Customize Consent Preferences

We use cookies to help you navigate efficiently and perform certain functions. You will find detailed information about all cookies under each consent category below.

The cookies that are categorized as "Necessary" are stored on your browser as they are essential for enabling the basic functionalities of the site. ... 

Always Active

Necessary cookies are required to enable the basic features of this site, such as providing secure log-in or adjusting your consent preferences. These cookies do not store any personally identifiable data.

No cookies to display.

Functional cookies help perform certain functionalities like sharing the content of the website on social media platforms, collecting feedback, and other third-party features.

No cookies to display.

Analytical cookies are used to understand how visitors interact with the website. These cookies help provide information on metrics such as the number of visitors, bounce rate, traffic source, etc.

No cookies to display.

Performance cookies are used to understand and analyze the key performance indexes of the website which helps in delivering a better user experience for the visitors.

No cookies to display.

Advertisement cookies are used to provide visitors with customized advertisements based on the pages you visited previously and to analyze the effectiveness of the ad campaigns.

No cookies to display.

တို့ဖူးလုပ်မယ် ခပ်လွယ်လွယ်

weiweiNovember 19, 20101min73332

သမအောင်ခြေထားပုံ
မီးအေးအေးနဲ့ကျိုပုံ

တို့ဖူးလုပ်နည်းကိုတော့ တော်တော်များများသိပြီးသားဖြစ်မယ်ထင်ပါတယ်။ မသိသေးတဲ့သူတွေ သိရအောင်လို့ ဒီနေ့ တို့ဖူးကျိုတာကို ဓါတ်ပုံရိုက်ထားပြီး ဖော်ပြပေးလိုက်ပါတယ်။

လိုအပ်သောပစ္စည်းများ ….

ပဲမှုန့် (မွှေး) တစ်ထုတ် … ရေနို့ဆီဗူး ၂ ဗူး … ဆား နဲ့ဆနွင်းအနည်းငယ်

ပြုလုပ်ပုံအဆင့်ဆင့် ..

လိုအပ်သောပစ္စည်းအားလုံးကို အိုးတစ်လုံးထဲတည့်ပြီး ပဲမှုန့်များ သမသည်အထိ ဖျော်ပေးရပါမယ်။ ထို့နောက် မီးဖိုပေါ်တင်ပြီး မီးအေးအေးနဲ့ မိနစ် ၂ဝ ခန့် မရပ်မနား ဆက်တိုက်မွှေပေးရပါမယ်။ ပြီးရင် အဆင့်ပြင်ထားတဲ့ ခွက်ထဲထည့်ပြီး အအေးခံလိုက်ရုံပါပဲ …

တို့ဖူးသုတ်က အလွန်လွယ်ကူပြီး အာဟာရပြည့်ဝတဲ့ အစားအစာတစ်ခုဖြစ်ပါတယ် … မိသားစု ၄-၅ ယောက် မနက်စာ အဝစားနိုင်ပါတယ် … ဆိုင်မှာဝယ်စားတာထက် သန့်ပြန့်ပြီး ဈေးနှုန်းအများကြီး သက်သာလို့ အိမ်ရှင်မများအတွက် နည်းလမ်းပေးလိုက်ရခြင်းပါ …

32 comments

  • su

    November 19, 2010 at 5:20 pm

    အစ်မ အဲဒီမွှေးပဲမှုန့် ၁ထုပ်မရှိဘဲ ရိုးရိုးပဲမှူန့်ဆို ဘယ်လောက်ထည့်ရမလဲ ဆိုတာပြောပေးပါ။
    ရေ ၂ပူးအတွက်ကို။
    တို့ဖူးအရမ်းကြိူက်တာ လုပ်တိုင်း တို့ဖူးနွေးဘဲဖြစ်သွားလို့ 😀

  • weiwei

    November 19, 2010 at 5:31 pm

    မွှေးပဲမှုန့်တစ်ထုပ်က ၁၅ဝ ဂရမ် ဆိုတော့ တစ်ဆယ်သားနဲ့ညီမျှပါတယ် ….

