Customize Consent Preferences

We use cookies to help you navigate efficiently and perform certain functions. You will find detailed information about all cookies under each consent category below.

The cookies that are categorized as "Necessary" are stored on your browser as they are essential for enabling the basic functionalities of the site. ... 

Always Active

Necessary cookies are required to enable the basic features of this site, such as providing secure log-in or adjusting your consent preferences. These cookies do not store any personally identifiable data.

No cookies to display.

Functional cookies help perform certain functionalities like sharing the content of the website on social media platforms, collecting feedback, and other third-party features.

No cookies to display.

Analytical cookies are used to understand how visitors interact with the website. These cookies help provide information on metrics such as the number of visitors, bounce rate, traffic source, etc.

No cookies to display.

Performance cookies are used to understand and analyze the key performance indexes of the website which helps in delivering a better user experience for the visitors.

No cookies to display.

Advertisement cookies are used to provide visitors with customized advertisements based on the pages you visited previously and to analyze the effectiveness of the ad campaigns.

No cookies to display.

တန်ဆောင်မုန်းလပြည့်နေ့ ဓမ္မလက်ဆောင်

ဂ်စ္စူNovember 21, 20105min1820

ကဲကဲ..
ဤနေ ့ တန်ဆောင်မုန်းလပြည့်နေ ့မှာ တရားလေးဘာလေးနာချင်ရင်နာလို ့ရအောင် ဆေရာတော် ဦးသုမင်္ဂလရဲ့ တရားတော်များဖော်ပြပေးလိုက်ပါတယ်ခင်ဗျ။အောက်မှာ ဒေါင်းလုပ်ဆွဲ ပြီး နာယူနိုင်ပါတယ်။
ဒေါင်းမာန်ဟုန်မှ ကူးယူဖော်ပြခြင်းလဲ ဖြစ်ပါတယ်ခင်ဗျ။
ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာကြပါစေကုန်။

ရွှေတိဂုံဘုရားပုံပေါ်နှိပ်ပြီးနားဆင်နိုင်ပါတယ်။

သဒ္ဓါကြည်လင် ပါရမီရှင်အပေါင်း သူတော်ကောင်းတို့ ခင်ဗျာ ၊ ဒီနေ့ဟာ ဗုဒ္ဓဘာသာဝင်တို့ အထွဋ်အမြတ်ထားရာ တန်ဆောင်မုန်းလပြည့်နေ့ ဖြစ်ပါသဖြင့် ဥပုသ်သီတင်းသီလ စောင့်ထိန်းနိူင်ပါရန် နိဗ္ဗာန် အကျိုးမျှော်၍ နိူးဆော် တိုက်တွန်းလိုက်ပါတယ် ခင်ဗျာ ။

ဒီနေ့ ကျနော်တို့ မြန်မာနိူင်ငံကြီးဟာ အဆိုးရွားဆုံး အခြေအနေကို ရောက်နေပါပြီ ။ ဒီပုံအတိုင်းသာ ဆက်သွားရင် သာသနာ လည်းကွယ်တော့မယ်။ လူမျိုးလည်းပျောက်တော့မယ်။ ဒါဟာ တိုင်းပြည်ကို အုပ်ချုပ်နေတဲ့ လူတွေရဲ့ ယုတ်မာပက်စက်တဲ့ အကြံညဏ်နဲ့ ပုံသွင်းတာကို ခံနေကြရတာကြောင့်လည်း ပါသလို ၊ သူများသောက်တဲ့ မိုးခါးရေကို လိုက်သောက်နေကြတဲ့ ကျနော်တို့တွေရဲ့ ကိုယ်ကျင့်သီလ မလုံခြုံတဲ့ အကြောင်းတရားကြောင့်လည်း အများကြီးပါတယ်ဆိုတာ သတိရစေချင်ပါတယ် ။ သီလ မလုံတော့ သမာဓိ မတည်တော့ဘူး ၊ သမာဓိမတည်တော့ စိတ်မှာ ခွန်အားမရှိကြတော့ဘူးပေါ့ ။ စိတ်ဓတ်ခွန်အားတွေ နည်းပါးနေ ကြလို့ အကောင်းအဆိုး အမှား အမှန်ကိုတောင် မခွဲခြားနိူင်ကြတော့ဘူူး။ ပညာမရှိတော့ လွတ်မြောက်ခြင်း ဆိုတဲ့လမ်းစဉ်ကို ရှာမတွေ့နိူင်တော့ဘူးပေါ့

ဒို့တွေမှာ အင်မတန်မှ တန်ဖိုးရှိတဲ့ မြတ်ဗုဒ္ဓရဲ့ လမ်းညွှန်ချက် အဆုံးအမတွေ ရှိနေပါလျှက်နဲ့ လွတ်မြောက်ရာ လမ်းစဉ်ကို ရှာမတွေ့နိူင်တာဟာ
သစ္စာဆိုတဲ့ ဓမ္မအမှန်တရားကို မေ့ထားကြလို့ပါဘဲ ။ ဒါကြောင့် ဒီနေ့လို နေ့ထူးနေ့မြတ်လေးမှာ တတ်နိူင်သလောက် အချိန်လေးကိုသီလ ၊ သမာဓိ ၊ ပညာ သိက္ခာသုံးရပ်နဲ့ပြည့်စုံအောင် နေထိုင်နိူင်ရန် ဓမ္မလက်ဆောင် များ ပေးလှူလိုက်ပါတယ်ခင်ဗျာ ။
” ငါသည် မုချ သေရမည် ၊ အချိန်ပိုင်းသာ လိုတော့သည် ”
” အူမတောင့်အောင် သီလစောင့်ကြရအောင် “

* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊ သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။ သဗ္ဗရတိံ ဓမ္မရတိ ဇိနာတိ၊ တဏှက္ခယော သဗ္ဗဒုက္ခံ ဇိနာတိ။ *

တရားအလှူသည် အလှူအားလုံးကို အောင်နိုင်၏၊ တရားအရသာသည် အရသာအားလုံးကို အောင်နိုင်၏၊ တရား၌ မွေ့လျော်ခြင်းသည် မွေ့လျော်ခြင်းအားလုံးကို အောင်နိုင်၏၊ တဏှာကုန်ရာ အရဟတ္တဖိုလ်သည် အလုံးစုံသောဆင်းရဲကို အောင်နိုင်၏။

*The gift of Dhamma is no match with any other gifts, the taste of Dhamma is no match with any other taste, living with Dhamma in enjoyment is no match with any other living, and the victory over craving conquers all sufferings. *

ဓမ္မပဒ။ တဏှာဝဂ္ဂ။

တရားကို မမြင်ရင် ဘုရားကို မမြင်ပါဘူး ၊ ဘုရားကို မမြင်ရင် သံဃာကိုလည်း မမြင်ပါဘူး ။ ဒါကြောင့် ရတနာသုံးပါကို တကယ်သိမြင်တဲ့ မြင့်မြတ်တဲ့ဗုဒ္ဓဘာသာဝင်များ ဖြစ်ကြအောင် တရားတော်ကို ပွားများဆည်းပူး လိုက်နာပေးကြပါ ။


မိုးကုတ်ဓမ္မကထိက ဆရာတော်ဥုးသုမင်္ဂလ ဓမ္မသဘင်များတွင် ဟောကြားတော်မူသော ဓမ္မတရားတော်များကို တင်ဆက်လိုက်ပါသည်။

အခွေ(၂) ဓမ္မသဘင်များတွင် ဟောကြားတော်မူသော တရားတော်များ

၁။ သရဏဂုံတည်သူ
၂။ ငြိမ်းအေးရာ
၃။ အမျိုးမှန်ကြစေဖို့
၄။ အရှိအမှန်သိအောင်လုပ်ပါ
၅။ အချိန်တန်မှီ
၆။ ဘာလမ်းရွေးမလဲ
၇။ အထိုင်တရားတော်
၈။ မလှည့်စားနဲ့
၉။ အလေးဂရုပြုစရာ
၁၀။ မမေ့ကြနဲ့

ဒါလေးတွေကို အရင် နားထောင် .

ပြီးသွားရင် သစ္စာ အကြောင်းကို နားထောင် သင့်တယ်။

၆။ သစ္စာအနက်(၁၆)ချက်(၁) ၈-၅-၂၀၀၄ မန ္တလေး
၇။ သစ္စာအနက်(၁၆)ချက်(၂) ၉-၅-၂၀၀၄ မန ္တလေး
၈။ သစ္စာအနက်(၁၆)ချက်(၃) ၁၀-၅-၂၀၀၄ မန ္တလေး
၉။ သစ္စာအနက်(၁၆)ချက်(၄) ၁၁-၅-၂၀၀၄ မန ္တလေး
၁၀။ သစ္စာအနက်(၁၆)ချက်(၅) ၁၂-၅-၂၀၀၄ မန ္တလေး
၁၁။ သစ္စာအနက်(၁၆)ချက်(၆) ၁၃-၅-၂၀၀၄ မန ္တလေး
၁၂။ သစ္စာအနက်(၁၆)ချက်(၇) ၁၄-၅-၂၀၀၄ မန ္တလေး
၁၃။ သစ္စာအနက်(၁၆)ချက်(၈) ၁၅-၅-၂၀၀၄ မန ္တလေး
၁၄။ သစ္စာအနက်(၁၆)ချက်(၉) ၁၆-၅-၂၀၀၄ မန ္တလေး
၁၅။ သစ္စာအနက်(၁၆)ချက်(၁၀) ၁၇-၅-၂၀၀၄ မန ္တလေး
၁၆။ သစ္စာအနက်(၁၆)ချက်(၁၁) ၁၈-၅-၂၀၀၄ မန ္တလေး
၁၇။ သစ္စာအနက်(၁၆)ချက်(၁၂) ၁၉-၅-၂၀၀၄ မန ္တလေး
၁၈။ သစ္စာအနက်(၁၆)ချက်(၁၃) ၂၀-၅-၂၀၀၄ မန ္တလေး
၁၉။ သစ္စာအနက်(၁၆)ချက်(၁၄) ၂၁-၅-၂၀၀၄ မန ္တလေး
၂၀။ သစ္စာအနက်(၁၆)ချက်(၁၅) ၂၂-၅-၂၀၀၄ မန ္တလေး
၂၁။ သစ္စာအနက်(၁၆)ချက်(၁၆) ၂၃-၅-၂၀၀၄ မန ္တလေး

တကယ်သာ သစ္စာ အကြောင်းကို နားထောင် ပြီး ကြိုးစား အားထုတ်မယ်ဆိုရင် ဘဝဆိုတာ အေးချမ်းမှု နဲ့ပြီးပြည့်စုံလာတာကိုလက်တွေ့သိမြင်နိူင်ဖို့ လူပီသတဲ့ ခဏတာ အချိန်လေးမှာ လူပီသအောင် လောကသစ္စာတရားကို ပွားများ အားထုတ်ကြပါလို့ နိဗ္ဗာန်အကျိုးမျှော်၍ နိူးဆော်လိုက်ရပါသည် ။

တန်ဆောင်တိုင်ညအတွက် အမှတ်တရ….

Source:dawnmanhon