ဒေါ်အောင်ဆန်းစုကြည်အတ္ထုပ္ပတ္တိ
အောင်ဆန်းစုကြည် (Aung San Suu Kyi) ကို ၁၉၄၅ ခု၊ ဇွန်လ ၁၉ ရက်နေ့တွင် မွေးဖွားခဲ့သည်။ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်၏ ခေါင်းဆောင်တစ်ဦး ဖြစ်သည်။ အကြမ်းမဖက်လှုပ်ရှားမှုနှင့် အကျဉ်းစံ နိုင်ငံရေးလှုပ်ရှားသူတစ်ဦးဖြစ်သည်။ မြန်မာ့ အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်း၏ တတိယမြောက် သမီးဖြစ်ကာ သူမ၏ အမည်ပါ အောင်ဆန်းဆိုသော စကားလုံးသည် သူမ၏ ဖခင်အမည်ကို ယူထားခြင်းဖြစ်ပြီး၊ ကြည်ဆိုသော စကားလုံးသည် သူမ၏ မိခင် ဒေါ်ခင်ကြည်၏ အမည်မှ ရယူကာ စု ဆိုသော စကားလုံးသည် သူမ၏ အဖွားဖြစ်သူ၏ အမည်မှ ယူထားခြင်းဖြစ်သည်။ သူမသည် ၁၉၉ဝ ခုနှစ်တွင် လွတ်လပ်စွာတွေးခေါ်မှု အတွက် ဆာခါရော့ဗ်ဆု၊ ၁၉၉၁ ခုနှစ် အတွက် ငြိမ်းချမ်းရေး နိုဘယ်ဆု နှင့် ရဖ်တို ဆုများ ရရှိခဲ့သည်။ အာဏာရှင် စနစ်အောက်တွင် ငြိမ်းချမ်းသော၊ အကြမ်းမဖက်သော ကြိုးပမ်းအားထုတ်မှု အတွက် အိန္ဒိယ အစိုးရက ချီးမြှင့်သော ဂျဝါဟာလာနေရူးဆုကိုလည်း လက်ခံ ရရှိခဲ့သည်။ သူမသည် လက်ရှိ အချိန်တွင် နေအိမ် အကျယ်ချုပ် ကျခံနေရဆဲ ဖြစ်ပြီး မြန်မာ့စစ်အာဏာရှင်တို့သည် သူမ၏ အကျယ်ချုပ်သက်တမ်းအား အကြိမ်ကြိမ် သက်တမ်းတိုးလျက် ရှိသည်။ ၁၉၉ဝ ခုနှစ် ရွေးကောက်ပွဲ ရလဒ်အရ အနိုင်ရရှိခဲ့သော အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်၏ ခေါင်းဆောင် တစ်ဦး အနေဖြင့် နိုင်ငံတော် ဝန်ကြီးချုပ် နေရာကို သူမ ရယူပိုင်ခွင့် ရှိသော်လည်း စစ်အစိုးရ၏ အကျယ်ချုပ် ချထားခံရခြင်းကြောင့် ၎င်း ရာထုူးနေရာအား သူမ ရယူနိုင်ခြင်း မရှိသေးပေ။
သူမ၏ အမည် အပြည့်အစုံမှာ ဒေါ်အောင်ဆန်းစုကြည်ဖြစ်ပြီး ဒေါ်ဟူသည်မှာ မြန်မာလူမျိုးတို့၏ ထုံးတမ်းစဉ်လာအရ အရွယ်ရောက်ပြီးသော၊ ဂုဏ်ရည် ကြီးမြင့်သော အမျိုးသမီးများကို အမည်ရှေ့မှ တပ်၍ ခေါ်ဝေါ်သော စကားလုံးဖြစ်သည်။ သူမအား Ms. Suu Kyi (သို့မဟုတ်) Dr. Suu Kyi ဟုခေါ်တွင် သုံးနှုံး နိုင်စေကာမူ ခေတ်သစ်မြန်မာပြည်၏ လွတ်လပ်ရေးဖခင်ဖြစ်သူ ဗိုလ်ချုပ်အောင်ဆန်း၏ အမည် ပါဝင်သော ဒေါ်အောင်ဆန်းစုကြည်ဟူသော အမည်ကိုသာ အစဉ်တစိုက် အသုံးပြုကြသည်။
ဘဝဇာတ်ကြောင်း
အောင်ဆန်းစုကြည်ကို ၁၉၄၅ ခု၊ ဇွန်လ ၁၉ရက်နေ့တွင် ရန်ကုန်မြို့၌ ဖွားမြင်ခဲ့သည်။ မွေးချင်း သုံးယောက်အနက် အငယ်ဆုံးဖြစ်သည်။ သူမ၏ ဖခင်ဖြစ်သူ ဗိုလ်ချုပ်အောင်ဆန်းသည် ၁၉၄ရ ခုနှစ်တွင် ဗြိတိသျှတို့နှင့် မြန်မာ့ လွတ်လပ်ရေးအတွက် ညှိနှိုင်းခဲ့သည်။ ၎င်းနှစ်တွင်ပင် သူ၏ ပြိုင်ဖက်များ၏ လုပ်ကြံသတ်ဖြတ်မှုဖြင့် ကျဆုံးခဲ့သည်။ သူမသည် မိခင် ဒေါ်ခင်ကြည်၏ အုပ်ထိန်းမှု အောက်၌ အစ်ကိုများဖြစ်သော အောင်ဆန်းဦးနှင့် အောင်ဆန်းလင်းတို့နှင့်အတူ ကြီးပြင်းလာခဲ့သည်။ သူမ အသက် ရှစ်နှစ် အရွယ်တွင် သူမ ပိုမိုချစ်ခင်သော အစ်ကို အောင်ဆန်းလင်းသည် သူမ၏ နေအိမ်တွင် ရေကန်တွင်း ကျကာ ရေနစ်သေဆုံးခဲ့သည်။ အစ်ကို အကြီးဆုံး အောင်ဆန်းဦးသည် ကယ်လီဖိုးနီးယားပြည်နယ် ဆန်ဒီယေးဂိုးသို့ ပြောင်းရွှေ့ကာ အမေရိကန်နိုင်ငံသား ခံယူသွားခဲ့သည်။ မြန်မာပြည်တွင် နေထိုင်ခဲ့ရသော သူမ၏ ငယ်ဘဝတွင် ဒေါ်အောင်ဆန်းစုကြည်သည် အင်္ဂလိပ် ကက်သလစ်ကျောင်းများတွင် ပညာ ဆည်းပူးခဲ့သည်။
မိခင်ဖြစ ်သူ ဒေါ်ခင်ကြည် (မခင်ကြည်)သည် မြန်မာပြည်၏ အစိုးရတွင် ထင်ရှားသော နိုင်ငံရေး ပြယုဂ်တစ်ခု ဖြစ်လာခဲ့သည်။ ၁၉၆ဝခုနှစ်တွင် မခင်ကြည်သည် အိန္ဒိယနိုင်ငံ ဆိုင်ရာ မြန်မာသံအမတ်ကြီး အဖြစ် ခန့်ထားခံရကာ အောင်ဆန်းစုကြည်လည်း မိခင်နှင့် အတူလိုက်ပါကာ ၁၉၆၄ တွင် နယူးဒေလီရှိ လေဒီ သျှရီရမ်ကောလိပ်တွင် ပညာဆည်းပူးခဲ့သည်။
သူမသည် အောက်စဖို့ဒ် တက္ကသိုလ် စိန့်ဟူးချ်ကောလိပ်တွင် ဆက်လက် ပညာဆည်းပူးခဲ့ပြီး၊ ၁၉၆၉ ခုနှစ်တွင် ဒဿနိကဗေဒ၊ နိုင်ငံရေးပညာနှင့် စီပွားရေးပညာ အထူးပြုတို့ဖြင့် ဒီကရီ ရရှိခဲ့သည်။ ၁၉၈၅ တွင် လန်ဒန်တက္ကသိုလ်၊ အာဖရိကနှင့် အရှေ့တိုင်းပညာဌာနမှ ချီးမြှင့်သော ပါရဂူဘွဲ့ကိုရရှိခဲ့သည်။ သူမသည် မြန်မာအစိုးရအတွက်လည်း အလုပ်လုပ်ပေးခဲ့ဖူးသည်။ ၁၉၇၂ တွက် ဘူတန်ယဉ်ကျေးမှုလေ့လာရေး စကောလာ ဒေါက်တာ မိုက်ကယ်အဲရစ်နှင့် ထိမ်းမြားလက်ထပ်ခဲ့သည်။ နောက်နှစ်တွင် သူမ၏ သားအကြီးဖြစ်သူ အလက်ဇန္ဒား(ခ)မြင့်ဆန်းအောင်ကို လန်ဒန်တွင် ဖွားမြင်ခဲ့ပြီး ၁၉၇ရ တွင် ဒုတိယသားဖြစ်သူ ကင်မ်(ခ) ထိန်လင်းကို မွေးဖွားခဲ့သည်။
သူမသည် ထေရဝါဒ ဗုဒ္ဓဘာသာဝင် တစ်ဦးဖြစ်သည်။