  • bigcat

    November 20, 2010 at 4:45 am

    တို့ဖူးလား တို့ဟူးလား။ မနက်ဖြန်စမ်းလုပ်ကြည့်မယ်။

    • weiwei

      November 20, 2010 at 5:28 am

      တရုတ်လိုကတော့ တို့ဖူ လို့ခေါ်တာပဲ …

  • ဆူး

    November 20, 2010 at 5:07 am

    ဝ နေတဲ့ တိုင်းပြည်က စီလုပ်လေ.. ဝ တရုတ်သံ နီးနီးလေး ပါသွားတာ နောက်ရဖူးလေ..
    လုပ်စားပြီးရင်လည်း ကောင်းတယ်လို့ အကြောင်းပြန် ဒါဘဲ..

  • Gong Zhu

    November 20, 2010 at 5:26 am

    တွေးကြည့်လိုက်တာနဲ့ လွှင့်ပစ်လိုက်ရမှာသေချာတယ် … 😛 အရမ်းကျွမ်းတာလေ သိတယ်မလား …

  • char too lan

    November 20, 2010 at 5:37 am

    ကျနော်လုပ်စားဖူးတယ် မာပီး ငန်သွားတယ် 🙁

    • ဆူး

      November 20, 2010 at 5:48 am

      ဒါဆိုလည်း ခြေပြီး ရေရောပြီး ပြန်ကျိုလိုက်.. ဟီးဟီး..
      ရမရတော့ သိဘူး.. အကြံပေးကြည့်တာ

      • char too lan

        November 20, 2010 at 6:47 am

        တွေ ့လား!! ကျနော်ပြောသားပဲ ဘာပဲလာလာ အန်တီဆူးမှာအဖြေရှိတယ် 😛

  • kopauk mandalay

    November 20, 2010 at 6:15 am

    အားလုံးကို စေတနာနဲ့ပြောပေးပါမယ်။
    ဝယ်စားရင်အဲလောက် ပိုက်ပိုက်မကုန်ဘဲနဲ့ကောင်းကောင်းစားရပါတယ်။
    တို့ ဖူး ဆိုတာက တရုပ်လို အမှန်အသံထွက်ရင် သို့ =ပဲဖြစ်ပါတယ် ပဲနဲ့လုပ်ထားတဲ့မုန့်အခဲလေးပါ။
    မြန်မာလိုပြန်ရင်တော့ တို့ဟူးပါတဲ့ ။မှတ်ထားနော်။
    အခုလိုလွယ်လွယ်လေးလို့ပြောပြီးလုပ်ခိုင်းအဆင်မပြောနေတာ့ ပိုက်ဆံတွေပိုကုန်အောင်နှပ်ခိုင်းတဲ့ ဟယ်လိုမမ ကို မှတ်တမ်းတင်လို့ ဂုဏ်ပြုပါတယ်။
    ဟယ်လိုမမ ရှင်းတမ်း
    တရုပ်တွေက ဖုန်းသံကြားရင်ဖြစ်ဖြစ် ခေါ်လိုက်ရင်ဖြစ်ဖြစ် ဝေ wie လို့ ထူးတတ်ပါတယ်။.wei ဆိုတာ ဟယ်လိုနဲ့ အတူတူလို့ ယူဆနိုင်ပါတယ်။
    ဒီတော့ wei wei ဆိုတဲ့ကလေးမ ကို ဟယ်လိုမမလို့ နာမည်ပေးကင်ပွန်းတပ်ပါတယ်။
    သူကိုယ်တိုင်လုပ်တဲ့ တို့ ဖူးကြွေးပြီး နာမယ်ပြောင်းမယ်နော်
    ခင်သော ကိုပေါက်

  • weiwei

    November 20, 2010 at 7:26 am

    တို့ဖူးက နေရာတိုင်း ဝယ်လို့ရတာမဟုတ်ပါ .. ကျွန်မမိဘနေတဲ့နယ်မှာဆို ကိုယ်တိုင်လုပ်စားမှ ရပါတယ် … ခြံဝင်းထဲမျာ ရှောက်ပင်လေးစိုက်ထားတယ် … တို့ဖူးသုတ်စားချင်တိုင်း အလွယ်တကူ အခုပြောတဲ့နည်းနဲ့ လုပ်စားနေကျ … နိုင်ငံခြားရောက်နေသူတွေလဲ ဝယ်စားလို့မရပါ … အဲဒါကြောင့် စေတနာဖြင့် နည်းပေးခြင်းဖြစ်ပါတယ် … ရန်ကုန် မန္တလေး ဝယ်စားလို့ရတဲ့နေရာမှာလဲ ဘယ်လိုတွက်တွက် ဈေးကွာပါတယ် …

    wei ဆိုတဲ့စာလုံးက အဓိပါယ်အမျိုးမျိုးရှိပါတယ် .. ကျွန်မနံမည်က wei က 薇 .. ဟဲဟိုက ဝေနဲ့ အသံတူပေမယ့် အဓိပါယ်မတူပါသဖြင့် ဟဲလိုမမ လို့ နံမည်မပြောင်းနိုင်ပါကြောင်း ….

