Customize Consent Preferences

We use cookies to help you navigate efficiently and perform certain functions. You will find detailed information about all cookies under each consent category below.

The cookies that are categorized as "Necessary" are stored on your browser as they are essential for enabling the basic functionalities of the site. ... 

Always Active

Necessary cookies are required to enable the basic features of this site, such as providing secure log-in or adjusting your consent preferences. These cookies do not store any personally identifiable data.

No cookies to display.

Functional cookies help perform certain functionalities like sharing the content of the website on social media platforms, collecting feedback, and other third-party features.

No cookies to display.

Analytical cookies are used to understand how visitors interact with the website. These cookies help provide information on metrics such as the number of visitors, bounce rate, traffic source, etc.

No cookies to display.

Performance cookies are used to understand and analyze the key performance indexes of the website which helps in delivering a better user experience for the visitors.

No cookies to display.

Advertisement cookies are used to provide visitors with customized advertisements based on the pages you visited previously and to analyze the effectiveness of the ad campaigns.

No cookies to display.

လှပသော အမျိုးသမီးများနှင့် တွေ့ဆုံရခြင်းသည် ကျန်းမာရေးအတွက် ဆိုးရွားစေနိုင်

Good IdeaDecember 4, 20101min43614

နှလုံးခုန်မြန်လာခြင်းနှင့် ခြေဖဝါး၊ လက်ဖဝါးများ၌ ချွေးပြန်လာခြင်းသည် ဆွဲဆောင်မှုရှိလွန်းသော အမျိုးသမီးများနှင့် တွေ့ဆုံရသည့်အခါ ဖြစ်တတ်ကြောင်း အမျိုးသားများစွာတို့ သတိပြုမိပြီးဖြစ်သည်။

ယခုအခါ သူတေသနအသစ်တစ်ရပ်အရ အမျိုးသားများသည် လှပသော သူစိမ်းတစ်ရံစာ အမျိုးသမီးတစ်ဦးနှင့် ငါးမိနစ်မျှသာ တွေ့ဆုံရုံနှင့်စိတ်ဖိစီးမှုများ လွန်စွာမြင့်တက်လာပြီး ယင်းသည် ကျန်းမာရေးအတွက်ဆိုးရွားစေကြော

င်းသိရသည်။

“ငါဒီလိုလူစားမျိုးမဟုတ်ဘူး”ဟုတွေးလိုက်မိသောအခါ၊ အဆိုပါ အမျိုးသမီးက အနားကပ်ထိုင်သောအခါ၊ သို့မဟုတ်အဆိုပါအမျိုးသမီး၏ စိတ်ဝင်စားမှုကိုရရှိအောင် ကြိုးစားသောအခါ အကြင်ပုရိသ၏အခြေအနေသည် အဆိုးရွားဆုံးသို့ ရောက်ရှိသွားသည်ဟု သိပ္ပံပညာရှင်တို့က

အခိုင်အမာပြောကြားခဲ့သည်။

အဆိုပါအမျိုးသားတို့၏ စိုးရိမ်သောကဖြစ်မှုနှုန်းသည် လေယာဉ်ပျံတစ်စင်းပေါ်မှခုန်ချရသည့်အခါ ဖြစ်ပေါ်သောနှုန်းနှင့် ညီမျှသည်ဟုဆိုသည်။ အဆိုပါ အမျိုသားတို့၏ ကော်တီဆော ဟော်မုန်းပါဝင်မှုနှုန်းသည် လေယာဉ်ပျံပေါ်မှ ခုန်ချရသည်ထက်ပင် ပို၍မြင့်မားနိုင်သည်ဟု ပညာရှင်တို့က ဆို၏။ ယင်းသို့ ကော်တီဆော ဟော်မုန်းမြင့်တက်မှုက နှလုံးရောဂါဖြစ်နိုင်ခြေနှင့်
နှလုံးရောဂါကြောင့် အမောဖောက်လာနိုင်ခြေကို လွန်စွာမြင့်မားစေသည်ဟု
ဆိုသည်။

စပိန်နိုင်ငံ ဗလင်စီယာတက္ကသိုလ်မှ ပညာရှင်များသည် ၎င်းတို့၏ သုတေသနတွင် အမျိုးသား ၈၄ဦးကို ပါဝင်စေလျှက် တစ်ဦးတည်းရှိနေစဉ်နှင့် လှပသော အမျိုးသမီးများနှင့် တွေ့ဆုံပြီးနောက် ကော်တီဆော ဟော်မုန်းပါဝင်မှုနှုန်းကို တိုင်းတာကာ တွက်ချက်သုတေသန ပြုခဲ့ကြခြင်းဖြစ်ကြောင်း သိရသည်။

Source : Good Health

(Mail ထဲရောက်တာလာကို ဗဟုသုတ တိုးစေလိုတဲ့အတွက် ဝေမျှလိုက်ပါတယ်)