နိုင်ငံရေး ဘဝအစ
၁၉၈၈ ခုနှစ်တွင် အောင်ဆန်းစုကြည်သည် နာမကျန်းသော မိခင်ကြီး ဒေါ်ခင်ကြည်ကို ပြုစုစောင့်ရှောက်ရန် မြန်မာပြည်သို့ ပြန်ခဲ့သည်။ တိုက်ဆိုင်စွာပင် ယင်းနှစ်တွင် အချိန်ကြာမြင့်စွာ အုပ်ချုပ်နေခဲ့သော မြန်မာ့ဆိုရှယ်လစ် လမ်းစဉ်ပါတီ၏ ဥက္ကဌ ဗိုလ်ချုပ်ကြီး နေဝင်းသည် ရာထူးမှ အနားယူခဲ့ပြီးနောက် ဒီမိုကရေစီရေး လှုပ်ရှားတောင်းဆို ဆန္ဒပြမှုများ ဆက်တိုက် ဖြစ်ပွားခဲ့သည်။ ၁၉၈၈ ခုနှစ် ဩဂုတ်လ ၈ရက်နေ့(နောင်တွင် ၈လေးလုံး အရေးအခင်း အဖြစ် လူသိများသည်။)တွင် ဖြစ်ပွားသော ဆန္ဒပြ လှုပ်ရှားမှုများကို အကြမ်းဖက် နှိမ်နင်းခဲ့သည်။ ယင်းနောက်တွင် စစ်အစိုးရမှ အာဏာသိမ်းခဲ့သည်။
မြတ်ဗုဒ္ဓတရားတော် အဆုံးအမများ၊ မဟတ္တမ ဂန္ဒီ၏ အကြမ်းမဖက် လှုပ်ရှားမှု အယူအဆများအတိုင်း အောင်ဆန်းစုကြည်သည် ဒီမိုကရေစီရေး လှုပ်ရှားမှု ဆောင်ရွက်နိုင်ရန် နိုင်ငံရေး လောကသို့ ဝင်ရောက်ခဲ့သည်။ ၁၉၈၈ခု စက်တင်ဘာ ၂ရ ရက်တွင် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် တည်ထောင်ရေးတွင် ဦးဆောင်မှုအပိုင်းမှ ပါဝင်ခဲ့သည်။ ၁၉၈၉ ဇူလိုင်လ ၂ဝ ရက်နေ့တွင် နေအိမ်အကျယ်ချုပ်ဖြင့် ထိန်းသိမ်းခံခဲ့ရသည်။ သူမအား နိုင်ငံတွင်းမှ ထွက်ခွာမည်ဆိုပါက အချုပ်အနှောင်မှ လွတ်မြောက်ခွင့်ပေးမည်ဟု အစိုးရမှ ကမ်းလှမ်းခဲ့သော်လည်း သူမက ငြင်းပယ်ခဲ့သည်။
ဘဝ မှတ်တမ်း
- ၁၉၄၅ ခုနှစ် ဇွန်လ ၁၉ ရက် တွင် မွေးဖွားခဲ့သည်။
- ၁၉၆ဝ တွင် မိခင်ဖြစ်သူ ဒေါ်ခင်ကြည် သည် အိန္ဒိယနိုင်ငံ ဆိုင်ရာ မြန်မာသံအမတ်ကြီး အဖြစ် ခန့်ထားခံရကာ အောင်ဆန်းစုကြည်လည်း မိခင်နှင့် အတူလိုက်ပါကာ ၁၉၆၄ တွင် နယူးဒေလီရှိ လေဒီ သျှရီရမ်ကောလိပ်တွင် ပညာဆည်းပူးခဲ့သည်။
- ၁၉၆၄-၁၉၆ရ ခုနှစ်တွင် အောက်စဖို့ဒ် တက္ကသိုလ် စိန့်ဟူးချ်ကောလိပ်တွင် ဒဿနိကဗေဒ၊ နိုင်ငံရေးပညာနှင့် စီပွားရေးပညာ အထူးပြုတို့ဖြင့် လေ့လာသင်ကြားခဲ့သည်၊ ၁၉၉ဝ ခုနှစ်တွင် Honorary Fellow အဖြစ် ရွေးချယ်ခြင်းခံရသည်။
- ၁၉၇၂ ခုနှစ်တွင် ဘူတန်ယဉ်ကျေးမှုလေ့လာရေး စကောလာ ဒေါက်တာ မိုက်ကယ် အဲရစ် နှင့် ထိမ်းမြား လက်ထပ်ခဲ့သည်။
- ၁၉၈၈ ခုနှစ်တွင် မိခင် ဒေါ်ခင်ကြည် နာမကျန်းဖြစ်သဖြင့် ပြုစုစောင့်ရှောက်ရန် မြန်မာပြည်သို့ပြန်ခဲ့သည့် အချိန်နောက်ပိုင်း၊ နိုင်ငံရေးတွင် စတင် ပါဝင်လှုပ်ရှားခဲ့သည်။
- ၁၉၈၈ ခုနှစ်၊ ဩဂုတ်လ ၂၆ ရက်တွင် ရွှေတိဂုံဘုရားရင်ပြင်တွင်၊ မြန်မာပြည်တွင် ဒီမိုကရက်တစ် အုပ်ချုပ်ရေး ဖြစ်လာစေရန် လူသန်းနှင့်ချီ၍ ဟောပြောမှုများ လုပ်ခဲ့သည်။
- ၁၉၉ဝ တွင် စစ်အစိုးရမှ အထွေထွေ ရွေးကောက်ပွဲ ကျင်းပခဲ့ချိန်တွင် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်သည် အပြတ်အသက် အနိုင်ရခဲ့သည်။ အနိုင်ရရှိခဲ့သော အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်၏ ခေါင်းဆောင် တစ်ဦးအနေဖြင့် မြန်မာနိုင်ငံ၏ ဝန်ကြီးချုပ် တာဝန်ယူရမည်ဖြစ်သည်။ သို့သော် ရွေးကောက်ပွဲရလဒ်အမှန်ကို အသိအမှတ်မပြုပဲ စစ်အစိုးရမှ အာဏာလွှဲပြောင်းပေးရန် ငြင်းဆိုခဲ့သည်။ ထို့ကြောင့် နိုင်ငံတကာမှ စိတ်ပျက်ခဲ့ရသည်၊ ဒေါ်အောင်ဆန်းစုကြည်ကို သူ၏ နေအိမ်ဖြစ်သည့် ရန်ကုန်မြို့တွင် နေအိမ်အကျယ်ချုပ် ချထားခဲ့သည်။ အကျယ်ချုပ်ချထားချိန်ကာလဖြစ်သည့် ၁၉၉ဝခုနှစ်တွင် ဆာခါရော့ဗ်ဆု ဆု ရရှိခဲ့ပြီး၊ နောက်တစ်နှစ်တွင် နိုဘယ်ငြိမ်းချမ်းရေးဆု ရရှိခဲ့သည်။ နိုဘယ်ငြိမ်းချမ်းရေးဆုကို သူမ၏ သားနှစ်ဦး ဖြစ်သည့် အလက်ဇန္ဒား (ခ) မြင့်ဆန်းအောင် နှင့် ကင်မ် (ခ) ထိန်လင်း တို့က သူ၏ ကိုယ်စား ရယူခဲ့ကြသည်။ သူ၏ နိုဘယ်ငြိမ်းချမ်းရေး ရရှိသည့် ဆုကြေးဖြစ်သည့် အမေရိကန် ဒေါ်လာ ၁.၃ သန်းကို မြန်မာပြည်သူပြည်သားများအတွက် ကျန်းမာရေး နှင့် ပညာရေး မတည်ငွေအဖြစ် အသုံးပြုခဲ့သည်။
- ၁၉၉၅ ခုနှစ်တွင် စစ်အစိုးရမှ ဒေါ်အောင်ဆန်းစုကြည်အား နေအိမ်အကျယ်ချုပ်မှ လွတ်မြောက်ခွင့်ပေးလိုက်သော်လည်း၊ သူမ၏ မိသားစုရှိသည့် အင်္ဂလန် သို့ ပြန်သွားခဲ့ပါက မြန်မာပြည်သို့ ပြန်ဝင်ခွင့်မရမည်မှာ သေချာဖွယ်ရှိကြောင်းလည်း အသိပေးခဲ့သည်။
- ၁၉၉ရ ခုနှစ်တွင် သူ၏ ခင်ပွန်းဖြစ်သည့် ဒေါက်တာ မိုက်ကယ် အဲရစ်(ဗြိတိသျှလူမျိုး) သည် ဆီးကြိတ်ကင်ဆာအား ကုသနေချိန်တွင်၊ မြန်မာပြည်သို့ ဝင်ရောက်ခွင့် တောင်းဆိုသောအခါ စစ်အစိုးရမှ ပြည်ဝင်ခွင့် ဗီဇာ ကို ပိတ်ပင်ခဲ့သည်။ အောင်ဆန်းစုကြည်သည် မြန်မာပြည်တွင် ဆက်လက်နေထိုင်ပြီး၊ သူ၏ ခင်ပွန်းနှင့်လည်း ထပ်မံ တွေ့ဆုံခွင့် မရဘဲ၊ ၁၉၉၉ ခုနှစ်တွင် မိုက်ကယ် အဲရစ် ကွယ်လွန်ခဲ့သည်။ အင်္ဂလန် တွင် နေထိုင်နေကြသည့် သူ၏ ကလေးများနှင့်လည်း ဝေးကွာခဲ့ရသည်။
