Customize Consent Preferences

We use cookies to help you navigate efficiently and perform certain functions. You will find detailed information about all cookies under each consent category below.

The cookies that are categorized as "Necessary" are stored on your browser as they are essential for enabling the basic functionalities of the site. ... 

Always Active

Necessary cookies are required to enable the basic features of this site, such as providing secure log-in or adjusting your consent preferences. These cookies do not store any personally identifiable data.

No cookies to display.

Functional cookies help perform certain functionalities like sharing the content of the website on social media platforms, collecting feedback, and other third-party features.

No cookies to display.

Analytical cookies are used to understand how visitors interact with the website. These cookies help provide information on metrics such as the number of visitors, bounce rate, traffic source, etc.

No cookies to display.

Performance cookies are used to understand and analyze the key performance indexes of the website which helps in delivering a better user experience for the visitors.

No cookies to display.

Advertisement cookies are used to provide visitors with customized advertisements based on the pages you visited previously and to analyze the effectiveness of the ad campaigns.

No cookies to display.

အင်တာနက် နည်းပညာ အတွက် စစ်အစိုးရ တရုတ် ထံ အရေးပေါ် အကူအညီတောင်းခံ

နွယ်ပင်December 6, 20101min2445

မန်မာ စစ်အစိုးရ သည် လက်ရှိ နိုင်ငံတွင်း ဖြစ်ပေါ်နေသည့် အင်တာနက်လှိုင်းသစ် လှုပ်ရှားမှုများ ဖြစ်သော အစိုးရ ထိမ်ချန် ထားမှုများ ဖွင့်ချ ဖော်ထုတ် နေမှုကြောင့် အင်တာနက်သတင်း စီစစ်မှုတွင် ပြိုင်ဘက်ကင်း နိုင်ငံတစ်ခု ဖြစ်သည့် တရုတ် နိုင်ငံမှ နည်းပညာ အရေးအပေါ် အကူအညီ ( Emergency Technology Aid) ကို ယူနေရပြီ ဖြစ်ကြောင်း သတင်းရရှိသည်။

ဒီဇင်ဘာလ ၄ ရက်နေ့မှ စ၍ အင်တာနက် သုံးစွဲသူ လူငယ် အချို့သည် ဂူးဂယ် ရှာဖွေရေး အင်ဂျင်၏ အင်တာနက် စာမျက်နှာကို ဖွင့်လိုက်ပါက ယခင်လို www.google.com မပေါ်တော့ဘဲ www.google.cn ဆိုသည် တရုတ် အစိုးရ ၏ စီစစ်ဖြတ်တောက်မှုများ အောက်မှာ သတင်းများ သာပါသည့် ဂူဂယ်၏ တရုတ် ပြည်တွင်းဆိုင်ရာ အင်တာနက် စာမျက်နှာသာ ပေါ်လာတော့သည် ။

ထိုသို့ google.cn အင်တာနက် စာမျက်နှာသာ ပေါ်ပေါက်လာရခြင်း နှင့် ပတ်သက်၍ ရန်ကုန်မြို့မှ နာမည်ကျော် Web Designer တစ်ဦး က မြန်မာ အိုင်အက်(စ)ပီ ကို တရုတ် က ထိန်းချုပ်လိုက်တာ လို့ သတင်းရတယ်။ တရုတ်က အင်တာနက် သတင်း စီစစ်ရေးကို ဝန်ကြီးဌာန တစ်ခုဖွဲ့ ပြီးတောင် ထိန်းချုပ်ထားတာ တရုတ် မှာ ဗဟို စစ်ကော်မရှင် ပြီးရင် ၊ အင်တာနက် စီစစ်ရေးကော်မရှင် ပဲ၊ အခု တရုတ် ဆင်ဆာ နဲ့ ဆိုတော့ အရင်လို မြန်မာ စာရိုက်ထည့်ပြီး မြန်မာသတင်းတွေ ထည့်ရိုက် လိုက်တဲ့အခါ မပေါ်တော့ဘူး ။ အခု ဆို Freedom News လည်းရှာလို့ ရတယ်။ ဖွင့်လို့ မရတော့ဘူး ဟု ပြောသည်။ မြန်မာတွေ ကွန်ပျူတာ သုံးတာကို တရုတ် က အလိုလို သိနေမှာ ဟု Freedom News Group သို့ ပြောသည်။

ဒီဇင်ဘာ လ ၅ ရက်နေ ့နံနက် ပိုင်းတွင် ဗိုလ်ချုပ် ခင်ညွန့် အသံဖိုင် စဆုံးရပြီ ဆိုသည့် အီးမေးများဖြင့် ပါလာ သော Zip ဖိုင်များကို ဖွင့်လိုက်ရာတွင် ကွန်ပျူတာ လုပ်ဆောင်မှု စနစ်ကို ဖျက်ဆီးသည့် နည်း ပညာ ပိုးမွှားများ နှင့် တရုတ် Pornography ဗီဒီယိုများ လည်း သိုလှောင်မှု မှတ်ဉာဏ် အပြည့် ကျလာသည်ကို တွေ့ ရှိရသည် ဟု သိရသည်။

ရန်ကုန်မြို့ထဲ ရှိ အင်တာနက် ဆိုင် ပိုင်ရှင် တစ်ဦးက မူ မြန်မာနိုင်ငံ ရဲ့ အင်တာနက် စနစ် ကိုတခြား နိုင်ငံ တစ်ခု က ထိန်းချုပ် ထားတယ်ဆိုတာ ပြည်သူတွေ အတွက် မကောင်း ဘူးဟု သူမ၏ အမြင် ကို ပြောသည်။

