကြတယ်..။
အဲဒီလိုနဲ့.. ခြေနင်းတွေဖယ်.. ခြေညပ်ဖိနပ်၊ ရှုးဖိနပ်တွေစီးခဲ့တယ်..။
အဲဒီလိုနဲ့ ..ရင်စည်းတွေချွတ်.. ဘယာစီယာတွေပြောင်းဝတ်တယ်..။
အဲဒီလိုနဲ့.. တောင်ရှည်ပစ်ပယ် … အကျီ ်၊ ပုဆိုး … ဝတ်ခဲ့တယ်..။
အဲဒီလိုနဲ့ ..ထိုးကွင်းတွေဖယ်… တက်တူးတွေပြောင်းထိုးတယ်..။
အဲဒီလိုနဲ့.. မင်္ဂလာဆောင်တတ်တယ်..။ အခန်းအနားလုပ်တယ်..။ လက်မှတ်ထိုူကြတယ်..။
လက်စွတ်တွေလဲတယ်..။
အဲဒီလိုနဲ့… အဲဒီလိုနဲ့… အဲဒီလိုနဲ့…
—
ဆိုတော့….
ဘုရင်မိဖုရားအတွက် ပုပ္ပါးတောင်မှ ပန်းတော်ဆက်တာဝန်ကို ယူထားရတဲ့ ဗျတ္တတယောက်အကြောင်း သိမှာပေါ့..
သဘောက .. ပန်းဆက်တယ် ဆိုတာဟာ ..ပုဂံခေတ်မှာထဲက ရှိတာပါ..။
ပန်းစည်းပို ့တာ.. ပန်းပေးတာ၊ ပန်းဆက်တာ၊ ပန်းကပ်တာဟာ.. မြန်မာ့ဓလေ့တခုပါ..။ ဖြစ်ခြင်းဖြစ်.. အနောက်တိုင်းက မြန်မာ့ဓလေ့ခိုးချတာဖြစ်ချင်ဖြစ်မှာ….။ 🙂
ရှေးခေတ်မင်းညီမင်းသားများလာရင် ..အရပ်သားတွေဟာ မော်ကြည့်လို့မရပါဘူး..။
မျက်လွှာချ၊ ခေါင်းငုံ့ခြေစုံရပ်ရတယ်လို့ မှတ်ဖူးပါတယ်..။ ရပ်နေတာကို ကြည့်ရတာသိပ်အဆင်မပြေရင်..ရာဇသင်္ကြန်အမတ်ကြီးကို ..ကွမ်းသွေးနဲ့ထွေးလိုက်သလိုမျိုးလဲ… မင်းညီမင်းသားက လုပ်တတ်ပါတယ်.။
ဘုရင်များဖြတ်တယ်ဆို ..မြေကြီးပေါ်ပြားပြားဝပ်ပြီး မြေကြီးမျက်နှာမူရတာပေါ့..။
ဆိုတော့ ..ဒီဓလေ့ … ဓလေ့အတိုင်းဆက်လုပ်ချင်သလား.. လက်ဆွဲနှုတ်ဆက်မလား….။
ဗုဒ္ဓဘာသာအထိန်းအမှတ်နေ့တွေကို … ပွဲတော်နေ့လုပ်ကြတာဟာ..အနော်ရထာခေတ်အထိ ထင်ထင်ရှားရှား သမိုင်းထဲမပြပါဘူး..။ ပျူခေတ်ကတော့ ဟိန္ဒူအယူပိုလွှမ်းတာမို ့.. မီးနင်းတာမျိူးလုပ်ကောင်လုပ်မယ်… ဖတ်ဖူးပါတယ်..။
ဒါပေမဲ့.. လူထုတရပ်လုံးလုပ်ကြတယ်ရယ်လို့လည်း … သမိုင်းထဲမပါပါဘူး..။
ဒီလိုပဲ.. အိန္ဒိယ၊ သီဟိုဌ်က ..ကြိုက်တာလေးတွေ.. လှယ်ယူလိုက်ကြပုံပါ..။
ပြောချင်တာက..။
မြန်မာလို ..ယဉ်ကျေးမှုသမိုင်းကြောင်းတိုလှတဲ့တိုင်းပြည်မျိုးဟာ…တကမ္ဘာလုံးက ကောင်းတာတွေအကုန်ဆွဲယူစေချင်တာပါပဲ..။
လူ့ဘဝဆိုတာ ..ခံစားရချိန်မှ .. နှစ် ၈ဝ လွန်လှပေါ့..။
ကောင်းတာတွေလုပ်..ကောင်းတာတွေယူ…ကောင်တာတွေခံစားကြပါစေသတည်း.။
( ကိုနေရေ..