- စစ်အစိုးရသည် အောင်ဆန်းစုကြည်၏ ပါတီ ထောက်ခံသူများ နှင့် နိုင်ငံတကာမှ လာရောက်တွေ့ဆုံသူများနှင့် တွေ့ဆုံမှု မပြုလုပ်နိုင်ရန် ကန့်ကွက်ပယ်ဖျက် မှုများ ပြုလုပ်ခဲ့သည်။
- ၁၉၉၈ ခုနှစ်တွင် သတင်းထောက် Maurizio Giuliano သည် အောင်ဆန်းစုကြည်အား ဓာတ်ပုံရိုက်ပြီးချိန်တွင်၊ အခွန်အကောက်ဌာနမှုများ၏ စစ်ဆေးခြင်းကို ခံရပြီး၊ သူ၏ မှတ်တမ်းတင် ဗီဒီယို အခွေများ၊ အသံတိပ်ခွေများ နှင့် မှတ်သားထားသည့် စာတမ်းများအား သိမ်းဆည်းခြင်း ခံခဲ့ရသည်။
- ၁၉၉ဝ ခုနှစ် ဆက်တင်ဘာလတွင် စစ်အစိုးရမှ သူ့အား နေအိမ်အကျယ်ချုပ်ပြန်လည် ချထားခဲ့သည်။
- ၂၀၀၂ ခုနှစ် မေလ ၆ရက်နေ့တွင် ကုလသမဂ္ဂ၏ လျှို့ဝှက် ယုံကြည်မှု ညှိနှိုင်းခြင်းများ အရ၊ နိုင်ငံတော် အစိုးရမှ သူမအား နေအိမ်အကျယ်ချုပ်မှ လွှတ်ပေးခဲ့သည်။ လွတ်လပ်စွာ သွားလာနိုင်ခွင့်ပေးလိုက်ခြင်းမှာ “ ကျွန်တော်တို့ တစ်ဦး နှင့် တစ်ဦး ယုံကြည်နိုင်လို့ပါ” ဟု အစိုးရ ပြောခွင့်ဆိုခွင့်ရှိသူမှ ပြောဆိုခဲ့သည်။ ဒေါ်အောင်ဆန်းစုကြည်မှ “ နိုင်ငံအတွက် အရုဏ်ဦး အသစ်တစ်ခု ပေါ်ပေါက်လာပြီ” ဟု ဆိုခဲ့သည်။
- ၂၀၀၃ ခုနှစ် မေလ ၃ဝ ရက်တွင်၊ စစ်အစိုးရ၏ ကျောထောက်နောက်ခံ အဖွဲ့များက ဒီပဲယင်း သို့ မောင်းနှင်လာကြသည့် သူမ၏ ယာဉ်တန်းကို အကြမ်းဖက် တိုက်ခိုက်ခဲ့သည်၊ သူမ၏ အထောက်အခံ အဖွဲ့သားများ အသေအပျောက်များ ရှိပြီး၊ ထိခိုက် ဒဏ်ရာ ရသူများလည်း ရှိခဲ့သည်။ အောင်ဆန်းစုကြည်သည် သူစီးနင်းလာသည့် ကား၏ ကားမောင်းသူ ကိုကျော်စိုးလင်း အကူအညီဖြင့် ထိုဖြစ်စဉ်နေရာမှ လွတ်မြောက်ခဲ့သော်လည်း၊ ရေဦး သို့ အရောက်တွင် အဖမ်းခံခဲ့ရသည်။ သူမကို ရန်ကုန်မြို့ရှိ အင်းစိန်ထောင်တွင် ထိမ်းသိမ်းထားခဲ့သည်။
- ၂၀၀၃ ခုနှစ် ဆက်တင်ဘာလ တွင် သားအိမ်ထုတ်ခွဲခြင်း ခွဲစိတ်မှုကို အာရှတော်ဝင်ဆေးရုံ၌ ပြုလုပ်ပြီးနောက်၊ စစ်အစိုးရမှ ရန်ကုန်မြို့ရှိ သူ၏ နေအိမ်တွင် နေအိမ်အကျယ်ချုပ် ပြန်လည် ချထားခြင်း ခံရသည်။
- ၂၀၀၄ ခုနှစ် မတ်လ တွင် ကုလသမဂ္ဂ အထူးကိုယ်စားလှယ် ရာဇာလီအီစ်မေးလ် နှင့် ဒေါ်အောင်ဆန်းစုကြည်တို့ တွေ့ဆုံခွင့်ရခဲ့သည်။ နောက်နှစ်တွင် အီစ်မေးလ် သည် ရာထူးမှ နှုတ်ထွက်ခဲ့ခြင်းမှာ သူ၏ မြန်မာပြည်အတွင်းသို့ ပြန်လည်ဝင်ခွင့်ပေးရန် တောင်းဆိုမှုများကို ပယ်ဖျက်ခံခဲ့ရသောကြောင့် ဖြစ်သည်။
- ၂၀၀၄ ခုနှစ် မေလ ၂၈ ရက်နေ့တွင် ကုလသမဂ္ဂ မှ အကြောင်းမဲ့ထိမ်းသိန်းခြင်းဆိုင်ရာ အလုပ်အမှုဆောင် အဖွဲ့မှ သဘောထားမှတ်ချက် ( ၂၀၀၄ ခုနှစ် အမှတ် ၉ ) ထုတ်ပြန်ရာတွင်၊ ၁၉၄၈ခုနှစ် လူ့အခွင့်အရေး ပဋိညာဏ်စာချုပ် နှင့် ဆန့်ကျင်လျက်ရှိပြီး၊ မြန်မာအာဏာပိုင်များမှ သူ့အား လွတ်လပ်ခွင့်ပေးရန် တောင်းဆိုခဲ့သည်။ သို့သော် စစ်အစိုးရသည် တောင်းဆိုမှုများကို မသိကျိုးကျွန်ပြုခဲ့သည်။
- ၂၀၀၅ ခုနှစ် နိုဝင်ဘာလ ၂၈ ရက်နေ့တွင် စစ်အစိုးရမှ အောင်းဆန်းစုကြည်အား ထပ်မံ၍ နေအိမ်အကျယ်ချုပ် တစ်နှစ်တိုးလိုက်သည်ကို အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်မှ အတည်ပြုပြောကြားသည်။ အနောက်နိုင်ငံများ နှင့် ကုလသမဂ္ဂမှ ဤလုပ်ရပ်များကို လက်ခံ နိုင်ဖွယ် မရှိကြောင်း ပြသခဲ့ကြသည်။
- ၂၀၀၆ ခုနှစ် မေလ ၂ဝ ရက်နေ့တွင် ကုလသမဂ္ဂ နိုင်ငံရေးဌာနမှ လက်ထောက် အထွေထွေ အတွင်းရေးမှုးချုပ် အီဘရာဟင် ဂမ်ဘာရီ သည် အောင်ဆန်းစုကြည် နှင့် တွေ့ဆုံခဲ့သည်။ ထိုတွေ့ဆုံမှုသည် ၂၀၀၄ ခုနှစ်မှစ၍ ပြည်ပနိုင်ငံမှ အထူးကိုယ်စားလှယ်များ နှင့် ပထမအကြိမ် တွေ့ဆုံခွင့်ရခြင်းဖြစ်သည်။ အောင်ဆန်းစုကြည်၏ အကျယ်ချုပ်သက်တမ်းမှာ ၂၀၀၆ ခုနှစ် မေလ ၂ရ ရက်တွင် ကုန်ဆုံးမည်ဖြစ်သည်၊ ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှုးချုပ် ကိုဖီအာနန် မှ သန်းရွှေ ဆီသို့ တိုက်ရိုက် လျှောက်ထားခဲ့သော်လည်း စစ်အစိုးရမှ အကျယ်ချုပ် သက်တမ်း တစ်နှစ် ထပ်တိုးခဲ့သည်။ ဆုကြည် သည် ၁၉၇၅ခုနှစ် နိုင်ငံကာကွယ်ရေး ဥပဒေ (ပုဒ်မ ၁ဝ / ခ) ဖြင့် အကျဉ်းကျ ခံနေရပြီး၊ ထိုဥပဒေသည် စစ်အစိုးရမှ လူတစ်ယောက်ကို ၅ နှစ်တိုင်အောင် ခုံရုံးမတင်ဘဲ အကျဉ်းချပိုင်ခွင့်ရှိသည်။
