ငွေအကြွေရှားပါးမှုကိုမဖြေရှင်းနိုင်ပါ………..
kyawmonkhant ရဲ့ပို့စ်လေးတွေကိုဖတ်လိုက်ရလို့ပါ………
ငွေအကြွေရှားပါးမှုကိုမဖြေရှင်းနိုင်ပါဘူးခင်ဗျား………..ဘာလို့ပါလဲ?
၁။ငွေအကြွေသုံးစွဲနိုင်လောက်အောင်ကုန်ပစ္စည်းများရဲ့ဈေးနှုန်းတွေကနိမ့်မနေပါဘူး..။တော်ကြာဘာကြောင့်…ညာကြောင့်…လမ်းပိတ်လိုက်လို့
တံတားကျိုးလို့..ရေကြီးလို့ဆိုတဲ့အကြောင်းပြချက်တွေနဲ့ကုန်ဈေးနှုန်းကတက်ပြီးရင်းတက်နေလို့ပါပဲ..။အဲဒိလိုမှတက်မနေရင်လည်းအစိုးရကဈေး
နှုန်းတွေပြင်ပါတယ်……..ဥပမာ..ရထားခ..ဓါတ်ဆီဈေး..ရွှေဈေးတိုးမြှင့်သတ်မှတ်ပါတယ်..။
ခုလောလောဆယ်သုံးနေကြတဲ့ငါးဆယ်တန်..တစ်ရာတန်..နှစ်ရာတန်တို့ရဲ့သက်တမ်းဟာသိပ်မကျန်တော့ပါဘူး..။ပြောရင်းဆိုရင်းငြင်းရင်းခုန်ရင်းနဲ့
ယခင်ကငါးကျပ်တန်..ဆယ်တ်တို့ရဲ့ဘဝကိုရောက်ကုန်တော့မှာပါ..။
၂။ဈေးသည်တွေရဲ့သာယာမှုကိုဆက်ပြောရလိမ့်မယ်….
သူတို့ကငွေအကြွေရှားပါးတာကိုအကြောင်းပြုပြီးတစ်ချို့ကရှိပါလျက်နဲ့တစ်မင်မအမ်းကြတာပါ…။သူတို့ရဲ့ကုန်ပစ္စည်းထိုးရောင်းတတ်ပါတယ်..။
လ္ဘက်ရည်ဆိုင်တွေပိုဆိုးပါတယ်..။။အလိပ်တစ်ရာကိုမှ1600/-မပြည့်တဲ့ဆေးပေါ့လိပ်ကိုတစ်ရာဖိုးလေးလိပ်နဲ့အမ်းတာပါ..။ဒီတော့အကြွေအမ်း
လိုက်တာနဲ့ဆေးလိပ်ထိုးပေးလိုက်တာသူတို့အတွက်ဘယ်ဟာကပိုကိုက်သလဲ?သူတို့အမ်းလိုက်တဲ့အမြတ်ဟာ..ပင်မရောင်းလိုက်တဲ့ပစ္စည်းပေါ်
ကအမြတ်ထက်ပိုများနေတတ်ပါတယ်..။အဲဒိတော့သူတို့ကအမ်းမရောင်းရင်…
၃။ကျွန်တော်တို့ဘာလုပ်သင့်သလဲ?
(a)ကိုယ်ဝယ်ချင်တဲ့ပစ္စည်းအများစုရှိတဲ့ဆိုင်ကိုရွေးပါ..။
(b)လက်လီဝယ်တာထက်ပါကင်လိုက်..ပိဿာချိန်လိုက်ဝယ်တာကသက်သာတတ်ပါတယ်..။ဝယ်နိုင်အောင်ကြိုးစားပါ..
(c)သူတို့ကအနုတ်ပြန်အမ်းမှာမဟုတ်တဲ့အတွက်အနုတ်ဆောင်ထားပါ..။
(d)ဘယ်လောက်ဈေးတန်နေပါစေ..ကိုယ့်အတွက်အသုံးမဝင်ရင်…ဒီနေ့မရှိသေးလည်းဘာမှမဖြစ်နိုင်ရင်မဝယ်ပါနဲ့။။
(e)အားနာပြီးဈေးမဝယ်ပါနဲ့..။
ဒါဆိုရင်ခင်ဗျားတိုရဲ့တစ်နေ့တာကုန်ကျစရိတ်ကိုထိန်းနိုင်ပါလိမ့်မယ်….။
ကျွန်တော်ထင်တာကတော့လူထုလက်ထဲမှာအကြွေအနုတ်ကော…အချပ်ကြီးကောနဲသွားအောင်လုပ်နေတယ်လို့မြင်ပါတယ်……..