ရန်ကုန် နှင့် မန္တလေးမြို့နေရာ အချို့တွင် www.google.cn သာပေါ်သော်လည်း စစ်အစိုးရ ရုံးစိုက်ရာ နေပြည်တော် တွင် မူ www.google.com ပေါ်ကြောင်း နေပြည်တော် ရှိ ဟိုတယ်နှင့် ခရီးသွားလာရေး ဝန်ကြီး ဌာန မှ ဝန်ထမ်းတစ် ဦး က FNG သို့ ပြောသည်။

မြန်မာ့ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် သည် အင်တာနက် ကွန်ယက် ခွင်ကို အသုံးပြု၍ လူငယ်များ နှင့် ထိတွေ ့ဆက်ဆံ ချင်သည် ဟု ပြောဆို ထားသည်။

မြန်မာနိုင် ငံတွင် ပြည်သူများ က အင်တာနက် ကို အခြား ဖွံ့ဖြိုးပြီး နိုင်ငံများထက် ဆယ်စုနှစ် တစ်ဝက်ကျော် နောက်ကျပြီး မှ သုံးစွဲရသည်။

နအဖ စစ်အစိုးရ သည် အင်တာနက် ဆင်ဆာ ဖြတ်တောက်မှု အတွက် တရုတ် နည်းပညာကို မှီခိုကာ ကြား လော်ဘီ များ ၏ စွမ်းဆောင်မှု ဖြင့် အမေရိကန် နိုင်ငံထုတ် ဆင်ဆာဖြတ်တောက်မှု နည်းပညာ ဆော့ဖ်ဝဲလ် များကို လည်း ဒေါ်လာ သိန်းချီ အကုန် ခံ၍ ဝယ်ယူသည်။

ဂူးဂယ်လဲ နှင့် တရုတ် သည် ယခုနှစ် ဖေဖေါ်ဝါရီလ က ကျလိကျလိ ဖြစ်ကြပြီးနောက်အပေး အယူ တစ်ခု (Deal) ဖြင့် ပြန်လည် ညှို နှိုင်း အဆင်ပြေခဲ့သည်။

လတ်တလောတွင် မြန်မာတို့ အသုံးများသည့် လူမှု ကွန်ယက်များတွင် စစ်ထောက်လှမ်းရေး အကြီးအကဲဟောင်း ဗိုလ်ချုပ် ခင်ညွန့် ၏ ဗီဒီယို ဖိုင်များ အပြင်၊ ဒု ဗိုလ်ချုပ် မှုးကြီး မောင်အေး ၏ မိမိ ကိုယ်ကို သတ်သေသွား သည့် ကိုယ်ရေး အရာရှိဟောင်း တစ်ဦး ဖြစ်သည့် ဗိုလ်မှုးကြီး ဘိုနေဝင်း ၏ ဇနီး ဖြစ်သူ က ထောက်လှမ်း အရာရှိဟောင်း တစ်ဦး (ယခု ကာကွယ်ရေးဝန်ကြီးဌာန မှ) ၏ ဧည့်ခံပွဲတွင် ထင်တိုင်းကြဲ နေသည့် လေးမိနစ်စာ ဗီဒီယိုသည်လည်း အင်တာနက်တွင် ပြန့်နေသည်ဟု သိရသည်။

source by : http://freedomnewsgroup.com

5 comments

  • intro

    December 6, 2010 at 12:50 pm

    စိတ်ပျက်စရာ၊ စိတ်ပျက်စရာ၊ စိတ်ပျက်စရာ… တစ်မျိုးပြီး တစ်မျိုး နှိပ်စက်နေတာပဲ၊ ကြောက်လည်း ကြောက်တတ်သေး…

  • unclegyi1974

    December 6, 2010 at 1:05 pm

    အဲဒီထင်တိုင်းကြဲနေတာလေးကြည့်ချင်ပါတယ်
    ဘယ်လိုဖြစ်နိုင်မလဲ
    လုပ်ကြပါအုန်း

  • winkyawaung

    December 6, 2010 at 3:07 pm

    အားလုံးကို စိုးရိမ်နေတာကိုက အများမှာ ထိခိုက်နစ်နာ ကြရပါသည်

  • female

    December 6, 2010 at 3:10 pm

    ဒုက္ခ ဒုက္ခ အမြဲပဲနည်းစုံစဉ်းစားနေရတာ သူတို့ရော အိပ်ကြရသလားတောင် စဉ်းစားရမယ်နော်

  • The Reds

    December 6, 2010 at 3:21 pm

    အ မှန် က အဲ လို လုပ် ဖို. မ လို ဘာ ဝူး ဗျာ …. ရတနာပုံ ဝက် ကြီး hack ခံ ရ တုန်း က စာ အ တိုင်း လုပ် လိုက် ရင် ပြီး နေ တာ ကို …. အဲ စာ က “ဦး သန်း ရွှေ ဒီ ဆိုဒ် ကြီး ပြန် ကောင်း ခှင် ရင် ဒေါ် အောင် ဆန်း စု ကြည် ကို အာ ဏာ လွှဲ လိုက် တော. ” တဲ. အ ခု လည်း ပြန် ကောင်း ချင် ရင် …..

Leave a Reply