- ၂၀၀၆ ခုနှစ် ဇွန်လ ၉ ရက်နေ့တွင် ဒေါ်အောင်ဆန်းစုကြည်သည် ဝမ်းလျှောရောဂါဖြင့် ဆေးရုံးတင်ထားရကြောင်း အဝေးရောက် ညွန့်ပေါင်းအစိုးရ၏ ကုလသမဂ္ဂကိုယ်စားလှယ်မှ သတင်းပေးပို့ခဲ့သည်။ မြန်မာနိုင်ငံ၏ ရဲမှုးချုပ် ဗိုလ်ချုပ်ခင်ရီမှ မဟုတ်မှန်ကြောင်း ငြင်းဆိုခဲ့သည်။
- ၂၀၀၆ ခုနှစ် နိုဝင်ဘာလ ၁၁ ရက်နေ့တွင် လက်ထောက်အထွေထွေအတွင်းရေးမှုချုပ် ဂမ်ဘာရီသည် မြန်မာနိုင်ငံတွင် လူ့အခွင့်အရေးပိုမို ကျယ်ပြန့်စွာလိုက်နာစေရန် လေးရက်ကြာသွားရောက်ခဲ့ရာတွင် ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံခဲ့သည်။ ဂမ်ဘာရီ ပြောဆိုချက်အရ ဒေါ်အောင်ဆန်းစုကြည်သည် ကျန်းမာရေးကောင်းမွန်ကြောင်း၊ သို့သော် သူမ၏ ဆရာဝန်နှင့် ပုံမှန်တွေ့ဆုံလိုကြောင်း ဆန္ဒရှိသည်ဟု ဆိုသည်။
- ၂၀၀ရ ခုနှစ် ဇန်နဝါရီလ ၁ ရက်နေ့တွင် ကုလသမဂ္ဂအတွင်းရေးမှုးချုပ် ဘန်ကီမွန်သည် မြန်မာနိုင်ငံခေါင်းဆောင်များသို့ အောင်ဆန်းစုကြည်ကို လွှတ်ပေးရန် တောင်းဆိုခဲ့ပြီး၊ စစ်အစိုးရသည် ထောင်သား ၂၈၃၁ယောကို လွှတ်ပေးခဲ့ရာတွင်၊ နိုင်ငံရေး အကျဉ်းသား ၄ဝ ပါဝင်သည်။
- ၂၀၀ရ ခုနှစ် ဇန်နဝါရီလ ၁၈ ရက်နေ့တွင် ဒေါ်အောင်ဆန်းစုကြည်သည် သူ၏ နိုဘယ်လ်ဆုကျေးများကို အခွန်ပေးဆောင်ခြင်းမရှိဘဲ ပြည်ပတွင် အသုံးပြုခဲ့သည်ဟု၍ အစိုးရပိုင် မြန်မာ့အလင်းသတင်းစာမှ စွတ်စွဲလိုက်သည်။ ထိုစွတ်စွဲမှုသည် အမေရီးကားနိုင်ငံမှ ထောက်ပံ့ကျင်းပနေသည့် ကမ္ဘာ့ကုလသမဂ္ဂလုံခြုံရေးကောင်စီတွင် မြန်မာနိုင်ငံသည် နိုင်ငံတကာလုံခြုံရေးကို အန္တရာယ်ပေးနိုင်သော နိုင်ငံဖြစ်နေသည် ဟု ထုတ်ဖော်ပြောဆိုခဲ့ပြီးချိန်တွင်ဖြစ်သည်။
- ၂၀၀ရ ခုနှစ် မေလ ၂၅ ရက်နေ့တွင် စုကြည်၏ နေအိမ်အကျယ်ချုပ်သက်တမ်းကို ၅နှစ်ဆက်တိုက် ချုပ်နှောင်နိုင်ရန် ထပ်မံ၍ သက်တမ်း တစ်နှစ်တိုးခဲ့သည်။
- ၂၀၀ရ ခုနှစ် ဆက်တင်ဘာလ ၃ဝရက်နေ့တွင် မြန်မာနိုင်ငံတွင် နိုင်ငံရေးအခြေအနေများ မတည်ငြိမ်မှုများကြောင့်၊ ဒေါ်အောင်ဆန်းစုကြည်၏ နေအိမ်အနီးတွင် ကုလသမဂ္ဂ၏ သတင်းအချက်အလက်များ ပေးပို့နိုင်သူနှင့် တစ်နာရီကြာ တွေ့ဆုံခဲ့သည်။
- ၂၀၀ရ ခုနှစ် အောက်တိုဘာလ ၂ ရက်နေ့တွင် ဂန်ဘာရီသည် နေပြည်တော်ရှိ သန်းရွှေအပါအဝင်၊ ဗိုလ်မှုးကြီးများ နှင့် တွေ့ဆုံခဲ့ပြီးနောက် ဒေါ်အောင်ဆန်းစုကြည်နှင့် ထပ်မံ တွေ့ဆုံခဲ့သည်။ နိုင်ငံပိုင် ရုပ်မြင်သံကြားဌာနမှ ဒေါ်စုသည် ဂန်ဘာရီနှင့် နှစ်ကြိမ်တိုင် တွေ့ဆုံခဲ့သည် ဟုဖော်ပြခဲ့သည်။ သူမအား ထပ်မံ အကျဉ်းချခံလိုက်ရသည့် အချိန်မှစ၍ ၄နှစ်အတောအတွင်းတွင် ပထမဦးဆုံးသော နိုင်ငံပိုင် ရုပ်သံဌာနများတွင် တွေ့မြင်ရခြင်းဖြစ်သည်။
- ၂၀၀ရ ခုနှစ် အောက်တိုဘာလ ၂၄ ရက်နေ့တွင်၊ ဒေါ်စုသည် အကျဉ်းထောင်တွင် နေရသော ကာလသည် ၁၂ နှစ်ပြည်ပြီဖြစ်ပြီး၊ နိုင်ငံတကာမှ မြန်မာ့အရေးလှုပ်ရှားကြသော အဖွဲ့အစည်းများမှ ဒေါ်အောင်ဆန်းစုကြည် နှင့် အခြားသော နိုင်ငံရေးအကျဉ်းသား လွှတ်မြောက်ပေးရန် မြို့ကြိး ၁၂ခုတွင် ဆန္ဒပြခဲ့ကြသည်။
- ၂၀၀ရ ခုနှစ် အောက်တိုဘာလ ၂၅ ရက်နေ့တွင် ဒေါ်စု နှင့် စကားပြောဆိုနိုင်ရန် ကြားခံဆက်သွယ်ရေး ပုဂ္ဂိလ်အဖြစ် ဝန်ကြီးအောင်ကြည် ကိုခန့်ခဲ့ပြီး၊ သူသည် စစ်အစိုးရ၏ အာဏာအုပ်စိုးထားသည့် လူကြီးပိုင်းများထဲမှဖြစ်ပြီး၊ စစ်အစိုးရ၏ ရာထူးနံပါတ်စဉ်တွင် အမည်လျှာခံထားရသူလည်းဖြစ်သည်။
- ၂၀၀ရ ခုနှစ် နိုဝင်ဘာလ ၈ ရက်နေ့တွင် ဒေါ်စုကြည်သည် ၃နှစ် အတွင်း ပထမဦးဆုံး သူ၏ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ခေါင်းဆောင်ပိုင်းများ နှင့် အစိုးရ ဝန်ကြီးများအကြား တွေ့ဆုံခွင့်ရရှိခဲ့သည်။ ကုလသမဂ္ဂအထူးအကြံပေးပုဂ္ဂိုလ် အီဘရာဟင် ဂမ်ဘာရီ ဒုတိယအကြိမ် ခရီးအဆုံးနောက်၊ နာရီပိုင်းအကြာတွင် အာဏာပိုင်အစိုးရတို့သည် တီဗီ နှင့် ရေဒီယိုများတွင် ထိုတွေ့ဆုံခဲ့မှုကို တရားဝင် ထုတ်ဖော်ကြေငြာခဲ့သည်။ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်မှလည်း ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံခွင့်ရရန် ဖိတ်ကြားမှုများသည် မှန်ကန်သည်ဟု ထုတ်ဖော်ပြောဆိုသည်။ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်သည် ၁၉၉ဝ ခုနှစ်တွင် မဲအနိုင်ရရှိခဲ့သောလည်း၊ ယနေ့တိုင် နိုင်ငံကို အုပ်ချုပ်ရန် စစ်အစိုးရမှ ခွင့်မပြုခဲ့ပေ။
- ၂၀၀၈ ခုနှစ် မေလ ၂ရ ရက်နေ့တွင် ၊ စစ်အစိုးသည် ဒေါ်အောင်ဆန်းစုကြည်ကို နေအိမ်အကျယ်ချုပ် သက်တမ်း ၁ နှစ် ထပ်မံတိုးခဲ့သည်။