ဘာလို့လဲဆိုတော့…….တစ်ရပ်ကွက်လုံးကြားအောင်အော်ပြောမှရမဲ့ဖုန်းတွေအတိုင်းအဆမရှိထုတ်ပေးနေတာ……….
စက်ပစ္စည်းတွေအတိုင်းအဆမရှိဝင်ခွင့်ပေးထားပြီးမှလိုင်စင်မဲ့ဆိုပြီးပြန်သိမ်းနေတာ………..
ဒီလိုပစ္စည်းတွေဟာသာမာန်လူတန်းစားယောင်လို့တောင်မသီနိုင်ပါဘူး..။ဒါပေမဲ့လူထုကြားမှာလည်ပတ်သုံးစွဲနေတဲ့ငွေကြေးတန်ဘိုးက
တော့လျော့ကျစေတာအမှန်ပါတယ်..။
ခုဆိုရင်သူတို့တရားဝင်သတ်မှတ်ထားတဲ့အတိုးနှုန်းကိုလည်းတိုးမြှင့်ထားပြီးဖြစ်ပါတယ်….။
ဒီလိုအခြအနေတွေကြားမှာ
kyawmonkhant
တို့ပြောနေတဲ့အနုတ်ပြဿနာကိုရှင်းနိုင်မဲ့နည်းလမ်းရှာမတွေ့ပါခင်ဗျားးးးးး
ဘာတဲ့..ရှေ့ပိုက်ဆံနဲ့နောက်ပိုက်ဆံခြားနားချက်နဲ့သုံးရင်လည်းမဖြစ်နိုင်ပါဘူးခင်ဗျာ
ဘာလို့လဲဆိုတော့အဲဒိလောက်ပညာတတ်တဲ့သူကအနဲစုမို့ပါ…
နှစ်လုံးသုံးလုံးကိုသာစိတ်တွက်တွက်တတ်ရင်တွက်တတ်မယ်ကျန်တာကတော့တွက်ရမှာပျင်းကြပါတယ်….
တွက်လည်းတွက်တတ်မှာမဟုတ်ပါဘူး…။ကျွန်တော့ကအရင်အလုပ်တစ်ခုမှာတောရွာတွေချည့်သွားရတဲ့ဌာနမှာလုပ်ဖူးပါတယ်..
ကိုယ့်နိုင်ငံသားတွေအကြောင်းကိုယ်သာအသိဆုံးမို့ပါ
11 comments
naywoonni
November 18, 2010 at 3:58 pm
ကျွန်တော်က..လက်ရှိကျွန်တော့ရှေ့မှာဖြစ်ပျက်နေတာလေးတွေကို
ကျွန်တော့အမြင်နဲ့တွေးကြည့်ပြီးပြောကြည့်လိုက်ပါ…….
kopauk mandalay
November 19, 2010 at 2:30 am
မှန်ပါတယ် အနုတ်အတွက်ပြေလည်စေတဲ့နည်းလမ်းကတော့ ရောင်းကုန်ပစ္စည်းတစ်ခုကိုရောင်းဘို့ ဈေးစဖွင့်ကတည်းက
အနုတ် နဲ့ ပြဿနာမရှိအောင် ကြိုတွက်ရင် အနည်းငယ်တော့ပြေလည်နိုင်ပါတယ်။
ဆူး
November 19, 2010 at 4:08 am
ဒါဆို ၁ခု ၂၅ဝနဲ့ ရောင်းနိုင်တာ အကြွေ ခက်မှာ စိုးလို့ ၅၀ဝ နဲ့ ရောင်းရင် ကောင်းမလာဘဲနော်.. ဟီးဟီး.. နောက်တာနော်.. အခုတော့ အဲလို ဆိုင်တွေ ရှိနေလို့.. လက်လီ ဆိုင်မှာ ဝယ်တာနဲ့ လက်ကား ဆိုင်မှာ ဝယ်တာ တော်တော် ကွာတာ သိသာတယ်။
weiwei
November 19, 2010 at 4:59 am
ဆူးကတော့ အကွက်မြင်တယ် … အရောင်းမြှင့်တင်ရေးလုပ်ပြီး ဈေးကွက်ချဲ့လို့ရတယ် … ဥပမာ … တစ်ခု ၃၅ဝ တန် ပစ္စည်းဆိုပါတော့ … တစ်ခုထဲဝယ်ရင် ၄၀ဝ … ၃ ခု ဝယ်ရင် ၁၀၀ဝ ဆိုရင် လူတွေက ၃ ခု ဝယ်လိမ့်မယ် .. အကြွေကိစ္စလဲပြေလည် အရောင်းလဲ မြှင့်တင်ပြီးသားဖြစ် …
ဒီလောက်ပဲ ရေးတော့မယ် … လုပ်စားဖို့ အကွက်ချန်ထားအုန်းမှ …
doekalay
