အတုမရှိ ဗုဒ္ဓမြတ်စွာ (၃)
ပထမဦးစွာ ဘာသာရေးဆရာတစ်ယောက်ကိုရှာခဲ့ရပါတယ်။ နောက်လိုက်နောက်ပါ အများနဲ့ ထင်ရှားကျော်ကြားတဲ့ ယောဂီတစ်ယောက်ဖြစ်တဲ့ အာဠာရကာလာမကို သူရွေးချယ်လိုက်ပါတယ်။ အာဠာရကာလာမ သင်ပေးနိုင်တဲ့အရာအားလုံးကို သူကျွမ်းကျင်စွာတတ်မြောက်ခဲ့ပါတယ်။ ဒါပေမယ့် ကျေနပ်မှု မရှိခဲ့ပါဘူး။ တခြားဆရာတယောက်ထံ ချဉ်းကပ်ပြန်ပါတယ်။ သူကတော့ ယောဂီအကျင့်မှာ အမြင့်ဆုံးအဆင့်ကို ရရှိထားတဲ့ ဥဒကရာမပုတ္တဖြစ်ပါတယ်။ ဒီတစ်ခါမှာလဲ ဆရာနဲ့အဆင့်တူ ကျွမ်းကျင်မှုတွေ ရရှိခဲ့ပါတယ်။ ဒါပေမယ်လို့ ခုချိန်တိုင်အောင်လဲ သင်္ခတ ဘဝရဲ့ နှိပ်စက် နာကျင်မှုတွေက လွတ်မြောက်မှုကို ရပြီလို့မယုံကြည်ပါဘူး။ ဆရာကြီး နှစ်ယောက်လုံးဟာ ဒီအဆင့်ရောက်အောင် နှစ်ပေါင်းများစွာ အားထုတ်ခဲ့ရပါတယ်။ သူတို့ရဲ့တပည့်ဖြစ်သူဟာ သူတို့နဲ့အဆင့်တူ ဖြစ်လာပြီဆိုတာကို သိလာတဲ့အခါမှာ သူ့တို့နောက်လိုက်တပည့်များရဲ့ ဦးစီးခေါင်းဆောင် သူတို့ရဲ့နေရာကို လက်ခံဖို့ တိုက်တွန်းခဲ့ကြပါတယ်။ ဒါမေမယ့် မင်းသားရသေ့ကို ဆွဲဆောင်လို့ မရခဲ့ကြပါဘူး။
ရောက်ရမည့် မြင့် မြတ်တဲ့ ပန်းတိုင် ရှိနေသေးတယ်ဆိုတာကို သူသိနေခဲ့ပါတယ်။ ဗြဟ္မာနဲ့ ပေါင်းစည်းမှုကို ရရှိခဲ့ပါပြီ။ သံသယမရှိ၊ ဒါပေမယ့် အတွေ့အကြုံကမရေရာ၊ အဖြေမပေါ်သေး၊ ဗြဟ္မာတွေကိုယ်တိုင်က မွေးသေသံသရာမှာ ဘာလို့ ပါဝင် ပတ်သက်နေရသေးတာလဲ? ဒုက္ခမှ လုံးဝလွတ်မြောက်ရေးအတွက် အရာအားလုံးကို စွန့်လွှတ်ပြီး သာမာန်ဘဝကို တန်ဖိုးထားခဲ့တဲ့ သူ့အတွက် ဒုက္ခမှ ခဏလေး လွတ်မြောက်မှုနဲ့တင် သူရပ်ပြစ်လိုက်ရမှာလား?
သူစမ်းသပ်မကြည့်ရသေးတဲ့ တခြားနည်းလမ်းတစ်ခုတော့ရှိပါတယ်။ အဲဒီနည်းကတော့ ကြောက်စရာကောင်းပြီး အန္တရာယ်များပါတယ်။ ဒါပေယ့် လိုက်နာဖို့ ဆုံးဖြတ်ခဲ့ပါတယ်။ တောနက်နက် ဒါမှ မဟုတ် သုဿာန် သချႋုင်း တွေမှာ နေထိုင်ရင်း ဒါမှမဟုတ် အိမ်မရှိ ခိုလှုံရာမရှိ၊ တစ်နေမှ တစ်နေရာသို့လှည့်လည်ရင်း ကိုယ့်ကိုယ်ကို အရက်စက်ဆုံး ညှဉ်းစဲနှိပ်စက် နေကြတဲ့ ရသေ့များရှိကြပါတယ်။ သူတို့ဟာ အစာငတ်ခံပြီး ခန္ဓာကိုယ်ကို ညှဉ်းပန်းနှိပ်စက်ရင် လောက အနှောင်အဖွဲ့မှ လွတ်မြောက်နိုင်တယ်လို့ ယုံကြည်ကြပါတယ်။ သူတို့က ခန္ဓာကို်ယ်နဲ့ပတ်သက်လို့ သေလုလုဆဲမှာ မသေနိုင်တဲ့ စိတ်ဝိညာဉ်ကို ရနိုင်တယ်လို့မျှော်လင့်ကြပါတယ်။ သူတို့အတွက် ခန္ဓာကိုယ်ဟာ ဗြဟ္မာရဲ့ အတ္တနဲ့ပေါင်းဆုံခြင်းမှ တားဆီးထားတဲ့ အကျဉ်းထောင်တစ်ခုဖြစ်ပါတယ်။ သူတို့ရဲ့ရည်မှန်းချက်က အသက်ရှိနေစဉ် အတွင်း