- ၂၀၀၈ ခုနှစ် ဩဂုတ်လ ၁၈ ရက်နေ့မှစ၍ ဂန်ဘာရီသည် မြန်မာနိုင်ငံသို့ ၆ရက်ကြာခရီးသွားရောက်ခဲ့သည်။ သူသည် မြန်မာနိုင်ငံရှိ နိုင်ငံရေးအစုအဖွဲ့အားလုံး နှင့် တွေ့ဆုံနိုင်ရန် ကြိုးပမ်းမည်ဟု ဆိုသော်လည်း ဗိုလ်ချုပ်မှုးကြီး သန်းရွှေ နှင့် တွေ့ဆုံခွင့်မရရှိခဲ့သလို၊ ဒေါ်အောင်ဆန်းစုကြည် နှင့်လည်း တွေ့ဆုံနိုင်ခြင်း မရှိခဲ့ပေ။
အကျဉ်းကျခံ မှတ်တမ်း
- (အကျဉ်းကျ) ၁၉၈၉ ခုနှစ် ဇူလိုင်လ ၂ဝ ရက်နေ့တွင် ရန်ကုန်မြို့ရှိ နေအိမ်တွင် နေအိမ်အကျယ်ချုပ် ချခံခဲ့ရသည်။ အရေးပေါ်ဥပဒေ သည် လူတစ်ယောက်အား ၃ နှစ်တိုင်အောင် ခုံရုံးမတင်ပဲ ထိန်းသိမ်းခွင့် ရှိသည့် ဥပဒေဖြစ်သည်။
- (လွတ်မြောက်) ၁၉၉၅ ခုနှစ် ဇူလိုင်လ ၁ဝ ရက်နေ့တွင် ပြန်လည် လွတ်မြောက်လာသည်။
- (အကျဉ်းကျ) ၂၀၀ဝ ခုနှစ် ဆက်တင်ဘာလ ၂၃ ရက်နေ့တွင် အောင်ဆန်းစုကြည်သည် ထပ်မံ နေအိမ်အကျယ်ချုပ် ချမှတ်ခံရပြန်သည်။
- (လွတ်မြောက်) ၂၀၀၂ ခုနှစ် မေလ ၆ ရက်နေ့တွင် ၁၉ လတိုင်အောင် အကျယ်ချုပ် ထိမ်းသိမ်းခဲ့ပြီးမှ ပြန်လည် လွတ်မြောက်လာသည်။
- (အကျဉ်းကျ) ၂၀၀၃ ခုနှစ် မေလ ၃ဝ ရက်နေ့တွင် ဒီပဲယင်း လုပ်ကြံ သက်ဖြတ်မှုတွင် သူ့အား ၃ လတိုင်အောင် လျှို့ဝှက် ဖမ်းဆီးထားခဲ့ပြီး၊ နေအိမ်အကျယ်ချုပ် ပြန်ချခဲ့သည်။
- (အကျဉ်းကျ) ၂၀၀ရ ခုနှစ် မေလ ၂၅ ရက်နေ့တွင် ထပ်မံ၍ နေအိမ်အကျယ်ချုပ် တစ်နှစ် တိုးခံခဲ့ရသည်။
- ၂၀၀ရ ခုနှစ် အောက်တိုဘာ ၂၄ ရက်နေ့သည် သူ၏ နေအိမ်အကျယ်ချုပ် သက်တမ်းသည် ၁၂ ပြည့်ဖြစ်ပြီး၊ နိုင်ငံတကာရှိ မြို့ကြီး ၁၂ ခုတွင် ဘားမားကမ်ပိန်းယူကေ (Burma Campain UK) မှ ဦးစီး၍ ဆန့်ကျင် ဆန္ဒပြပွဲများ ကျင်းပခဲ့သည်။
- ၂၀၀၈ ခုနှစ် မေလ ၂ရ ရက်နေ့တွင် စစ်အစိုးသည် ဒေါ်အောင်ဆန်းစုကြည်ကို နေအိမ်အကျယ်ချုပ် သက်တမ်း ၁ နှစ်ခွဲ ထပ်မံတိုးခဲ့သည်။
- နေအိမ်အကျယ်ချုပ်ဖြင့် ရနှစ်နှင့် ၆လကြာ ဆက်တိုက် ထိန်းသိမ်းခံထားရပြီးနောက် မြန်မာစစ်အစိုးရသည် ၂၀၁ဝ ခုနှစ် နိုဝင်ဘာလ ၁၃ ရက်နေ့ မြန်မာစံတော်ချိန် ၁ရ နာရီ ၄ဝ မိနစ် အချိန်တွင် ဒေါ်အောင်ဆန်းစုကြည်အား လွှတ်ပေးလိုက်ပြီ ဖြစ်သည်။
ရရှိခဲ့သော ဆုများ
- သိုးရော်ဖ် ရဖ်တို အထိမ်းအမှတ် ဆု (၁၉၉၀)
- ဆာခါရော့ဗ်ဆု (၁၉၉၁)
- နိုဘယ် ငြိမ်းချမ်းရေး ဆု (၁၉၉၁)
- ဂျဝါဟာလာနေရူးဆု (၁၉၉၃)
- အပြည်ပြည်ဆိုင်ရာ လစ်ဘရယ် လွတ်လပ်ခွင့် ဆု (၁၉၉၅)
- ဒဗ္ဗလင် မြို့တော် လွတ်ငြိမ်းချမ်းသာခွင့် ဆု ၊ အိုင်ယာလန် နိုင်ငံ (၁၉၉၉)
- လွတ်ငြိမ်းချမ်းသာခွင့် သမ္မတ ဆု (၂၀၀၀)
- အိုလွတ်ဖ် ပါလ်မယ် ဆု Olof Palme Prize
- ဩစတေးလျား နိုင်ငံမှ အပ်နှင်းသည့်၊ ဩစတေးလျား နိုင်ငံတွင် နိုင်ငံအကျိုးအတွက် လုပ်ဆောင်မှုများကြောင့် ချီးမြှင့်သည့် အမြင့်ဆုံး ဆုဖြစ်သည်။ ထိုဆုကို ၁၉၉၆ ခုနှစ် မေလ ၂၄ ရက်တွင် ပြုလုပ်ခဲ့သည်။ ၎င်း ဆု အပ်နှင်းရခြင်းမှာ မြန်မာနိုင်ငံအတွက် ဒီမိုကရေစီ နိုင်ငံတစ်ခုဖြစ်ရန် အစွမ်းကုန် ကျိုးစားမှုများ၊ ပီပြင်စွာ အုပ်ချုပ်နိုင်သော စွမ်းအားများ နှင့် သူမ၏ သတ္တိရှိသော လက်ရုံးရည် ၊ နှလုံးရည်များကို အသိအမှတ်ပြုခြင်းအားဖြင့် အပ်နှင်းခြင်းဖြစ်သည်။
- ကမ္ဘာ့ကုလသမဂ္ဂ ပညာရေး၊ သိပ္ပံ နှင့် ယဉ်ကျေးမှု (UNESCO) အဖွဲ့အစည်း မှ သူ၏ လမ်းညွှန်ပြသည့် သည်းခံခြင်း နှင့် အကြမ်းမဖက်ခြင်း တို့ကြောင့် မဒန်ဂျိတ် ဆင့်ဂျ် ဆု (Madanjeet Singh Prize) ကို ချီးမြှင့်ခဲ့သည်။ (၂၀၀၂)
- Memorial University of Newfoundland တက္ကသိုလ်မှ ဥပဒေ ဒေါက်တာ ဘွဲ့ ကို အပ်နှင်းခဲ့သည်။ (၂၀၀၂)
- တောင်ကိုရီးယားနိုင်ငံ၏ အမြင့်မားဆုံးဆု တစ်ခုဖြစ်သည့် ဂွမ်ဂျူး လူ့အခွင့်အရေးဆု (Gwangju Prize for Human Rights) (၂ဝဝ၄)
- ကနေဒါ နိုင်ငံ၏ နိုင်ငံသားကောင်းအဖြစ် အသိအမှတ်ပြုဆု (၂၀၀၇)
- အသိအမှတ်ပြု သမ္မတ အဖြစ်၊ လန်ဒန် စီးပွားရေး နှင့် နိုင်ငံရေး သိပ္ပံကျောင်းသားများ ယူနီယံ (LSESU) မှ ချီးမြှင့်သည့် ဆု၊
- Colgate University မှ စာပေဒေါက်တာ (honoris causa) ဆု (၂၀၀၈)
- အမေရိကန် နိုင်ငံ၏ ကွန်ဂရက် ရွှေတံဆိပ်ဆု (၂၀၀၈) [2]
အပြည်ပြည်ဆိုင်ရာ ဆုတံဆိပ်များ တစ်ရာပြည့်ပြီ
စဉ် | ဆုအမည် | ပေးသည့် အဖွဲ့အစည်း | ရသည့်ခုနှစ် |
---|---|---|---|
၁ | Honorary Fellow | St Hugh’s College (Oxford, UK) | ၁၉၉၀ |
၂ | သိုးရော်ဖ် ရဖ်တို အထိမ်းအမှတ် ဆု | Human Rights (နော်ဝေ) | ၁၉၉၀ |
၃ | ဆာခါရော့ဗ်ဆု | Freedom of Thought (European Parliament) | ၁၉၉၁ |
၄ | နိုဘယ် ငြိမ်းချမ်းရေးဆု | Oslo, (နော်ဝေ) | ၁၉၉၁ |
