ဧည့်သည်
လာတုန်းကလည်း တစ်ယောက်ထဲနော်
လက်တွဲခေါ်ကာ ဖော်မပါဘူး
ဥစ္စာချည်းနှီး ကိုယ်ထီးတည်း
ပြန်သွားတော့လည်း တစ်ယောက်ထဲနော်
လက်တွဲခေါ်ကာ ဖော်မပါဘူး
ဥစ္စာချည်းနှီး ကိုယ်ထီးတည်း
လာပြီးတော့နား မသွားသေးခင်
ချိန်လေးတွင်းမှ ဝန်းကျင်ယှက်နွယ်
နှောင်ကြိုးတွယ်ကြ ပြုံးရယ်မဲ့ငို
ချစ်မုန်းပိုကြ မလိုဒေါသ
လိုလောဘနှင့် ဘဝရိပ်မြုံ
ကကြိုးစုံခဲ့ ကံကုန်မိုးချုပ်
လက်တွဲဖြုတ်ကာ သုတ်သုတ်ဆောလျှင်
ခရီးနှင်သည် တို့လည်း ဧည့်သည်ပါတကား
ဒီကဗျာလေးကို အရမ်းသဘောကျ နှစ်ခြိုက်မိလို့ နာရေးယပ်တောင်ကနေ ပြန်လည်ကူးယူဖော်ပြလိုက်ရခြင်း ဖြစ်ပါတယ်။ ကဗျာရေးစပ်သူကတော့ ဆရာ ဗန်းမော်ညိုနွဲ့ ဖြစ်တယ်လို့ စုံစမ်းသိရှိရပါတယ်။
9 comments
ဆူး
December 4, 2010 at 3:26 pm
အော်.. ၄ရက်နေ့.. ဥက္ကာခဲ လာစောင့်တာ ကို စောင့်ရင်းနဲ့.. သတိတရ သံဝေဂ လင်္ကာ တင်ထားတာနဲ့ တူတယ်။ မိုးကြီးတောင် တော်တော် ချုပ်နေပြီ.. မတိုက်တော့ပါဘူး.. ကောင်းကောင်း အိပ်လို့ရပြီ။
naywoonni
December 6, 2010 at 2:15 pm
အဲဒါက2012လေ ခုမှ2010 ပဲရှိသေးတာ
2နှစ်ကြီးများတောင်လိုသေးတယ်
ဆူး
December 6, 2010 at 2:46 pm
၂ နှစ်လို သေးတယ် ဆိုပြီး မေ့မှာ စိုးလို့.. မမေ့သင့်ဘူး ဆိုတာ ပိုစ် တင်ပေးထားတာ ရှိတယ် ရှာဖတ်လိုက်.. 😛
etone
December 7, 2010 at 2:48 am
ဧည့်သည်လား … ဧည့်စာရင်းလာ စစ်ဦးမှ 😀
saunghnin@gmail.com
December 7, 2010 at 4:47 am
ဟုတ်တယ်……ဒီကဗျာလေးက အရမ်းသဘောကျဖို့ကောင်းပါတယ်နော်။ သံဝေဂရစရာလေးပါ။
kopauk mandalay
December 7, 2010 at 3:40 pm
တစ်ယောက်ထဲဆို
အကြောက်ပိုလို့
နောက်ဘဝတွက်ကို
အဖော်လိုပါတယ်။
လိုက်ကြအုံးမလား အရပ်ကတို့ရေ………………………………………………
ဆူး
December 7, 2010 at 3:55 pm
အိုး.. သက်တော်ကြီးမား.. ဘိုးတော်ပေါက်.. လာတုန်းက တောင် တယောက်ထဲ လာရဲလို့ ဒီအရွယ်တောင် ရောက်နေပြီ.. လာတုန်းကလို သတ္တိမျိုးနဲ့ ပြန်သွားပေါ့..
နေ ဘုန်းလျံ
December 8, 2010 at 1:18 am
ဥက္ကာခဲကိစ္စက ပညာရှင်တွေချိမ်းချောက် နေကြတဲ့ စကားလေ သေဖို့ပတော့ တွေးမနေတော့ပါဘူး
နေ ဘုန်းလျံ
December 8, 2010 at 1:19 am
လာတုံးက တယောက် ဆိုရင် အမွှာပူး ကြတော့ ဘယ်လိုပြောမလဲ လာတုံး ကလဲ နှစ်ယောက်ထဲနော်