Customize Consent Preferences

We use cookies to help you navigate efficiently and perform certain functions. You will find detailed information about all cookies under each consent category below.

The cookies that are categorized as "Necessary" are stored on your browser as they are essential for enabling the basic functionalities of the site. ... 

Always Active

Necessary cookies are required to enable the basic features of this site, such as providing secure log-in or adjusting your consent preferences. These cookies do not store any personally identifiable data.

No cookies to display.

Functional cookies help perform certain functionalities like sharing the content of the website on social media platforms, collecting feedback, and other third-party features.

No cookies to display.

Analytical cookies are used to understand how visitors interact with the website. These cookies help provide information on metrics such as the number of visitors, bounce rate, traffic source, etc.

No cookies to display.

Performance cookies are used to understand and analyze the key performance indexes of the website which helps in delivering a better user experience for the visitors.

No cookies to display.

Advertisement cookies are used to provide visitors with customized advertisements based on the pages you visited previously and to analyze the effectiveness of the ad campaigns.

No cookies to display.

လက်မထပ်မှ နှင့် လက်ထပ်ပြီးကာလ

Good IdeaDecember 2, 20101min2846

သူသည် အလွန် လွမ်းမိုးမှု အားကောင်းသူတစ်ဦးဖြစ်သည့် အတွက် သူမက သူ.ကို
ရွေးချယ်လက်ထပ်ခဲ့ပါသည်။ သို.သော် နောက်ပိုင်းတွင် သူမသည် ထိုလူ နှင့် လက်တွဲဖြုတ်ခဲ့ပါသည်။ အဘယ်ကြောင့်ဆိုသော် ထိုလူသည် အရာရာကို လွမ်းမိုးချုပ်ကိုင်တတ်သူတစ်ဦး ဖြစ်သောကြောင့်ဖြစ်ပါသည် ။

သူသည် သူမကို သနားစရာကောင်းလွန်းသည့် အတွက် အိမ်ထောင်ဖက်အဖြစ် လက်ထပ်ခဲ့ပါသည် ။ သို.သော် နောက်ပိုင်းတွင် အကူအညီမရ ၊ အစစအရာရာ အားနည်းသည်ဟုပြောပြီး
ကွားရှင်းပြတ်စဲခဲ့ပါသည် ။

သူမ သည် သူ.ကို လက်ထပ်ခဲ့ပါသည် ။ အဘယ်ကြောင့် ဆိုသော် သူသည် အိမ်ထောင်တစ်ခုကို ကောင်းစွာ ရပ်တည် နိုင်ဖို. အတွက် ဝင်ငွေအပြည့်အဝရအောင် ရှာနိုင်သောကြောင့် ဖြစ်ပါသည် ။ နောက်ပိုင်းတွင် သူမသည် ထိုလူ နှင့် ကွာရှင်းပြတ်စဲခဲ့ပါသည် ။ အဘယ့်ကြောင့်ဆိုသော် ထိုလူသည် ဝင်ငွေရရေး သူ.အလုပ်မှလွဲလို.
ဘာမှစိတ်မဝင်စားသောကြောင့်ဖြစ်သည်ဟု အကြောင်းပြခဲ့ပါသည် ။

သူသည် သူမကို လက်ထပ်ခဲ့ပါသည်။ အဘယ့်ကြောင့် ဆိုသော် သူမသည် သူ၏ မိခင်ကို သတိရစေသောကြောင့်ဖြစ်ပါသည် ။သို.သော် နောက်ပိုင်းတွင် ကွာရှင်းခဲ့ပါသည် ။အဘယ့်ကြောင့်ဆိုသော်
သူမသည် နောက်ပိုင်းတွင် သူ.မိခင်နှင့် နေ့စဉ်နှင့်အမျှ ပိုတူလာ သောကြောင့်ဟု အကြောင်းပြခဲ့ပါသည်။

သူမသည် သူ.ကို လက်ထပ်ခဲ့ပါသည် ။ အဘယ့်ကြောင့်ဆိုသော် သူသည် ကြော့ကြော့လေး နေတတ်ပြီး ချစ်တတ်သောကြောင့်ဖြစ်သည်ဟု ဆိုပါသည် ။နောက်ပိုင်းတွင် သူမသည် ထိုလူ နှင့်ကွာရှင်းပြတ်ဆဲခဲ့ပါသည်။ အဘယ့်ကြောင့်ဆိုသော် သူသည် ပေ့ါပေါ့နေပြီး အချစ် စိတ်ကူးယဉ်လွန်းသောကြောင့်ဟု အကြောင်းပြပါသည် ။