၅ | Honorary Member | International PEN (Norwegian Center) | ၁၉၉၁ |
၆ | Humanities Human Rights Award | (USA) | ၁၉၉၁ |
၇ | Honorary Member | International PEN (Candian Center) | ၁၉၉၁ |
၈ | Marisa Bellisario Price | အီတလီ | ၁၉၉၂ |
၉ | Annual Award of the international Human Rights | ဥပဒေအဖွဲ့ (အမေရိကန်) | ၁၉၉၂ |
၁၀ | Honorary President | Students’ Union London School of Economics and Political Science (UK) | ၁၉၉၂ |
၁၁ | Honorary Member | International PEN (English Centre) | ၁၉၉၂ |
၁၂ | Honrary Life Member | University of London Union (UK) | ၁၉၉၂ |
၁၃ | Honorary Professional Fellowship | Law and Society Trust (Sri Lanka) | ၁၉၉၂ |
၁၄ | Honorary Doctorate in Political Science | Thammasat University (Thailand) | ၁၉၉၂ |
၁၅ | International Simon Bolivar prize | UNESCO | ၁၉၉၂ |
၁၆ | Prix Litteraire des Droits de l’Homme | Nouveaux Droits de l’Homme, France | ၁၉၉၂ |
၁၇ | Honorary Member | World Commission on Culture and Development (UNESCO) | ၁၉၉၂ |
၁၈ | Member | Academie Universelle des Cultures (Paris) | ၁၉၉၃ |
၁၉ | Rose Prize | arbejderbevaegelsens Internationale Forum/International Forum of the Danish Labour Movement, Copenhagen | ၁၉၉၃ |
၂၀ | Victor Jara International Human Rights | Center for Human Rights and Constitutional Law, Los Angeles, USA | ၁၉၉၃ |
၂၁ | Member of the Advisory Board | Francois-Xavier Bagnoud Center for Health and Human Rights, Harvard University | ၁၉၉၃ |
၂၂ | Honorary Doctorate of Law | University of Toronto (Canada) | ၁၉၉၃ |
၂၃ | The Freedom of the City | Commune of Giugliano, Italy | ၁၉၉၃ |
၂၄ | Bremen Solidarity | City of Bremen, Germany | ၁၉၉၃ |
၂၅ | Premio Mujer Progresista | (Federacion Mujeres Progresistas / Spanish Federation of Progressive Women, Madrid) | ၁၉၉၃ |
၂၆ | Honorary Doctorate Philosophy & Letters, | Free University of Brussels, Belgian | ၁၉၉၄ |
၂၇ | Honorary Adviser | Forum of Democratic Leaders in the Asia-Pacific | ၁၉၉၄ |
၂၈ | The Freedom of the City | Aversa, Italy | ၁၉၉၅ |
၂၉ | Liberal International Prize for Freedom | Britanints Liberal Democracy Party, UK | ၁၉၉၅ |
၃၀ | Honorary Doctorate of Laws | Queen’s University, Canada | ၁၉၉၅ |
၃၁ | Jawaharlal Nehru Award for International Understanding (for 1993) | India | ၁၉၉၅ |
၃၂ | Gandhi Award | Simon Fraser University, Canada | ၁၉၉၅ |
၃၃ | Honorary Doctorate of Civil Law | University of Oxford | ၁၉၉၅ |
၃၄ | IRC Freedom Award | International Rescue Committee | ၁၉၉၅ |
၃၅ | Companion of the Order of Australia | Australia | ၁၉၉၆ |
၃၆ | Liberal International Prize | (UK) | ၁၉၉၆ |
၃၇ | Asia Human Rights of Law | (Japan) | ၁၉၉၆ |
၃၈ | W.Averell Harrimen Democracy Award | National Democratic Institute U.S.A | ၁၉၉၆ |
၃၉ | Rajiv Shmirti Parashka (Rajiv Gandhi Memorail Award) | India | ၁၉၉၆ |
၄၀ | Empty Chair Award | Women of the Year Lunch, London, UK | ၁၉၉၆ |
၄၁ | Honorary Doctorate of Law | Charles University in Prague, Czeeh Republic | ၁၉၉၇ |
၄၂ | Honorary Doctorate of Letters | Sydney University of Technology, Australia | ၁၉၉၇ |
၄၃ | Honorary Doctorate of Letters | California Chapman University, U.S.A | ၁၉၉၇ |
၄၄ | Honorary Doctorate of Law | Natal University, South Africa | ၁၉၉၇ |
၄၅ | Honorary Doctorate of Law | America University,Washington D.C, U.S.A | ၁၉၉၇ |
၄၆ | Distinguished Alumni Award | Central University / Delhi University | ၁၉၉၇ |
၄၇ | Honorary Citizenship of Rome | (Italy) (May 23,1997) | ၁၉၉၇ |
၄၈ | Honorary Doctorate of Letters | Glasgow University (UK) | ၁၉၉၇ |