  • char too lan

    November 20, 2010 at 12:25 pm

    အလှအပနဲ့ဆိုင်တဲ့ ဝေ လား ??

  • weiwei

    November 20, 2010 at 1:20 pm

    ကျွန်မ နံမည်ထဲက wei ကတော့ နံမည်တွေမှာသုံးလေ့ရှိတယ့် နံမည်အတွက်သုံးတဲ့ စာလုံးပဲ …
    တရုတ်အဆိုတော် zhao wei လဲ အဲဒီ wei ပဲ ..

    အလှအပက mei … မေ ဆိုတာ လှတာကိုပြောတာ …

  • kopauk mandalay

    November 20, 2010 at 4:21 pm

    ဝေမမရေ
    အသံထွက်သာတူပြီး အနက်အဓိပါ္ပယ်မတူတဲ့အတွက် နာမည်မပြောင်းချင်းကိုလက်ခံသဘောပေါက်ပါကြောင်း၊
    မပြောင်းနိုင်ဘူးဆိုမှတော့ မပြောင်းတော့ပါကြောင်း

    ပိုက်ဆံပေးတိုင်း ကိုယ်လိုချင်တာကို နေရာတကာမှာဝယ်၍မရနိုင်ဆိုသည်ကိုလည်းအကြွင်းမဲ့ယုံကြည်ပါကြောင်း
    ကိုယ်တိုင်ချက်ပြုတ်စားသောက်ခြင်းသည် ကျန်းမာရေးနှင့်ညီညွတ်သလို ငွေအလဟဿကုန်ခြင်းကိုလည်းကာကွယ်ရာရောက်ပါကြောင်းနှင့်တကွ
    ဝေမမ၏စေတနာကိုလည်းနားလည်သဘောပေါက်ပါကြောင်း
    ခင်မင်ရင်းနှီးစွာဖြင့်စနောက်မိသည်ကိုလည်းအဆွေတော်မှ သဘောထားကြီးစွာဖြင့်ခွင့်လွှတ်စေလိုပါကြောင်း
    အစရှိသည်တို့ကိုပြောကြား၍ နောင်တသုံးကြိမ်ရွတ်ဆိုကာအခမ်းအနားကိုရုတ်သိမ်းလိုက်သည်ဟုသိရှိပါရသည်ရှင်………………………….

  • weiwei

    November 20, 2010 at 4:28 pm

    အဆွေတော်တို့ဘက်မှလည်း နားလည်ခွင့်လွှတ်ပါကြောင်း … ခင်မင်ရင်းနှီးစွာဖြင့် စနောက်သည်ကို သိရှိသဘောပေါက်ပါကြောင်း .. နောက်နောင် ဆွေမျိုးပေါက်ဖော်အချင်းချင်း ပြောလိုရာကို ပွင့်ပွင်းလင်းလင်း ပြောဆို ဝေဖန်နိုင်ပါကြောင်း ပြန်ကြားရင်း လိုအပ်သည်များကို ထပ်မံ စာချုပ်ချုပ်ဆိုလိုက်ပါတယ် …

  • bigcat

    November 20, 2010 at 4:43 pm

    အထက်မြန်မာပြည် မန္တလေးမှ ဦးပေါက်နှင့် မြန်မာပြည်မြောက်ပိုင်း စိန့်တိုင်းမှ ဒေါ်ဝေဝေတို့သည် တဦးအပေါ်တဦး အပြန်အလှန် နားလည်မှုစာချွန်လွှာ တရပ်ကို ယနေ့လက်မှတ်ရေးထိုးပြီးစီးကြောင်း၊ သို့သော် လွတ်လပ်သော လေ့လာစောင့်ကြည့်ရေးသမား ဒေါက်တာဦးကြောင်ကြီးက များမကြာခင်တွင် ၎င်းတို့တဦးနှင့်တဦး အလစ်တွယ်နိုင်ဖွယ်ရာရှိကြောင်း ခန့်မှန်းပြောကြားလိုက်သည်ဟု မန်းဂေဇက် သတင်းအေဂျင်စီမှ ယနေ့ထုတ်ပြန်သည်။