ခန္ဓာကိုယ်ရဲ့ ချုပ်နှောင်ထားမှုကို ဖျက်ဆီးပြစ်ဖို့ဘဲဖြစ်ပါတယ်။ သူတို့ထဲမှာ တချို့က စွမ်းအားအာဏာလိုချင်ကြပါတယ်။ ရှည်ရှည်ဝေးဝေး ခြိုးခြံချွေတာမှုဟာ နတ်တွေကတောင် သူတို့ရဲ့ အလိုဆန္ဒတွေကို လိုက်နာဖို့ စေခိုင်းနိုင်တဲ့ စိ်တ်ဝိညာဉ်စွမ်းအားများ များများစားစားတိုးတက်စုစည်းမှုကို ဖြစ်စေတယ်လို့လဲ ယုံကြည်ကြပါတယ်။
သမဏဂေါတမလို့ခေါ်တဲ့သူဟာ တန်ခိုးအာဏာ စွမ်းအားတွေကို အလိုမရှိပါဘူး။ ဒုက္ခရဲ့ အဆုံးကိုဘဲ သူတောင့်တပါတယ်။ ဒါဟာဖြင့် သူတောင့်တတဲ့အရာကို တွေ့ရှိဖို့ နည်းလမ်း ဖြစ်ကောင်းဖြစ်မှာပါ။ တော်ဝင် နန်းတော်ကြီးကိုစွန့်ခွါခဲ့သလို လက်ရှိကျင့်ကြံအားထုတ်နေတဲ့ နေရာကနေ ထွက်ခွါခဲ့ပါတယ်။ တောထဲမှာ နေထိုင်တဲ့ ရသေ့ဘဝကိုခံယူလိုက်ပါတယ်။ ခြောက်နှစ်ကြာအောင် ခြေကုန်လက်ပမ်းကျမသွားတဲ့ ဆုံးဖြတ်ချက်နဲ့ ဒီလမ်းကို သူလျှောက်လှမ်းခဲ့ပါတယ်။ ခုလှုံရာမဲ့ သူ့ခန္ဓာကိုယ်ကို အလွန်ပူပြင်းတဲ့ နွေရာသီကနေ ရွှဲရွှဲစိုစေတဲ့ မုတ်သုန်မိုး အေးလွန်းတဲ့ ဆောင်းညတွေနဲ့ထိတွှေ့ဆက်ဆံစေလျှက် တနေ့ပြီးတနေ့ တနှစ်ပြီးတနှစ် အသက်ဆက်ခဲ့ပါတယ်။ တစ်နေ့ ဆန်စေ့တစ်စေ့နဲ့ နေနိုင်သည်အထိ သူ့ရဲ့ အစာကို လျှော့ချခဲ့ပါတယ်။ သူ့ခန္ဓာကိုယ်ဟာ ခြောက်ကပ်ပြီး ရာသီဥတုဒဏ် ခံထားရတဲ့ အရေပြားက ဖုံးအုပ်ထားတဲ့ အရိုးစုတစ်ခု ဖြစ်လို့လာခဲ့ပါတယ်။ အခြားရသေ့ရဟန်းများ ပြင်းထန်မှုမရှိတဲ့ ရသေ့ကျင့်ဝတ်ကို ကျင့်ကြံကြသူ များက သူ့ရဲ့ ခံနိုင်ရည်စွမ်းအားထက်မနဲတဲ့ ဇွဲလုံ့လကို အံ့ဩချီးမွမ်းခဲ့ကြရ ပါတယ်။ သိပ်ကို ပိန်ခြုံးချည့်နဲ့နေတဲ့ ခန္ဓာကုယ်မှာ အသက်ဆက်လက ်ရှင်သန် နေနိုင်တာဟာ တန်ခိုးစွမ်းအားတစ်ခုကြောင့်လို့ ထင်ရပါတယ်။
ပန်းတိုင်ရောက်ရှိဘို့ သေချာတဲ့ ကံကြမ္မာပါလာတဲ့ သူတစ်ယောက် အနေနဲ့ သူ့ကို စောင့်ရှောက်ဖို့ သီးသန့် ရသေ့ငါးယောက်ရှိကြပါတယ်။ အဲဒီ ရသေ့များဟာ သူ့ကို နတ်ဘုရား တစ်ပါးကဲ့သို့ အနှစ်သာရကို တွေ့ထိပြီးသူ တစ်ယောက်လို လေးစားရင်း သူတို့ရဲ့ခေါင်းဆောင်အဖြစ် ယူဆနေကြတာ ဖြစ်ပါတယ်။
ဒါပေမယ့် အဲဒီအခြေအနေဟာ ဆက်လက်ဖြစ်မလာခဲ့ပါဘူး။ ချည့်နဲ့နေတဲ့ ခန္ဓာကိုယ်ဟာ သည်းခံနိုင်မှုကို ကျော်လွန်တဲ့ အဆင့်သို့ရောက် ရှိခဲ့ပါတယ်။ သကျမင်းသားရသေ့တို့ရဲ့ မင်းသားဟာ အရိုးပုံ အရေခြောက်နဲ့ မြေပေါ်သို့ သတိလစ် မေ့မြောလဲကျလို့ သွားခဲ့ပါတော့တယ်။
One comment
koyinmaung
November 22, 2010 at 3:17 am
အာပေးနေပါတယ်ဆက်ရေးပါ..ပြီမှမှတ်ချက်ရေးပါမယ်