၄၉ | Pearl S. Buck Woman’s Award | Pearl S. Buck Foundation (USA) | ၁၉၉၇ |
၅၀ | International Award | St. Angela’s Peace and Justice Group, Waterford (Eire) | ၁၉၉၇ |
၅၁ | Profiles in Courage Award | Kennedy Society of Denmark | ၁၉၉၇ |
၅၂ | Honorary Doctorate | Cambridge University (June 1998) | ၁၉၉၈ |
၅၃ | Freedom of the City | (Oxford, UK) | ၁၉၉၈ |
၅၄ | Honorary Doctorate of Laws | University of Wales, Cardiff | ၁၉၉၈ |
၅၅ | Honorary Doctorate of Laws | University of Bristol (UK) | ၁၉၉၈ |
၅၆ | Honorary Doctorate of Laws | University of Melbourne (Australia) | ၁၉၉၈ |
၅၇ | Honorary degree | Université catholique de Louvain, Belgium – December | ၁၉၉၈ |
၅၈ | Honorary Degree | University of Bath (UK) – December | ၁၉၉၈ |
၅၉ | Honorary Degree | Bucknell University – May | ၁၉၉၉ |
၆၀ | Freedom Award | International Republican Institute, USA (October 1999) | ၁၉၉၉ |
၆၁ | The Freedom of the City of Dublin Award | Ireland (November 1999) | ၁၉၉၉ |
၆၂ | 2000 CAW Nelson Mandela Human Rights Award | Canada (December 2000) | ၂၀၀၀ |
ငြိမ်းချမ်းရေး နိုဘယ်ဆု
ဒေါ်အောင်ဆန်းစုကြည် အား ၁၉၉၁ ခုနှစ်တွင် နိုဘယ် ငြိမ်းချမ်းရေးဆု ချီးမြင့်ခဲ့သည်။ ချီးမြှင့်ခဲ့သည် နိုဘယ် ကော်မတီဝင်များမှ ဤသို့ ဆုံးဖြတ်ခဲ့ကြသည် ၊
“ နော်ဝေနိုင်ငံ နိုယ်ဘယ် ကော်မတီမှ ၁၉၉၁ ခုနှစ်အတွက် နိုဘယ် ငြိမ်းချမ်းရေး ဆုအား မြန်မာနိုင်ငံ (ဗမာ) မှ ဒေါ်အောင်ဆန်းစုကြည် အား၊ သူ၏ အကြမ်းမဖက်နည်းဖြင့် ဒီမိုကရေစီ နှင့် လူ့အခွင့်အရေးများ ရရှိရန် ကြိုးပမ်းခဲ့မှုများကြောင့် ဤဆုအား ချီးမြှင့်ရန် ဆုံးဖြတ်ခဲ့ကြသည်။
… ဒေါ်အောင်ဆန်းစုကြည် ရဲ့ သတ္တိများဟာ အာရှ နိုင်ငံများမှ အထူးအံ့ဩဖွယ်၊ ချီးကျူး သင့်သည့် ဥပမာများမှ တစ်ခုဖြစ်ပါတယ်။ သူဟာ ဖိနှိပ်ချုပ်ချယ်ခြင်းမှ လွတ်မြောက်ရန် တိုက်ပွဲဝင်နေတဲ့ အဓိက အရေးပါတဲ့ ပုံရိပ်ဖြစ်ပါတယ် ..
… ယခု ၁၉၉၁ ခုနှစ် နိုဘယ်ငြိမ်းချမ်းရေးဆု အား ဒေါ်အောင်ဆန်းစုကြည်ကို ချီးမြင့်ရင်း၊ ကမ္ဘာတဝှမ်းတွင် ဒီမိုကရေစီ နှင့် လူအခွင့်အရေးအများ ရကြရန် ငြိမ်းချမ်းစွာ တိုက်ပွဲဝင်နေကြသည့် သူများအား ထောက်ခံ အားပေးရန် နှင့် သူမ၏ အလံမချ ငြိမ်းချမ်းရေး တိုက်ပွဲဝင်မှုများကြောင့်၊ နော်ဝေနိုင်ငံ နိုဘယ် ကော်မီတီမှ ဤဆုအား ချီးမြှင့်လိုက်သည်။
— အော်စလို, အောက်တိုဘာ ၁၄၊ ၁၉၉၁
- ၁၉၊ ဖေဖော်ဝါရီလ၊ ၂၀၀၈ ခုနှစ်တွင်၊ နိုဘယ် ငြိမ်းချမ်းရေးဆုရှင် ၉ ဦးဖြစ်သည့် (Archbishop Desmond Tutu, The Dalai Lama, Shirin Ebadi, Adolfo Pérez Esquivel, Mairead Corrigan, Rigoberta Menchú, Prof. Elie Wiesel, Betty Williams and Jody Williams) တို့မှ မြန်မာပြည်အား အုပ်ချုပ်နေသည့် သူများအား “ ဒေါ်အောင်ဆန်းစုကြည် နှင့် အခြားသော တိုင်းရင်းသား နိုင်ငံရေး အဖွဲ့အစည်းများ၊ အရေးပါသော နိုင်ငံရေးအဖွဲ့အစည်းများ မချန် စစ်မှန်သော လက်တွေ့ နိုင်ငံရေး ဆွေးနွေးမှုများ ပြုလုပ်နိုင်ရန် နှင့် စစ်မှန်သော တိုင်းရင်းသား စည်းလုံး ညီညွှတ်ရေး များ ဖြစ်စေရန် ကမ္ဘာ့ကုလသမဂ္ဂမှ ကြားဖြတ် ဖြေရှင်းပေးရန်” ထုတ်ပြန် တောင်းဆိုလိုက်သည်။
သူမ၏ (ဘာသာပြန်) ကဗျာ
ဒေါ်အောင်ဆန်းစုကြည်သည် RUDYARD KIPLING ၏ “IF”ကဗျာကို အောက်ပါအတိုင်း ဘာသာပြန်ဆိုထားသည်။ အကယ်၍
- If you can keep your head when all about you,
Are losing theirs and blaming it on you,
အကယ်၍
မင်းအသိုင်းအဝိုင်းက
တုန်လှုပ်ခြောက်ခြားပြီး
ဒါတွေဟာ
မင်းကြောင့်လို့
ဝိုင်းဝန်းပြစ်တင်ကြတဲ့အခါ
မင်းဟာ
ခေါင်းအေးအေးနဲ့ ရင်ဆိုင်နိုင်မယ်ဆိုရင်. . . . . . . .. . .။
- If you can trust yourself when all men doubt you,
But make allowance for their doubting too,
အကယ်၍
အားလုံးက မင်းကို
မယုံသင်္ကာဖြစ်လာတဲ့အခါ
သူတို့ကို နားလည်စွာခွင့်လွှတ်ရင်းနဲ့
မင်းကိုယ်မင်း ယုံကြည်မှုအပြည့်ရှိမယ်ဆိုရင်. . . . . . . . .။
- IF you can bear to hear the truth you’ve spoken
Twisted by knaves to make a trap for fools,
On watch the things you gave your life to broken.