  • ဆူး

    November 21, 2010 at 3:45 am

    အဆွေတော် နှင့် ဆွေမျိုးပေါက်ဖော် နားလည်မှု သဘောတူ စာချွှန်လွှာ ချုပ်ဆို ဆိုတော့.. ဘာတွေ နားလည်သွားတာလဲဟင်.. သွားတိုက်ဆေး နဲ့ တိုက်ရင် သွားကောင်းလာမှာလား။ နိ့မှုန့်သောက်ရင် အားချိမှာလား.. ဘာစီမံကိန်းများ ရှိသေးလဲဟင်.. နဲနဲ ပါးပါး သတင်း ထုတ်ပြန် ကြေညာသင့်တယ်။ သတင်းစောင့်ဖတ်ရတာ မပြည့်စုံဘူး။

    သို့
    ဆွေမျိုးပေါက်ဖော် သဘောတူညီမှု စာချွှန်လွာ ဠာန 21.11.10

    အကြောင်းအရာ။ ။အကြောင်းအရာ များကို ဝေဝေ ဆာဆာ ပေါက်ပေါက် မြောက်မြောက် ဖြစ်အောင် လုပ်သင့်ပါကြောင်း အကြံပေးအပ်ပါသည်။

    လူငယ်တဦး

  • weiwei

    November 21, 2010 at 3:56 am

    လူကြီးတွေကိစ္စ ဝင်မပါချင်ပါနဲ့ လူငယ်ရယ် ……

  • ဆူး

    November 21, 2010 at 4:47 am

    သွားတိုက်ဆေးနဲ့ မယ်လမင်း နို့မှုန်းလေးများ အလကား ရမလားလို့ လာတိုးတာ.. အဟင့်.. စိတ်မကောင်းလိုက်တာ.. ဘာမှလည်း မရဘူး။ ချိတ်မကောင်းလိုက်တာ..

  • bigcat

    November 21, 2010 at 5:33 am

    ဒီနေ့ အသိတယောက်ကပြောပါတယ်၊ တို့ဖူးလုပ်ရင် ကြိုပြီးပဲရည်ကို အဝတ်ပါးနဲ့ စစ်ရတယ်တဲ့၊ မဟုတ်ရင် မာသွားတယ်ဆိုလား ပျော့သွားတယ်ဆိုလား တခုခုပဲ။ အန်တီဝေပြောတဲ့ မွှေးတံဆိပ် မြန်မာပြည်ထွက် ပဲမှုန့်နဲ့ဆိုရင်တော့ တန်းလုပ်လို့ရမယ်ထင်တယ်။ ဟေး… ငါတို့မြန်မာတွေရဲ့ပဲမှုန့်က ကမာ္ဘပေါ်မှာ အကောင်းဆုံးကွ။

    • ဆူး

      November 21, 2010 at 5:47 am

      ဦးလေးကြောင်ကြီး ပဲမှုန့်က ဘာပဲလဲ.. မတ်ပဲလား ကုလားပဲလား ဘိုစားပဲလား.. မောင်မခေါ်ပဲလား ပဲကြီးလား ပဲလွန်းလား ပဲမျိုးတွေ စုံနေတာ.. တို့ဘူးလုပ်တဲ့ အကြောင်းမှာ ပဲမှုန့်ကြေညာဝင်ပြီး ပဲမှားသုံးရင် နာမည်ပျက်မယ်နော်.. ကြေညာရင် အစ အလယ် အဆုံး လို အပ်ချက်မရှိ အကြောင်းသုံးပါး ပြည့်စုံအောင် ကြေညာသင့်ကြောင်း စပ်မိစပ်ရာ တွေ့မိတာလေး ထောက်ပြလိုက်ပါတယ်။ ကြီးသူကို ရိုသေ ငယ်သူကို သနား.. ရွယ်တူ မဟုတ်တော့ မလေးမစား ပြောမိရင် ခွင့်လွတ်စေချင်ကြောင်း။