Good Idea

14 comments

  • ဆူး

    December 4, 2010 at 5:29 pm

    ကျန်းမာရေးကောင်းအောင် ရုပ်ဆိုးဆိုး မိန်းမတွေနဲ့ တွေ့ဆုံကြပေါ့.. 😉

  • cobra

    December 5, 2010 at 4:34 am

    မကျန်းမာရင်နေပါစေတော့…။

  • moethidasoe

    December 5, 2010 at 6:58 am

    ဆူးရေ .. ရယ်စရာ ပြောရမယ်ဆိုရင် ဆူးရယ် .. မိုးမိုးရယ် .. ဝေဝေရယ် စုပြီး သူတို့ကို တွေ့ခိုင်းရင် .. သူတို့ ကျန်းမာသွားလိမ့်မယ် ထင်တယ် ..

  • intro

    December 5, 2010 at 10:57 am

    ကဲ… ဘော်ဘော်တို့ရေ၊ အလှအပကို ရွေးမလား၊ ကျန်းမာရေးကို ရွေးမလား? တို့ကတော့ မပြောဘူး၊ သတ်ချင်သတ်… 😛

  • naywoonni

    December 5, 2010 at 11:58 am

    လှတာလေးမှ…….. လိုချင်တယ်
    လှတာလေးမှ ……..သဘောကျတယ်
    သီချင်းဆိုတာနော် ရွာထဲမှာ……….

  • ဆူး

    December 5, 2010 at 1:56 pm

    လှတာ မက်လို့ ညစာခက်တယ် ဆိုတာ ဒီလိုတွေကြောင့် ပေါ်လာတာ ဖြစ်မယ်။ အားလုံးကျန်းမာ ကျပါစေ။

  • ကြယ်လေး

    December 5, 2010 at 2:06 pm

    လှတာမက်တော့ညစာခက်ဆိုတာမိန်းမတွေ ကို ပြောတာ

    အားရှိ အလှပဲမက်တော့ ထမင်းအိုး တူး ဟင်းမချက် ညစာငတ်

    လှတာမက်တော့ ဟိုဝယ်ဒီဝယ် ငွေပြတ်ညစာငတ်

    လှတာမက်တော့ ဝိတ်တက်မှာကြောက်လို့ Diet တော့ ညစာငတ်

    ခိခိ

  • ဆူး

    December 5, 2010 at 2:39 pm

    🙂 ကိုကြယ်လေး ကျန်းမာ ပါရဲလား… ကျန်းမာအောင် နေနော်။

  • kopauk mandalay

    December 5, 2010 at 3:04 pm

    လှတာမက်လို့ ညစာခက်ချင်ခက်ပါ့စေ၊
    ရင်ခုန်သံတွေအမြန်နှုန်းမြင့်တက်
    အသက်ထွက်ချင်လဲ ထွက်သွားပါစေတော့
    မလှဘူးဆိုတာကိုတော့ မကြည့်ပါရစေနဲ့။
    အဲဒါက ပိုဆိုးမယ်ထင်လို့ပါနော်။

  • moethidasoe

    December 6, 2010 at 2:59 am

    ကိုပေါက် .. မော့စ်ကပြောတော့ အဓိကက အဓိက ဆို .. ကိုပေါက်က အဓိက မဟုတ်ဘူးလား ..

  • yuyu

    December 6, 2010 at 4:30 am

    အလှအတွက်နဲ့ အသက်ပင်သေသေဆိုတာ For Men Only ဖြစ်တယ်၊

  • white

    December 6, 2010 at 6:47 am

    အင်း …….
    ခက်တော့ နေပါပြီ။
    “လှတာမက်တော့ ညစာခက်
    လှတာမမက်တော့ ညတာခက်” ……… တဲ့။
    ဘယ်ဟာကို ရွေးရပါ့။

  • cherrywine

    December 6, 2010 at 7:00 am

    white ကလဲ … လွယ်လွယ်လေးကို ခက်အောင်လုပ်နေပြန်ပြီ။
    ချက်နည်းပြုတ်နည်းကို မဝေဆီမှာ သင်တန်းတက်ပြီး လှတာလေးပဲရွေးလိုက်ပေါ့
    အဲ့ဒါဆို ညစာလည်းမခက်တော့ဘူးပေါ့ … ကောင်းဘူးလား။

  • အာဖျံ ကွီး

    December 6, 2010 at 7:54 am

    အိုကေ … ဟိုကောင့်ကိုနှလုံးရောဂါနဲ. မြန်မြန်သေအောင် သူူ.အနားမှာ သွားထိုင်နေလိုက်မရ်။ ၅ မိနစ်ဆိုမသေချာဘူး။ ၅ နာရီလောက်ကိုသွားထိုင်နေလိုက်မရ်။ 😀 😀 😀

Leave a Reply