And stoop and build ’em up with wornout tools:
အကယ်၍
မင်းရဲ့အမှန်စကားတွေကို
လူလိမ်လူညစ်တွေက
လှည့်စားပြောင်းလဲပြီး
မုသားအဖြစ် ထောင်ချောက်ဆင်ညစ်တဲ့အခါ
မင်းဟာ
တည်ငြိမ်စွာနဲ့ နာကြားနိုင်မယ်ဆိုရင်
ဒါမှမဟုတ်
မင်းဘဝတစ်ခုလုံးပေးပြီး
အရိပ်တကြည့်ကြည့် ဖြည့်ဆီးခဲ့ရတဲ့ အရာရာကို
ဖျက်ဆီးခံလိုက်ရပြီးတဲ့ နောက်မှာ
အင်မတန်သေးငယ်တဲ့ တန်ဆာပလာ အရာရာနဲ့
ပြန်လည်တည်ဆောက်နိုင်မယ်ဆိုရင်. . . . . . . . .။
- If you can make one heap of all your winnings,
And risk it on one turn of pitch-and-toss.
And lose, and start again at your beginnings,
And never breath a word about your loss:
အကယ်၍
မင်းနိုင်ခဲ့သမျှတွေအားလုံးဟာ
ကြွေတစ်လှည့် ကြက်တစ်ခုန်ပမာ
တစ်လှည့်တစ်ခါတည်းနဲ့ ဆုံးရှုံးသွားခဲ့ရင်….
ပြီးတော့
အစကနေ ပြန်စနိုင်မယ်ဆိုရင်….
ပြီးတော့တစ်ခါ
ဆိုးလှတဲ့ကံကြမ္မာရယ်လို့
ဘယ်သောအခါမှ ညည်းညူးမနေဘူးဆိုရင်. . . . . .။
- If you can force your heart and nerve and sinew,
To serve your turn long after they are gone,
And so hold on when there is nothing in you
Except the Will which says to them: ‘ Hold on:!’
အကယ်၍
သူများတကာ လုပ်ပြီးသွားကြလို့ အချိန်အတော်ကြာမှ
မင်းအလှည့်ရောက်လာတဲ့အခါ
မင်းတစ်ယောက်တည်းနဲ့ပဲ
အားနဲ့မာန်နဲ့ ဇွဲသတ္တိရှိရှိ ဆက်ကြိုးစားမယ်ဆိုရင်…..
အဲဒီလိုပဲ
မင်းမှာ စိတ်အင်အားကလွဲလို့
ဘာဆိုဘာမှ မရှိတော့တဲ့အခါ
အဲဒီစိတ်ဓာတ်အင်အားကို
ခိုင်မာစွာနဲ့ပဲ ဆက်လက်ဆုပ်ကိုင်ထားနိုင်မယ်ဆိုရင်. . . . . .။
- If you can wait and not be tired by waiting,
Or, being lied about, don’t deal in lies,
Or being hated, don’t give way to hating,
And yet don’t look too good, nor take too wise,
အကယ်၍
စောင့်သင့်တဲ့အချိန်ကို စောင့်နိုင်ပြီး
အဲဒီအတွက်လည်း မမောမပန်းနေနိုင်မယ်ဆိုရင်…
ဒါမှမဟုတ်
မင်းရဲ့အကြောင်း
မဟုတ်တရား မုသားစကား ကြားရတဲ့အခါ
မင်းကလည်း အလိမ်အညာတွေနဲ့
မတုန့်ပြန်ဘူးဆိုရင်….
ဒါမှမဟုတ်
မင်းကို လူတကာက ဝိုင်းဝန်းမုန်းတီးတဲ့အခါ
မင်းဟာ အမုန်းတွေပြန်မပွားဘူးဆိုရင်….
ပြီးတော့
မင်းကိုမင်း လူတော်တစ်ယောက်ရယ်လို့ မမြင်ဘဲ
ပညာရှိစကားတွေလည်း မပြောဘူးဆိုရင် . . . . . . . ။
- If you can dream-and not make dreams your master;
If you can think-and not make thoughts your aim;
အကယ်၍
စိတ်ကူးယဉ် အိပ်မက်တွေဟာ
မင်းအပေါ် မလွှမ်းမိုးစေဘဲ စိတ်ကူးနိုင်မယ်ဆိုရင်…
အတွေးအခေါ် စိတ်ကူးတွေဟာ
မျှော်မှန်းချက်သက်သက်သာ မဖြစ်စေဘဲ တွေးခေါ်နိုင်မယ်ဆိုရင်. . . . . . ။
- If you meet with triumph and disaster,
And treat those two imposters just the same;
အကယ်၍
အောင်မြင်မှုသုခနဲ့ ဆုံးရှုံးမှုဒုက္ခတွေကို ကြုံတွေ့ရတဲ့အခါ
တူညီသော လောကဓံ တရားတွေပါလား ရယ်လို့
ခံယူထားနိုင်မယ်ဆိုရင်. . . . . .။
- If you can talk with crowds and keep your virtue,
Or walk with kings – nor lose the common touch,
အကယ်၍
လူတွေနဲ့ထိတွေ့ပြောဆိုဆက်ဆံရတဲ့အခါ
ကိုယ်ကျင့်သိက္ခာကို စောင့်ထိန်းနိုင်မယ်ဆိုရင်…..
ဒါမှမဟုတ်
မင်းဧရာဇ်တွေနဲ့ အတူလမ်းလျှောက်နေရပေမယ့်
မာန်မာန သွေးမကြွဘူးဆိုရင်….
- If neither foes nor loving friends can hurt you,
အကယ်၍
ရန်သူကဖြစ်စေ၊မိတ်ဆွေကဖြစ်စေ
မင်းကိုသိပ်ပြီး နာကျည်းအောင် မလုပ်နိုင်စေရင်. . . . . . ။
- If all men count with you, but none too much;
အကယ်၍
လူတိုင်းကို တန်ဖိုးထားလေးစားရပေမယ့်
စွဲလမ်းမှု သံယောဇဉ်တွေ ထားမနေဘူးဆိုရင်….
- If you can fill the unforgiving minute,
With sixty seconds’ worth of distance run-
အကယ်၍
တိုတောင်းလှတဲ့ မပစ်ပယ်နိုင်တဲ့ တစ်မိနစ်အတွင်းမှာ
အဓိပ္ပါယ်ရှိလှတဲ့ စက္ကန့်ခြောက်ဆယ် အဖြစ်
အသုံးချနိုင်မယ်ဆိုရင်. . . . .။
- Yours is the Earth and everything that’s in it,
And – which is more – you’ll be a Man my son!
ငါ့သားရေ
မင်းဟာ
အရာရာရှိတဲ့၊အရာရာဖြစ်တဲ့
ကမ္ဘာကြီးကို ဆုပ်ကိုင်လို့
အရာရာ ဘာမဆို မင်းစွမ်းနိုင်ပြီပေါ့….။
အဲဒီတော့ မင်းဟာလည်း
ယောက်ျားကောင်းတစ်ယောက်ပဲပေါ့။
ဝီကီမြန်မာ မှ ကူးယူ မျှဝေပါသည်