  • weiwei

    November 21, 2010 at 5:40 am

    ဟုတ်ပ ဦးကြီးကြောင် … မြန်မာ့ ကုလားပဲမှုန့်က ကမ္ဘာပေါ်မှာ အကောင်းဆုံးပဲ …

  • chityaaung

    November 21, 2010 at 8:16 am

    အဲဒိတို့ဖူးလားတို့ဟူးလား….လုပ်တဲ့ပဲမှုန့်က…….ကုလားပဲမှုန့်ပါ….၎င်းပဲမှုန့်စစ်စစ်ကိုဈေးမှာဝယ်ချင်ရင်
    အပေါ်မှာပြထားတဲ့တံဆိပ်ကပ်ထားတဲ့အထုတ်များကိုဝယ်မှရပါကြောင်း…တို့ဟူးကြိုပဲမှုန့်ဟုရေးထားပါကြောင်း
    အထက်မြန်မာပြည်မှာသုံးတဲ့တံဆိပ်တစ်မျိုးကတော့”နိုင်လွန်”ဖြစ်ပါကြောင်းတစ်ပေါင်ထုတ်(25ကျပ်သားဟုလည်း
    ခေါ်သည်)ကိုယမန်လက400လောက်သာရှိပြီးယခု500ကျပ်တိတိဖြစ်ပါကြောင်း…။ပဲခြမ်းနှစ်မျိုးဖြစ်နေပါကြောင်း
    တစ်မျိုးမှာစားတော်ပဲခြမ်း..ကုလားပဲခြမ်းနှင့်ဆင်တူပါကြောင်း..၎င်းမှာတစ်ပိဿာ1600လောက်ပဲရှိပြီးကုလားပဲခြမ်း
    အစစ်မှာ1800ဖြစ်နေပါကြောင်း..။၎င်းစားတော်ပဲခြမ်းကိုကြိတ်ခွဲ္ပပြိးပဲမှုန်အဖြစ်ရောင်းနေကြပါကြောင်း…ဈေးမှာလဲ
    မချိုကြောင်း…500နှင့်သာရောင်းနေကြပါကြောင်း..ထို့ကြောင့်ပဲမှုန့်စိမ်းဝယ်ယူသူများအနေဖြင့်တံဆိပ်ပါပဲမှုန့်
    စိမ်းကိုသာဝယ်ယူသင့်ပါကြောင်း……..ထပ်လောင်းအသိပါအပ်ပါသည်……….ဒူ …ဟူူူူူူူူူူူူူူူူူူူူူူူူူူူူူူူူူူူ… ဟူ…….မောလိုက်တာ

  • weiwei

    November 21, 2010 at 8:26 am

    ပဲ ကုန်သည် ရှင်းပြလိုက်မှ ပိုရှင်းသွားတော့တယ် … ကျေးဇူးတင်ပါတယ် … မွှေးကုလားပဲအစိမ်းမှုန့်ထုတ်က တို့ဖူးကြိုလို့အဆင်ပြေပါတယ် … လက်တွေ့ပါ … နှစ်ပေါင်းများစွာ လုပ်စားခဲ့တာပါ …

  • kai

    November 21, 2010 at 9:38 am

    အဲဒီပဲပြသနာက မသေးဘူးဗျနော..။

    အယ်လ်အေမှာ ပြည်မ၊ထိုင်ဝမ်၊ဟောင်ကောင်တရုတ်တွေနေတော့ … တိုဖူးက အမျိုုုး၁၀၀၊
    ဂျပန်တွေနေတော့ ..တိုဖူးက..၁ဝမျိုး…။အိနိ္ဒယနယ်အသီးသီးက ကုလားတွေနေတော့ ပဲမှုန့်က အမျိုး၁၀ဝ ဖြစ်နေတာမို ့..
    မြန်မာတိုဖူးကို ဘယ်ပဲနဲ့ ဘယ်လိုလုပ်ရမှန်းမသိကြတာမို ့..
    အယ်လ်အေမှာ သင်္ကြန်ဈေးရောင်းပွဲလုပ်တိုင်း.. တိုဖူးသုတ်ဟာ ..တရက် ၂၀၀၀-၃၀၀ဝလောက်ဝင်ငွေလောက်နဲ့ စံချိန်တင်ရောင်းရကြောင်း…
    ဒါကြောင့်..
    တိုဖူးကို ..ဘယ်ပဲအမျိုးအစာရဲ့အမှုန့်နဲ့လုပ်ရတယ်ဆိုတာ … အင်္ဂလိပ်အမည်နဲ့ရေးပေးစေလိုကြောင်း…။
    တို့ဖူးနဲ့ ပဲပြားတို့ဟာလည်း ..အမည်နာမအားဖြင့် ..ခေါ်ရတာမရှင်းလင်းပါကြောင်း…။

    မွှေးကုလားပဲအစိမ်းမှုန့်ထုတ်ကလည်း..ဗမာဆိုင်တိုင်းမရှိပဲ.. ဈေးလည်းမချိုသာပါကြောင်း..
    ဒူ..ဟူ..ဟူ..