ကျုပ်ကိုယ်ပိုင်အယူအဆတွေပါခင်ဗျား..။ စိတ်တော်မဆိုးလိုက်ပါနဲ့..။
မကြိုက်ရင်လဲ.. လွတ်လပ်စွာ ကွဲလွဲနိုင်ပါကြောင်း…) 🙂
naywoonni
November 14, 2010 at 12:30 pm
kaiရေ…….
ကောင်းတာကနဲနဲဆိုးတာကများများဖြစ်နေရင်ကော………..
ကိုခိုင်ပြောတာဟုတ်ပါတယ်
ကျွန်တော်ဖတ်ဖူးတဲ့စာအုပ်ထဲမှာဗမာဆိုတာအိန္ဒိယဦးခေါင်းနဲ့တရုပ်ကိုယ်
လို့ရေးထားတာမျိုးတွေ့ဖူးပါတယ်…။အဲဒိတော့ဟိန္ဒူယဉ်ကျေးမှုလည်းစီးဝင်
နေဆဲပဲလေ……..နတ်ကိုးတာ..ဗေဒင်မေးတာ..ယတြာချေတာ..ရက်ရာဇာရွေးတာ
နဂါးလှည့်ရွေးတာ..နမိတ်ဖတ်တာ..အားလုံးဟာစီးဝင်ရှင်သန်ဆဲပါ…ဒါတွေကို
လက်ခံထားမထားဆိုတာကတော့…တစ်ဦးချင်းစီနဲ့ဆိုင်ပါလိမ့်မယ်ဆိုပြီးကျွန်
တော်တို့ကမပြောပဲနှုတ်ပိတ်နေရမလား?ခုဖြစ်နေတာကလွန်လွန်ကျူးကျူး
ဖြစ်နေတာလေးတွေချရေးကြည့်တာပါ
ကျွန်တော်တို့ဆီမှာဗုဒ္ဒယဉ်ကျေးမှုထွန်းကားခဲတာAD.1044ထက်မစောနိုင်
ခဲ့ပါဘူး..။အဲဒိထက်တောင်နောက်ကျကောင်းနောက်ကျနိုင်ပါလမ့်မယ်
အဲဒိတော့နှစ်800ယဉ်ကျေးမှုပေါ့ဗျာ…ကောင်းတာယူပြီးမကောင်းတာ
ဥပမာ…လူအများအကျိုးပြုမယ်ဗျာ
ကုန်ကျစရိတ်သက်သာမယ်ဗျာ…..
သင်ယူဖို့လွယ်ကူတယ်ဗျာ…
လူအများလည်းအသုံးပြုနိုင်တယ်ဗျာ…
ရှိပြီးသားယဉ်ကျေးမှုကိုလည်းမထိခိုက်ဖူးဗျာ
ယူသုံးမယ်….
လူအနဲစုပဲအကျိုးပြုတာမျိုး
အဆမတန်ကုန်ကျပြီးအကျိုးမရှိတာမျိုး(အဲဒါမလုပ်လိုက်လို့လည်းဘဝမှာ
မထိခိုက်ဘူး။ခဏတာစိတ်အဆာပြေအောင်လုပ်လိုက်တာ….ပင်ပန်းတော့
လူအများကြီးဆိုတာမျိုး…)
လူနဲနဲပဲသုံးနိုင်အောင်ဈေးကြီးနေတာမျိုး
ရှိယဉ်းစွဲယဉ်ကျေးမှုုကိုထိခိုက်မှာမျိုးဆိုမသုံးဘူးဗျာ……..နော့
kai
November 15, 2010 at 10:28 am
သင့်မြတ်တော်မူကြောင်းပါ ဆင်ဖြူများရှင်…။
(ဆင်ဖြူငါးကောင် နိုင်ငံတော်ကပိုင်တယ်ဆိုတော့ ..နိုင်ငံသားတိုင်း..ဆင်ဖြူများရှင်ပေါ့နော…
မိုက်ကယ်ဂျော်နီကဗျာအောင်ပုပြောတာကို .. ကိုးကားပြောတာပါ..)