November 19, 2010 at 6:36 am
ဘာတွေလာပြီးရောင်းနေတာလဲ……..ရှားပါးရတဲ ့အထဲသူကတစ်မျိုး
အားလုံးကထမင်းစားဖို ့ပဲလုပ်နိုင်တာ…..ဘေးထွက်တွေကိုသိပ်မစဉ်းစားနိုင်ဘူး
ဆူးရေ….အားလုံးသဘောပေါက်
ဆူး
November 19, 2010 at 7:11 am
သဘောပေါက်ပါတယ် doekalay ရေ…
ထမင်းအနိုင်နိုင် ရှာစားနေရတဲ့ လူတန်းစားတွေက သူတို့ ရှာနိုင်တဲ့ ငွေနဲ့ . အကြွေအနုတ် မရှိလို့ ဈေးတင်ရောင်းနေတဲ့ ဈေးသည်တွေ အကြောင်းကို မြင်သာအောင် တစေ့ တစောင်း ရေးပေးတာပါ။
char too lan
November 19, 2010 at 10:02 am
ဟိုတစ်နေ့က ၂၀ဝတန်ပေါင်မုန့်ဝယ်စားတာ ဆိုင်ရှင်အဒေါ်ကြီးကအကြွေပေးပါတဲ့ မပါခဲ့ဘူးလို့လဲပြောလိုက်ရော လက်ထဲကမုန့်ကိုပြန်ယူ သူ ့ဈေးဗန်ထဲပြန်ထားပီးအကြွေမပါရင်မရဘူး အန်းစရာမရှိဘူးဆိုပီး ၅၀ဝတန်လေးပြန်ပေးလိုက်ပါတယ်။:(
ဆဲချင်တာကအထူးသူတောင်းစားတွေ ဘယ်တော့မှ၁၀ဝပြန်မရဘူး ဒီကြားထဲ “အကြွေပေးကြပါ ပြန်အမ်းစရာမရှိဘူးနော် ပြောထာပီးသား ပြန်မရရင်စိတ်မရှိနဲ့” တောင်းရင်လဲ နောက်မှယူဆိုတာကပါသေးတယ် သူတို့ကိုဘယ်သူကအဖက်လုပ်ပီး ပြန်တောင်းခဲ့ဖူးလဲမသိဘူး
chityaaung
November 20, 2010 at 6:36 am
ခုဆိုရင်ကူန်ပစ္စည်းတစ်မျိုးကိုအနဲဆုံးငါးဆယ်တစ်ရာလောက်တက်နေတာ…
ဈေးမေးပြီးပြန်ချသွားရတဲ့နေ့စားအလုပ်သမားတွေကိုလည်းထည့်တွက်ကြပါဦး…
တစ်ဆိုင်ကငါးဆယ်ဖိုးလောက်အနုတ်အစားအသုံးမဝင်တဲ့ပစ္စည်းတွေအမ်းနေရင်
လေးငါးနေရာဝင်ရင်သုံးရာလောက်သူတို့နေတွက်ရဲ့ငါးပုံ့တစ်ပုံလောက်သွားပြီ……..
ဒါတွေခါးစီးခံနေကြရတာကြာပြီလေ…….ဘယ်မှာလဲခောတ်မီဖြိုးတိုးတက်သော
နိုင်ငံတော်သစ်က………………..
naywoonni
November 20, 2010 at 10:23 am
ဟင်……..ကိုချစ်ရအောင်မရောက်ဖူးသေးဘူးလား
အဲဒိနိုင်ငံတော်သစ်ကို…………..
ကျွန်တော်ကရောက်ခဲ့ပြီထင်နေတာ
ဆူး
November 20, 2010 at 10:29 am
မရောက်ရသေးဘူး ရောက်ခဲ့ပြီနဲ့.. ဘယ်နေရာကနေလှမ်းပြောနေကြလဲ မသိဘူးနော်.. ခဲပြီ ဆိုတော့ အတိတ်တချိန် ကို ပြောသယောင်ယောင်.. ယခု လက်ရှိ အချိန်ကိုဘဲ ပြောသယောင်ယောင်.. ဘာမှန်းကို မသိဘူး.. ချုပ်ချက်ကို ခတ်နေတာဘဲ..
naywoonni
November 20, 2010 at 10:51 am
ကြိုက်သလိုသာတွေးယူလိုက်တော့ဆူးမရေ…………
အဲဒိနိုင်ငံတော်သစ်ကကျော်ညာနေတာကြာပြီဟ
ဒါကြောင့်ရောက်ခဲ့ပြီအောက်မေ့နေတာ…………..
မရောက်သေးဘူးပေါဒီလိုဆိုရင်……..