  • weiwei

    November 21, 2010 at 10:07 am

    ဒီပြသနာ ဒီလောက်ကြီးလိမ့်မယ်မထင်လို့ ခပ်လွယ်လွယ်လို့တောင် ခေါင်းစဉ်တပ်လိုက်တာ …
    dictionary ထဲမှာ ရှာကြည့်တော့ chick pea လို့ ရေးထားတာပဲ … တရုတ်ပြည်မှာတော့ ကုလားပဲမှုန့်မရှိဘူး .. တခြားပဲမုန့်နဲံ့လုပ်ကြည့်တော့ မရဘူး ..

    တရုတ်က တို့ဖူက ဗမာပြည်က ပဲပြားလုပ်တဲ့ပဲနဲ့လုပ်တာ … အမျိုးပေါင်း အနဲဆုံး ၂ဝ လောက်တော့ မြင်ဖူးတယ် …. သိချင်ရင်တော့ တစ်ခါလောက် ဓါတ်ပုံရိုက်ပြီး တင်ပေးအုန်းမယ် …

  • ဆူး

    November 21, 2010 at 10:09 am

    ဦးလေးခိုင် စိတ်ဝင်စားရင် အနားနီးရင် မှာလိုက်.. ပါဆယ်နဲ့ ဆူးပိုစ်ပေးမယ်။ အမြတ် နဲနဲ ယူမယ်နော်..

  • weiwei

    November 21, 2010 at 10:14 am

    ဒီကြော်ငြာကလဲ နေရာတကာ ဝင်တယ် …

  • မိုက်ကယ်ဂျော်နီအောင်ပု

    November 21, 2010 at 12:39 pm

    ထပ်ပြီးကြပ်ဦးမှ ဟီဟိ
    ဪ…
    ရွာထဲကလူတွေ ရွာထဲကလူတွေ ဘယ်လိုဖစ်နေကြပါလိမ့်
    ဒီတိုဟူး/ဖူး
    မရှိရင်လဲမစားနဲ ့ ရှိရင်လည်းစားလိုက်
    ပဲမှုန် ့ရှိပြီး မလုပ်တတ်ရင်လည်း ဘာခက်တာမှတ်လို ့
    ကြိုက်သလောက် ပဲမှုန် ့ကို ပါးစပ်ထည်းပက်ထည့်ပြီး ရေသောက်လိုက် ပြီးနေတဲ့ကိစ်ချကိုညား

  • bigcat

    November 21, 2010 at 5:17 pm

    ကျနော်တို့ဆီမှာလည်း ကုလားပဲမှုန့်ကိုပဲ တို့ဖူးလပ်ရင် သုံးကြပါတယ်။ ဒါပေမဲ့ မွှေးတံဆိပ်လို တို့ဖူကြော်ဖို့ သီးသန့်မဟုတ်တော့ ကြိုပြီးရင် အဝတ်ပါးနဲ့ စစ်ရတယ်လို့ပြောပါတယ်။ အန်တီဝေပြောတဲ့ မွှေးတံဆိပ် ပဲမှုန်တထုပ်ကို ၃ကျပ်ဈေးပေါက်တယ်လို့ သိရပါတယ်။ လုပ်ပြီးသားဝယ်ရင်တော့ ခြောက်လက်မပတ်လည်ဝန်းကျင် တလက်မထုလောက်ကို ၃ကျပ်ပေးရပါတယ်။

  • weiwei

    November 21, 2010 at 5:22 pm

    ကျိုပြီးရင် ပျစ်သွားပြီဆိုတော့ အဝတ်ပါးနဲ့စစ်လို့ မရနိုင်ဘူး … ကြည့်ရတာတော့ ပဲမုန့်က ပေါင်ဒါလို မမှုန့်နေလို့ရေနဲ့ဖျော်ပြီး အဝတ်နဲ့စစ်ရတာလို့ ထင်တာပဲ …

Leave a Reply