သူသည် သူမကို လက်ထပ်ခဲ့ပါသည် ။ အဘယ့်ကြောင့်ဆိုသော် သူမသည် တည်ငြိမ်ရင့်ကျက်ပြီး
ကျိုးကြောင်းညီညွတ်စွာ နေထိုင်တတ်သောကြောင့်ဖြစ်ပါသည် ။ နောက်ပိုင်းတွင် သူသည် သူမကို ကွာရှင်းပြတ်ဆဲခဲ့ပါသည် ။
အဘယ့်ကြောင့်ဆိုသော် သူမ နှင့်နေရသည်မှာ ပျင်းစရာ ကောင်းသောကြောင့်ဖြစ်သည်ဟု အကြောင်းပြခဲ့ပါသည် ။

(ဘယ်သူရေးသလဲတော့ မသိဘူးဗျ။ ကျနော့် မေးလ်ထဲရောက်လာလို့ စဉ်းစားစရာလေးတွေလည်း ပါနေလို့ တင်ပေးလိုက်ပါတယ်။ သိတဲ့မိတ်ဆွေများ ပြောပြပေးကြပါ။)

Good Idea

6 comments

  • နီလေး

    December 3, 2010 at 2:45 am

    ပို့စ်လေး ကဂွတ်တယ်ဗျို့။ လူတွေရဲ့ပြောင်းလဲတတ်တဲ့သဘောထားတွေပေါ့ အထူးသဖြင့်ယောကျာင်္လေးတွေပေါ့။

  • moethidasoe

    December 3, 2010 at 7:54 am

    လောကမှာ ဘာနဲ့ တူလို့ ချစ်တာ .. ဘယ်သူနဲ့ တူလို့ ချစ်တာ ဆိုတဲ့ .. အကြောင်းအရာ တစ်ခုခုကို အခြေခံလိုက်ရင် .. အဲဒီ အခြေခံ အချက် ပျက်သွားတာနဲ့ ချစ်တာ ပျက်သွားတတ်ကြတယ် ..
    ဒါပေမယ့် .. အမေက ပြောဘူးတယ် .. ကိုယ် တည်ဆောက်တဲ့ အိမ် မပျက်စေချင်ရင် .. အစကတည်းက အသေအချာ စဉ်းစားပြီးမှ ဆုံးဖြတ်ပါတဲ့ ..
    တချို့ကတော့ ပြောကြတယ် .. မကောင်းတာကို ဘာလို့ ဖက်တွယ်နေမှာလဲ တဲ့ ..
    ဒါပေမယ့် .. ကိုယ်တည်ဆောက်တဲ့ ဘဝက ကိုယ်တိုင် ဖျက်မယ် ဆိုရင် .. အဲဒီဘဝရဲ့ အဆွယ်အပွားတွေကို ပြန်ကြည့်ဖို့ လိုမယ် ထင်တယ် .. ဒါကို မစဉ်းစားတဲ့လူတိုင်း .. စေ့စပ်လက်ထပ်ကွာရှင်းပြတ်စဲပြီးစီးခြင်း ဆိုတာ ဖြစ်သွားကြမှာပါ ..

  • april

    December 4, 2010 at 3:33 pm

    ဘယ်လိုအကြောင်းကြောင့်ပဲ လက်ထပ်ပါစေ.. အကြောင်းမတိုက်ဆိုင်တော့လို့ ကွဲမယ်ဆိုရင် ကလေးတွေရှိခဲ့မယ်ဆိုရင် သူတို့လေးတွေကတော့ သနားဖို့ကောင်းပါတယ်…..

  • cobra

    December 5, 2010 at 5:05 am

    စာထဲပါတဲ့အတိုင်းလုပ်မယ်ဆိုမိန်းမ၄ယောက်လောက်ယူလို့ရတယ်ဗျ..။

  • moethidasoe

    December 5, 2010 at 6:59 am

    မြွေဟောက်ရယ် .. တော်တော်ကြာ .. ကွာရှင်းတဲ့ အဆင့်မရောက်ခင် ကိုကျော်သူနဲ့ တွေ့နေပါဦးမယ်

  • kai

    December 5, 2010 at 10:08 am

    10 Marriage Rules You Can Break
    http://glo.msn.com/relationships/10-marriage-rules-you-can-break-3364.gallery

    အဲဒီအပေါ်က အရုပ်နဲ့စာကို ဖတ်ကြည့်ပေါ့..။

    ပြောရရင် ..အဲဒီဝက်ဘ်ဆိုက်က အချက်အလက်နဲ့ စာလေးတွေကို …ဗမာလိုပြန်ပြီး … မြန်မာတွေနဲ့ကိုက်အောင်ဆောင်းပါးလေးလုပ်နိုင်ရင် ..တော်တော်ကောင်းမယ်ထင်မိတာပဲ..။

Leave a Reply